Wp/rki/ပေါက်တောမြို့

< Wp‎ | rki
Wp > rki > ပေါက်တောမြို့

ပေါက်တောမြို့ရေ စစ်တွေခရိုင်ပေါက်တောမြို့နယ်တိ ရုံးစိုက်မြို့ ဖြစ်ရေ။ စစ်တွေမြို့တိ အရှေ့မြောက်ဘက် ၁၅မိုင်ခန့် အကွာတွင် ဟိရေ ကုလားတန်မြစ် တိ အရှေ့ဘက်ကမ်းတွင် တည်ဟိရေ။ မြို့နယ်ရေ စတုရန်း ၄၉၆ မိုင် ကျယ်ဝန်းရေ။ စစ်တွေမှ မင်းပြားမြို့သို့ လားရေ ရေလမ်း ကုန်းလမ်း နှစ်ခုလုံးပေါ်တွင် တည်ဟိ၍ လမ်းပန်းဆက်သွယ်ရီး ကောင်းမွန်ရေ။ မြို့နယ်တစ်ဝန်းတွင် ဆန်စပါး စိုက်ပျိုးရေ။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၅၆ ယောက်ခန့် ဟိရေ။ [1]

ပေါက်တောမြို့ဖြစ်ပေါ်လာရခြင်း edit

ပေါက်တောမြို့ရေ ရှေးရခိုင်ဘုရင်မင်းတိလက်ထက်ကပင်တည်ဟိခရေ မြို့တစ်မြို့မဟုတ်ပဲ အင်္ဂလိပ် ခေတ်ဦးပိုင်းအတွင်း ပေါ်ထွန်းလာရေ မြို့တစ်မြို့ဖြစ်ရေ။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်း အရီးနိမ့်ခရပြီးနောက် ရခိုင်ပြည်အဝှမ်း စစ်ဒဏ်ကြောင့် ဖရိုဖရဲဖြစ်ကာ ရမ္မာဝတီ ရမ်းဗြဲဇင်ချောင်းကျွန်းရွာတွင် နေထိုင်လျက်ဟိရေ ရွာစားကြီး ဦးစံဖြူနန့် မယားမိမလှရို့ မိသားစု တစ်ခုလုံးရေ တောင်ရင်းကျွန်းအရပ်သို့ ရွှေ့ပြောင်းလာကတ်ရေ။ အဆိုပါမိသားစုရို့ရေ ယခုပေါက်တောအနီး သရွဲကျွန်းရွာနားဟိ ဦးမြဖော်အောင်တိ ကျွဲနွားစားကျက်တိဖြစ်ရေ ပေါက်တောကွင်းကို ရခိုင် ငွေသားဒင်္ဂါး (၃၅) ပြားဖြင့် ဝယ်ယူ၍ ရပ်ရွာတည်ထောင်ရေ။ စားကျက်တိ တစ်ကွင်းလုံးတွင် ပေါက်ရောက်လျက်ဟိရေ ပေါက်ပင်ကြီးတိကို ခုတ်ထွင်ရှင်းလင်းကာ ခရစ် (၁၇၈၇) ခုနှစ်တွင် ရပ်ရွာတည်ထောင်ရေ။ ရပ်ရွာအမည်ကို ပေါက်ပင်ကြီးတိ တည်ဟိရာကို အကြောင်းပြု၍၎င်း၊ သရွဲစားကျက်တိကို အစွဲပြု၍၎င်း (သရွဲပေါက်တော) ဟု တွင်ခေါ်ရေ။

ခရစ် (၁၈၂၄) ခုနှစ်တွင် ရခိုင်ပြည်ကို အင်္ဂလိပ်ရို့ကသိမ်းယူလိုက်သည့်အခါ သရွဲပေါက်တောရွာမှာလည်း ဗြိတိသျှရို့တိလက်အောက်အတွင်းသို့ ကျရောက်ရရေ။ ကျွန်းရွာတည်ဟိရာတိအရပ်ဝန်းကျင်ရေ သယ်ယူ ပို့ဆောင်ရီး၊ ကူးသန်းရောင်းဝယ်ရီးအရ ဆိပ်ကမ်းကျရေနီရာကောင်း တစ်ခုဖြစ်၍ နောင်တွင် စည်ကားလာခရာ ခရစ် (၁၈၉၀) ပြည့်နှစ်တွင် ဤကျွန်းရွာကို အင်္ဂလိပ်မင်းရို့က နယ်ပိုင်ရုံးစိုက် အုပ်ချုပ်ရာ မြို့တစ်မြို့အဖြစ် သတ်မှတ်၍ (ပေါက်တောမြို့) ဆိုပနာ ဖြစ်ပေါ်လာရေ။

တည်နီရာ၊ အကျယ်အဝန်းနန့် လူဦးရေ edit

ပေါက်တောမြို့နယ်ရေ မြောက်လတ္တီတွဒ် (၂၀) ဒီဂရီ (၁၀) မိနစ် (၃၆) စက္ကန့်၊ အရှေ့လောင်ဂျီကျု (၉၃) ဒီဂရီ (၁၄) မိနစ် (၁၈) စက္ကန့် အကြား၌ တည်ဟိရေ။ မြို့နယ်တိမြောက်ဘက်တွင် မြောက်ဦးမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အရှေ့ဘက်တွင် မြေပုံမြို့နယ်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်တိနန့် နယ်နမိတ်ချင်း ထိစပ်လျက်ဟိရေ။ မြို့နယ်တခုလုံးတိ အကျယ်အဝန်းရေ ၄၀၃.၇၄-စတုရန်းမိုင် ဟိရေ။ ရပ်ကွက် (၅) ရပ်ကွက်၊ ကျွန်းရွာအုပ်စု (၅၃) အုပ်စုနန့် ကျွန်းရွာပေါင်း (၁၇၈) ရွာ ပါဝင်ရေ။ ပေါက်တောမြို့ပေါ်တိအကျယ်အဝန်းရေ ဝ.၆၈ စတုရန်း မိုင်ဟိရေ။

၁၉၉၉- ခုနှစ် စာရင်းအရ ရပ်ကွက် (၅) ရပ်ကွက်၌ မြို့ပေါ်လူဦးရေ ၁၄,၀၉၄- ဦးနီထိုင်ပြီး ကျွန်းရွာ (၁၇၈) ရွာ၌ လူဦးရေ ၁၂၃,၉၁၆-ဦး နီထိုင်ရေ။ တစ်မြို့နယ်လုံးတိ လူဦးရေ စုစုပေါင်းရေ ၁၃၈,၀၁၀-ဦး ဖြစ်ရေ။

မြေမျက်နှာသွင်ပြင်နန့် ရေဆင်း edit

ပေါက်တောမြို့နယ်ရေ ပင်လယ်နန့် နီးကပ်စွာ တည်ဟိရေ မြို့နယ်တစ်ခု ဖြစ်ရေ။ ပင်လယ်ရေ မျက်နှာပြင်တိ (၁၁) ပေအမြင့်တွင် တည်ဟိရေ။ ဤမြို့နယ်၌ ဖရုံကာကျွန်း (၃) ကျွန်း၊ တောင်ရင်းကျွန်းပြားကျွန်းဝင်းကျွန်းပြည်စိုးကြီးကျွန်း (ပြည်သူကြီးကျွန်း)၊ သလွန်တောင်ကျွန်းစိုင်းတုတ်ကျွန်းနန်းတက်ကျွန်းငပြီကျွန်းဆိုပနာ ကျွန်းကြီး (၁၁) ကျွန်းဖြင့် ပါဝင် ဖွဲ့စည်းထားရေ။ ဖရုံကာကျွန်းသုံးကျွန်းနန့် တောင်ရင်းကျွန်းမှအပ ကျန်သည့်ကျွန်းတိမှာ မြေပြန့်လွင်ပြင် ကျွန်းတိ ဖြစ်ရေ။

ထိုကျွန်းတိအကြားတွင် လှည့်ပတ်စီးဆင်းလျက်ဟိရေမြစ်ချောင်းတိအနက် ပေါက်ဆိန်ကျမြစ်ရေ တောင်ဘက် ပင်လယ်ထဲသို့ စီးဝင်ရေ။ မြို့နယ်တိ အလယ်ဗဟိုမှ စီးဆင်းနီရေ ကျွဲကူးမြစ်မှာ မြောက်မှ တောင်အရပ်သို့ စီးဆင်းပြီး အနောက်တောင်ထောင့်အရပ်သို့ ကွေးညွတ်ကာ ဂစ္ဆပနဒီမြစ်ဝနန့် ပေါင်းဆုံလျှက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်ရေ။

အုပ်ချုပ်ရီး edit

ပေါက်တောမြို့ကို ခရစ် (၁၈၉၀) ပြည့်နှစ်တွင် မြို့တစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းလျှက် မြို့နယ်အုပ်ချုပ်ရီးကို စတင်ရေ။ မြို့နယ်တစ်ခုလုံးတိ အုပ်ချုပ်ရေစနစ်ရေ ဗြိတိသျှအင်္ဂလိပ်မင်းရို့ အုပ်ချုပ်ရေနည်းစနစ်ဖြစ်ရေ။

စီးပွားရီး edit

ပေါက်တောမြို့နယ်တိ အဓိကစီးပွားရီးမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်ရေ။ (၁၉၉၈-၉၉) ခုနှစ် စာရင်းအရ မိုးစပါးစိုက်ပျိုးမြေဧက (၇၄၂၈၀) ဟိရေ။ ယင်းအပြင်အချို့မြေနီရာတိ၌ ရာသီအလိုက် ပဲတောင့်၊ မိုးနှမ်း၊ နီကြာ၊ ငရုတ်၊ ပဲအမျိုးမျိုးရို့ကိုလည်း စိုက်ပျိုးရေ။ ဒုတိယအနီဖြင့် ပေါက်တောမြို့နယ်ရေ ပင်လယ်နန့်နီးကပ်စွာတည်ဟိသဖြင့် ငါးပုဇွန်မွေးမြူရီးလုပ်ငန်းကို စီးပွားရီးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ဟိရေ။ (၂၀၀၀) ပြည့်နှစ် စာရင်းအရ ပေါက်တောမြို့နယ်၌ ပုဇွန်မွေးမြူရီးဧက (၁၇၁၁၂) ဧကဟိရေ။ ထို့အပြင် ဖရုံကာကျွန်း သုံးကျွန်း၌ ငါးဖမ်းစခန်းတိဖွင့်လှစ်ပြီး ငါးတိကို နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချရေ။ တတိယအနီဖြင့် နီလှမ်းဆား ထုတ်လုပ်ခြင်းဖြစ်ရေ။ (၁၉၉၇-၉၈) ခုနှစ်စာရင်းအရ မြို့နယ်တစ်ခုလုံး၌ နီလှမ်းဆားဧက (၇၃၈) ဧကဟိပြီး ဆားပိဿာချိန် သိန်းခြောက်ဆယ်ကျော် ထွက်ဟိကြောင်း သိရရေ။

ဘာသာရီး edit

ပေါက်တောမြို့နယ်အတွင်း နီထိုင်လျက်ဟိရေ လူမျိုးအတိစုမှာ ရခိုင်လူမျိုးတိဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တိဖြစ်ရေ။ ဤမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ဆင်းထု (ဉာဏ်တော်အကြီး) (၁၆) ဆူ၊ စေတီပုထိုး (၂၁) ဆူနန့် (၁၉၉၉) ခုနှစ်စာရင်းအရ ဘုန်းတော်ကြီးကျောင်း (၁၇၃) ကျောင်း၊ သီလသျှင်ကျောင်း (၃) ကျောင်း၊ ရဟန်းသံဃာပေါင်း (၇၈၂) ပါး၊ သီလသျှင် (၄၅) ပါး ဟိကြောင်းသိရရေ။ အခြား ဘာသာဝင်တိအဖြစ် ခရစ်ယာန်ဘုရား ဟိခိုးကျောင်းတစ်ကျောင်းနန့် မူဆလင်ဗလီ (၂၈) ခုဟိရေ။ ထင်ရှားရေ ဘုရားပုထိုးစေတီတိမှာ မြေငူကျွန်း၌ ဆံတော်သျှင်စေတီ၊ ပေါက်တောမြို့၌ လိုင်ရိုးတော်ဓာတ်၊ တိလောက မာရဇိန်ခေါ် တောင်းဖူးဘုရားကြီး၊ တောင်ညိုဂူတွင်းဘုရားတိနန့် အလယ်ဖရုံကာကျွန်း အူမတော်ဓာတ်၊ သျှင်ထီးမစေတီ၊ မာလာတော်ဓာတ်ရို့ ဖြစ်ရေ။ အခြားရေကျွန်းတိ၌လည်း ထင်ရှားရေ တန်ခိုးကြီးဘုရားတိ၊ ဓာတ်တော်တိဟိပါသေးရေ။

ကျန်းမာရီး edit

ပေါက်တောမြို့ရေ အင်္ဂလိပ်ခေတ်ဦးပိုင်းတွင် တည်ထောင်ခရေ မြို့တစ်မြို့ဖြစ်သဖြင့် ကျန်းမာရီးနန့် သက်ဆိုင်ရေ ဆေးခန်းကို ခေတ်ဦးပိုင်းတွင် မတွေ့ရပေ။ ယခင်ကအတိုင်း မြို့နယ်မှပြည်သူတိမှာ ရခိုင်ဗိန္ဓောဆေးဆရာကြီးတိထံ၌ ဆေးကုသမှုကို ခံယူကတ်ရေ။ နောက်ပိုင်းတွင် ပေါက်တောမြို့ပေါ်၌ ဆေးခန်းငယ်တစ်ခုဟိလာရေ။ ထိုဆေးခန်းမှာ ယခု လ-ဝ-က ရုံးအနီးဖြစ်ရေ။ အဆောက်အဦးမှာ ဝါးတန်းလျား အုတ်မိုးဖြစ်ရေ။ ကုသရီးနန့်ပတ်သက်၍ ကွန်ပေါင်တာ (ဆေးစပ်) တစ်ဦးနန့် အလုပ်သမားတစ်ဦးသာ ဟိရေ။

နောက်ပိုင်းတွင် ဆေးခန်းရေ အုတ်အဆောက်အဦးသို့ ပြောင်းလဲလာရေ။ ဆေးခန်း၌ ဆရာဝန်တစ်ဦး၊ ကွန်ပေါင်တာတစ်ဦး၊ အလုပ်သမား တစ်ဦးဟိလာရေ။ (၁၉၄၁) ခုနှစ်အရောက်တွင် စစ်တွေမြို့ မြန်မာနိုင်ငံ အောက်လွှတ်တော်အမတ် ဝတ်လုံတော်ရ သူဌေးမင်းဦးရွှေသာမိသားစုရို့က မူလဆေးခန်းတိအောက်ဘက်တွင် အဆောင်သစ်တစ်ခုကို တိုးချဲ့ဆောက်လုပ်လှူဒါန်းရေ။ (၁၉၈၅) ခုနှစ်တွင် ဆေးရုံသစ်ကို ယခု မ-ယ-ကရုံးတိ အဟိမြောက်ဘက် နီရာသစ်သို့ပြောင်း၍ မြို့နယ်မှအလှူငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခကတ်ရေ။

ယခုအခါ ပေါက်တောမြို့ပေါ်၌ ကုတင် (၁၆) လုံးဆန့် ဆေးရုံတစ်ရုံ၊ မြို့နယ်၌ ကျန်းမာရီးဌာန (၅) ခု၊ တိုက်နယ်ဆေးရုံ (ကျောက်တောင်)၊ မိခင်နန့် ကလေးကျန်းမာရီးဌာန (၁) ခု တည်ဟိရေ၊ ထို့အပြင် ရဟန်းသံဃာတော်တိအတွက် သီးသန့်ဆေးကုနိုင်စေရန် သံဃဆေးကုသဆောင် တစ်ဆောင်ကို ပေါက်တောမြို့မ ဆရာတော်ကြီး ဦးနာရဒကဦးဆောင်၍ ဆောက်လုပ်လှူဒါန်းရေ။ ယင်းတိအနီး၌ ကလေးသူငယ်တိအတွက် ဆေးကုသဆောင် တစ်ဆောင်ကိုလည်း တိုးချဲ့ဆောက်လုပ်ဖြစ်ရေ။

ပညာရီး edit

ပေါက်တောမြို့ပေါ်တွင် အင်္ဂလိပ်ခေတ်အတွင်းက စာသင်ကျောင်းတကျောင်းဟိခကြောင်းကို စစ်တွေမြို့ ဂဇက်တီယာအရ သိရရေ။ ထိုစာသင်ကျောင်းမှာ မြို့ပေါ်၌တည်ဟိပြီး အလယ်တန်းပညာအဆင့်ထိ သင်ကြားနိုင်ခရေ။ ယင်းနောက်ပိုင်းတွင် သဝင်ချောင်းရွာ၌လည်း အလယ်တန်းကျောင်းတစ်ကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ခရေ။ အခြားနယ်ကျွန်းအရပ်တိ၌ အစိုးရစာသင်ကျောင်းမဟိသဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရီးကို အားထားခရရေ။ ပေါက်တောမြို့တိ ပထမဦးဆုံး အလယ်တန်းကျောင်းတည်ဟိရေ နီရာရေ ယခုပေါက်တောမြို့ အ-ထ-က ကျောင်းတည်ဟိနီရာဖြစ်ရေ။ ထိုစဉ်ကကျောင်းမှာ အုန်းမိုး၊ ဝါးခင်း၊ ဝါးထရံကာ အဆောက်အဦးဖြစ်ရေ။ လွတ်လပ်ရီးရပြီးနောက် (၁၉၅၃) ခုနှစ်တွင် မူလကျောင်းဆောင်ကိုဖြိုဖျက်ပြီး အုတ်ဖြင့် နှစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်ခရေ။ ကျောင်းသစ် ဆောက်လုပ်စဉ်ကာလတွင် (ယခုပေါက်တောမြို့ ဧစေတီအရပ်) သို့ ခေတ္တရွေ့ပြောင်း၍ ဓမ္မာရုံ၌ ပညာသင်ကြားခရရေ။ (၁၉၇၅) ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ တိုးမြှင့်ခရေ။ ယခုအခါပေါက်တောမြို့နယ်၌ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ မူလတန်းကျောင်း (၁၃၇) ကျောင်းဟိရေ။

မြို့တွင်း တည်ဆောက်ရီးလုပ်ငန်းတိ edit

ပေါက်တောမြို့တွင်း တည်ဆောက်ရီးလုပ်ငန်းတိရေ ယခင်ကထက် တိုးတက်မှုဟိလာရေ။ ယခင်က လူလားလမ်းတိရေ ကျောက်ကြမ်းလမ်းတိ ဖြစ်ရေ။ မြို့တွင်းတည်ဆောက်ရီးလုပ်ငန်းတိကို (၁၉၉၀-၉၁) ခုနှစ်တွင် အစိုးရအထောက်အပံ့ကျပ်ငွေ (၁၀) သိန်း၊ (၁၉၉၁-၉၂) ခုနှစ်တွင် (၂၃) သိန်း ခွင့်ပြုပီးရာ အဆိုပါငွေတိဖြင့် ဦးဥတ္တမလမ်း ကွန်ကရစ်ခင်းလုပ်ငန်း၊ မင်းစောမွန်လမ်းအား ကွန်ကရစ်ခင်းလုပ်ငန်း၊ ဦးမြဝါလမ်းအား ရေနုတ်မြောင်းလုပ်ငန်းရို့ကို ပြုလုပ်ရေ။ ထို့နောက် မြို့နယ်စည်ပင်သာယာရီးအဖွဲ့မှ ခွင့်ပြုငွေတိဖြင့် ကတ္တရာလမ်းခင်းရာ ဦးဥတ္တမလမ်း၌ ပေ (၂၈၀၀) ပေ။ မင်းစောမွန်လမ်း၌ (၉၁၀) ပေ၊ ဗိုလ်ချင်းပျံလမ်း၌ (၇၉၀) ပေ အသီးသီးကို ကတ္တရာခင်းနိုင်ခရေ။

ပေါက်တောမြို့ရေ ယခင်က သောက်သုံးရေနန့် ပတ်သက်၍ အခက်အခဲတိစွာဟိရေ။ (၁၉၉၀) ပြည်နှစ်မှစ၍ လူထုလုပ်အား (၆.၅) သိန်း၊ အစိုးရမှထည့်ဝင်ငွေ (၁၅.၅) သိန်း ငွေကြေးဖြင့် တဖက်ပိတ်ဆည်ကြီးကို တည်ဆောက်ခရေ။ (၁၉၉၅-၉၆) ခုနှစ်အရောက်တွင် အစိုးရမှ ခွင့်ပြုငွေသိန်း (၂၀) ဖြင့် ခြောက်လက်မအရွယ် ပီဗွီစီပိုက်လုံး (၄၀၀) ကိုဝယ်ယူ၍ ဆည်မှမြို့ထဲသို့ ရေပီးဝေရန် သွယ်တန်းခရေ။ နောက်ထပ်လိုအပ်ရေ (၃) လက်မခွဲအရွယ် ပိုက်လုံးတိကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဝယ်ယူကာ နီအိမ်ခြံဝင်းထဲအရောက် သွယ်တန်းခရေ။ ထို့အပြင် ရေဂါလံ (၂၀၀) ဝင်ရေ အုတ်ရေကန်ငယ် (၆) လုံးကိုလည်း မြို့နီရာအနှံ့ တည်ဆောက်ခရေ။

ကိုးကား edit

ကျော်ဇောလှ၊ ရသေ့တောင်။ ။ ပြုပြင်ပြောင်းလဲတိုးတက်မှုရှိသော ပေါက်တောမြို့နယ်၊ ပေါက်တောရွှေမြေ မဂ္ဂဇင်း (၁)

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပေါက်တောမြို့နယ် အခြေခံအချက်အလက်များ (၁၉၉၉-ခုနှစ်)

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၁၂)