မြေပုံမြို့နယ်ရေ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဟိပြီး အရှေ့ဘက်ရိုးမတောင်ခြေ နန့် ကျွန်းစုတိဟိသည့်မြို့နယ်ဖြစ်ရေ။ မြောက်ဘက်တွင် မင်းပြားမြို့နယ်၊ အရှေ့ဘက် တွင် မင်းပြားနန့် အမ်းမြို့နယ်၊ တောင်ဘက်တွင် ကျောက်ဖြူမြို့နယ်နန့် အနောက်ဘက် တွင် ပေါက်တောမြို့နယ်နန့် ဘင်္ဂလားပင်လယ်အော်ဟိရေ။
မြေပုံမြို့နယ်တွင် ဝေသာလီခေတ် ကျောက်စတူပါတိကို တွေ့ရသဖြင့် ထိုခေတ်ခါကပင် မြေပုံနန့် ကွမ်းချောင်းကျွန်းရို့တွင် လူနီထိုင်မှုတိ ဟိနီပြီဖြစ်ရေ။ ရှေးခေတ် ရခိုင်အုပ်ချုပ်ရီးတွင် ၄၄ ကျွန်းစနစ်ဟိရာ မြေပုံမြို့မှ စတင်ရေတွက်ခရေ။
တောင်ခြေအရပ်၊ အုတ်ကန်သုံးဆယ်အရပ်ရေ ရှေးခေတ်က ရခိုင်တက္ကသိုလ် ဖြစ်ခ ရေဟု ဆိုရေ။ မြောက်ဦးခေတ်နှောင်းပိုင်းတွင် မြေပုံအနီး ကံသာရေကျော်ရေ စစ်ရီးအရ အရီးကြီးခရေ။ ၁၇၈၄ ခုနှစ်၊ မြောက်ဦးကို တိုက်ခိုက်သည့် အမရပူရ တပ်ရို့အတွက် စစ်ရီးအရ အရီးကြီးသည့်နယ်မြေဖြစ်ရေ။ ဗမာဘုရင်အား ပုန်ကန် သည့် ၁၈၁၁ ခုနှစ် ဗိုလ်ချင်းပျံ ထကြွမှုတွင် မိုးသီးနတ်တောင်ကျွန်း၌ တိုက်ပွဲကြီးတိ ဖြစ်ခရေ။ အင်္ဂလိပ်ရို့ ရခိုင်ကိုသိမ်းပြီးနောက် ၁၈၆၃ ခုနှစ်တွင် မင်းပြားနယ်မှ တိုက်နယ် ၃ ခု၊ အမ်းနယ်မှ တိုက်နယ် ၃ ခု၊ ကျောက်ဖြူနယ်မှ တိုက်နယ် ၃ ခုအားပေါင်းပနာ မင်းပြားမြို့နယ်ဟု ဖွဲ့စည်းခရေ။ ထိုစဉ်က ကျောက်ဖြူခရိုင်တွင် ပါဝင်ရေ။
လွတ်လပ်ရီးမရမီကပင် မြေပုံနယ်ရေ နိုင်ငံရီးအရ တက်ကြွသည့်နယ်မြေ ဖြစ်ရေ။ ၁၉၄၇ ခုနှစ်၊ ဧပြီလ ၁ ရက်နိ့တွင် ကြာအင်းတောင်ညီလာခံ (ရခိုင်အမျိုးသား ညီလာခံ) ကျင်းပခပြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခရေ။ လွတ်လပ်ရီးရပြီးရေ မှ ၁၉၈ဝ ခုနှစ်အထိ ကွန်မြူနစ်ရို့ အခြေချလှုပ်ရှားခသည့် နယ်မြေဖြစ်ရေ။ ၁၉၈၈ ခုနှစ်တွင် မြေပုံမြို့နယ်ရေ စစ်တွေခရိုင်၌ ပါဝင်ပြီး ၂၀၁၃ ခုနှစ်တွင် မြောက်ဦးခရိုင် ဖွဲ့စည်းရာ၌ ပါခရေ။
မြို့နယ်တစ်ခုလုံးလိုလို တောတောင်ထူထပ်ပြီး တောင်ပိုင်းတွင်သာ မြေပြန့် အနည်းငယ်ဟိရေ။ အနောက်မြောက်တွင် မြေနုကျွန်းတိဟိသော်လည်း မြေနိမ့်ရေ။ ကျွန်းစုပိုင်းတွင် ကျွန်းကြီး ၄၄ ကျွန်းနန့် ကျွန်းငယ် ၇၆ ကျွန်း၊ စုစုပေါင်း ၁၂ဝ ဟိရေ။ အကြီးဆုံးကျွန်းမှာ ကွမ်းချောင်းကျွန်းဖြစ်ပြီး ပေ ၁၂၈၂ မြင့်သည့် ရုက္ခမောက်တောင် ဟိရေ။ မြောက်ပိုင်းတွင် မြေပုံမြစ်၊ ကြက်စင်မြစ်ရို့ မြောက်မှတောင်သို့ စီးဆင်းရေ။ ကျွန်းစုပိုင်းတွင် သဲကြမ်းမြစ်၊ ဒလက်ချောင်းဝနန့် ကျောက်ပတောင်းမြစ်ရို့ ဟိကတ်ရေ။ တောင်ဖက်အဆုံးတွင် ကောင်ဘာမီးယားပင်လယ်အော် (နောင်တော်ပင်လယ်အော်) ဟိ ရေ။
မြေပုံမြို့နယ်ရေ တောင်မြောက် ၄၄ မိုင်၊ အရှေ့အနောက် ၃၂ မိုင်ဟိပြီး ဧရိယာ ၉၄၂.၁၂ စတုရန်းမိုင်ဟိရေ။ မြို့ပေါ်ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၅၁ စု၊ ကျေးရွာ ၁၃၉ ရွာဟိပြီး လူဦးရေ ၁၁၉၂၀၅ ဦးနီထိုင်ရေ။ အိမ်ခြေ ၂၃၄၃၇ အိမ်၊ အိမ်ထောင်စု ၂၄၈၈၆ စုနန့် မြို့ပေါ်လူဦးရေ ၁၅၅၆၄ ဦးဟိရေ။
မြို့နယ်ဧ့ ရှစ်ပုံတစ်ပုံခန့်သာ စိုက်ပျိုးနိုင်ရေ။ ဆန်စပါးကို အဓိကစိုက်ပျိုးကတ် ရေ။ လယ်မြေ ၄၈၈၃၇ ဧက၊ တောင်ယာမြေ ၁ဝ၅၃ ဧက၊ ကိုင်းကျွန်း ၅၃၀ ဧက၊ ဥယျာဉ်မြေ ၅ဝ၈ဝ ဧကနန့် ဓနိမြေ ၉၂၆ ဧက ဟိရေ။
တောတောင်ထူထပ်သဖြင့် သစ်ဝါးလုပ်ငန်းတိဟိရေ။ ကွမ်းချောင်းတွင် သစ် ထုတ်လုပ်ခြင်း ဟိရေ။ ကြိုးပိုင်းဧရိယာ ၁၅၈၆၆ ဧက၊ ကြိုးပြင်ကာကွယ်တော ၃၄၈၁၆ ဧကနန့် ဒီရေတော ဧရိယာ ၁၈၇၆၇ဝ ဧကဟိပြီး ဧကငါးသောင်းကျော်ကို ပုစွန်ကန်အဖြစ် ပြုလုပ်ထားရေ။ တစ်မြို့နယ်လုံးတွင် ရေလုပ်ငန်းရေ အဓိကဖြစ်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းခြင်းအပြင် ရေငန်ပုစွန်မွေးမြူရီးလုပ်ငန်း ဟိရေ။ ပုစွန်ကန် ၅၂၂ ကန်၊ မွေးမြူ ဧက ၁၃၈၇၄ ဧကဟိရေ။
စစ်တွေ-အမ်းလမ်းရေ မြေပုံမြို့နယ်အတွင်း ၄၃ မိုင် ဖြတ်သန်းလားပနာ ရိုးမ တောင်ခြေတစ်ဝိုက် လမ်းသာလားရေဆိုသော်လည်း မြေပုံမြို့နယ်ရေ ရေလမ်းကို အဓိကအားထားနီရဆဲ ဖြစ်ရေ။ ကျန်းမာရီးအတွက် မြေပုံမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၈ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၃၂ ခုနန့် မိခင်နန့်ကလေးစောင့်ရှောက်ရီးဌာန ၁ ခု ဟိရေ။
မြေပုံမြို့နယ်တွင် အထက်တန်းကျောင်း ၃ ကျောင်း၊ အထက်တန်းကျောင်းခွဲ၆ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၉ ကျောင်း၊ မူလွန် ၂၇ ကျောင်း၊ မူလတန်းကျောင်း ၉၉ ကျောင်း၊ မူလတန်းခွဲကျောင်း ၁ ကျောင်းနန့် ဘုန်းတော်ကြီးပညာသင်ကျောင်း ၂၈ ကျောင်းဟိရေ။ မြေပုံမြို့ အထက်တန်းကျောင်း အား ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခရေ။
မြို့ရေပီးရီးနန့်ပတ်သက်ပြီး မြို့အနောက်ဘက်တောင်ခြေကို အခြေခံကာ ဆည်ဆောက်ထားရေ။ ရေဂါလံ ၃၆ သန်းဆံ့ပြီး အလိုအလျောက် ရေဆင်းစနစ်ဖြင့် ဖြန့်ဝေရေ။ လုံခြုံရီးနန့်ပတ်သက်ပနာ ရဲစခန်း ၂ ခုနန့် ရဲကင်း ၁ ခုဟိရေ။ မြို့မရဲစခန်း နန့် ကန်ထောင့်ကြီးနယ်မြေ ရဲစခန်းရို့တွင် ပထမသတင်းပီးတိုင်ချက် လက်ခံရေ။
ရခိုင်လူမျိုးအတိစုနီထိုင်ပြီး ဒုတိယ ချင်းလူမျိုး တိရေ။ ဘင်္ဂါလီအနည်း ငယ် ဟိရေ။ မြေပုံတောင်ဘက်ဟိ အငူမော်စေတီ၊ ငမန်းရဲကျွန်းဟိ မျောက်ကြိမ်ဘုရားရို့ ရေ သမိုင်းဝင်ဘုရားတိဖြစ်ရေ။ ဘုန်းတော်ကြီးကျောင်း ၁၇၂ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၂၅ ကျောင်းဟိရေ။ ချင်းလူမျိုးရို့ရေ ခရစ်ယာန်တိ ဖြစ်ကတ်ရေ။[1]
ကိုးကား
edit- ↑ မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)