Wp/rki/ရွန်းလိုက်

< Wp‎ | rki
Wp > rki > ရွန်းလိုက်

ရွန်းလိုက် edit

ရခိုင်အမျိုးသားရို့စော် ရွန်းလိုက်ရေ တေးသံတစ်မျိုးကို များသောအားဖြင့် ရခိုင်ရှင်ပြုရခိုင်မင်္ဂလာဆောင်ရခိုင်သမက်တက် ဝိုင်းဖွဲ့ပြီးကေ သီဆိုကတ်ရေ။ ရှင်ပြုပွဲတွင် သီဆိုဖို့ အတွက်ဆိုကေ ရှင်မပြုခင် တစ်လသုံးသီတင်းလောက်ကပင်စာဆိုလူက ရွန်းလိုက်ရတုတိကို သီကုံးထားရရေ။ မောင်ရှင်လောင်းဧ့ အရံလုလင် ပျိုတိအား ရွန်း လိုက်ရဖို့ နီရာတိကို ကြိုတင်ပြီးကေ သင်ကြားထားရရေ။

ဥပမာ--

ငါ့သားထင်ပေါ်၊ ဇနကျော်ကို၊ မယ်တော်ထိုခါ ဖွားသတည်း ရွန်း။

ငါ့သားထင်ပေါ်၊ မောင်ရှင်နှမ ငါနဲ့ရ ရွန်း။

ဣန္တသိကြား၊ မိုးနတ်သားသည် အများထင်ကြလော ရွန်း။

သန်းသန်းစိစိ စီးနှင့်လေ၍ မျက်ရည်အထွေထွေနှင့် ရွန်း။

ကြံပေသမျှ၊ သည်အခွင့်မှာ၊ မသင့်ချေတကားဟု ရွန်း။

ခေါင်းမှာထား၊ ဘုရားဖြစ်မည့်သူ ရွန်း။

သုံးဘုံလောက၊ ဝေနေယျမှာ ကယ်မမည့်သူ ရွန်း။

_ _ _

မင်္ဂလာဆောင် သမက်တက်တိမှာတော့ခါ အောက်ပါအတိုင်း သီဆိုလိ ဟိကတ်ပါရေ။

အိုးသျှေတစ်လုံး၊ ခွက်ချေဖုံး၊ ပြုံးသီးဖြုံးသွင်၊ သန္တာမေလင်၊ ဝိုင်းလို့ကြည့် ရွန်း။

_ _ _

ဝေသာလီမှ သုဝဏ္ဏဒေဝီဖွဲ့ဆိုရေ သိန်ကန်မီတွင် ချီရတုနန့် ဥက္ကာပျံ ဧ့၁၂လရာသီရတု ရို့စော် ရွန်းလိုက်ရတုတိ ဖြစ်ကတ်ရေ။ ရွန်းလိုက်ရတုတိစော် ရှေးအကျဆုံးနန့် ဖွဲ့ဆိုမှု အများဆုံးဖြစ်ရေ။ [1]

ကိုးကား edit

  1. ဦးဘစံ -ရက္ခမဏ္ဍိုင် အမှတ် ( ၁ ) -p52