Wp/rki/Wikipedia:မဏ္ဍိုင်ငါးရပ်

< Wp‎ | rki
(Redirected from Wp/rki/မဏ္ဍိုင်ငါးရပ်)
Wp > rki > Wikipedia:မဏ္ဍိုင်ငါးရပ်
ရခိုင်ဝီကီးပီးဒီးယားဧ့ ပရောဂျက်တိအတွက် ချမှတ်ထားရေ တရားဝင် မူဝါဒတိ နန့် လမ်းညွှန်ချက်တိ ကို မဏ္ဍိုင် ၅ ရပ်နန့် ကိုယ်စားပြု ဖော်ပြနိုင်ရေ။
ဝီကီပီးဒီးယားရေ စွယ်စုံကျမ်း တစ်ခု ဖြစ်ရေ
ရခိုင်ဝီကီးပီးဒီးယားရေ စွယ်စုံကျမ်း ဖြစ်ပြီး အထွေထွေနန့် အထူး စွယ်စုံကျမ်းတိ၊ နှစ်အလိုက်မှတ်တမ်းတိနန့် ပထဝီဒေပိုင်က်မှတ်တမ်းတိဧ့ လက္ခဏာရပ်တိ ပေါင်းစပ်ပါဝင်ရေ။ ရခိုင်ဝီကီးပီးဒီးယားဟိ ဆောင်းပါး အားလုံးရေ ကိုယ်တိုင် ထုတ်ဖော်ထားရေ သုတေသနတိမဟုတ် ပေါ်လစီ နန့် ကိုက်ညီရဖို့ ဖြစ်ပြီး ဆန်းစစ်ခံနိုင်ရေ မှန်ကန်မှု ဟိအောင် ကြိုးပမ်းရဖို့။ အကိုးအကားမဟိရေ စာတိ ဖယ်ရှားခြင်း ခံရဖို့ ဖြစ်ရေ။ ယင်းချင့်ကြောင့် အကိုးအကား ထည့်ရန် သတိပြုပါ။ ကိုယ်ပိုင် ထင်မြင်ယူဆချက်၊ အတွေ့အကြုံ အငြင်းအခုံတိ၊ အဓိပ္ပါယ်မဟိရေ အချက်အလက်တိနန့် ကြော်ငြာတိအတွက် ရခိုင်ဝီကီးပီးဒီးယားရေ နီရာမဟုတ်ရေ ကို သတိပေးလိုပါရေ။ ရခိုင်ဝီကီးပီးဒီးယားရေ မိမိပြောချင်ရာပြောနိုင်သည့်ဟစ်တိုင်၊ ကိုယ်ပိုင်ရီးသားချက်တိကိုငွေယူပြီးစာအုပ်ထုတ်ပေးသည့် ပုံနှိပ်တိုက်၊ မိမိဧ့ ပုဂ္ဂိုလ်ရီး၊ စီပွားရီးကိစ္စတိကြော်ငြာသည့်နီရာ စသည်ရို့ မဟုတ်ပိုင် အန်နာခီစနစ် သို့မဟုတ် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နီရာမဟုတ်ပါ။ အင်တာနက် စာမျက်နှာတိကို စုစည်းထားရေလမ်းညွှန် တစ်ခုလည်း မဟုတ်ပိုင် သတင်းစာ တစ်စောင် သို့မဟုတ် မူရင်း စာရွက်စာတမ်းတိ ကို စုစည်းရေနီရာ မဟုတ်ပါ။ ထိုကိစ္စမျိုးတိအတွက် ရခိုင်ဝီကီးပီးဒီးယားဧ့ ညီအစ်မ ပရောဂျက် တိ ဟိပါရေ။
ဝီကီပီးဒီးယားကို ဘက်မလိုက်ရေ အမြင်ဖြင့် ရီးသားထားရေ
ရခိုင်ဝီကီးပီးဒီးယားတွင် ရီးသားချက်တိရေ ဘက်မလိုက်ရေ အရီးအသားတိသာ ဖြစ်ရပါဖို့။ ဆိုလိုရေမှာ တစ်ဘက်စောင်းနင်း အမြင်မျိုးတိ မပါအောင် အတတ်နိုင်ဆုံး ကြိုးစားရပါဖို့။ အကြောင်းအရာတစ်ခုရေ လူအများထောက်ခံမှု မလိုအပ်ဘဲ မှန်ကန်ရေ သတင်းအချက်အလက်နန့် ပြဿနာရပ်တိကိုသာ ဦးတည်စဉ်းစားရဖို့။ တစ်ခါတစ်ရံတွင် အမြင်အမျိုးမျိုးကို ထည့်သွင်း ဖော်ပြပေးရပါဖို့။ အမြင်တစ်ခုချင်းစီကိုလည်း အများအကျ ဖြစ်အောင် တင်ပြရပါဖို့။ ဟိနိုင်သမျှ အမြင်တိကို စုံလင်အောင် ရှာဖွေ တင်ပြရပါဖို့။ ယင်းအပြင် အမြင်ကိုမှ အမှန်တရား အနီနန့်လည်းကောင်း၊ အကောင်းဆုံး အမြင်အနီနန့်လည်းကောင်း မဖော်ပြရပါ။ ယင်းချင့်ကြောင့် ဆန်းစစ်ခံနိုင်မှု ဟိရန် လိုအပ်ပိုင် တတ်နိုင်သမျှ ခိုင်လုံရေ အကိုးအကားတိ ကို သုံးစွဲပါ။ အထူးသဖြင့် အငြင်းပွားဖွယ် ဖြစ်စေနိုင်ရေ အကြောင်းအရာတိ တွင် ပိုဂရုစိုက်ရပါဖို့။ ရီးသားတည်းဖြတ်သူဧ့ ပုဂ္ဂိုလ်ရီး အတွေ့အကြုံနန့် ထင်မြင်ယူဆချက်တိကို မရီးသားရပါ။ အငြင်းအခုံ ဖြစ်လာပါက အဆိုပါ ဆောင်းပါးကို အငြင်းပွားဖွယ်ရာ (disputed) ဟု သတ်မှတ်ကာ ဆွီးနွီးခန်း တွင် အငြင်းအခုံ ဖြေရှင်းနည်း ဆက်လက် ဖြေရှင်းဖို့ ဖြစ်ရေ။
ဝီကီပီးဒီးယားရေ ဖို့သူမဆို အသုံးပြုနိုင်၊ တည်းဖြတ်နိုင်၊ ဖြန့်ဖြူးနိုင်ရေ အခမဲ့ လွတ်လပ်စွယ်စုံကျမ်း ဖြစ်ရေ
ရခိုင်ဝီကီးပီးဒီးယားရေ အခမဲ့ လွတ်လပ် စွယ်စုံကျမ်း ဖြစ်ရေ။ ဖို့သူမဆို ပြင်ဆင်ခွင့် ဟိရေ။ စာသားတိ အားလုံးကို GNU Free Documentation License (GFDL) ဖြင့် အသုံးပြုနိုင်ရေ။ သို့မဟုတ် လင့်ခ် ချိတ်ဆက်နိုင်ရေ။ ဆောင်းပါးတိကို ဖို့သူမဆို ပြင်ဆင်နိုင်ပြီး ဖို့သူမှ ဆောင်းပါး တစ်ခုကို ထိန်းချုပ်ထား၍ မရပါ။ ယင်းချင့်ကြောင့် သင်ရီးသမျှကို အညှာအတာမဲ့စွာ ပြင်ဆင်လားခြင်း ခံရနိုင်ပြီး ပြင်ပသို့ ဖြန့်ချိခြင်း ခံရနိုင်ရေ။ ယင်း အခါမှ မူပိုင်ခွင့် ချိုးဖောက်ရေ သို့မဟုတ် GFDL နန့် ကိုက်ညီမှု မဟိသည့် လိုင်စင်ဟိရေ စာတိ တင်ခြင်းမပြုရ။
ဝီကီပီးဒီးယားဧ့ တည်းဖြတ်သူတိရေ အချင်းချင်း လေးစားမှုဟိပြီး နိုင်ငံကြီးသား ပီသပါ
ရခိုင်ဝီကီးပီးဒီးယားတွင် အများလက်ခံထားရေ ကျင့်ဝတ်ကို လိုက်နာပါ: အခြား စာရီးသူတိနန့် သဘောထားခြင်း မတိုက်ဆိုင်ကေတောင် ယင်းသူတိအား လေးစားစွာ ဆက်ဆံပါ။ နိုင်ငံကြီးသား ပီသပါ။ ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်း မှ ရှောင်ကြည်ပါ။ ပုဂ္ဂိုလ်ရီး တိုက်ခိုက်မှု၊ အပုပ်ချမှုတိ မပြုလုပ်ပါကေ့။ အများသဘောတူညီချက် ကိုရှာပါ။ သူတပြန် ကိုယ်တပြန် လိုရာဆွဲ တည်းဖြတ်ရေ တည်းဖြတ်ရီးတိုက်ပွဲ (edit wars) ကို ရှောင်ကျဉ်ပါ။ three-revert rule ကို လိုက်နာပါ။ ယင်းပြင် ဆောင်းပါးပေါင်း ၁၅၃,၇၀၅ ခန့် ရခိုင်ဝီကီးပီးဒီးယား တွင် ပြင်ဆင် ဆွီးနွီး ရီးသားရန် ကျန်နေသေးကြောင်း သတိရပါ။ ရိုးသားစွာ ပြုမူဆက်ဆံပါ။ အခြားသူတိက လည်း ရိုးသားစွာ ပြန်လည် ဆက်ဆံဖို့ဟု မှတ်ယူပါ။ ပွင့်လင်းပါ။ လူသစ်တိကို ကြိုဆိုပါ
ဝီကီပီးဒီးယားတွင် တင်းကြပ်ရေ စည်းမျဉ်းတိ မဟိပါ
အထက်တွင် ရီးသာခရေ အချက် ၅ ချက်က လွဲပနာ ရခိုင်ဝီကီးပီးဒီးယားတွင် တင်းကြပ်ရေ အခြား စည်းမျဉ်းတိ မဟိပါဆောင်းပါးတိကို ရဲရဲဝံ့ဝံ့ ပြင်ဆင်ပါပြင်ဆင်မှုဆိုင်ရာ ပေါ်လစီကို ကြည့်ပါ။ အမှားအယွင်း လုပ်မိဖို့ကို မကြောက်ပါကေ့။ အရင်လုပ်ထားသမျှ ဆောင်းပါးတိကို သိမ်းဆည်းထားပြီးသားဖြစ်ပါရေ။ ယင်းချင့်ကြောင့် သင့်အနီနန့် မတော်တဆ ဖျက်မိဖို့ကို ပူပန်စရာ မလိုပါ။ တစ်ခု သတိထားရဖို့မှာ သင်ရီးထားသမျှရို့ရေ အနာဂါတ် မျိုးဆက်သစ်တိအတွက် ဖြစ်ရေဆိုသည့် အချက်ဖြစ်ပါကြောင်း။