မရမာကြီးလူမျိုးရို့ရေ သမိုင်းမှတ်တမ်းတိအရ ရှေးနှစ်ပေါင်းတိစွာကပင် ရက္ခပူရ-မဟိံသက ရခိုင်ပြည်တွင် နီထိုင်လာခကတ်ရေ ရခိုင်မျိုးနွယ်တူတိဖြစ်ပြီး ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာ သက်ဝင်ယုံကြည်ကိုးကွယ်ကတ်ရေ့ လူမျိုးဖြစ်ရေ။
ရှေးယခင်က မရမာကြီးရို့ရေ အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်ခြေအနီး ကောလိယ၊ ကပ္ပိလဝတ်၊ ဝိဒေဒဟ စရေ မဂဓဒေသဖွား၊ သကျသာကီယ-ခတ္တိယရာဇာမျိုးနွယ် (ရာဇဝံသ) လူမျိုးတိမှ ဆက်နွယ်ပေါက်ဖွားလာရေ ရခိုင်မျိုးနွယ်တူ လူမျိုးစု ဖြစ်ကြောင်း သမိုင်းမှတ်တမ်းတိအရ သိဟိရရေ။
မရမာရေ ရခိုင်နန့် အဓိပ္ပာယ်တူ ဝေါဟာရဖြစ်ရေ။ အမျိုးကိုစောင့်ရှောက်နိုင်သူ အံ့ဖွယ်ဟိလှသူဟု အဓိပ္ပာယ်ရရေ။ 'ဗရ'(ပါဠိ)စဉ်လာကြီးမားရေ စကားရပ်နန့် ပေါင်းစပ်၍ မျိုးနွယ်စောင့်ရှောက်မှုစဉ်လာ ကြီးမားခသူရို့ကို 'မရမာကြီး'ဟု ခေါ်ဆို ရေ။ 'မရမာကြီး = မျိုးနွယ်စောင့်ရှောက်မှု အစဉ်အလာကြီးမားနိုင်လီစွ၊ အံ့ဖွယ်ကောင်း အောင် စောင့်ထိန်းနိုင်လီစွ' ဆိုရေ စကားရပ်တိအရ မရမာကြီးလူမျိုး ခေါ်တွင် ခခြင်းဖြစ်ရေဟု ရခိုင်သမိုင်းက ဆိုပါရေ။ မသေမပျောက်နိုင်ရေ မျိုးနွယ် ဟုလည်း အဓိပ္ပါယ်ရကြောင်း လူကြီးသူမတိကဆိုရေ။
မရမာကြီးလူမျိုးရို့ရေ AD 12 ရာစုတွင် အိန္ဒိယနိုင်ငံအား မဂိုဘုရင်တိဧ တိုက်ခိုက်မှုကြောင့် အနယ်နယ် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်ခရာမှ မိမိရို့နန့်မျိုးနွယ်တူ၊ဘာသာတူရေ့ ရခိုင်ပိုင် ဘဂ်လားစစ်တကောင်းတောင်တန်းဒေသ နန့်ရက္ခပူရ(ရခိုင်ပြည်နယ်) အတွင်းသို့ အလုံးအရင်း ဝင်ရောက်လာခရရေ။ ရခိုင်ပြည် အတွင်းသို့ ဝင်ရောက်ချိန်တွင် ရခိုင်ဘုရင်တိက မရမာဒေသ ( ရခိုင်အခေါ် မရမာထောင်)ဟူ၍ ချီးမြှင့်ခဖူးကြောင်းသိရရေ။
မရမာကြီးလူမျိုးရို့ရေ ရခိုင်လူမျိုးတိနည်းတူ သကျသာကီဝင်မင်းမျိုးမှ ဆင်းသက်ပေါက်ဖွားလာရေ့အတွက် မိမိနှင့်မျိုးနွယ်တူချင်းသာလက်ထပ်ကတ်ရေ။ အသပြာနန့်ဖြားယောင်း၍ ဖျက်ကေလည်း မရချေ။ မျိုးစောင့်တရားမြဲခကတ်သူတိ ဖြစ်ကတ်ပြီး မျိုးရိုးကိုစောင့်ထိန်းခ ကတ်ရေ။ မရာမာကြီးရို့ရေ ထေရဝါဒဗုဒ္ဓဘာကို သားစဉ်မြေးဆက် ကိုးကွယ်ယုံကြည်ကတ်ပြီး မျိုးရိုးဂုဏ်နန့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးရို့အား ကြည်ညို မြဲမြံစွာ စောင့်ထိန်းမှ သာသနာတည်တံ့မည် ဟု ယုံကြည်ကတ်သူတိဖြစ်ရေ။ ထို့ကြောင့် ရခိုင်မျိုးရိုး မရမာကြီးဟု ခေါ်တွင်ခ ကြောင်းကို ဓညဝတီရာဇဝင်သစ်တွင်ဖော်ပြ ထားရေ။
သုတေသီ အသျှင်စက္ကိန္ဒက-မရမာကြီး လူမျိုးရို့ရေ ရခိုင်ဒေသသို့ ရခိုင်ရို့နန့်အတူ ရခိုင်ပြည်မြောက်ပိုင်းမှတစ်ဆင့် ရောက်ဟိလာ ကတ်သူတိဖြစ်ကြောင်း၊ ရခိုင်ရို့ကဲ့သို့ပင် သက်-အာရိယန်အနွယ်မှ ဆင်းသက်လာသူ တိဖြစ်ကြောင်း၊ ထို့အပြင် ရခိုင်လူမျိုး၊ သက္ကမ(ဒိုင်းနက်)လူမျိုး၊ မြိုလူမျိုး ရို့နန့်မူ တစ်အူတုံဆင်းတိဖြစ်ကတ်ကြောင်း ရီးသားဖော်ပြထားရေ။
တိုင်းရင်းသားယဉ်ကျေးမှုနန့်ရိုးရာ ဓလိထုံးစံ(ရခိုင်)စာအုပ်တွင် မရမာကြီး လူမျိုးရို့ရေ ရခိုင်နန့်အမျိုးအနွယ်တူသူတိ ဖြစ်ကြောင်း၊ ရှေးအခါက တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ခက်ခဲမှုကြောင့် မိမိရို့ဧ မျိုး နွယ်စုကို သီးခြားအမည်ခေါ်တွင်ခကတ်ရေ့ ရခိုင်တိုင်းရင်းသားတိပင်ဖြစ်ကြောင်း၊ ရခိုင်ရို့နန့်ဘာသာတူ၊ ဓလိတူ၊ ယဉ်ကျေးမှု တူကတ်သူရို့ပင်ဖြစ်ကြောင်း၊ လက်ဟိဘာသာ စကားရေ ရခိုင်ဘာသာစကားနှင့်စကားသံခြားနား ကေလည်း အုပ်စုတူမျိုးကွဲဘာသာစကားပင် ဖြစ်ကြောင်း၊ သို့ရာတွင် အားလုံးနီးပါးလိုလို ရခိုင်စကားကိုပင် ပြောဆိုနီကတ်ကြောင်း၊ သက္ကမ(ဒိုင်းနက်)လူမျိုးရို့နန့်ဆင်းသက်လာမှု အရင်းအမြစ်၊ လူမျိုးအမည် ခေါ်တွင် ခရမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဝတ်စားဆင်ယင်မှုနန့်ယဉ်ကျေးမှုဓလိတိ ပို၍သိသာရေ ဆက်နွှယ်မှုဟိကြောင်း ရီးသားထားရေ။
ရခိုင်ဌာနီမရာမာကြီး နန့် စစ်တကောင်းဌာနီမရူဝါ
editတစ်ချိန်က အိန္ဒိယလူမျိုးတိက ရခိုင်လူမျိုးကို မောဂ်(Mog)ဟု ခေါ်ဆိုမှုကြောင့် တြိပူရနန့်စစ်တ ကောင်းတောင်တန်းဒေသက ရခိုင်လူမျိုးရို့ကို မောဂ်(Mog)လူမျိုးဟုခေါ်ဆိုကတ်ရေ။ ၁၉၄၈ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရီးရပြီးနောက်ပိုင်းတွင် ဗြိတိသျှရို့က စစ်တကောင်းတောင်တန်းကို မွတ်ဆလင်တိကြီးစိုးရာ ပါကစ္စတန်ဘက်ခြမ်းကို ထည့်သွင်းမှုကြောင့် စစ်တကောင်းတောင်တန်းဟာ မွတ်ဆလင်တိအုပ်ချုပ်မှုအောက်ကိုရောက်ဟိခရရေ။ ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ် လွတ်လပ် ရီးရပြီးနောက်ပိုင်းမှာ စစ်တကောင်းတောင်တန်းဒေသရေ ဘင်္ဂလားဒေ့ရှ်အစိုးရအုပ်ချုပ်မှုအောက်ကို ရောက်ဟိခပြန်ရေ။
တြိပူရနန့်စစ်တကောင်းဒေသမှ ရခိုင်ရို့ကို မောဂ်(Mog) အဖြစ်ခေါ်ဆိုမှုကြောင့် မောဂ်လူမျိုးအဖြစ်ပြောင်းလဲလာခြင်း၊ တစ်ဖန် မွတ်တလင်တိ အုပ်ချုပ်မှုအောက်တွင် စစ်တကောင်းဒေသမှ ရခိုင်ရို့ရေ ဒေသိယစကား သံကွဲနှုန်းပေါ်မူတည်ပြီး မောက်(Mog) နာမည်ကနီပြီး မရမာ(Marma) လူမျိုးအဖြစ်ပြောင်းလဲခရေ။
မရမာလူမျိုးမှာ ရခိုင်လူမျိုး ရခိုင်စကားပြောကတ်ပြီး ရခိုင်ပြည်က ရခိုင်တိနန့်ဒေသိယစကားလီသံ အနည်းငယ်သာကွဲပါရေ။ ရခိုင်ပြည်တွင် မရမာမာကြီးလူမျိုးရေ ဘင်္ဂလားတွင်နီထိုင်ကတ်ရေ ဘရူဝါ(Barua)လူမျိုးပင်ဖြစ်ပါရေ။ ဘင်္ဂလားတွင် ဘရူဝါ(ခေါ်)မရမာကြီးလူမျိုးမှာ ဘင်္ဂလားတွင် လူဦးရေတိပြီး ဝတ်စားဆင်ယင်မှုမှာ ဟိန္ဒူဆန်ဆန်ဝတ်စားဆင်ယင်ကတ်ရေ။ ရခိုင်ပြည်တွင်နီ ထိုင်သူတိမှာ ရခိုင်နှင့်ရိုးရာဝတ်စုံနှင့်ဆင်တူပါရေ။
သျှင်ပြုမင်္ဂလာ ပြုလုပ်ပုံမှာ ရခိုင်လူမျိုးရို့နန့်တစ်ပုံစံတည်းပင် ဖြစ်ရေ။ ထိမ်းမြားမင်္ဂလာ ပြုလုပ်ရာတွင် ရှောင်ကြဉ်ရရေ့ ဓလိတိစွာ ဟိကြောင်း သိရရေ။ ထိမ်းမြားမင်္ဂလာပွဲကို ဝါတွင်းကာလနန့်တန်ခူး၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ မကျော်မီ ပြုလုပ်လိ မဟိကတ်လီ။ လူမျိုးခြားနန့်လက်ထပ်ခြင်း မပြုဘဲ မိမိ မိသားစုတွင် ကိုယ်ဝန်ရေဟိပါက မင်္ဂလာဆောင်ခြင်း မပြုကတ်လီ။ ထို့အပြင် သရို့သားနန့်သရို့သမီး အသက်စုံ နှစ်တိတွင် မင်္ဂလာဆောင်ခြင်း မပြုကတ်လီ။ မင်္ဂလာဆောင် ရက်သတ်မှတ် ထားကေလည်း တစ်ဘက်ဘက်မှ မိဘမောင်ဘွား တစ်ဦး သေဆုံးကေ နောက်တစ်နှစ်ထိ စောင့်ပြီး မင်္ဂလာဆောင်ကတ်ရရေ။ လက်မထပ်မီ ၇ ရက်အတွင်း ခရီးဝီးလားခြင်း၊ ချောင်းကူးမြစ်ကူး လားခြင်း၊ သစ်ပင်အမြင့်တင်ခြင်း၊ သစ်ကြီးဝါးကြီးခုတ်ခြင်း၊ သားငါးရှာဖွေခြင်း၊ အရက်သေစာ ရေက်သုံးခြင်းတိ မပြုရရေ့အပြင် ထိမ်းမြားမင်္ဂလာပြုရေ ညမှ ၇ ရက်မြောက် ညအထိ မေထုံပြုလုပ်ခြင်းကို ရှောင်ကြဉ်ကတ်ရရေဟု မှတ်သားရရေ။
သားဦး သမီးဦးတွင် “ဦးတပ်လိဟိပြီး အမည်နာမနောက်တွင် (ဘရူဝါ)ဟု အသုံးပြုလိ ဟိရေ။ ဥပမာ- မောင်စံဘရူဝါ၊ လှနုအေးဘရူဝါ စရေဖြင့် တပ်လိဟိရေ။ ယခု နောက်ပိုင်းတွင် ရခိုင်လူမျိုး နာမည်တိကဲ့သို့ အသုံးပြုလာကတ်ပြီ ဖြစ်ရေ။
မရာမာကြီး မျိုးနွယ်စုတိရေ သမိုင်းမှတ်တမ်းတိအရ ရခိုင်ပြည်အတွင်း ရှေးနှစ်ပေါင်းတိစွာ နီထိုင်လာကတ်ရေ ဗုဒ္ဓဘာသာဝင်တိဖြစ်ကတ်ပြီး မောင်တောဒေသတွင် တစ်စုတစ်ဝေးတည်း နီထိုင်လာကတ်ရာမှ ကိုလိုနီတိဧ နယ်ချဲ့လာမှုတိ၊ အင်အားကြီးသူတိဧ အနိုင်ကျင့်မှုတိ၊ အကြမ်းဖက်သမားတိဧ လုပ်ကြံသတ်ဖြတ်ခံရမှုတိကြောင့် နီရပ်စွန်ခွာကတ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ရောက်နီပြီဖြစ်ရေ။
၁၉၄၂ ခုနှစ်တွင် ဘင်္ဂလီတိ အကြမ်းဖက်မှုတွင် မရမာကြီးလူမျိုးရို့ဧ အသက်ပေါင်း မြောက်မြားစွာ ပီးဆပ်ခရရေ။ ယခင်က မောင်တောဒေသတွင် နီထိုင်ခရေ ရွာအချို့မှာ ပျက်စီးပျောက်ကွယ် ခရရေ။ တစ်ချို့ရေ မရမာကြီးတိရေ ယင်းအခြေချ နီထိုင်ခရေ ရွာတိဧ အမည်တိကို သက်သေ အထောက်အထားတိနန့်စိတ်မကောင်းဖွယ် ပြောပြကတ်ရေ။
ယင်းချင့်ကြောင့် ရခိုင်ဌာနီ မျိုးနွယ်စုအားလုံး လူမျိုး၊စာပီ၊ယဉ်ကျေးမှု မပျောက်စေဖို့အတွက် ရခိုင်ဌာနီ တိုင်းရင်းသားအားလုံးတွင် တာဝန်ဟိလီရေ။ ဖြစ်ပေါ်လာရေ အတားအဆီးအနှောက်အယှက်တိကိုလည်း အတူလက်တွဲ ဖြေရှင်းကတ်ရမည်ဖြစ်လီရေ။
ကိုးကား
edit၁။ ရခိုင်ဌာနေ တိုင်းရင်းသား မရမာကြီး လူမျိုး၊ မရမာသားဒိုးဝေ၊ (နေရဉ္စရာဂျာနယ်)
၂။ ရခိုင်ရာဇဝင် ၊ စစ်တွေမြို့ ရွှေစေတီ ဆရာတော်
၃။ သက်-အာရိယန်အနွယ်မှ ရခိုင်နန့်ရခိုင်မျိုးနွယ်စုတိ ဆင်းသက်လာခြင်း။ နက်မြစ်စန်းအောင် (ရခိုင်တန်ဆောင် - ၁၄)