Wp/rki/ဧကပုဒ်ရတုများ

< Wp‎ | rki
Wp > rki > ဧကပုဒ်ရတုများ

၁။ ဥက္ကာပျံ ရခိုင်သို့ ပြန်မည်ဆိုသောအခါ ရေးသားထားခဲ့သည့် စာဧကပိုဒ် edit

အထူးအထူး ဥဒါန်းကျူးပိမ့်၊ စန္ဒကူးပင်မွှန်၊ သရက္ခန်ကို၊ မချိန်လုံးကျွတ် အကုန်ဖြတ်၍ ပြုမှတ်ဝေပူ၊ မြနှင့်တူဟု ကြက်ဆူညွှန့်ရှင်၊ ပန်းတိုင်းပင်ကို စီရင်တတ်မူ စောင်းရန်းပြုသို့ ချစ်မှုညွှတ်ပြောင်း တွန်သံညောင်းလျက်၊ ဥဒေါင်း ကြိုးကြာ။ ရွှေဟင်္သာကို၊ မတာ ညှင်းဆဲး၊ ကလူ- မဲး၍ စွန်းရဲးကျီးနက် ခင်ပုပ်ငှက်ကို နှစ်သက်ရွှင်ပျ၊ မွေးယုယသို့၊ မုန်းဝရဲးခေါင်၊ ဆင်ပျောင်မြေခွေး ပုံထွေးနှိင်းချိန်၊ ဘုမ္မသိန်ပြာ၊ အမျှသာဟု ပမာပြုအပ် ထိုအရပ်ကို လျပ်လျပ် လျင်စွာ၊ စွန့်အပ်ရာဟု ပညာယှိများ ကျမ်းစကားကို။ ။ မှတ်သားကြကုန် လူအပုံ။

၂။ ရခိုင်ဥက္ကာပျံဆို၊ ဧကရတုပိုဒါမိုဃ်းဖွဲ့ edit

အောက်အာကာဗွီ ။ ဝါရောထွီ၍ လီတက်ကားရီ ရီထက်မြီနှင့်။ ပထဝီဟု၊ ထုထုနှစ်သိန်း လေးသောင်း ကိန်း ထက် ရံသိန်းစကြာဝဠာ၊ ညီစွာဝန်းလည် ကျောက်ထိတည်သား၊ လှည့်လည်ပတ်ရစ် သမုဒ်မြစ်မှ၊ တက်သစ် ဖြိုးမူ။ ပဇ္ဇုန္နနတ်၊ တန်ခိုးမြတ်ကြောင့်၊ ရဟတ်နှင့်တင်၊ စက်နှင့်ငင်သို့ ကောင်းကင်ကသာ၊ နတ်တေဇာဖြင့်၊ သီတာ ရေခဲး၊ လှစ်ခွဲးတိမ်ကြား ယန္တယားစက်၊ သန်လျက်လှည့်ဝန်း၊ လည်၍ထွန်းမျှ၊ ရစ်သန်းပြိုးပြောင်၊ ဘရက်ရောင်နှင့် စက်ရောင် လျှံတက်၊ တလက်လက်လင်း တဝင်းဝင်းလျှင် အုန်းအင်းထစ်မောင်း ရိုက်ချောင်းပဲ့တင် ကောင်းကင်အလုံး မည်းမည်းပုံးမျှ ရွာလကလျှင် အလှကြင်တန် သည်ရန်မွေးမိ မသိပါလေ ရစ်ခွေဗျာပါ မယ်မှာကိုလွမ်း နောင်မှာချမ်းခဲ့ ညှိုးသမ်း ဝါလ မရရိပွတ် နတ်လည်းမနိုး ရက်ကိုးဆယ်လုံး မကျိုးရာသီ လင့်ကာလီသည်။ . သန်နွီကုန်၍ ပဇ္ဇုန် ဝဿကာလငံ့ ရဦးမည်လော။

၃။ ထောင်သင်းမှူးဆို အဖြည့်ခံရတု ၂ ပိုဒ်နှင့် ရခိုင်ဥက္ကာပျံ၏ အဖြည့်စာ ပိုဒ် edit

(၁) မမျှသောင်းထောင်။ နန်းညာတောင်ဝယ်၊ အခေါင်စံထား နန်းမင်းသားလျှင် နောင်ဘွားကြင်ဘော် မြောက်သားတော်ကြောင့် မူးမော်သေပြတ် ဖိုလ်မှလွတ်သို ့ မချွတ်ဧကန် နောင်မှာဟန်ကား ဖြည်းသွန်လေညှင်း စိမ့်စိမ့်းချင်းလျက် အင်ကြင်းဝါးနွယ် အလှယ်လှယ်ကို စမ္ပယ်ပျော်ပါး ရှေ ့ဝယ်ထား၍ ဦးနားထိပ်ပြင် ပန်ဆင်မတတ် လေးမြတ်ယုယ ပေးချင်လှ၏ ဆယ်ဆရွှေထက် ပြစ်မစက်သည်။ ၊ လူဘက်ထွက်လော ကြာနတ်လော။

(၂)မလှတောင်းအောင် စခန်းသာချောင်ဝယ် မြူမျှောင်ဆံသန်း ခြည်မတန်းတည် လဝန်းတန်ဆောင် နေမ ပြောင်လည်း ကိုရောင်လျှလည် ထွန်းတော့သည်ဟု မွှေးကြည့်ပျံ ရှား ကျွန်ုပ်နားဝယ် စကားကိုသာ မူးမော်ရှာမျှ ကြံကာတွေးတာ၊ သိချင်မောစ္စ၊ သဘောဆက်ဆက်၊ မေးကာမြွက်သည်။ ဖြူညက်ထုတ်လော့ ပြာလတ်လော။

ဥက္ကာပျံအဖြည့် edit

(၃) မရကြောင်းဆောင် ပန်းရှာအောင်လည်း နောင်မူကြီထွေ၊ စိတ်သာဝေမျှ မြောက်ဒသန် စွန်။ သရက္ခာန်မ မွှေးလေသွေးပျံ ကြူ၊ မဉ္ဇူနံရှင်း၊ ပြည်းလေသွင်းက၊ အင်းကြင်းသန္ဓေ၊ သံသေဒဇ၊ ဂမ္ဘလည်းဟူ လူဟုဆိုရေး ဝေး ကြီးဝေးခဲ့ မာန်သွေးရာဂ ဣရန္ဒနတ်၊ ဥပပတ်လျှင် ဟုတ်မောထင်၏၊ စုံတင်စုံဘက် ချစ်တို့သက်သည်။ ဖြူရွက်ထွတ်လေ ညဝတ်လေ။