Wp/rki/အရိမေတ္တယျဘုရားတိုင် ရတု

< Wp‎ | rki
Wp > rki > အရိမေတ္တယျဘုရားတိုင် ရတု

(၁) တသောင်းနေပြောင်း၊ ညီးလျှံဆောင်သား၊ သင့်ခေါင်းသွယ်ညွတ်၊ ဂီရိထွင့်ဝယ် လူနတ်များစွာ ဗြဟ္မာ အပေါင်း ဆယ်ချောင်းလက်ဖျား ဦးထိပ်ထား၍ ခစားမှီခို တောင်းဆုလိုက မငြိုလျှင်လှည့် သျှင်ချစ်ဖြည့်လော့ မိတည့်နောင်တော် မြတ်ဘုန်းကျော် ကြင်တော်သက်ပေး ပျိုငြိမ့်လေးလျှင် ရှည်ဝေးမြင့် ကြာ ဆီးသာဝေမျှ ကြွေပြိုက်ကျလျက် နတ်လကပေ ရင်ရွှေခွာပြောင်း မြစ်ကြောင်းဧရာ စုန်ရလာသော် မြင့်ကြာမနှေး ရှည်ဝေးမညောင်း ခြိမ်းမောင်းသံမြိုင် ကျူးအိုင်ရင့်လည်း တော်လည်းငလျင် ဆယ်ခွင်ရပ်လုံး မပုံးခင်မီ ပြန်လည်ချီအောင် ဘုန်းခေါင်ရင်ဘိ ဉာဏ်တော်သိလော မုနိရတနာ မြတ်လက်ျာသည်။ တေဇာလျှံတတ်မြူးလှည့်သော။

(၂)အမောင်းရွှေရောင် တောသုံးထောင်လည်း ကွာရှောင်ရက်ပြောင်း ပူးညောင်သန္တာ စိမ်းပြာညိုလဲ့ ချစ်ဖွဲ့အပ ငှက်မျှစုနှစ် လည်ရစ်ယှက်တင် လူသွင်စေတေ တူနေရွှင်လန်း ခြူးခက်နန်းထက် အဆန်းထူးလည် ရင့်ရူမည်က မြိုင်စည်တောယံ ငှက်ပေါင်းယံကို တရုံမောင်နား ဆွတ်မျှကြားသော် သည်းဖျားလန့်ယောင် လိပ်ပြာရောင်ကြောင့် သန်ကောင်သန်လျှမ်း လွမ်းပန်းခွေခွေ အောက်မေ့မတည် ဖြေဆည်မတတ် ကြားနှယ်ညွှတ်ခဲ့ . ထိုနတ်ဘုန်းခေါင် ရန်မှောင်ပယ်ခွင် ဆက်ဒန်' ရှင်ကား ကြာတင်လှဘိ တြိနာမ ဒွေးသတ္တနှင့် သုညအလယ် ပစ်ပယ်အဌ ဧကအက္ခရာ ကျမ်းလာဗေဒင် သိမြင်သသူ ကြံ၍ဟူလော့ ပြီးထူများမြောင် ရာထောင်ကုဋေ ရဗိုလ်တွေလည်း ဘုံရွှေနန်းမြင့် ပြန်ချိန်ခွင့်ကို လင့်စပကာ တင်းသံနာ ၍ ထိုမှာတစု မှာတစုလျှင် ရောရုတိုင်ပင် ဆိပ်ပြင်လမ်းကြောင်း ဂူကျောင်းမှီ ရာ ထိုင်ကာရွတ် တတွတ်တွတ်သည်။။ ရင်ဘတ် သပ်ကာမူးလှည့်လော့။

(၃) မသောင်းစေမောင် နှုတ်ရွှေစောင်နှင့် ချစ်ယောင်သာဖျား ဆိုသည်များကို နောင်နားကြားထင် စစ်ပွဲခွင်က မရွှင်ပျောင်းရိ မချိတတ်ဘဲး ဝမ်းကွဲပူဆာနေရာလှည့်ရာဝယ် အာကာလုံးဝယ် မြနှယ်အဆင်း ဝါဝင်းတရပ် ဝင်းလျှပ်ယှက်တင် ပတ်ကုံဆင်၍ သံထည်ရင့်မည် ရွာလသည်ကား ရွှေပြည်ရပ်သူ ပြာဖြူထွားပျို လဲ့လဲ့ညိုလျှင် နဂိုရ်ခြောက်ထပ် စိုးချုပ်နှိပ်သည် ဘုန်းရိပ်လျှံပြောင် သူဇာမောင်ကို လက်ဆောင်ဆယ်မြွှာ ဆယ်စုံကြာနှင့် ပန်ထွာကြားချေ နှုတ်ရွှေချိုမြ ဗျာဒိတ်ရ၍ ရွာချသည်လော ထွေးတောလှည့်ကာ အောက်မေ့ရှာသော် ဒေဝါ မာသ သဿဣန္ဒာ မေခလာသို့ လွမ်းရာထောက်ကူ နားပူနားဆာ အာကာဘွေချက် ပြိုအက်ဘနန်း ခါမှန်းမသိ စိတ်ရှိတိုင်းသာ ထောက်မစာသည်။ ။ ချိန်ခါကိုမဲ့ ကျူးလှည့်လော့။