Wp/rki/ဘူမိဗေဒဆိုင်ရာ အချိန်ကာလ

< Wp‎ | rki
Wp > rki > ဘူမိဗေဒဆိုင်ရာ အချိန်ကာလ

ဘူမိ အချိန်ကာလ (သို့) ဘူမိဗေဒဆိုင်ရာ အချိန်ကာလ (Geologic Time Scale, Geological Time Scale) ရေ ကမ္ဘာမြီဧ ကျောက်စိုင်ကျောက်သား မှတ်တမ်းအပေါ်မူတည်ပနာ ကိုယ်စားပြုဖော်ပြထားသည့် အချိန်ကာလ သတ်မှတ်ချက်ဖြစ်ရေ။ ၎င်းရေ Chronostratigraphy (အချိန်ကာလနန့်ကျောက်လွှာတိဧ ပတ်သက်ဆက်နွယ်မှု လိလာခြင်း လုပ်ငန်းစဉ်) နန့်Geochronology (ကျောက်တိဧသက်တမ်းကို ဆုံးဖြတ်ရန်ရည်ရွယ်သည့် ဘူမိဗေဒပညာဆိုင်ရာ သိပ္ပံနည်းကျလိလာမှု ပညာရပ်ခွဲ) ကို အသုံးပြုသည့် အချိန်နန့်တပြေးညီ အချိန်ကာလ ပြန်လည်ကောက်ယူသည့် စနစ်တစ်ခုဖြစ်ရေ။ ၎င်းကို ဘူမိဗေဒ ပညာသျှင်တိ၊ နိခါတကဗေဒ ပညာသျှင်တိ၊ ဘူမိရူပဗေဒ ပညာသျှင်တိ၊ ဘူမိဓာတုဗေဒ ပညာသျှင်တိ အပါအဝင် ကမ္ဘာမြီ သိပ္ပံပညာသျှင်တိက အဓိကအနိန်နန့် အသုံးပြုကတ်ရေ။ ကျောက်သားအလွှာတိနန့်ကျောက်အမျိုးအစားရို့ဧ ဆက်နွယ်မှုကို လိလာခြင်း နန့်ဘူမိအတိတ်ကာလဧ သံလိုက်စက်ကွင်း ဂုဏ်သတ္တိတိနန့်ကျောက်ဖြစ်ရုပ်ကြွင်းတိပိုင့်ရေအင်္ဂါရပ်တိကို ခွဲခြားသတ်မှတ်ခြင်းရို့ဖြင့် အချိန်ကာလသတ်မှတ်မှုကို တီထွင်ခရေ။ ဘူမိဗေဒအချိန်ဧ စံချိန်စံညွှန်းသတ်မှတ်ထားရေနိုင်ငံတကာယူနစ်တိဧ အဓိပ္ပါယ်ဖွင့်ဆိုခြင်း[1] ရေ နိုင်ငံတကာ ဘူမိဗေဒသိပ္ပံအဖွဲ့ (IUGS) ဧ ဖွဲ့စည်းပုံအခြီခံဥပဒေဆိုင်ရာ နိုင်ငံတကာ ကော်မသျှင် (ICS) ဧ တာဝန်ဖြစ်ရေ။ ဘူမိဗေဒအချိန်ကို ပိုင်းခြားသတ်မှတ်ရန် အသုံးပြုရေနိုင်ငံတကာ သက်တမ်းအလိုက်ကျောက်လွှာစဉ် ဇယားကားချပ် (အင်္ဂလိပ်: International Chronostratigraphic Chart - ICC)[2] အား သက်တမ်းအလိုက်ကျောက်လွှာ အုပ်စုတိကို ဘူမိကာလဆိုင်ရာ ယူနစ်တိအဖြစ် သတ်မှတ်ရန်အတွက် တစ်ဖန်အသုံးပြုပါရေ။[2]

Geologic time scale with proportional representation of eons/eonothems and eras/erathems. Cenozoic is abbreviated to Cz. The image also shows some notable events in Earth's history and the general evolution of life.
မဟာကပ်တိ/မဟာကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ်တိ နန့်ကပ်တိ/ကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ်တိဧ အချိုးကျကိုယ်စားပြုမှုဖြင့် ဖော်ပြထားရေဘူမိဗေဒအချိန် အတိုင်းအထွာ။ Cz ရေ Cenozoic ဧအတိုကောက်ဖြစ်ရေ။ ပုံတွင် ကမ္ဘာမြီသမိုင်းတွင် ထင်ရှားရေအဖြစ်အပျက်အချို့နန့်သက်ဟိတိဧ ယေဘူယျ ဆင့်ကဲဖြစ်စဉ်တိကိုလည်း ပြသထားရေ။ Megannus (Ma) ရေ နှစ်တစ်သန်း (၁၀) ကို ကိုယ်စားပြုရေ။
နာရီအဖြစ် ကိုယ်စားပြုသည့် ဘူမိဗေဒ အချိန်စကေးဧ အလှည့်ကျကိုယ်စားပြုမှု။ (မှတ်ချက် - ဘူမိဗေဒဆိုင်ရာ အချိန်ကာလရေ တစ်ကြောင်းလား မျဉ်းဖြောင်းသဏ္ဍာန်ဖြစ်ပြီး သံသရာစက်ဝန်းပိုင့် အဝိုင်းသဏ္ဍာန် မဟုတ်ပါ။)

ယူနစ်သတ်မှတ်မှုတိ edit

သက်တမ်းအလိုက် ကျောက်လွှာအုပ်စု ယူနစ် (ကျောက်လွှာ) ဘူမိအချိန်ယူနစ် (ကာလ) အချိန်ကာလ အတိုင်းအတာ[မှတ်စု 1]
မဟာကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Eonothem) မဟာကပ် (Eon) နှစ်ပေါင်း ဆယ်ကုဋေနန့်အထက် နှစ်ကုဋေကုဋာပေါင်းတိစွာ
ကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Erathem) ကပ် (Era) နှစ်ပေါင်း ဆယ်သန်း မှ ဆယ်ကုဋေ
ကျောက်လွှာဆင့်စဉ်စနစ် (System) ယုဂ် (Period) နှစ်ပေါင်း တစ်သန်း မှ ဆယ်သန်း
ကျောက်လွှာဆင့်စဉ် (Series) အဏုယုဂ် (Epoch) နှစ်ပေါင်း သိန်းပေါင်းများစွာမှ ဆယ်သန်း
ကျောက်လွှာဆင့် (Stage) ခေတ် (Age) နှစ်ပေါင်း ထောင်ပေါင်းတိစွာမှ သန်းပေါင်းတိစွာ

ဘူမိ အချိန်ကာလ edit

အပြည်ပြည်ဆိုင်ရာ ကျောက်လွှာပညာ ကော်မသျှင် – အိုင်စီအက်စ် (International Commision on Stratigraphy – ICS) ရေ သက်တမ်းကျောက်လွှာပညာကို သဘောထားနန့်စည်းမျဉ်း ညီညွတ်ရေးအတွက် ဦးစီးဆောင်ရွက်လျက်ဟိပြီး၊ ဘူမိအချိန်ကာလအား ဘူမိအချိန်ယူနစ် (၅)ဆင့်ပါသည့် စနစ်ဖြင့် အောက်ပါအတိုင်း ငယ်စဉ်ကြီးလိုက် ပိုင်းခြားသတ်မှတ်ထားရေ -

  1. ခေတ် (Age)
  2. အဏုယုဂ် (Epoch)
  3. ယုဂ် (Period)
  4. ကပ် (Era)
  5. မဟာကပ် (Eon)

ရို့ ဖြစ်ကတ်ရေ။[3]

သက်တမ်းအလိုက် ကျောက်လွှာအုပ်စု edit

ကျောက်လွှာတစ်ခုစီရေ ဘူမိကာလတစ်ခုစီကို ကိုယ်စားပြုရေဟု ဆိုသည့်အတိုင်း၊ ဘူမိ အချိန်ကာလ သတ်မှတ်မှု၌ ဘူမိအချိန်ယူနစ် ဟိပိုင်၊ ၎င်းရို့တစ်ခုစီကို ကိုယ်စားပြုသည့် သက်တမ်းအလိုက် ကျောက်လွှာအုပ်စု ယူနစ်တိ ကိုယ်စီကိုလည်း ICS မှ အောက်ပါအတိုင်း အဆင့် (၅)ဆင့်ဖြင့် ငယ်စဉ်ကြီးလိုက် သတ်မှတ်ထားရေ -

  1. ကျောက်လွှာဆင့် (Stage)
  2. ကျောက်လွှာဆင့်စဉ် (Series)
  3. ကျောက်လွှာဆင့်စဉ်စနစ် (System)
  4. ကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Erathem)
  5. မဟာကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Eonothem)

ရို့ ဖြစ်ကတ်ရေ။

မှတ်စု edit

  1. ဘူမိဗေဒအချိန်ယူနစ်တိဧ အချိန်ကာလ ပိုင်းခြားမှုအတိုင်းအတာတိရေ ကျယ်ပြန့်စွာကွဲပြားကြပြီး ၎င်းရို့ကိုယ်စားပြုနိုင်ရေအချိန်အတိုင်းအတာအပေါ် ကိန်းဂဏန်း ကန့်သတ်ချက်ထားခြင်းမဟိပေ။ ၎င်းရို့အသီးသီး သက်ဆိုင်သည့်ယူနစ်ထက် ပိုမြင့်ရေယူနစ်ဧ အချိန်အတိုင်းအတာနန့်၎င်းရို့သတ်မှတ်ထားရေသက်တမ်းအလိုက်ကျောက်လွှာပိုင်းခြားမှု နယ်နိမိတ်တိအထိ ကန့်သတ်ထားရေ။

ကိုးကား edit