အင်ကျူဘေတာ:စာလုံးကြီး

This page is a translated version of the page Incubator:Uppercase and the translation is 100% complete.

ဝစ်ရှင်နရီအား တည်းဖြတ်ခြင်းမှလွဲ၍ သင့်စမ်းသပ်ဝီကီတွင် စာလုံးသေးဖြင့် စသော (ဥပမာ a, b, c, d) စာမျက်နှာများကို ကျေးဇူးပြု၍ မဖန်တီးပါနှင့်။ အလားတူ စာလုံးသေး စာမျက်နှာမှ စာလုံးကြီး စာမျက်နှာဆီသို့ ပြန်ညွှန်းလင့်ခ်များကိုလည်း ကျေးဇူးပြု၍ မဖန်တီးပါနှင့်။

ဘာကြောင့်လဲ။

ပုံသေအားဖြင့် ဝစ်ရှင်နရီမှလွဲ၍ ကျန်အခြားဝီကီမီဒီယာ ပရောဂျက်များရှိ စာမျက်နှာများအားလုံးကို စာလုံးကြီးဖြင့်သာ စတင်ရန် သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။ http://en.wikipedia.org/wiki/germany သို့မဟုတ် http://en.wikipedia.org/wiki/Germany မည်သည့်စာမျက်နှာကိုမဆို ဝင်ရောက်သည်ဖြစ်စေ တူညီသော စာမျက်နှာဆီသို့သာ ရောက်ရှိမည် ဖြစ်သည်။

ဤအင်ကျူဘေတာတွင် အဆိုပါသတ်မှတ်ချက်သည် ရှေ့ဆက်ဝေါဟာရနောက်ရှိ စာမျက်နှာခေါင်းစဉ်များတွင် သက်ရောက်မှု ရှိမနေချေ။ သို့သော် သင့်ဝီကီ၏ ကိုယ်ပိုင်ဒိုမိန်းခွဲအား ဖန်တီးပြီးချိန်တွင် ရှေ့ဆက်များအားဖယ်ရှား၍ ဝီကီအသစ်သို့ စာမျက်နှာများ ပို့သွင်းရာတွင် ပြဿနာများ တွေ့ကြုံရနိုင်သည်။ ဥပမာ သင့်ဝီကီတွင် Wp/en/germany သာမက Wp/en/Germany စာမျက်နှာပါ ရှိနေသည့်အတွက် ရည်ညွှန်းရာတစ်ခုတည်းအား ပို့သွင်းရာတွင် ပြဿနာဖြစ်စေနိုင်သည်။

စာမျက်နှာအမည်များအတွက် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များအကြောင်းကို အင်္ဂလိပ်ဝီကီပီးဒီးယားတွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။

ဘာဆက်လုပ်ရမလဲ။

အပေါ်ရှိ ပထမဝါကျနှစ်ကြောင်းကို ပြန်ကြည့်ပါ။ (ရှေ့ဆက် ဝေါဟာရပြီးနောက်) ခေါင်းစဉ်အား စာလုံးသေးဖြင့် စတင်သော စာမျက်နှာများ မဖန်တီးပါနှင့်။ တမ်းပလိတ်များ၊ ကဏ္ဍများအတွက်လည်း ယင်းအတိုင်းပင် ဖြစ်သည်။

ကျွန်ုပ်တွင် အဆိုပါ ပြဿနာတစ်ခုရှိသော စာမျက်နှာတစ်ခု ကြုံတွေ့နေသည်။
မည်သို့ပြုလုပ်ရမည်ကို သင်သိသည်မှာ သေချာပြီး လိုအပ်ပါက အဆိုပါ စာမျက်နှာကို မှန်ကန်သော ခေါင်းစဉ်ဆီသို့ ကျေးဇူးပြု၍ ရွှေ့ပြောင်းပါ။ မဟုတ်ပါက ယင်းစာမျက်နှာအား {{delete|case problems}} ဟု မှတ်သားထားပါက စီမံခန့်ခွဲသူတစ်ဦးက ဆက်လက်လုပ်ဆောင်သွားပါလိမ့်မည်။