Wp/rki/စစ်တွေမြို့

< Wp‎ | rki
Wp > rki > စစ်တွေမြို့

စစ်တွေမြို့ရေ ရခိုင်ပြည်နယ်ဧ့ မြို့တော်ဖြစ်ရေ။ အုပ်ချုပ်ရီး၊ စီးပွားရီးအချက်အချာကျသည့်မြို့ဖြစ်ရေ။ ရခိုင်ပြည်နယ်နန့် စစ်တွေခရိုင်စိုက်ရာမြို့လည်းဖြစ်ရေ။ စစ်တွေမြို့ရေ မြောက်လတ္တီတွဒ် ၂၀° ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄' အကြားတည်ဟိရေ။ မြို့နယ်အကျယ်အဝန်းမှာ (၈၉.၄၂) စတုရန်းမိုင်၊ (၅၇၂၂၈) ဧကဟိရေ။ ရပ်ကွက် (၃၂)ခု၊ ကျေးရွာ အုပ်စု(၃၀)နန့် ကျေးရွာငယ် (၈၉)ရွာဟိရေ။ စစ်တွေမြို့ဧ့ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နန့် ကုလားတန်မြစ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နန့် ရသေ့တောင်မြို့နယ်၊ မြောက်ဘက်တွင် ကြွီတဲမြစ်၊ ပုဏ္ဏားကျွန်းမြို့နယ်နန့် ရသေ့တောင်မြို့နယ်ဟိကတ်ရေ။ ၂၀၁၄ ခုနှစ် လူဦးရေနန့် အိမ်ထောင်စု သန်းခေါင်စာရင်းအရ လူဦးရေမှာ (၁၄၇,၈၉၉)ယောက်ဖြစ်ရေ။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅)ပေမြင့်ရေ။ စစ်တွေမြို့တွင် ရခိုင်၊ မရမာကြီး၊ ကမန်၊ ဟိန္ဒူ၊ ဗမာနန့် ရိုဟင်ဂျာလူမျိုးတိနီထိုင်လျက် ဟိရေ။[2]

စစ်တွေမြို့
စစ်တွေ
ရခိုင်အသံထွက်-စိုက်တွေ
အာကျပ်(Akyab)
နိုင်ငံအမည်Template:Wp/rki/အလံ
ပြည်နယ် ရခိုင်
ခရိုင်စစ်တွေ
လတ္တီကျု(၂၀)ဒီဂရီ၊ (၈)မိနစ်
လောင်ဂျီကျု(၉၂)ဒီဂရီ၊ (၅၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့စစ်တွေမြို့
Area
 • Total၂၃၁.၆ km2 (၈၉.၄၂ sq mi)
Population
Template:Nbsp(၂၀၁၄)
၁၄၇၈၉၉ [1]
 • 
ရခိုင်မရမာကြီးကမန်ဟိန္ဒူဗမာနှင့် ဘင်္ဂလီ
Time zoneUTC+ ၆ နာရီ ၃၀ မိနစ် (မြန်မာစံတော်ချိန်)

သမိုင်းအကျဉ်း edit

ရခိုင်ဘုရင်တိလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်ရေတိ၊ စစ်ကဲတိ စခန်းချသည့်နီရာဖြစ်ခရေ။ ဗြိတိသျှရို့ရေ (၁၈၂၆) ခုနှစ်တွင် ရခိုင်ဒေသကို သိမ်းပိုက် ပြီးနောက် မြောက်ဦးမြို့တွင် အုပ်ချုပ်ရီးအခြေပြုခရာ ရာသီဥတုမညီမျှ၍ ရေမြေကောင်းမွန်ပြီး စစ်ရီးစစ်ရာအချက်အချာကျရေ ကုလားတန်မြစ်ဝနီရာသို့ ပြောင်းရွေ့အခြေစိုက်ခခြင်း ဖြစ်ရေ။[3]ယခင်ဘုရင်တိလက်ထက်က စစ်တပ်တိချခရာအရပ်ဖြစ်၍ မူလစစ်တဲဆိုရေဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟုပြောင်းလဲလာခြင်းဖြစ်ကြောင်းဆိုကတ်ရေ။ တဖန် စစ်တွေမြို့ဧ့ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် အံတော်ဓာတ်ကိန်းဝပ်သည့် စေတီတော်ဟိရေ။ အံတော်ဓာတ်စေတီကို အစွဲပြု၍ အံကျိန်းမှ အာကျိတ်၊ အာကျိတ်မှ အာကျပ်ဟု ပြောင်းလဲလာရေဟုဆိုကတ်ရေ။ အင်္ဂလိပ်ရို့က စစ်တွေမြို့ကို (Akyab) အာကျပ်ဟုခေါ်ခကတ်ရေ။ ရခိုင်ရို့ကမူ စစ်တွေမြို့ဟုသာခေါ်ကတ်ရေ။

မြေမျက်နှာသွင်ပြင်နန့်ရာသီဥတု edit

စစ်တွေမြို့ရေ တောင်ကုန်းတိမဟိဘဲ မြစ်ချောင်း၊ အင်းအိုင်ပေါတိကာ မြေမျက်နှာသွင်ပြင်ညီညာရေ။ ပင်လယ်ကမ်းခြေဒေသဖြစ်ရေ။ ပူအိုက်စွတ်စိုရေ ရာသီဥတုဟိပြီး အပူဆုံးလမှာ မေလနန့် ဧပြီလဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီလနန့် ဖေဖော်ဝါရီလဖြစ်ရေ။ ပျမ်းမျှမိုးရေချိန် (၁၉၄.၉၂) လက်မရွာသွန်းရေ။

လမ်းပန်းဆက်သွယ်ရီး edit

စစ်တွေမြို့ရေ ရခိုင်ပြည်နယ်ဧ့ မြို့တော်ဖြစ်ရေနန့်အညီ ကုန်းလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းတိဖြင့် ဒေသအသီးသီးသို့ အလွယ်တကူ ဆက်သွယ်လားလာနိုင်ရေ။

စစ်တွေလေဆိပ်ရေ ရခိုင်ပြည်နယ်ဧ့အဓိကလေဆိပ်ဖြစ်ပြီး ရန်ကုန်မြို့အမ်းမြို့ကျောက်ဖြူမြို့သံတွဲမြို့၊ မ‌ကွေးမြို့၊မာန်အောင်မြို့ရို့နန့် လေကြောင်းခရီးဖြင့် ချိတ်ဆက်လား လာနိုင်ရေ။ ထို့ပြင်စစ်တွေလေဆိပ်ရေ ကမ္ဘာလှည့်ခရီးလားတိ အဓိကဝင်ရောက်ရာလေဆိပ်လည်းဖြစ်ရေ။

စစ်တွေ−ရန်ကုန်ကားလမ်းရေ (၅၃၄.၃)မိုင် ရှည်လျားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနန့် အမ်းမြို့တိကို ဖြတ်လားရေ။ ကတ္တရာလမ်းဖြစ်ပြီး ရာသီမရွေးလားလာ နိုင်ရေ။ အမ်း−မင်းဘူးမှတဆင့် ရိုးမအရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ လားလာနိုင်ရေ။ ထို့ပြင် အမ်းမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ သံတွဲ၊ ကျိန္တလီ၊ ဂွ နန့် တောင်ကုတ်မြို့တိ သို့လားရောက်နိုင်ရေ။

ရေကြောင်းခရီးဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အပါအဝင်မြို့နယ်အားလုံးသို့လား ရောက်နိုင်ရေ။ ကုလားတန်မြစ်ဝတွင်တည်ဟိ၍ စစ်တွေမြို့တွင် စစ်တွေဆိပ်ကမ်းရွှေမင်းဂံဆိပ်ကမ်း၊ ဆတ်ရိုးကျဆိပ်ကမ်းတိတည်ဟိရေ။ စစ်တွေဆိပ်ကမ်းမှာ နိုင်ငံတကာပင်လယ်ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံတကာကုန်တင်သင်္ဘောတိ၊ ကမ်းရိုးတန်းလား ခရီးရေနန့်ကုန်တင်သင်္ဘောတိ ဆိုက်ကပ်ကတ်ရေ။ ရွှေမင်းဂံဆိပ်ကမ်းမှာ နယ်စပ်ဒေသပို့ကုန်နန့် သွင်းကုန်တိတင်ပို့ရာဆိပ်ကမ်းဖြစ်ရေ။ ဆတ်ရိုးကျချောင်း အတွင်းဟိ ဆိပ်ကမ်းတိတွင် မြို့နယ်ဒေသအသီးသီးမှ ခရီးရေနန့်ကုန်တင် သင်္ဘေတိလာရောက်ဆိုက်ကပ်ကတ်ရေ။ ဆတ်ရိုးကျချောင်းအတွင်းတွင် စစ်တွေသင်္ဘောကျင်းတည်ဟိရေ။

စီးပွားရီး edit

စစ်တွေမြို့ရေ နယ်စပ်ကုန်သွယ်ရီးစခန်းဟိသည့်မြို့ရေနန့်အမျှ ကုန်သွယ်ရောင်းဝယ်မှု စည်ကားရေမြို့ဖြစ်ရေ။ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကုန်စည်တိ ဝင်ရောက်ရာမြို့ဖြစ်သလို ကုန်စည်တိစီးဆင်းရာမြို့လည်းဖြစ်ရေ။ မြို့နယ်လူတိမှာ စိုက်ပျိုးရီးလုပ်ငန်း၊ ကုန်ရေပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနန့် ရေငံပုစွန်မွေးမြူရီးလုပ်ငန်းတိ လုပ်ကိုင်ကတ်ရေ။ စစ်တွေမြို့တွင် ဆန်စက်ကြီးတိ၊ ငါး၊ ပုစွန် ကုန်ဝယ်ဒိုင်တိ၊ အအေးခန်းစက်ရုံတိ၊ ရေခဲစက်ရုံတိတည်ဟိရေ။ ငါးပုစွန်တိနန့်လယ်ယာထွက်ကုန်တိကို ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရေကြောင်းမှတိုက်ရိုက်တင်ပို့ရေ။

ဘဏ်တိအနီဖြင့် မြန်မာ့စီးပွားရေးဘဏ်ကမ္ဘောဇဘဏ်ရိုးမဘဏ်အင်းဝဘဏ်မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ဧရာဝတီဘဏ်ကမ္ဘာ့ရတနာဘဏ်စီဘီဘဏ်တိဟိပြီး ငွေကြေးဝန်ဆောင်မူလုပ်ငန်းတိကို ဆောင်ရွက်ပီး လျက်ဟိရေ။

ပညာရီး edit

စစ်တွေမြို့တွင် အခြေခံပညာရီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတိ တည်ဟိရေ။

အဆင့်မြင့်ပညာရီး အနီဖြင့် စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ် ရို့တည်ဟိရေ။ ထို့ပြင် လက်မှုပညာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းနန့် အိမ်တွင်းမှုရက္ကန်းကျောင်းတိလည်းဟိ ရေ။ [4]

အထင်ကရနီရာတိ edit

စစ်တွေမြို့ဧ့ အထင်ကရနီရာတိမှာ ဗျူးပွိုင့်၊ စစ်တွေဟိုတယ်ကမ်းခြေ၊ လောကနန္ဒာစေတီ (စစ်တွေ)၊ စစ်တွေလေဆိပ်၊ စစ်တွေဆိပ်ကမ်း၊ လက်ဝဲသလုံးတော်ဓာတ်စေတီ၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်၊ ရွှေစေတီကျောင်း၊ ဝင်္ကာဘာကွင်း၊ ပြည်လုံးချမ်းသာဘုရားကြီး စသည့်နီရာတိ ဖြစ်ရေ။ စစ်တွေမြို့ဧ့ အဓိကလမ်းတိမှာ လမ်းမကြီး၊ မင်းဘာကြီးလမ်းနန့် ကမ်းနားလမ်း ရို့ဖြစ်ရေ။

ကိုးကား edit

  1. သန်းခေါင်စာရင်း အစီရင်ခံစာ. ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ. Vol. အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန. မေ ၂၀၁၅. pp. ၅၉. {{cite book}}: Check date values in: |date= (help)
  2. မောင်ကောက်စံ (၂၀၀၈)။ ရခိုင်ပြည်နယ်လူမှုစီးပွားပထဝီဝင်။
  3. စွယ်စုံကျမ်း အတွဲ (၄)၊ အပိုင်း(က)
  4. ကြေးမုံသတင်းစာ