ပညာဟိ အမတ်ကြီး ဝိမလရေ လောင်းကြတ်ခေတ်တွင် ထင်းရှားရေ မင်းထီး (သက္ကရာဇ် ၆၄၅-၇၅၁) လက်ထက်မှ နရမိတ်လှ (သက္ကရာဇ် ၇၆၆-၇၉၅) တိုင်အောင် အမှုတော်ထမ်းရွက်ခရေ ပညာဟိစာဆိုတော် ဦးဖြစ်ရေ။ အသက် (၁ဝဝ)တိုင် အမှုတော်ထမ်းရွက်ခကြောင်းသမိုင်းတွင် အထင်ရှားတွိ့ ရရေ။ အမတ်ကြီး ရေ မင်းထီးဘုရင်အား မင်းရို့ ပြည့်စုအပ်ရေ ကျေးဇူးခုနစ်ပါး၊ ရာဇဒေဝီမိဖုရားကြီးရို့ ဧ့ အင်္ဂါခုနစ်ပါး၊ မိန်း မမြတ်ရို့ ဧ့ လက္ခဏာရပ်ရို့ ကို ကျမ်းဂန်ပါဋ္ဌိအထောက်အထား တိဖြင့် လျှောက်ထားခရေ။ လောကီကျမ်း တိဧ့ အလိုအရ ထောက်ဆပြီး အတိတ်နိမိတ်တိကိုလည်း ဖတ်ကြားလျှောက်ထားခရေ။ ထို့ကြောင့် ရွှေ ထမ်းစင်စီးခွင့်ကဲ့သို့ သောချီးမြင့်မြောက်စာခြင်းမျိုးကိုပင် ခံယူရဟိခရေ။ ၎င်းပြင် အမတ်ကြီးရေ ရဲစွမ်းသတ္တိ နန့်လည်း ပြည့်စုံသူဖြစ်ရေ။ မှန်ရာကိုလျှောက်ထားဝံ့သူဖြစ်ရေ။ နရမိက်လှခေါ် မင်းစောမွန်မင်း၊ သားဘဝ က အနီအထိုင်မတတ်၍ ပေါ့သွမ်းနီထိုင်မူအတွက် ပွင့်ပွင့်လင်းလင်း ဆိုဆုံးမပူးရေ။
အမတ်ကြီး ဝိမလ | |
ကိုယ်ရီးအကျဉ်း | |
မွီးသက္ကရာဇ် | |
နာမည်ရင်း | ဝိမလ |
မိဘနာမည် | |
လူမျိုး | ရခိုင် |
ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
ခေတ် | လောင်းကြတ် |
အိမ်ထောင်ဖက် | |
သားသမီး | |
ထင်ပေါ်ကျော်ကြားမှု | စာဆိုတော် |
ထင်ယှားရေလက်ရာတိ | |
ရဟိခရေဘွဲ့တံဆိပ်တိ | |
လက်မှတ် |
ဤသို့တိုင်းရီးပြည်ရီး၊ မင်းရီးမင်းရာတိသာမက ကဗျာလင်္ကာစာပေအရာတွင် တာဝန်ကျေခသူလည်းဖြစ်ရေ။ ၎င်းရီးသားခရေ စာပေလင်္ကာတိကိုလည်း တွိ့ ရရေ။ တစ်ခါသော် မင်းထီးမင်းကြီးရေ အမတ်ကြီးမနူဟာဧ့ သမီးတော်မြတ်တုံးအား ချစ်မြတ်နိုးရေဖြစ်၍ တောင် ညာနှင်း လိုကြောင်း အမတ်ကြီးအား တိုင်ပင်လေရာ အသျှင်မင်းမြတ်၊ မိန်းမကောင်း လက္ခဏာကိုရှေးပညာဟိရို့ ဆိုခရေမှာကား။
“ဣတ္ထိဘရိယာ၊ အင်္ဂါညီညွတ်၊ မိန်းမမြတ်ရို့၊ လင်ဝတ်လင်မှု၊ အနုအရင့်၊ အခွင့်လိမ္မာ၊ သဒ္ဓါရက်ရက်၊ ရမ္မက် နည်းပါး၊ စကားတည်ကြည်ဆိုရေလည်တစ်ချက်၊ ထွက်ရေနာဖွယ်၊ ခြောက်ဖြစ်သွယ်မူ၊ ဆိုဘွယ်မဟိ၊ ဟိရိသြတ္တပ၊ စောင့်ကြပ်ကိုယ်ဝယ်၊ ပျက်ရယ်သွမ်းမှု၊ မပြုဖြောင့်ဖြောင့် အမျိုးစောင့်ဧ့။ မထောင့်လိမ့်လက်၊ အိပ်စက် ဝတ်စား၊ အလားအနီ၊ အစီအသုံး၊ ရှေးထုံးနှိုင်းညှိ၊ ဂတိမလိုက်၊ စရိုက်ရုန့်ကြမ်း၊ မိန်းမသွန်းနန့်၊ မပြွမ်းရောနှော၊ သဘောထည့်မတ်၊ သူထက်မြတ်ရေ။ မန္ဓတ်မင်းနန့် ထိုက်ရာသော်” ဆိုပနာ လျှောက်ထားရေ။
ထိုသို့ အင်္ဂါရပ်လက္ခဏာ ညီညာပြည့်စုံရေ မိန်းမမြတ်ကို မန္ဓာတ် မင်းရို့သော်မှ ဘိသိက်ခံ အပ်ပါကြောင်း၊ ထုံးဟောင်းလာ ဟိပေရေ။
၁)သီလစာရ - သီလအကျင့်မြဲခြင်း၊
၂) ကေသမယှံ- ဆံပင်နက်မှောင်ကောင်းခြင်း၊
၃) မတ္တပါဒ မုဒုကံ - ခြေလက်သေးသွယ်နူးညံ့ခြင်း၊
၄) ရူပံ -အဆင်းလှခြင်း
၅) သဒ္ဒံ- အသံသာယာ နာဖွယ်ဟိခြင်း
၆) မံသံ -အသားနုညံ့ခြင်း
၇) ကောသလ္လိ- တိစွာရေ မောင်းမရို့ဧ့အရိပ်အခြေကို နားလည်ခြင်း။
ဤအင်္ဂါခုနှစ်ပါးနန့် မိဖုရားကြီးရို့ ပြည့်စုံစေရာရေ အကြောင်းကိုလည်း ရှေးထုံးဟောင်းကျမ်းဂန်လာဟိပါ ရေ။
အသျှင်မင်းကြီးဧ့ မိဖုရားမြတ်ကုံးရေ ထိုသို့ ဆိုအပ်ရေ အင်္ဂါရို့နန့်ပြည့်စုံညီညာကေ တောင်ယာ ထားပြီးကေ မိဖုရားကြီး မြှောက်ထိုက်ပါကြောင်းနန့် လျှောက်ထားလီကေမင်းကြီးက နှစ်သက်ခြင်းဖြစ်ပြီးကေ အသပြာ တစ်ထောင် ဆုချတော်မူရေ။
တစ်ရံသောအခါက မင်းကြီးရေ ရေကြက်သားစားလိုကြောင်းနန့် ပညာဟိအမတ် ဝိမလကို နှစ်ကိုယ်ကြား တိုင်ပင်လီကေ ဝိမလအမတ်လည်း “အသျှင်ကောင်းမှ ကျွန်ပ်ကောင်းမည်၊ ကျွန်ကောင်းမှလည်း အသျှင်၌အ ပြစ်ကင်းရှာရေ။ ရှေးထုံးဟောင်းစကားလာတွင် မင်းတိုင်ပင်ပြုလိုရေ၊ မှူးမတ်လက္ခဏာကို ဆင်ခြင်လျက် လျှောက်တင်ပြောဆို မင်းခွင့်ပီးအပ်ရေ စကားအရာဟိဧ့။ မင်းနန့်အမတ်၊ ညီညွတ်တမူ၊ အကျင့်တူကေ၊ လူလည်းကြည်ညို၊ ” စရေဖြင့် အဆိုအမျှ ဟိဧ့။ ယခု အသျှင် မင်းကြီးမူကား သမ္မာအာဇီဝ အစာကိုစားလို၍ ငါ့ကို မေးတော်မူရေ ဖြစ်မည်။ .. သူတစ်ပါးကို အရှာထည့်ချေသော် ... မသန့်ရေ အစာဖြစ်အံ့၊ ငါ့ကိုကြည်ရေ အကျိုးလည်း မင်း၌မဟိ၊ တရားလိမ္မာ ရေ ဓမ္မပါလ သူတော်အားရှာဖွေစေမှသင့်မည်ဟု ကြံ၍၊ ရှာဖွေလေရာ မိမိ ကံအလျောက် သေဆုံးနီရေ ရေကြက်ကို တွိ့လေရေ။ အမတ်ကြီးလည်း ကောင်းမွန်စွာ ချက်ပြုတ်၍ မင်းကြီးအား ဆက်သရာ မြိန်စွာစားတော်ခေါ်၍ တပ်အပ်ရေ နှလုံးဝေဒနာ ကင်းငြိမ်းချမ်း သာ တော်မူ လေရေ။
မင်းထီးမင်း သက်တော် (၈၅) နှစ်သောနှစ်၌ မဟာမုနိဘုရားကြီးရေ ရောင်တော်လွှတ်ရေ။ င/လျင်အကြိမ် တိစွာ လှုပ်ရေ။ တော်လဲရေ၊ ဥဂ္ဂါပျံရေ၊ နတ်အမြောက်သံ အကြိမ်တိစွာ ကြားရရေ။ တောင်ပြို ရေ။ နန်းသို့မိစ္ဆာဝင်ရေ၊ နဂါးချေးလွှတ်ရေ။ ကြာသပတေး ကြယ်လကို တွင်းပေါက်ရေ။ စနီ၊ အင်္ဂါဂြိုဟ် ပျံရေ။ ထိုသို့ တိတ်နမိတ်ကို ပညာဟိ ဝိမလ အမတ်ကြီး လျှောက်ထားရေမှာ-
“ဘုရားပုထိုး အရောင်လွှတ်ရေ။ တောင်ပြိုရေမှာ မင်း၌အကြောင်းထုံးဟောင်း ဟိပါရေ။ ဥဂ္ဂါပျံရေ၊ နတ် ချေးလွှတ်ရေ။ ရပ်ရှစ်မျက်နှာ ထိမ်သွေးရို့မြင်ရေမှာ မင်းမိဖုရား၊ မင်းသား ဥပရာဇာ ရို့အကြောင်း င/လျင် လှုပ်ခြင်း၊ တော်လဲခြင်းရို့မှာ ပြည်သူရို့အကြောင်း၊ နတ်အမြောက်သံကြားခြင်း၊ စနီ၊ အင်္ဂါ ဂြိုဟ် ပျံရေရေ မှာ စစ်ချီစစ်ရောက်အကြောင်း စရေဖြင့်ဟိပါရေ။ ကြာသပတေးကြယ် လကို တွင်းခြင်း၊ ကြာသပတေးဂြိုဟ် ပျံခြင်း၊ ဆုတ်ခြင်း၊ နီခြင်းရို့မှာ ရဟန်း ပုဏ္ဏား၊ မိကြီး၊ ဖကြီး၊ ဆွေကြီး၊ မျိုးကြီးရို့နန့် သက်ဆိုင်ပါရေ။ နန်းတွင်းသို့ မိစ္ဆာဝင်ရေမှာ နန်းသူရို့ သိက္ခာပျက်ရေအကြောင်း ထုံးဟောင်းတိ ဟိပါရေဟု လျှောက်ထားလေရေ။” ယငိးခါ အမတ်ကြီး ဝိမလမှာ ငါကဲ့သို့ သူအိုဖြစ်ရေကြောင့် နန်းတော်သို့ ဝင်ထွက်ရေအ ခါ ရွှေထမ်းစင်စီ၍ လားလာစေဟူ မိန့်တော်ဟိလေရေ။
ဝိမလအမတ်ကြီးရေ နရမိတ်လှဧ့ မင်းကျင့်၊ မင်းနီနန့်မညီ ပေါ့ပျက်သော့သွမ်းစွာ နီထိုင်ရေကို “အသျှင်မင်း မြတ် ပင်လယ်မြစ်ကြောင်း၊ ဝဲ-ခနောင်း၌ ဟိမ်းစောင်းမဖယ်သာ၊ မာလိန်အမတ်၊ ရေကြောင်း လွှတ်ကေ ကူးခတ် မရောက်ရာ” အကျင့်ချွတ်ကေ ဥပါဒ်သတ္တာဝါထုံးဟေခင်းဟိပါရေ။ ညီတော်သံတွဲစား အားလည်း မာန်တော် မရောက်သင့်ပါ၊ ညီတော်ရေ ဂုဏ်သီလမြဲခြင်းကြောင်း၊ မှူးမတ် ကျေးကျွန်၊ ပြည့်စုံစွာ ဟိဧ့ဟုလျှောက်လေ ရေ။
ကိုးကား
editရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)