ရခိုင်ပြည်နယ်၊ ရမ္မာဝတီမြို့မဧ့ အရှေ့ဘက်တမိုင်ခန့်အကွာတွင် ကြက်သရေ ရွာတည်ဟိရေ။ ထိုရွာတွင်
ဦးပဏ္ဍိတလင်္ကာရမထေရ်ကို ကောစာ ၁၂၁၈ ခုနှစ် မွေးဖွားခလီရေ။ ရခိုင်ရာဇဝင်သစ်ကျမ်းပြုဆရာတော်ဦးစန ́
မာလာလင်္ကာရနန့် သမီးယောက်ဖတော်စပ်ကတ်ရေဆိုဧ့။ ဦးပဏ္ဍိတာလင်္ကာရက ဦးစန္ဒမာလာလင်္ကာရ ထက် အသက်
အားဖြင့် ၅-နှစ်ကြီးလီရေ။ ငယ်စဉ်ကပင် ရမ်းပြည့်မြောက်ကျောင်း ဆရာတော်ထံ၌ အပ်နှံကာ ပညာသင်ကြားခ
ရေဆိုဧ့။ ထိုကတဖန် သာမဏေဘဝကပင် မန္တလေးသို့ ပညာသင်ရန် ပို့ပီးခြင်းခံခရရေ။ ယင်းအချိန် မန္တလေးမြို့၌
မင်းတုန်းဘုရင်(ကောစာ ၁၂၁၂-၁၂၄၀)ထီးနန်းစိုးစံလျက် ဟိလီရေ။ သျှင်ပဏ္ဍိတာ လင်္ကာရရေ ပညာဉာဏ်ထက်
မြက်သဖြင့် မန္တလေးနန်းတွင်းကျောင်း၌ နီထိုင်ပညာသင်ခရရေ။ မိဖုရားရို့က အချီးအမြှောက် အထောက်အပံ့ပြု
လျက် ရဟန်းဒါယကာခံ၍ မန္တလေးတွင်ပင် ရဟန်းဖြစ်ခရရေ။ နန်းတွင်းကျောင်း၌ နီထိုင်ပညာသင်ကြား ခရစဉ်
သီပီါမင်းသားရို့အားလည်း ပညာသင်ပီးခသဖြင့် နောင်သီပီါမင်းဖြစ်စဉ် ချီးမြှင့်ရေ တိပိဋကဓရရာဇာ ဓိရာဇ
ဂုရုတံဆိပ်ကို လက်ခံရဟိခရေဆိုဧ့။ မန္တလေးတွင် သီတင်းသုံးနီစဉ် ရမ္မာဝတီကြက်သရေ ဆရာတော်၊ ရမ်းဗြဲမြောက်
ကျောင်းဆရာတော်ဆိုပနာ တွင်ခေါ်ခြင်း ပြုခကတ်ရေ။
ဦးပဏ္ဍိတာလင်္ကာရ(ဓညဝတီ ရာဇဝင်သစ်ကျမ်းပြု) | |
ကိုယ်ရီးအကျဉ်းချုပ် | |
မွီးသက္ကရာဇ် | ကောစာ ၁၂၁၈ ခုနှစ် |
နာမည်ရင်း | ပဏ္ဍိတ |
မိဘနာမည် | |
မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊ ကြက်သရေ ရွာ |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ရခိုင် |
ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | |
အလုပ်အကိုင် | စာရီးဆရာ |
အိမ်ထောင်ဖက် | |
သားသမီး | |
ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ |
ထင်ယှားရေလက်ရာတိ | ဓညဝတီ ရာဇဝင်သစ် |
ရယှိခရေဆုတိ | တိပိဋကဓရရာဇာ ဓိရာဇဂုရုတံဆိပ် |
လက်မှတ် | |
ကွန်ယက် |
ဆရာတော်ရေ မန္တလေးကို အင်္ဂလပ်ရို့ ၁၂၄၇ ခုနှစ် သိမ်းပိုက်၍ သီပီါမင်းကိုပါ ယူဆောင်လားစဉ်ရခိုင်ပြည် သို့ ပြန်ခရေ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ြွကရောက်၍ ညောင်ပင်ဈေးကျောင်း ဦးသာရမေဓာ ဆရာတော် ထံခိုမှီးနီခရေ။ ဆရာတော်လည်း အားကိုးမှုဖြစ်ရေ ကျောင်းကန်ရီးရာရို့ကို လွှဲအပ်ခြင်းပြုခလီရေ။ ယင်းချင့်ကြောင့် ညောင်ပင်ဈေးဆရာဖြစ်အံ့ရေ ဦးဥတ္တမသိရိကို သျှင်သာမဏေဘဝမှ ရဟန်းအဖြစ် ဦးပဏ္ဍိတာလင်္ကာရကပင် အစစ ပြုစုပီးခလီရေ။ ထိုကတစ်ဖန် ဦးဥက္ကံစံသမာလာ(ကောစာ ၁၂၀၇-၁၂၉၁)ဆရာတော်ကြီး တောရပ်ဆောက် တည်နီခိုက် သံဃာပြတ်လပ်ဟိ၍ သူဌေးဦးရဲကျော်သူနန့်မိသန ́ာဖြူရို့ ပင့်ဖိတ်ချက်အရ၊ စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်း ၌ သီတင်းသုံးနီခလီရရေ။ ထိုစဉ် တပည့်ဦးဥတ္တမ သီရိမှာ ရဟန်းတဝါ(ကောစာ ၁၂၅၁)သာ ဟိသိမ်းရေ ဆိုဧ့။ ယင်းချင့်ကြောင့် ဆရာတပည့် နှစ်ပါးရို့ရေ ကောစာ ၁၂၅၂ ခုနှစ်မှ ၁၂၅၃ ခုနှစ်ထိ ထိုကျောင်း၌ သီတင်းသုံးနီခ ကတ်ရေ။ ထိုတွင် နှစ်ဝါဆိုခကတ်ပြီး ဦးဥတ္တမသီရိကိုပါ ခေါ်ဆောင်လျက် မန္တလေးသို့ြွက လားခရေ။ မန္တလေးတွင် တပည့် ဦးဥတ္တမသီရိကို မင်းဒင်ပြသျှကျောင်းတိုက်၌စာပီသင်ကြားရန် အပ်နှံထားခရေ။ မိမိကား အောက်မြန်မာ ပြည်သို့ ြွကလာခလီရေ။
ကောစာ ၁၂၅၃-ခုနှစ်တွင် ပဲခူးမြို့သို့ရောက်၍ ရခိုင်အမျိုးသားအရာဟိတိနန့် ဆက်စပ်မိခရေ။ ယင်းချင့်ကြောင့် ဟံသာဝတီခရိုင်၊ ပဲခူးမြို့မ (ရွှေမော်ဓောဘုရားကြီးအနီး)၌ ထိုခုနှစ်တွင်ပင် ကျောင်းတိုက်တည်ထောင်ခရေ။ စစ်တွေ ဇောတိဝန်ထောက် ဦးစံရွှေနန့် ဇနီး ဒေါ်ဂွမ်းရို့က ကမ္မကထပြု၍ ကျောင်းဒါယကာအဖြစ် ဆောင်ရွက်ခလီရေ။ ယင်းသို့ မင်းမှုထမ်းရို့ ဆောက်လှူပီးရေ ကျောင်းဖြစ်ရေကြောင့် မင်္ဂလာသမိုက် မင်းကျောင်းတိုက်ဆိုပနာ မည်တွင်ခ လီရေ။ ဆရာတော် ဦးပဏ္ဍိတာ လင်္ကာရမှာလည်း ရွှေကျင်ဂိုဏ်းနန့် သမဂ္ဂပြုကာ နီထိုင်ခရေ။ ထိုအခါမှစ၍ ပဲခူး မင်းကျောင်းဆရာတော်ဟု ထင်ရှားလာခရလီရေ။
ဆရာတော်ရေ ရခိုင်တိုင်းရင်းသား ဇာတိဖြစ်ရေ့အတိုင်း မျိုးချစ်စိတ် ဝံသာနုတရား အမြဲထားဟိရေ။ ထိုစဉ်က ကိုလိုနီခေတ်ဖြစ်ရေ။ မိမိဇာတိ ရခိုင်ဂုဏ်ကို ဖော်ထုတ်တင်ပြရေ အားဖြင့်လည်းကောင်း၊ တိုင်းရင်းသား အားလုံးဖတ်ရှုကြည့် လွယ်ရန် သဘောထားဖြင့်လည်းကောင်း၊ ရခိုင်ရာဇဝင်သစ်ကျမ်းကို ရီးသားခရေ။ ပထမဦးဆုံး ရခိုင်သမိုင်းပုံနှိပ်စာအုပ်ဖြစ်ရေ။ ရခိုင်ရာဇဝင်အစောင်စောင်ရို့မှ ညှိုနှိုင်း၍ ပြုစုခရေ ထိုရာဇဝင်ကို ဓညဝတီဓညဝတီဓညဝတီဓညဝတီဓညဝတီ ရာဇဝင်သစ်ကျမ်းရာဇဝင်သစ်ကျမ်းရာဇဝင်သစ်ကျမ်းရာဇဝင်သစ်ကျမ်းရာဇဝင်သစ်ကျမ်း ဆိုပနာ အမည်ပီးခလီရေ။ ကောစာ ၁၂၇၁-ခုတန်ခူးလဆုတ်(၇)ရက် ကြာသပတီးနိတွင် ရီးပြီး၍ ထိုနှစ်(ခရစ်နှစ် ၁၉၁၀)တွင်ပင် ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေခလီရေ။ ပုံနှိပ်စာမျက်နှာ(၃၁၀)ဟိပြီး ရခိုင်မင်းဆက်ရို့ကိုလည်း အကျဉ်းပြထားရေ။ ထိုခေတ်တွင် ရခိုင်ရာဇဝင်အတွက်လက်ဟိ သုံးပြုခကတ်ရရေ အကောင်းဆုံး စာအုပ်ဖြစ်ခလီရေ။ ထိုစာအုပ်ဧ့ နောက်ဆက်တွဲအဖြစ် ဦးရဲကျော်သူနန့် မဟာမုနိသွန်းလုပ်ခြင်း မှတ်တမ်းတင်စာတမ်း (သေဋ္ဌိယဝံသ စာတမ်း)လည်း ပူးတွဲပါဟိလီရေ။ ဆရာတော်ကား ရခိုင်ပြည်နယ်မှ လာရောက်ကတ်ရေ တပည့်ရဟန်းသံဃာတိ ကိုလည်း လက်ခံလျက် အစဉ်မွေးမြူကာ ပညာသင် ပီးလာခရေ။
ရမ်းဗြဲမြောက်ကျောင်း ဒါယကာတိ ဆိုကေ ပိဋကတ်စာပီရီးရာ၌ ဆရာတော်ကို အားထားခကတ်ရေ။ ယင်းချင့်ကြောင့် သီလခံယူပုံခံယူနည်းကစ၍ ဆရာတော်ဧ့ အဆုံးအဖြတ် ဩဝါဒကို ခံယူလိုက်နာခကတ်ရရေသာတည်း။ ရမ်းဗြဲတောင်ကျောင်း ဆရာတော် ဦးစန္ဒမာလာလင်္ကာရဆိုကေ သီလခံယူနည်း၌ ဝေရမဏီတွင် အဆုံးသတ်ခံယူမှုပြု စေခရေ။ ယင်းချင့်ကြောင့် ရမ်းဗြဲမြို့၌ သီလခံယူမှု ဝါဒကွဲပြဿနာရေ ဖြစ်ပီါ်ခရရေ။ ပဲခူးမင်းကျောင်းဆရာတော်ရေ ဝေရမဏိတွင်သာ မဆုံးသိမ်းပဲ သိက္ခာပဒံ သမာဒိယာမိထိ ခံယူသင့်ကြောင်း ကျမ်းစာရီးသားခလီရေ။ ထိုကျမ်းမှာ ဝေရမဏီသိက္ခာပဒဝိနိစ္ဆယသစ်ကျမ်းဝေရမဏီသိက္ခာပဒဝိနိစ္ဆယသစ်ကျမ်းဝေရမဏီသိက္ခာပဒဝိနိစ္ဆယသစ်ကျမ်းဝေရမဏီသိက္ခာပဒဝိနိစ္ဆယသစ်ကျမ်းဝေရမဏီသိက္ခာပဒဝိနိစ္ဆယသစ်ကျမ်း ဆိုပနာ အမည်တွင်ရေ။ ရီးသားထုတ်ဝေခရေ ခုနှစ်ကို မသိရကေလည်း ထိုကျမ်းကို ချေပထားရေ ဦးစန္ဒမာလာဧ့ကျမ်းထက် နောက်မကျနိုင်ဟု ယူဆရရေ။ ထိုဝိနိစ္ဆယသစ်ကိုပင် တိုက်ဆိုင် လျှက် ဦးစန္ဒမာလာရေ ရမ်းဗြဲကိုယ်ရံတောင်(ကိုးရုံတောင်လည်းဟူရေ)ရင်းတွင် ကျောင်းသစ် ဆောက်နီစဉ် ချေပရီးခခြင်းကြောင့်တည်း။ ထိုစန္ဒမာလာဆရာတော်ဧ့ ချေပရီးခ ရေ စာအုပ်တိမှာ ကောစာ ၁၂၇၂-ခုနှစ် တပီါင်းလဆန်း (၁၁)ရက် ကြာသပတီးနိ နံနက်အချိန်တွင် ရီးပြီးရေဆိုရေ ဝေရမဏိသီလဝိနိစ္ဆယကျမ်း ကောစာ၁၂၇၂-ခုနှစ် တပီါင်းလဆန်း (၇)ရက် တနင်းလာနိ ရီးပြီးရေဆိုရေ ဝေရမဏိ သမာဒါနသင်္ခေပစာ တမ်း။ ၁၂၇၃-ခု ဝါဆိုလဆုတ်(၄)ရက် သောကြာနိ ညချမ်းအခါ ရီးပြီးရေဆိုရေ ဝိသာခုပီါသထသုတ်ပါဋ္ဌ်နိဿ ယသစ်ရို့ ဖြစ်ကတ်ရေ။
ဦးစန္ဒမာလာလင်္ကာရ ခေါ် ကိုးရာတောင် နောင်ရမ်းပြည့်တောင်ကျောင်းဆရာတော်နန့် သီလခံယူပုံမှစ၍စာပီ တိုက်ဆိုင်ဘက် မကင်းခကတ်ချေ။ ယင်းချင့်ကြောင့် ဦးစန္ဒမာလာလင်္ကာရ ဆရာတော်ဧ့မှုအရ သိက္ခာပဒံသမာဒိယာမိထည့်ရန် မလိုပဲ ဝေရမဏိ တွင် ရပ်လျက် ခံယူနီရေ နည်းစနစ်လည်း တည်ဟိနီသိမ်းရေ။ ရမ်းဗြဲတောင် ကျောင်းဂိုဏ်းဂဏမှ ယခုတိုင် ကျင့်သုံးပြုနီပီဧ့။ သမာဒိယာမိဆုံးရေ့တိုင် ရွတ်ဆိုခံ ယူရရေနည်းမှာလည်း မြောက်ကျောင်းဒါယကာ သားမြေးမြစ်ရို့ ဆက်ခံကျင့်သုံးမှုပြု နီကတ်သိမ်းဧ့။ ဦးပဏ္ဍိတလင်္ကာရမထေရ်ရေ ရမ်းဗြဲမြောက်ကျောင်း ကိုးကွယ်သူ တိ တောင်းပန်ခကတ်သဖြင့် ဝေရမဏီသီလဝိနိစ္ဆယကျမ်းထွက် အဆိုကိုချေပ၍ မိစ္ဆာဉာဏဝိရေဓနိကျမ်းကို ရီးသား ထုတ်ဝေခသိမ်းဧ့။ ထိုကျမ်းကိုကား အသက်(၅၇)နှစ်၊ ရဟန်း(၃၇)ဝါအရတွင် ရီးသားခရေ။ ဦးစန ́လင်္ကာရနန့် စာပီတိုက်ဆိုင်မှု မကင်းခသဖြင့် ၎င်းဆရာတော်ဧ့ ကောစာ ၁၂၇၁-ခုနှစ်ထုတ်ဝေခရေ ရခိုင်ရာဇဝင်သစ်ကျမ်း တွင် ဓညဝတီရာဇဝင်သစ်ကို သွယ်ဝိုက်စောင်းချိတ်ကာ ငမည်းရာဇဝင်ကို မှီရေ အချို့ရေရခိုင် ရာဇဝင်သစ်ကျမ်း ဆိုပနာ ဖော်ပြခလီသိမ်းရေ။
ပဲခူးမင်းကျောင်း ဆရာတော်ကား စာပြုစာဆိုတော်တဆူဖြစ်ကြောင်း ထင်ရှားခရေ။ ဆရာတော်ရေ ရွှေကျင် ဂိုဏ်းဝင်၊ ပဲခူးမြို့နယ်ရွှေကျင်ဂိုဏ်ဧ့ အကြီးအကဲဖြစ်ခရေ့အလျောက်၊ ဆရာတော်ဧ့ ကျာင်းတိုက်မှာ ပဲခူးမြို့နယ်အနှံ့မှ တည်းခိုရာ အားကိုးရာလည်း ဖြစ်ခရရေ။ ရွှေမော်ဓောဘုရားပွဲတော် အခါရို့၌ ဘုရားဖူးသား တိမှာ ပြည့်ကျပ်လျက် ဟိခကတ်ရေ။ ဆရာတော်ကား သက်တော်(၆၁)နှစ်၊ ကောစာ ၁၂၇၉-တွင် ပဲခူးမင်းကျောင်းတိုက်၌ပင် ပျံလွန်တော်မူ ခလီရေ။
ဆရာတော်ပြုစုခရေ ဓညဝတီရာဇဝင်သစ်ကျမ်းမှာ ယခုမူ ၇၅ နှစ်တိုင် အိုမင်းခပီပြီဖြစ်ရာ အလွန်ရှားပါးရေ စာအုပ်ဖြစ်နီပီပြီ။ ကျွနု်ပ်ရို့အနီနန့် ရခိုင်သမိုင်းကို လေ့လာမိတိုင်း ဆရတော်အား အမြဲ ဦးခိုက်သတိရမိပါသတည်း။[1]
ကိုးကား
edit
- ↑ အသျှင်စက္ကိန္ဒ(ရခိုင်ပြည်နယ်) -ရခိုင်ယဉ်ကျေးမှုများ (8) -p68