Wp/rki/ပေါက်တောမြို့နယ်

< Wp‎ | rki
Wp > rki > ပေါက်တောမြို့နယ်

ပေါက်တောမြို့နယ်ရေ ကုလားတန်မြစ်ဧ့ အရှေ့ဘက်ကမ်းတွင် တည်ဟိပြီး တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နန့် ဆက်စပ်နီရေ။ မြောက်ဘက်တွင် မြောက်ဦးမြို့နယ်၊ အရှေ့ဘက်တွင် မင်းပြားနန့် မြေပုံမြို့နယ်၊ အနောက်ဘက်တွင် စစ်တွေနန့် ပုဏ္ဏားကျွန်းမြို့နယ်တိဟိရေ။ ရခိုင်ပြည်နယ်တွင်း မြို့ချင်းဆက်ကားလမ်း မဟိသည့် မြို့နယ် ၄ ခုအနက်မှ တစ်ခုဖြစ်ခရေ။

စွန်ရဲမြစ်ကူးတံတားကြောင့် ၂၀၁၄ ခုနှစ်တွင် မင်းပြားနန့် စတင်ကားလမ်းပေါက်ရေ။ ၂၂ မိုင်ဟိရေ ပေါက်တော-မင်းပြား ကားလမ်းရေ လမ်းကြမ်းအဆင့်သာ ဟိသေးရေ။ ပေါက်တော၌ ၁၇၈၈ ခုနှစ်မှစ၍ လူနီအခြေချမှုတိစတင်ပြီး ၁၈၉၀ ခုနှစ်နောက်ပိုင်းတွင် မြို့ဖြစ်လာရေဟု ဆိုရေ။မြို့နယ်တစ်ခုလုံး မြစ်ချောင်းတိ တိပြားသကဲ့သို့ ကျွန်းကြီးကျွန်းငယ်တိ လည်း ပေါတိရေ။ မြို့နယ်ဧ့ မြောက်ဘက် ပေါက်တောမြို့အနီး တန်းတင်တောင် (၅ဝ၂ ပေ) မှလွဲ၍ ကျန်ဒေသတိရေ မြေနိမ့်ကျွန်းတိ ဖြစ်ရေ။

ဖရုံကာ ၃ ကျွန်း ရေ ပေါက်တောမြို့နယ်၌ ပါဝင်ရေ။ မြို့နယ်အတွင်း လားလာရီးအတွက် အဓိက ရေကြောင်းကို အားပြုရရေ။ စစ်တွေနန့် ရေလမ်း ၁၂ မိုင်ဝေးပြီး နိ့စဉ် ကူးလူးဆက်ဆံ မှုတိရေ။ ပေါက်တောမြို့တွင် ဝေသာလီခေတ် ကျောက်စတူပါတိ တွေ့ဟိရ၍ လူတိ အခြေချနီထိုင်ရေမှာ ကြာမြင့်ပြီဟု ဆိုနိုင်ရေ။ မြောက်ဦးခေတ် ရခိုင် ၄၄ ကျွန်း အုပ်ချုပ်ရီးတွင် ပေါက်တောမြို့နယ်မှ ၁၂ ကျွန်းမျှ ပါခရေ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ် သိမ်းပြီးနောက် ဦးရာဇ်တောင် အရှေ့မြို့နယ်ဟု သတ်မှတ်ခရေ။ ၁၈၈၇ ခုနှစ်တွင် ပေါက်တောအရပ်၌ မြို့ရွာအခြေချခပြီး ၁၈၉၈ တွင် ပေါက်တောမြို့၊ ပေါက်တောမြို့နယ် ဟု ခေါ်တွင်လာရေ။

ပေါက်တောမြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာ ၁၆၆ ရွာ၊ လူဦးရေစုစုပေါင်း ၁၆၇၇၈၁ ဦး နီထိုင်ပြီး အိမ်ခြေ ၃ဝ၅၉၈ အိမ်၊ အိမ်ထောင်စု ၃၂၇၉၄ စု ဟိရေ။ မြို့ပေါ်လူဦးရေ ၁၈၅၇၁ ဦးဟိရေ။ ပေါက်တောမြို့နယ် အကျယ်အဝန်းဧ့ ခြောက်ပုံတစ်ပုံအား စိုက်ပျိုးရေ။ လယ်မြေ ၉၆ဝ၁၆ ဧက၊ ယာမြေ ၁၇၃ ဧက၊ ဥယျာဉ်မြေ ၁၇၄၈ ဧက၊ ဓနိမြေ ၆၂၃ ဧက၊ တောင်ယာ ၁၁၆ ဧက အသီးသီးဟိရေ။ ရေလုပ်ငန်းရေ ဒုတိယစီးပွားရီးဖြစ်ပြီး ငါးခြောက်လုပ်ငန်း အဓိကလုပ်ကိုင်ရေဟု ဆိုရေ။ ဒီရေရောက်မြေနိမ့်တွင် ပုစွန် မွေးမြူကတ်ပြီး ပုစွန်ကန် ၁၆၁ဝ ကန်နန့် မွေးမြူဧက ၃၁၉၁၃ ဧကဟိ ရေ။ ဒီရေတောဧက ၂၈၅ဝ ဟိပြီး ဆည်ဖို့၍ လယ်စိုက်ခြင်း ပုစွန်ကန်မွေးခြင်းတိ ပြုလုပ်ကတ်ရေ။

ကျန်းမာရီးအတွက် ၂၅ ခုတင်ဆံ့ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ရုံ၊ ကျေးလက်ကျန်းမာရီးဌာန ၆ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၃၂ ခု၊ မိခင်နန့် ကလေးစောင့်ရှောက်ရီးဌာန ၁ ခု ဟိရေ။ ပညာရီးအတွက် အထက်တန်းကျောင်း ၃ ကျောင်း၊ အထက်တန်းခွဲကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းခွဲကျောင်းခွဲ ၄ ကျောင်း၊ မူလွန် ၁၇ ကျောင်း၊ မူလတန်းကျောင်း ၁၁၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရီးကျောင်း ၁၃ ကျောင်းဟိရေ။ ပေါက်တောမြို့ အထက်တန်းကျောင်းကို ၁၉၅၉ ခုနှစ်မှ စတင် ဖွင့်လှစ်ခရေ။

ပေါက်တောမြို့ ရေပီးဝေရီးအဖြစ် နတ်တောင်ပြင်ဆည် တည်ဆောက်ကာ ၁၉၉၁ ခုနှစ်မှ စတင် ရေပီးဝေခရေ။ ၎င်းဆည်ရေ ရေဂါလံ ၆၁ သန်းဆံ့ရေ။ လုံခြုံရီးအရ ပေါက်တောမြို့မရဲစခန်းရေ ပထမသတင်းပီးတိုင်ချက် လက်ခံသည့် စခန်းဖြစ်ရေ။ ရခိုင်လူမျိုး အတိစုနီထိုင်ပြီး ခမီနန့် ဘင်္ဂါလီတိလည်း ဟိရေ။

ဘာသာရီးအဆောက်အအုံအနီနန့် အနောက်ဖရုံကာ (မြေဌ)ကျွန်းပေါ်ဟိ ဆံတော်သျှင်စေတီရေ အထင်ကရဖြစ်ရေ။ နှစ်စဉ် နတ်တော်လ (ဒီဇင်ဘာလ)တွင် ဘုရားပွဲကျင်းပလေ့ဟိရေ။ ရခိုင်ပြည်နယ်ဟိ အစည်ကားဆုံး ဘုရားပွဲတစ်ခု ဖြစ်ရေ။ မြေငူကျွန်းတွင် မြေငူဓာတ်တော်၊ အလယ်ဖရုံကာတွင် မဟာရံဓာတ်၊ တောင်ရင်းကျွန်း တွင် သရွဲဓာတ်တောင်၊ တောင်ညိုဂူ၊ ကြိမ်ခွေမော်ဂူ၊ နတ်တောင်ပြင်ဂူနန့် တောင်ဖူး ဘုရားကြီးရို့ ထင်ရှားရေ။ ထိုဂူသုံးလုံးအား မင်းဘာကြီး နန်းတက်သည့် ၁၅၃၁ တွင် တည်ထားခရေ။

ပေါက်တောမြို့နယ် ဟိရွာတိ- edit

• နတ်တောင်ပြင်

• ရွာချောင်းကြီး

• ငခူရေ

• သရက်ချို

• ငခူချောင်း

• စိုင်းတုတ်

• သာဇေ

• ဂြင်းဒွေ

• ပြွန်ခေါင်

• ပြွန်တို (ခမီ တိုင်းရင်းသား ကျေးရွာ)

• ချောင်းစောက် (ချောင်းစောက်ချောင်း)

• သစ်ပုတ်

• ပုဏ္ဏားကြီး

• အလယ်ကျွန်း

• ချောင်းသာကြီး

• ဆင်ပိုက်

• မြင့်ဂါရွာသစ်

• မြင့်ဂါရွာဟောင်း

• ကံဆိပ်

• တောင်ပုက္ကေ

• ဇီးချိုမော်

• နန်းတက်ကျွန်း

• ကုလားချောင်း

• သင်ပုန်းချောင်း

• ယင်ရဲကန်

• လက်မယာ

• ချောင်းနွယ်

• ကံမြင့်

• ငွေတွင်းဒွေ

• ငဝက်စွေ

• ဆယ်သုံးတန်

• ဟင်းခရော်

• ဂန်းကျား

• ကံပြင်ရွာဟောင်း

• ငပြီတက်

• ကျောက်တောင်

• မြောက်ပြင်

• ဖတူးကြီး

• သရက်ချောင်း

• ကျောက်စု

• ဗျိုင်းသစ်

• တောင်ညို

• သဝင်ချောင်း

• တောင်ဖူး

• ငပြီကျွန်း

• အဝကန်

• ကြိမ်ခွေမော်

• မနော်သီရိ

• လက်ပံပြား

• သဲချောင်း

• ပိန်နဲချောင်း

• ကြိန်နီပြင်

• ပြိုင်းတောင်

• ဆင်တက်မော်

• အနောက်ရွဲ့

• သဲခုံ

• ဂြင်းချောင်း

• ချောင်းဝ

• ကုန်တိုင်း

• စစ်ကဲပြင်

• တောင်ရွာ

• မြို့

• နဂွေ

• သဗြီကန်

• ဒါးခံ

• အုန်းနှံချောင်း

• သုံးပတ်ချိုင်

• မီးကျောင်းတက်

• ငဖြူရွာ

ကိုးကား edit

  • သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနန့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။
  • အောင်လှသိန်း၊ ရခိုင်ပြည်ဟိမြို့တိ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနန့် အထွေထွေမှတ်သားစရာတိ

မောင်မောင်စိုး(မြောက်ဦးစစ်တမ်း)