Wp/rki/ဝေသာလီခေတ် ရခိုင်တေးဂီတ

< Wp‎ | rki
Wp > rki > ဝေသာလီခေတ် ရခိုင်တေးဂီတ

ဝေသာလီခေတ် ရခိုင်တေးဂီတ edit

ယဉ်ကျေးမှု အထွတ်အထိပ်ကိုရောက်ခရေ ဝေသာလီ၌ တေးဂီတအနီနန့် ဇာလောက် ထွန်းကားခစော်ကို ခန့်မှန်းဖို့ ခက်ခဲလီဖို့ မဟုတ်ပါ။ နှောင်းခေတ်တိ ၌တွိ့ရရေ ရခိုင်တေးဂီတရို့ရေ ဝေသာလီမှ ဆင်းသက်လာခရေအတွက် ဒေပိုင်လက်လှမ်းမီရေ တေးဂီတတိကို လေ့လာလိုက်ကေပင် ဝေသာလီကိုခန့်မှန်းနိုင်ပါရေ။ ယင်းချင့်အပြင် ကဝိဂန္ဓ ကျမ်း၊ တူရိယာကျမ်းရို့နန့် ရာဇဝင်မှတ်တမ်းတိမှာလည်းတွေ့ရရေ ပဉ္စင်္ဂတူရိယာ တီးမှုတ်ကခုန်ခြင်းတိနန့် ပွဲလမ်းသဘင်ခင်းကျင်းမှုတိစော်လည်း ဝေသာလီဧ့ တေးဂီတကို ပေါ်လွင်စီပါလီရေ။ ယကေလည်း သုတေသနလုပ်ရန်ကား များစွာလိုနီပါသိမ်းရေ။ နှောင်းခေတ်၌ သီဆိုကတ်ရေ ဘွဲ့ရွှဲ့ဧချင်းသာချင်းဇမ်းစကားယင့်ဗျာကပ္ပျာပင့်ကူသံချပ်ကြီးငစည်ဒုံးသာစွလေဟန်စွလေအစဟိရေ ရခိုင်တေးသံတိ လည်းကောင်း၊ ဒုံးအကငစည်အကပင့်ကူအကနဂါးအကဗိုင်းတောင်းအကတိုးနရားအကရှေးသူရုပ်ကြီးများအကဆံတောက်ပိုးအကရှိန်ဒိုင်းအက၊ ဗုဒ္ဓပူဇနိယ(ရခိုင်ရိုးရာဆီမီးခွက်အက) အက အစဟိရေ အကတိလည်းကောင်း၊

"သာကြေညှင်းညှင်း၊ အေးသီချင်းနှင့် ညံ့နုသာချင်း၊ စောင်းနှင့်ညှင်းလျှင်၊ သံချင်းနှောငြား၊ ပတ္တလားနှင့်၊ မခြားတူထ၊ တယော စသည်၊ ခေါ်ထနာမ၊ သုသိရနှင့်၊ ပဉ္စမည်သာ၊ တူရိယာက၊ ခရာတန်ကောက်၊ နှဲြွပီ မြောက်၍၊ အစောက်ရှည်ငြား၊ ပန်းတလျားနှင့်၊ ပန်းတျားပတ်ဝန်း၊ ပတ်ဆိုင်းထမ်းဖြင့်၊ ကြိုးတန်း လျှောက်လား၊ ကခြီများနှင့်၊ တီးငြားရိုက်မည်၊ စည်ငါးမည်တည့်" ဟု ရာဇဝင်လင်္ကာ၌ပါဟိရေ ရခိုင်တူရိယာမျိုးစုံတိ လည်းကောင်း ဝေသာလီတေးဂီတကို ပေါ်လွင်စီဖို့ဖြစ်ပါရေ။

ဝေသာလီဧ့ ကဝိဂန္ဓကျမ်း၌ ဖော်ပြအပ်ရေ ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတုစသည့် စပ်ဆိုနည်းတိမှာ---

(၁) အသံကွဲလိုက်နည်း၊

(၂) အစငင်ဆိုနည်း၊

(၃) ပြန်ဂဟတ်စပ်ဆိုနည်း၊

(၄) အစဖြုတ်နည်း၊

(၅) ကိုယ်တွင်းပြည့်စပ်ဆိုနည်း၊

(၆) စပ္ပါယ်ချီ၊ စပ္ပါယ်ချဆိုနည်း၊

(၇) မြင်းဇက်ခွဆိုနည်း၊

(၈) ကန့်လန့်ထွေလာဆိုနည်း၊

(၉) ဇော်တခိုင်လုံးချဆိုနည်း၊

(၁၀) မိဿကဆိုနည်း၊

(၁၁) ဓမ္မတာဘွဲ့ဆိုနည်း၊

(၁၂) သဘောထမ်းဆိုနည်း၊

(၁၃) သဝေမပါဆိုနည်း၊

(၁၄)ခိုင်ညွန့်ခက်ဖြာဆိုနည်း၊

(၁၅) တပြန်ညှိဆိုနည်း၊

(၁၆)အာသာဝတီဝတ် ဆံချဆိုနည်း

တိဖြစ်ကတ်တေ။ ယင်းပိုင် စပ်ဆိုနည်းမှ ပေါ်ထွန်းလာရေ ရခိုင်တေးသံတိကို စေ့စုံအောင် သုတေသန လုပ်ရပါဖို့သိမ်း။

ရခိုင်ဒေသမှ ရှေးအကျဆုံး ရွှန်းလိုက်ရတုဘွဲ့သာချင်းစည်ခြင်းရို့ဧ့ စပ်ပုံစပ်နည်းနန့် သီဆိုပုံ သီဆိုနည်းတိမှာ တစ်မူထူးခြားလျက်ဟိနီလီရေ။ မုတ်သုံ လေရိုက်သံ၊ ရေလှိုင်းသံစရေ အသံတိစော် သဘာဝအလျောက် ရခိုင်တေးသံတိကို ဖြစ်ပေါ်လာခလီရေ ဟူ၍ သိရရေ။ ယင်းတေးသံတိကိုလည်း လိလာရန်အများကြီး လိုနီရေ။

ဝေသာလီခေတ်က တကောင်းသင်းတွဲပြည်သို့ ခရီးထွက်ခရေ ဝေသာလီ စူလစန္ဒြားမင်းအား ကိုယ့်ပြည်ကိုယ့်ဒေသကို ပြန်လွယ်စိမ့်သောငှာ တူရိယာအစုံတီးမှုတ်ပြီးကေ စန ́ရားဘွဲ့ကိုသီဆိုကတ်ရေဟု ရာဇဝင်မှတ်တမ်းတိ၌ တွိ့ရလီရေ။ စန္ဒြားရားဘွဲ့မှာ ဘုန်းတော်ဘွဲ့ဖြစ်ရေ။

စန္ဒြားရားမင်းတိနန့် ဝေသာလီကို အမွှမ်းတင်ထားရေ အဖွဲ့အနွဲ့ဖြစ်ရေ။ ဝေသာလီနန့် စန္ဒြားရားမင်းတိ အကြောင်းကို ရီးသားပြောဆိုကေ ဒေစန္ဒြားရားဘွဲ့ကိုချန်ခလို့ မဖြစ်။ ယင်းချင့်ကြောင့် လိလာနိုင်ဖို့ အနည်းငယ် ကောက်နုတ်ပြီးကေ တင်ပြလိုက်ပါရေ။

(၁) ထွန်းလင်းကြက်သရေ၊ လူ့ပြည်ကျော်သောင်း၊ မင်းကောင်းရာဇာ၊ ဝေသာလီမှာ၊ မင်းဖြစ်လာရေ။ ။

(၂) စကြာအမွန်၊ လှံပျံလည်းရ၊ ဘုန်းတော်သံလေ၊ ဝေသာလီမှာ၊ စန္ဒြားရားလေ။ ။

(၃) ဘုန်းအားတက်တိုး၊ အာဏာမိုးကေ၊ နန်းရိုးစိုင်လာ၊ ကျောက်လှေကားမှာ၊ ကိုးဆက်ပေါ်ရေ။ ။

ဘွဲ့ဆိုသံ၊ တူရိယာမျိုးစုံ တီးမှုတ်သံတိနန့် လွှမ်းနေခရေ ဝေသာလီခေတ်ကာလကို ဒေပိုင် အစွန်းအစတွိ့နီရရေ မဟုတ်ပါလော။ တူရိယာမျိုးစုံ၊ အဆိုမျိုးစုံ၊ အဖွဲ့အနွဲ့မျိုးစုံဖြင့် ဝေသာလီတေးဂီတရေ တစ်ခေတ် ဆန်းခကေလည်း၊ ယင်းခေတ်ကို ပြန်လည်တွိ့ဟိနိုင်ရန် ကကောင်းပင် သုတေသနလုပ်ရဖို့သိမ်း ဖြစ်ရေ။ [1]

ကိုးကား edit

  1. ဦးဘစံ -ရက္ခမဏ္ဍိုင် အမှတ် ( ၁ ) -p14