Wp/rki/ဦးလုံး

< Wp‎ | rki
Wp > rki > ဦးလုံး


ဆရာကြီး ဦးလုံးရေ တိမ်မြုပ်နီသော ရခိုင်ရိုးရာ ယဉ်ကျေးမှု တိကို စတင် ဖော်ထုတ်ပီးခသူ တစ်ဦး ဖြစ်ရေ။ ၁၉၆၈ မှ ၁၉၈၆ အထိ ပြည်ထောင်စုနိ့ အခမ်းအနား ယဉ်ကျေးမှု ကပွဲတိတွင် တင်ဆက်ခသော ရခိုင်ပြည်နယ် ကိုယ်စားပြု တေးသီချင်းတိမှာ ဆရာကြီး ဦးလုံးဧ့ လက်ရာတိပင် ဖြစ်ရေ။ ကျောက်ဖြူမြို့ မှ ဆရာကြီး ဦးလုံး ဟု လူသိကတ်ရေ။ ဆရာကြီးဦးလုံးကို ၁၉၂ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ ကုန်းတန်းရွာတွင် အဖ ဦးစိန်လုံး၊ အမိ ဒေါ်ဝါနုရို့မှ မွီးဖွားရေ။

ဦးလုံး
ကိုယ်ရီးအကျဉ်းချုပ်
မွီးသက္ကရာဇ် ၁၉၂ဝ
နာမည်ရင်း
မိဘနာမည် ဦးစိန်လုံး၊ ဒေါ်ဝါနု
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်မာန်အောင်မြို့၊ ကုန်းတန်းရွာ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဆယ်တန်း ဟိုက်ယား ဂရိတ်
အလုပ်အကိုင် သာခြင်းရီးဆရာ၊ကျောင်းဆရာ
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု သာခြင်းရီးဆရာ၊ စာရီးဆရာ
ထင်ယှားရေလက်ရာတိ ရထားပန်းယိုင်,မိုးယံလွင့်ပျံ ရခိုင့်အလံ
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

သံတွဲမြို့ ဆရာကြီး ဦးရွှေကြိုင် အလွတ်ပညာသင် ကျောင်းမှ ဆယ်တန်း ဟိုက်ယား ဂရိတ် နန့် မက်ထရစ် စာမေးပွဲတိကို အောင်မြင်ပြီး၊ စစ်တွေမြို့ ဆရာဖြစ်သင် နော်မန်ကျောင်းမှ အထက်တန်းပြ ဆရာဖြစ် လက်မှတ်ရဟိခရေ။ မာန်အောင်မြို့နန့် ကျောက်ဖြူမြို့ရို့တွင် ပညာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခပြီး၊ အလယ်တန်းကျောင်းအုပ် ဆရာကြီး အဖြစ်မှ အငြိမ်းစား ယူခရေ။

ရခိုင် စာပီ၊ အနုပညာ တိကို ငယ်စဉ်ကပင် ဝါသနာပါခပြီး ရခိုင်စာပီ၊ ယဉ်ကျေးမှုရေးရာ ဆောင်းပါး၊ စာတမ်း တိစွာကို ရေးသားခရေ။ ဆရာကြီးဧ့ ပြည်ထောင်စုပွဲဝင် ဂန္ထဝင်မြောက် ပထမဆုံး ရိုးရာ ရခိုင် တေးသီချင်းမှာ ရထားပန်းယိုင် ယိမ်း ဖြစ်ပြီး၊ ၁၉၆၈ ခုနှစ် ပြည်ထောင်စုနိ့ တွင် ရခိုင်ပြည်နယ် ကိုယ်စားပြု တင်ဆက်ခရေ။ ဆရာကြီးဧ့ ပြည်ထောင်စုပွဲဝင် နောက်ဆုံး လက်ရာ ရိုးရာ ရခိုင်သီချင်းမှာ စည်ကြီးဗြိန်းစောင် ၁၉၈၆ ဖြစ်ရေ။ ဆရာကြီး ဦးလုံးရေ ပထမဆုံးသော ရခိုင်ပြည်နယ်နိ့ အခမ်းအနား အဖွင့်သီချင်းဖြစ်သည့် မိုးယံလွင့်ပျံ ရခိုင့်အလံ သီချင်း ကို ရေးစပ်ခရေ။ ထိုသီချင်းရေ ရခိုင်ပြည်နယ်၊ မြို့နယ် အသီးသီးတွင် နှစ်စဉ် ကျင်းပသော ရခိုင်ပြည်နယ်နိ့ အခမ်းအနားတိဧ့ အဖွင့် တေးသီချင်း ဖြစ်ခရေ။

ဆရာကြီးဧ့ ထင်ရှားသော လက်ရာ အချို့မှာ အောက်ပါ အတိုင်းဖြစ်ပါရေ။ ရထားပန်းယိုင် ၁၉၆၈ ကင်းယိမ်း ၁၉၆၉ ဇမ်းယိမ်း ၁၉၆၉ ရခိုင်ကျင် ယိမ်း ၁၉၇၉ ရခိုင် ကျင် - ရှု ဇီသျှင် ၁၉၇၉ အခါတော် ၁၉၈၀ ရခိုင်မြေမှ ကဿက ၁၉၈၁ စက္ကရေကိုင် ရခိုင် လယ်သမား ၁၉၈၂ ရခိုင့်တန်ဆောင် ၁၉၈၃ ရိုးရာထုံးဖွဲ့မှု ၁၉၈၄ ရွေ့ခြင်းသံသာ ၁၉၈၅ နန်းတွင်းမိညို ၁၉၈၅ စည်ကြီးဗြိန်းစောင် ၁၉၈၆ ပတ္တမြားဒေဝီ စောမဲကျီ ၁၉၈၆ ဆရာကြီးရေ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ရေးရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းတိစွာ ဆောင်ရွက်ခပြီး၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ရခိုင့်ယဉ်ကျေးမှု မဂ္ဂဇင်း အတိုင်ပင်ခံစာတည်း အဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ် သမိုင်း- ငါးတွဲ သမိုင်းကဏ္ဍ၊ ယဉ်ကျေးမှုှု ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ ပြုစု တည်းဖြတ်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ တာဝန်ယူခရေ။

မြန်မာစာအဖွဲ့မှ မြန်မာအဘိဓာန် ပြုစု ရာတွင်လည်း ရခိုင်ဝေါဟာရတိအတွက် ကူညီပံ့ပိုးခရေ။ ထို့ပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုတိဧ့ သမိုင်းကြောင်းနန့် ယဉ်ကျေးမှု ဖော်ထုတ်ရေး ဗဟို ကော်မတီဝင် အဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုတိဧ့ သမိုင်းကြောင်းနန့် ယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တာဝန်ယူခပြီး၊ ရခိုင်ပြည်နယ် အတွင်းဟိ တိုင်းရင်းသား လူနည်းစုတိဖြစ်ကတ်သော သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ချောင်းသား၊ ကောက်ကတန်း စသည့် တိမ်မြုပ်နီသော တိုင်းရင်းသား မျိုးနွယ်စုတိဧ့ သမိုင်းနန့် ယဉ်ကျေးမှုတိကို ဖော်ထုတ် မှတ်တမ်းတင်ခရေ။ ၁၉၈၆ တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် ဆုတံဆိပ်ကို ရဟိခရေ။ ဆရာကြီးရေ ၁၉၉၈ တွင် ကျောက်ဖြူမြို့ ၌ ကွယ်လွန်ရေ။ ကွန်လွန်ချိန်တွင် သမီးနှစ်ယောက် ကျန်ရစ်ရေ။

ကိုးကား edit

၁။ စာတည်းအဖွဲ့ဝင် တစ်ဦး၊ ဦးလုံး သို့မဟုတ် ရိုးရာတေးဖြင့် ပြည်ထောင်စုကို အလှဆင်သူ၊ သန္တာမြေ မဂ္ဂဇင်း၊ ၁၉၉၃ ၂။ အမ်တီတီ၊ ကြိုးပြတ်သွားသော ရထားပန်းယိုင်၊ ရွှေကျွန်သန္တာ မဂ္ဂဇင်း၊ ၂၀၀၁