အို အို အို. .....
အို အို အို. ......
အဘာဝါ . . ၊ အဘာ ဆုံခွတ်လားခယင့်။
အမင်ဝါ . . .၊ အမင် ဆုံပြောင်းလာခယင့်။
ဆုံဝါ . . ၊ ဆုံ စပါးထောင်းလီယင့်။
စပါးဝါ . . ၊ စပါး ကြက်ချေစားလီယင့်။
ကြက်ချေဝါ . . ၊ ကြက်ချေ စွန်ရဲထိုးလီယင့်။
စွန်ရဲဝါ . . ၊ စွန်ရဲ သစ်ခေါင်း၀င်လီယင့်။
သစ်ခေါင်းဝါ . . ၊ သစ်ခေါင်း မီးတိုက်ပစ်လီယင့်၊
မီးဝါ . . ၊ မီးရီဆွတ် ပစ်လီယင့်။
ရီဝါ . . ၊ ရီ ဆင်ပြောင်သောက်လီယင့်။
ဆင်ပြောင်ကြီးဝါ. .၊ ဆင်ပြောင်ကြီး တောင်စဉ်ယောင်လီယင့်။
တောင်စဉ်၀ါ. .၊ တောင်စဉ် နနွင်းစိုက်လီယင့်။
နနွင်းဝါ . . ၊ နနွင်း သင်းကန်းဆိုးလီယင့်။
သင်းကန်းဝါ . . ၊ သင်းကန် မောင်သျှင်၀တ်လီယင့်။
မောင်သျှင်ဝါ . . ၊ မောင်သျှင် ပန်းဆွတ်လားခယင့်။}}
ပန်းဝါ . . ၊ ပန်း ဘုရားတင်လီယင့်။
ဘုရားဝါ . . ၊ ဘုရား နိဗ္ဗာန်ကူးလီယင့်လေ - ကူးလီယင့်။
(သားချော့တေးခြင်း ကဗျာ)