Wp/rki/၁၂လရာသီရတု

< Wp‎ | rki
Wp > rki > ၁၂လရာသီရတု

ဥက္ကာပျံ၏ (၁၂) လရာသီရတု edit

ဇေယန္တု -နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ

တပေါင်းလ edit

ဟေမန်ကုန်ပြောင်း၊ လတပေါင်းလည်းချမ်းဆောင်းလွန်၊ ဝိမာန်သည်ခွံကာလ၊ တပေါင်းလာလျှင်၊ ရွက်ကျင်တောင်လိ ထက၊ ကြိုရွက်ကျပင်တကာ၊ ပွင့်ရာနုဆင်၊ ပင်တိုင်းပြောင်သည်၊ ခြောက်ရောင်သို့ချီပြာခဲ့။ ကြည့်ချီသော်- လွမ်ဖွယ်တိ၊ ပွင့်သီးတကာ၊ ပင်တို့မှာလည်း ကုံးသွယ်နှယ် .. ချိန်ခါ-အညီညီသို့၊ ကြည့်သ‘လွမ်းလောက်ဘွယ်၊တပေါင်းလလျှင်၊ ရွက်ကျင်‘ရတုနွယ်က၊ ကုန်သည်နွားသည်-ဟန်မပြား၊ ညှာစိမ်းရှိတူ၊ ငိုတူပန်းကြွက်နားသို့၊ ဒေါန- ချတ္တရာ ဝေယာ ကျက်ရုံး၊ ဂမုန်းစံကား၊ ဆက်သွား-ဇိသဝါနှင့်၊ နော်ဇာသည် ဇော်ဂျီပန်း၊ ပုံးညက်ကြန်သည် ခတ္တာ- ပန်းခေါက်ရမ်းနှင့်။ မြပန်းပွေ့လုလာ၊ လိဗွီသင်းထုံး၊ တောင်လုံး ပိုးကြိုင်လာမျှ။ မဉ္ဇူသာ- ပန်းထင်ရှား၊ ကွန်းဘိဆင်ပြီ၊ ငုံးရွှင်ပန်းရှိရားတို့။ ကုံးသွယ်ထား - နှင့်အတူ၊ ဟေမာန်ချမ်းဆောင်း၊ တပေါင်းအားကိုယ၍။ သာနုဟူ-ကံ့ကော် ပန်း၊ ပွင့်မျိုးစုံပြန်၊ ဂိ မှာန်တန်ပေါင်းဆန်း (၍) ကားဂွမ်းစွမ်းသည်- ဆွတ်ယူ၍၊ ဆယ်ချောင်းထိပ်မိုး ဘုန်းလျှံတိုးသည် ရှိခိုးတောင်းပန်၏လည်း ...။

တန်ခူးလ edit

ရှိခိုးတောင်းပန် ဘုန်းတောက်သံကို ကွန်လျှောက်ရမည်၊ တပေါင်းသည် - ရတုကုန် အထက်အစွန်း တန်ခူး ဆန်းသည် အလွမ်းမီးနှယ် ပုံ၏။ ခုတူစုံမရသာ ဟံသာဝတီ စစ်မြီသူ ့ခမ်းဝါ၌ နီဖြူဝါပန်းမျိုးစုံ ထွက်စာရင်းသောက် ခြင်း ကောက်ကမြူးခုန်ထက်။ ထက်ရပ်စုံ-လျှင်ဝါပြီး ပစ္စုန်ကလာ သို ့ချိန်ခါကို။ လွမ်းဒါမမူသီးလော့။ ရဝ်းသူ့ရပ် မြီတောရဂုံဝယ်၊ ဘောင်စုံကျီးငှက်မြည်က-စိတ်မတည် - လွန်လောက်သည်း၊ မောင်လည်းသူ ့ခွင် ရသခင်ဝယ် မှီး သျှင်နှင့်မတူတည်းလည်၊ များရက်ပျူး – ဝီခြီခေါင်၊ ရက္ခမဏ္ဍိုင်၊ ရခိုင်ပြည်ရောက်အောင်တည့်။ တထောင်သည် - မြင်လင်း၊ မြင့်မှိုထွတ်ခေါင် လေးယောက်မောင်သည်။ ဘုန်းခေါင်သိကြားမင်းလော့။ ချက်ချင်းပို့ဆက်လာ၊ ရခိုင်ညွန့် ဖူး၊ မြောက်ဦးရှိပြည်သာ၌။ များစွာသည် ရှိလှပေါင်း၊ သိင်္ဂနဒီ၊ နန်းတောင်ဆီဝယ်၊ ရှိလှီမင်းဆယ်ချောင်း၌၊ တသောင်း သောင်း - ပျော်စဉ်ခါ၊ တူစုံရူကြည့်လာသည်၊ သင်္ကြန်အခါတည့်လည် ... ... ။

ကဆုံလ edit

တန်ခူးကုန်ပြန်၊ တာသင်္ကြန်လည်း၊ လွန်လတ်မည်၊ ခုဆန်းသည်- ကဆုံလမောင်ကြောင့်စိတ်ပူ၊ မွီးသူ-တဒါ သက၊ စိမ်းရောင်မြ–ပင်တကာ၊ ပွင့်ရာနူဆောင်၊ ပင်ကိုင်းပြောင်သည်၊ မြရောင်အလျှံပြာသို ့။ ကြည်ချီသော်၊ ရူဘွယ် တိကဆုံရီးသွန်း၊ မိုးပန်း- ပွင့်လာဘိက။ ပိတ်သတ်- ညှိုးပူလာ၊ ခြိုးသားဇင်ရော်၊ စိတိပူလျှောက်ပြန်လာက၊ ထုံမွှာ ရာသည်။ သလွန်ထက်၊ ညဉ့်လေးယာမှာ တယာမ်မျှမစက်တည့်။ ။ ကြံတွက်ဆ - နိစဉ်ခါ၊ ကဆုံလမိုး၊ ထစ်ကြိုး ဆက်သွန်းလာက။ မေလွမ်းသည့်အခါကို၊ ပစ္စုန်ဘုံလျှင်၊ ပြိုးပြက်ဆင်သည်၊ ကောင်းခင်-လျှပ်ရောင်ခြည်မှ၊ ရှုကြည့် သည်စုချိန်ခါ၊ သော်တာပတ်လည်၊ ရောင်ခြည်- တထောင်ပြာသို့ ပွင့်လာသည်။ နီမင်းမြတ်၊ မြပန်းမြပင်၊ မြနုဆင်သည်၊ နတ်သျှင်မြင်းပျံလွှတ်က၊ ဆွတ်ဆွတ်မျှပြုံရယ်သွင်။ ဗယ်ကတင်၊ ဆုမ်း၊ ဖမ်းကြိမ်လုံးနှင့်ပင်တည့်။ လက် ယာတွင်ပွဲသံလျှက်မိုးနတ်ဘုန်းသျှင်၊ ကပွဲဆင်သည်၊ ပျော်ရွှင်ခြင်းနှင့်ထွက်က၊ ပြိုးပြိုးပြက်- လျှပ်ရောင်ဝါ၊ ကဆုံလမိုး၊ ထစ်ကြိုးဆက်သွန် လာသည်။ မေတို့ လွမ်းရာတို့ လည် ...။

နံယုံလ edit

နတ်သားပစ္စုန်၊ ကမြူးခုန်သည်၊ ကဆုံလလွန်၊ ပေါ်ဆန်းပြန်-နံယံလ၊ သမုလီရှင်၊ တောင်လီတင်သည်။ ကောင်း ခင်မှိုင်းစိကျမျှ၊ ဆက်သွန်းကျရွာပြန်လှာ၊ သောင်းကျွန်း၊ လူသူမျိုးလေးပြတ်တို့၊ ထွန်သွားရှာ~ကျွဲနွားတပ်၊ ငုံခြံ တောတောင်၊ လုပ်ဆောင်မျိုးချလတ်က၊ ဆွတ်ဆွတ်မျှ လွမ်းလောက်စီ၊ ကျီးငှက်သားပြင်း၊ မြဲဝယ်နင်း၍ မိနောက် ပျံလိုက်လိလော့။ မပျံလို-တအအ၊ တောင်ချင်းယှက်၍ကုန်၊ တော်ပုံစွဲခဲ့ကြ၏၊ ချိန်ကာလ-နံယံခါ၊ မိုးပန်းကုန်ဆောင်၊ ပင်တိုင်းပြောင်သည်။ လျှပ်ရောင်တဝါဝါနှင့်၊ ကြည့်ချီရာ-လွမ်းဘွယ်ထိ၊ မြင်းမိုရ်ယုဂန်၊ ချစ်ကြင်ဟန်ကြောင့်၊ အလွန် နိမချိတည့်၊ စိတ်သတိတားမဆည်၊ သလွန်ဘုံသာ၊ ဝက်မှိုရာမှာ၊ ပဇာယောင်နိတတ်မည်တည့်။ မွိုးမယ်တော်−ဘော် သားချင်းကျီးကောင်ယောင်ပင်၊ ဤညဥ့်တွင်ဝယ်၊ ဘုံခွင်သလွန်ထက်၌၊ စုံရပ်ယှက်’ချစ်ပန်းဆင်၊ ညဉ့်ဝယ်မက်သည်၊ အိပ်မက်ယောင်ပင်၊ မထင်တည့်၊ ကျီးကောင်ပင်နိုးလတ်ငြား၊ ဝန်လည်မိုးကြိုး၊ တဗိုးတွန်သံကြားခဲ့၊ ကြက်များ လည်း-သောင်းသောင်းတွန်၊ မောင်ကားမလာ၊ စက်ကွာရာဝယ်၊ လိပ်ပြာပြုသည်မှန်လော့။ ကြိမ်ဆယ်ပန်တမ်းတ ကာ၊ နံယံလမိုး၊ ပြိုးပြိုးသွန်းကျလာသည်၊ မေတို့လွမ်းရာဘို့လည် ...။

ဝါဆိုလ edit

နီယံကုန်းခမ်း ဝါဆိုဆန်းသည် မိုးကာလသည် ရွာသာမာ- ရွာဝိသံညံ့မစဲ အလိုလိုပင် မြပန်းဆင်သည် ကောင်း ခင်ထပ်ရိုက်ကြိုးမျှ လွမ်းဟန်သည့် စိတ်ဆာဝီခြောက်ပစ်လွှတ်စင် လှမျိုးသျှင်သည် မြစင်မောင်ကြောင့်ဝီခဲ့၊ လှ အင်္ဂါညီ-ပြာညို့ညို့၊ အရညာကင် တောရပ်ခွင်သယ် သျှင်ပင်ထေရ်များပေါင်းတို့လည်း ဝါဝင်ဘို့-နိုးလတ်ပြန် တ ဖန်မဝင် သူဇာလင်သည် မိုးမင်းထောက်ပြင်းထန်ခဲ့။ ဘုံဝေယံ ထက်ယံကြား နှုတ်ထည့်သောပုံ၊ ပစ္စုန်မိုးနတ် သားကို၊ မေထိပ်ပြားဆယ်ချောင်းတင် ဒေဝါမိုးမင်း ချက်ချင်းစစီချင်၍၊ ဘုန်သျှင်သည်မသဝါပစ္စုန်မိုးသည် ရွာရိုး ဆက်သွန်း ကျ၏၊ ချမ်းအေးမြ-ဘုံသလွန် မောင်မလာဘဲစက်ရာထဲဝင်ကျန်ခဲ့ ချမ်းဝှန့် သည် လွန်းလောက်တည်း ပြစ်စက်မျက်ရည် မဆည်နိုင်တ၍ရှ်နှင့်၊ မိုးများဆက်သွန်းလာ ရွာစီသံညံမစဲ တီးမှုတ်သံဝါ တောမှုတ်ကာသည် ဒုပ္ပါခြိမ့်ရင်သဲနှင့် မောင်မဟိသည့်မစက်တတ် သလွန်ဘုံသာ စက်မှိုရာမှာ မစက်ပါဘဲ တယောက်မောင်ကြောင့် သိုင်ခေါင်လုံးလုံးလွန်ခဲ့၊ ကြက်များလည်းသောင်းသောင်းတွင် တီးမှုတ်လင်းခွင်း ကြီးနင်းမောင်းခတ်သံလည်း ဥသြတွန်ဖိုးခေါင်ကျူး .. မောင်ကြောင့်စိတ်ပူ မွီးသူမအိပ်မူးတည့် လွန်ပျော်မြူး-တကာကာ သံဝါပျံကျူး ကျီးငှက်မြူး တွန်လာသည်။ ဝါဆို အခါတည့်လည် ... ... ။

ဝါခေါင်လ edit

ဝါဆိုကုန်ခမ်း ၊ ဝါခေါင်ဆန်းသည် မိုးပန်းပြုလျှင် ကျူးပြည်အင် မိုးနတ်သား .. ပစ္စုန်နတ်လျှင် .. မြင့်မိုရ်သျှင်သည် ထက်ခွင်သိကြားမင်းတို့။ ဆောက်ပြင်းသည် မလင်းဆီးရပ်ဝန်းမျှ။ တရက်မျှ နိမပူ လေးဖြာယဉ်ထုတ် မြစ်သမုဒ် ငယ်မှ ငင်ထုတ်တောင်လီယူခဲ့ သျှစ်သောင်းဟူ’လေးထောင်ခြာ၊ ပြင့်မိုအရံ နတ်တို့စံသည်၊ ယုဂန်တောင်အပါး က မနား- မနီလို လျှပ်ဝါပြက်သန်း သျှင်ရပ်ဝန်းသည်။ မိုးပန်းစိမ်းစိမ်းညိုမျှ၊ ပြည်ရွာကို- ဝိုးပိုင်အုပ် မိုးများရွာ သျှင်မျာနှာထည် အာကာလုံးကိုချပ်၍ ထောင်ထိမိုး ထစ်ကြီးပြည် သူဇာလင်ရင်း သိကြားမင်းက ဖန်ဆင်းရွာစီ သည်လော့ မေလွန်သည့် အခါကို သုခဗာလာ မိုးဒေဝါသည် ဝေယံဘုံရိပ်ခိုမျှ မကြည်ညို-ဝေယံသျှင် ဣန္ဒာ သက္ကာ ပုရိန္ဒာကို ဆောစွာဦးထိပ်တင်၍ သာတခွင် ရပ်ရွာကြောင့် မိုးလည်းထန်စွာ ဆက်သွန်းလာသည် အီတန်ပါသောကြောင့်ဟု ပွင့်လောင်းနတ်ဒေဝါ နှစ်တိုင်းရွာရိုး ပစ္စုန်မိုးသည် ဝပ်မိုးဇောင်းမရွာတည့် ခုနှစ်ခါစိတ် ဝမ်းနူး ရက်ရှင်ခြံမြည် လွမ်းဝှန်သည်းသည်း ရှိနည်းထက်ပင်ထူးခဲ စုံကထူးမြင့်တာရှည် ဝါခေါင်မိုးမင်း အချမ်း သွင်းလာသည်ကို ညွှန်းသျှင်တဆိုမှလည် ... ... ။

တော်သလင်းလ edit

ဝါခေါင်းကုန်လျှင်း တောသလင်းလည်း မိုးကြွင်းရွာ လူ့ရွာမှာသင်္ချိုမိုး တောမြင့်ခေါင် ခပ်ဖောင်ဖောင်နှင့် ယာ တောင်လုပ်သောသူတို့၊ ကြည့်ချိမှုလွှမ်းလောက်ဘွယ် ကောက်စိမ်းဝါဝင်း ခဝါဝင်းသည် ဝါတွင်းလွမ်းဘွယ်များခဲ့၊ ခြိုးသားလည်း-ဆွတ်ဆွတ်ကြူး ဥဒေါင်းတွန်ကျော် ထိုရင်းတော်သည် ငှက်တော်ရောက်လာဟူက သဘောလူ သဏ္ဍာန်ပန်းရင်းယူသုံး တရုံးရုံးသည် ပိတုန်းပျားမကျန်တည့်။ . ဝဲပျံသည်-တသောင်းသောင်း ... ခပ်သိမ်းရဂုံ ကမြူးခုန်သည် ဘော်စုံကျီးငှက်ပေါင်းတို့၊ ကြည့်မညောင်းဝိတ်ဆာဝီ လွမ်းသစ်-လွမ်းဟောင်း လွမ်းကြောင်းမိုး နှယ်ဗွီသို့၊ ခုရာသီ-တော်သလင်း၊ နှစ်ပါးစုံလို့ ဘုံညိုမှိုရာတွင်၌၊ တကိုယ်ချင်း-ဆွဲရစ်ကြင်၊ ကိုယ်စားကွဲကြ သက် တမျှသည် သောဒနောင်လွမ်းကြင်ကို ဆွဲလဉ်တွင်-ပြည်နီစ နှစ်ပါးစုံလို့ နတ်ဘုံကိုတမျှတည့် လွန်ဆယ်ဆတကာ ကာ တောသလင်းလည်း လျှပ်ပြင်းခုကုန်လာသည်။ မေမှာဝိဆာစ္စလည်... ။

ဝါကျွတ်လ edit

သူတော်ထိပ်မှတ်၊ လဝါကျွတ်သည်ဆန်းလတ်ခါ၊ လူ့ရပ်မှာ-ပွဲသဘင်၊ ထမင်းထောင်နှင့်၊ ကွမ်းထောင်ပန်းထိပ်တင်ခဲ့၊ သင်းဗုန်းတင် ဆွမ်းမြတ်ခတ်၊ အဋ္ဌသိနှင့်၊ ပဉ္စသီကို၊ အသံစောင့်သုံးကြ၏၊ ဒါနဝတ်စိတ်ကြည်ဖြူ၊ မြို့ထဲမြို့ပြင်၊ မြှော်မြင်တချီလူတို့၊ သိဇာယူ-သောက်ပြွန်းပြွန်း၊ ကောင်းမှုလုပ်ဆောင်၊ ထမင်းထောင်ကိုဝန်း၍-လွန်ပျော်မှု-အဲသံချို၊ လက်ခုပ်ပြောက်ပြောက်၊ အဲထောက်သံပြိုင်ဆို၍၊ အလိုလိုသောင်းသဲရ၊ ဝါကျွတ်သဘင်၊ ပျော်ပွဲဆင်သည်၊ လူသျှင် အစုစုနှင့်၊ သစ်ဝါးမျှအော့အံ့ကာ၊ အချိတလည်း အချို့ရန်ခိုက်ရှာ၏၊ တချီသည် မြစ်နာကုန် (ဘီ)၊ ပိန်ပေါင်ခရာ စည်ဒုပ္ပါသည်၊ ပတ်သာမြို့လုံးချုံမျှ၊ ကခြံခုန်−ပတ်တလား၊ စောင်းညှင်းခြိမ်းသံ၊ ပဉ္စင်္ကပသည်၊ လူ့ ရွာသဘင်ခံခဲ့း၊ တသောင်းသောင်း-ထမင်းထောင်ရုံကြီးတပ်ထား၊ ဘုရားပါးရောက်အောင်တည့်၊ ကြိုးဆောင်သည်-အစုစု၊ သာဓု ခေါ်သံမည်တရုရုသည့်၊ ပျော်ရွှင်မှု’အထွေထွေ၊ ရာသီလေးလ၊ ဝါကျွတ်လ မေလွမ်းပါသည်၊ မကြာစုံပြီး မှ တည့်တည့်။

တန်ဆောင်မုန်းလ edit

တန်းဆောင်မုန်းလ၊ ဂိမှာန္တသည်-ချင်းစပေါ်၊ လူ့ရွာမှာပွဲသဘင်၊ သိကြားပျော်ရာ၊ ဝတိ ံသာဝယ်၊ စူဠမုနိသျှင်ကို၊ တူပျော်ချင်’ဆုယူမြောက်၊ အကောက်သုံးဆယ်၊ အမြင့်မျိုးသွယ်သည် တန်ဆောင်မုန်းလတိုင်ဆောက်၍၊ အောက်က တက်ကြိုးငင်ပြောင်ပြောင်ညီးသည် ဆီမီးသဘင်ပွဲကို။ တူစုံလျှင်နွဲရကြောင်း သျှစ်စရွက်သည် ဓာတ်ရှင်တော် ပေါင်းကို။ ဆုတောင်းပေလျက်ပန် တဆယ့်နှစ်လ ကြံရွိချသည် တရက်မျှ-မကျတည့်၊ အမှန်သည်တနှစ်တွင် ရက်ကို ချသည်။ သုံးရာခြောက်ဆယ်တွင်း၏ ဆယ့်နှစ်ခွင်ပတ်ငြားလည် ဘယ်နှစ်ဖန်၍ ပုံပြန်ရပါမည်နည်း။ မေလွမ်းသည် အခါကို တန်ဆောင်မုန်းလ မြောက်လီတခါ၊ မေချည်းကြုံလည်းမလုံ-အော်နတ်များတို့၊ ဘုရားကို တခါခါ အချမ်းကတောင် လွန်လိပြောင်သည်။ မောင်ကြောင့်မကြံသာတည့်၊ နီထိုင်ကာ-မပျော်ပိုက် ထမင်းရိစာမ ဝင်ပါသည် ပူဆာသိုးလို့ဖြစ်ခဲ့။ တုပက်ရင်- ဆွဲလည်တွင် နံရာသက်ကို များမကွာချင်သည်။ ရာသက်ရှင်ကို တည့်လည် ... ...။

နတ်တော်လ edit

တန်ဆောင်ကုန်မှတ် နတ်တော်ဆန်းသည်၊ ချမ်းလာလတ်တည့်။ လွန်မတည့်’စိတ်ဗြာယား မေချည်းစက် တုံ ဆယ် ထပ်ချုံလည်း မလုံအော်နတ်များတို့။ တူ-နှစ်ပါး-စုံရစီ ဆယ်ချောင်းထိပ်တင် ဝေယံသျှင်ကို မေခင်လျှောက် တောင်းချီလော့။ နူတ်ရှိသည်-ပန်းယောင်မွှေးသဇင်ပေါ်ထွန်း နတ်တော်ဆန်းသည် အချမ်းအံ့ဘွယ်ထူးနဲ့ ခုနှစ်သာ ချမ်းဝှန်ထူ အခြင်းဆိုးသည် ခြားနှစ်မျိုးနှင့် မတူတည့်။ အသူသည်-နူတ်ထည့်၍ ရိုးရင်ထဲတွင်း အလွန့်ပြင်းသည် ချမ်းခြင်းပင်မလုံတည့် မေဆောက်တည့်-မရအောင် စက်ဘုံထဲဝယ် ရီခဲရီအိုင်ဆောင်သို့ တမျက်တောင်မျမချချင် ဖျားနာရီထက် လွှမ်းရိတက်သည် ချစ်သက်မောင်နှယ်သွင်သို့။ ရှိပုံပြင်-နတ်တမျှ သကြားဘုန်း သျှင်သူဇာလင်သည် အမြင်တထောင်ထိခဲ့။ ဂီရိတောင်မြင့်မို့ အတွတ်တင်သည် သခင်နတ်မင်းကိုလည်း ကြိမ်ဆယ်ဖန်လျှောက်သော် လည်း ချမ်းမျိုးစုံခါ ပန်းမှိုရာဝယ် မပျော်ချမ်းဝှန်သည်။ လာခဲ့။ မေချည်းမနီလို အော်- နတ်များတို့ ကိုယ်ချင်းမ စာလီလော့။ ဇောင်ချမ်းသည်အခါ ရင်မှာလက်တင် ပန်းကြာသွင်ကို လည်တွင်ပတ်ချဉ်ထား၍။ နိများမကျန်လာ ချက်ချင်းအကုန် ကွာသည်။ မယ်မှာရွှင်ပျော်ဘုံလည်...။

ပြာသိုလ်လ edit

နတ်တော်ကုန်လို့ ပြာသိုလ်လဝန်း ပြောင်ပြောင်ထွန်းသည်။ ချမ်းရာမည် သျှောင်မသည်−အချမ်းပြင်း ခုနှစ်ပြာသို အီအောင်းကိုလည်း အပုချမ်းဝှန်ပြင်းခဲ့။ ဆောင်းချင်းချင်းနှင့်မတူ မြောက်လိပျံ့ရှင်း အချင်းသွင်းသည် ဆီးနှင်းမှိုင်း ဝိထူမှူ ဇောင်အဟူ-ချမ်းဝှန်သည်။ တင်းထိန်သလွန် ဗိမာန်ရှိုးနန်းထဲ၌ စုံလည်ရှိဒက်ဆင် ခြောက်ပြစ်လွတ်သည်။ မိုးနတ်ကေလာသျှင်သို့။ လှဆင်းပြင်-နတ်တရှိ ချစ်ဘွယ်မိသည် အော်ကမချိချမ်းသည့်တည့်။ တားမဆည်သည်-နှိုင် ကတ်ဘိ ချမ်းမျိုးဆင်ခါ လည်မှာဆွဲဝတ်ကို။ မေမျက်စိ− နားတွင်မှာပင် လှရွှေသီးကို လာနည်းနိသို ့ ထင်ခဲ့။ ခြင်းသီး - ဆင်မြင်းကကနွားခံတွင်းဝယ် လေးသွယ်ဗလာဝက၊ ငါးသွယ်သည်-တောင်မြင့်မျိုး ယုဂန်လှည့်ဖျားကာ သူရိယာ သည် ရောင်ဝါပင်မဆိုးလည်း ထစ်ကြိုးသွန်ကျလာ တူယင်ဂါနာ (တူယှဉ်ကာ) မည်ရာ တို့ ကျောက်ဖျာထက် အာ ကာသ-အမည် အံ့ဩဘွယ်သည် ငါးသွယ်တောင်မြင့်မှိုက ရီယိုစီးထက်အာကာ ဂစ္ဆပနဒီ မြောက်ဆီဟေဋ္ဌာက သွန်ကျလာသည်-စုံစီပြင်းစိမ့်စိမ်ချမ်းခါ သာလွန်မွိုရာတွင်း၌ လျှင်ပြင်းသည်ခုစုံ၏။ လှရာသီးကို ကြင်ရိုးကြင် လာပါ၏ လည် ...။

တပို့ တွဲလ edit

ရာသီကျူးလွှဲ တပို့တွဲဝယ် လွန်ပျော်ဘွယ် ရှင်စမ္ပါယ်-လူ့ရပ်မြီ ရထားသဘင် နှစ်စဉ်ငင်သည် လူသျှင်သောင်း ရပ်မြဲတည့်။ ပျော်ရွှင်ချိလူတို့၌။ ရာဇဌာနေ မင်းနီပြည်ဝယ် ထိုပြည်ဇနပတ်၌ ကျူးသံရစ်’ထိန့်ဝှန်ဆု သမုဒ္ဒရာ ယမုံနာသည် သီတာချောင်းနှယ်တူသို ့ ။ များလူသျှင်- ကျော်သောင်းသည်။ ရထားသဘင်ရဟတ်ငင်သည်။ ပဲ့တင်မြိ ကြီးကွဲမျှ (ဇမ္ဗူလုံးသည်) ကျော်သောင်းသည်း။ ပိန်ပေါင်းခရာ စည်ဒုပ္ပာသည် ပတ်သာမြို့လုံးချုံမျှ ဟာငင်ကုန်- ဆွဲသာဆွဲလက်လှမ်းအညီ ကြိုးဇီကြိုးဆွဲလော့၊ တချိုးလည်းရထားပေါင်း နောက်ဆုတ်နောက်ဆုတ် ရထား ဝယ်မျှော်၍။ ဟာမွိုးမောင်-ညီယောက်ဖ ကိုယ်ဘက်တော်ရွှီ အထွေထွေသည် ရွံ့ကိုမြဲစီကြောင့် ကြောင့်လည်း ကိုရှိ တော်-ညီအစ်မ အမေရောက်မ ခေါ်ပါစမြဲ ကြိုးရွံပျားဆွဲက လလည်းဝင်းဝါပြောင် ဤညဉ့်ဝယ်ကြီးရင်ပတ်တီး၍ ကြက်ကြီးတွင် လောက်အောင်တည့်။ တမျက်တောင်မျှမချချင် သူ့ရွာလူသည် လူမျိုးနီကို ထင်နည်းရရာထင်ခဲ့။ တချို့ရွှင်မြူးစမ္ပါယ် ရာသီကျူး၍ နှစ်ဦးတိုင်လတ်သည်တည့်။ သျှစ်သောင်းထု-လေးတောင်ခြား မြင်းမိုအရ နတ်သို့ စံသည် ယုန်ဂန်တောင်အပါးက ပန်းရထား-နိဗိမာန် ဟေမန်ချမ်းဆောင်း ရာသီပြောင်း၍ တပေါင်းအားကိုယူခဲ့။ ကမြူးတွန်သည်။ ကျိုငှက်ပေါင်းတောင်ချင်းယှက်၍ တူစံငှက်အပေါင်းတို့။ သောင်းသောင်းဝဲကာပျံ ဖြူနီဝင်းဝါ ရဂုံသာဖျား ပန်းများပွင့်မည်ကြံသည် တပေါင်းဆန်ပြဘို့လည် ... ... ။