လှေတော်သံ
editဝေသာလီပြည် စူဠစန္ဒြမင်းလက်ထက် သက္ကရာဇ် ၃၁၇ ခုနှစ်လောက်က အမတ်ကြီးဓမ္မဇေယျသည် ဗျည်း ၃၃လုံး လှေတော်သံကို စပ်ဆိုခပါရေ၊ ရှေးရခိုင်ရေတပ်မတော်မှာ စစ်ချီရေအခါ သန်မာထွာကျိုင်းသူ ကျင်သန်ကြီး များစွာက လှေကိုလှော်ခတ်ရသည်၊ ထိုအခါ စည်ကိုတီးပြီး လှေကိုပြိုင်တူလှော်ရင်း တက်ညီလက်ညီနက်ဆိုခရေ ကဗျာဖြစ်ပါရေ၊ စူဠစန္ဒြမင်းကြီးသည် သက္ကဒါန်ကရဝိက်ဖောင်တော်ကို စီးပြီးကေ အသောင်းမကသော လှေတော်တိ နက်ခြံရံပနာ တကောင်းသင်းတွဲပြည်ကို ပင်လယ်ကြောင်းနက်ချီတတ်တေအခါ အမတ်ကြီးဓမ္မဇေယျသည် ဒေလှေတော်သံကို စပ်ဆိုသီဆိုခပါရေ၊ “ကိုးစိပ်ကိုးလန်၊ ကိုးပင့်ကန်၊ ကျင်သန်တက်ကြီး၊ စည်ကိုတီး၊” ဟုဆိုစမှတ်ပြုခရရေအတိုင်း ကိုးလန်လောက်ရှိရေ လောင်းလှေအထက်မှာ ကျင်သန်ခေါ်ရေ လူသန်ကြီးတိက စည်ကိုတီးပနာ လှေလှော်သားတိက ပြိုင်တူစည်းလုံးညီညီညွတ်ညွတ်နက် သီဆိုရရေ ကဗျာပင်ဖြစ်ပါရေ၊ ထူးခြား အက္ခရာ၊ ဗျည်း ၃၃ လုံးမူတည်ပြီးကေ ရခိုင်သမိုင်းနက် ဇာတ်ကြီးဆယ်ဘွဲ့ ဗုဒ္ဓဝင်ခန်းတိနက်၊ ဝထုတိကိုပါ ပါဝင်ဖွဲ့နွဲ့ထားလို့ လှေလှော်သားတိကို ဗဟုသုတ တိုးပွားဇီပါရေ၊ အမျိုးဘာသာ၊ သာသနာဇာတိသွေး၊ ဇာတိမာန် တက်ကြွဇီပါရေ၊ သီဆိုသည်မှာ ခေါင်းဆောင်လှေဦးစီးက အချီအပိုဒ်ကို တစ်ဦးတည်းသီဆိုပြီး အချပိုဒ်ဖြစ်တေ “ဟန်စိလေဟန်စွလေ”ဆိုရေ အပိုဒ်ကို လှေလှော်သားတိက တပြိုင်တည်းအားမာန် အပြည့်နက် သီကြွေးကြခြင်းဖြစ်ပါရေ၊ တနည်းအားဖြင့် ရှေး အခါက ကစ္ဆပနဒီမြစ်ယံထက်မှာ လှေတော်သံများမစဲ ရှိန်ချိမ့်မည် ဖြစ်သတည်း။
ဗျည်း ၃၃ လုံးဟန်စွလေ လှေတော်သံ
edit(က) က ကိုမူကား၊ ကဉ္စန ပဗ္ဗတာ၊ ငွေတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံဝဲသည်၊ မစဲရံကာ၊ ရံကာသော်လည်း၊ ဟန်စီလေ ဟန်စွလေ။
(ခ) ခ ကိုမူကား၊ မြတ်လှသည်းခ၊ ရသေ့ပျံကို၊ အကြံယူမှား၊ မင်းသားပြည်ရှင် ပြစ်မှားလျှင်ကား၊ ပြည်တော်ဝင်ကာ၊ ဝင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဂ) ဂ ကိုမူကား ဂန္ဓာလာ၊ ပန်းနံ့သာနှင့်၊ လင်ရှာမရ၊ နဂါးမလျှင် နေ့ညမပြတ်၊ လှည့်ဖြားတတ်သည်၊ သူမြတ်ရွှင်ကာ၊ ရွှင်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ။
(ဃ) ဃ ကိုမူကား ဃရာဝါသ၊ ကိစ္စမြားမြောင်း၊ လူတို့ဘောင်ဝယ်၊ ခွာရှောင်ချေပြီး၊ မင်းကြီးဓဋ္ဌ၊ သားလှလွတ်သည်၊ အထွက်တင်ကာ၊ တင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(င) င ကိုမူကား၊ ငဆမုဆိုး၊ နတ်မျိုးလည်းဟိ၊ မဏိမတ္တမြား၊ ကုန်ခါစားသည် လေးမြားကိုင်ကာ၊ ကိုင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(စ) စ ကိုမူကား၊ စန္ဒသူရိယ၊ မင်းလှပြည်သျှင်၊ တောင်းပန်လျှင်ကေ၊ သျှင်ပင့်ကိုယ်စား၊ သွန်း၍ထားသည်၊ ဖူးများလွှယ်ကာ၊ လွယ်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဆ) ဆ ကိုမူကား၊ ဆန္ဒန်ဆင်မင်း၊ လေညှင်းခံရာ၊ မုဆိုးလာ၍၊ ဖြတ်ကာစွယ်များ၊ ပေးကမ်းငြားသည်၊ မင်းအားဆက်ကာ၊ ဆက်ကာသော်လည်း၊ ဟန်စိလေ၊ ဟန့်စွလေ။
(ည) ည ကိုမူကား၊ ညေယျခံတရား၊ ထိုငါးပါးကို၊ ပိုင်းခြားထင်ထင်၊ သိမြင်ကုန်ကုန်၊ ပြီးပြည့်စုံသည်၊ ဗိုလ်ပုံလူများ၊ သိမြင်ကြားအောင် ဟောကြား၊ ဗုဒ္ဓ၊ ဗုဒ္ဓါသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဋ) ဋ ကိုမူကား၊ ဋကူမင်းကြီး၊ မိကျောင်းစီး၍၊ ခရီးလွန်ရှည်၊ သန်လျင်ပြည်ကို၊ ဝင်လေညခါ၊ ညခါသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဌ) ဌ ကိုမူကား၊ ဌာပနာကု၊ မြင်လာတန်းဆောင်၊ ကျွတ်လုံးပြောင်တည့်၊ မြားမြောင်ရှစ်သွယ်၊ မွေတော်ဓာတ်ကို၊ တောင်ထွက်တည်ကာ၊ တည်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဍ) ဍ ကိုမူကား။ ဍဏ္ဍုမင်းကြီး၊ ကြီးအင်းကြောက်လှ၊ ဍုံဋ္ဌဂါမဏိ၊ တိုတ်စည်တီးလျက်၊ မင်းကြီးကျီးပြည်၊ စစ်ထိုးလေသည်၊ ဝန်လည်းအောင်ကာ၊ အောင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဎ) ဎ ကိုမူကား၊ ဎရဋ္ဌထာ၊ နဂါးသာသျှင်၊ ရီမှာမျိုးမြတ်၊ စီးပြီးလတ်သော်၊ စက်မြတ်ကြင်ရာ၊ ကြင်ရာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဏ) ဏ ကိုမူကား၊ ဏစဉ်ပင်က၊ ထွိမ်းညွှန်ပြလွန်၊ ပရစံပ၊ တက္ကုလကို၊ ပြည်ကစောင့်ကာ၊ စောင့်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(တ) တ ကိုမူကား၊ တာဝတိံသာ၊ ထက်မှာနေနား၊ မိနတ်သားကို၊ တရားသာယာ၊ မြတ်စွာဘုရား၊ လာဟောငြားလည်း နတ်များ သောင်းသောင်း၊ အလောင်းကျွတ်ကာ၊ ကျွတ်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ထ) ထ ကိုမူကား၊ ထံပါးမကွာ၊ မယ်သူဇာနှင့်၊ မကွာတူစုံ၊ ပျော်ကြကုန်သည်၊ အာရုဏ် ပေးကမ်း၊ ရွှန်းရွှန်းသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဒ) ဒ ကိုမူကား၊ ဒါနများလွန်၊ မင်းဝေသန်လျှင်၊ မြိုင်ခွင်တောသာ၊ ဝင်္ကပါသို့၊ ခွာလျှင်နေငြား၊ ပုဏ္ဏားဇူဇကာ၊ ဂဏှာ၊ ဇာလီ၊ သူငယ်၊ နှစ်ယောက်၊ မူငါးမြှောက်ခါ၊ ကင်္ကာကင်္ကာ၊ ကင်္ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဓ) ဓ ကိုမူကား၊ ဓက္ကမင်းသား၊ စွမ်းခွန်အားနှင့်၊ ပတ္တမြားငုံကာ၊ ပျံကျလာသည်၊ ဆင်းဝါရုပ်ရေ၊ လှနတ်မေကို၊ မြင်ကေ ဝန်းကာ၊ ဝန်းကာသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(န) န ကိုမူကား၊ နဂါးရာဇာ ဘုရားလျာနှင့် နတ်ရွာ လူ့ပြည်၊ ပြောင်းကြည်ဝင်လျှင်၊ ညောင်ပင်ရင်း၌၊ သီတင်းသုံးကာ၊ သုံးကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ပ) ပ ကိုမူကား၊ ပပဝတီ၊ ဒေဝီရတနာ တေယင်ညာ ထွက်တား မိဖုရားကို၊ အားရကြံကာ၊ ကြံကာသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(ဖ) ဖ ကိုမူကား၊ ဖယကုမ္မာ ကြီးစွာပြောင်းအား ပင့်ကူကျားကို လွှားလွှားခွပ်ကာ၊ ခွပ်ကာသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(ဗ) ဗ ကိုမူကား၊ ဗာလ လူမိုက် မိန်းမစစ်ကို ပစ်တက်တန်တင်၊ သဖန်းပင်တွင် မြင်လျှင်မင်းကြီးဆောင်းရွှေထီးနှင့်၊ ဘိသက်ခံကာ၊ ခံကာသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(ဘ) ဘ ကိုမူကား၊ ဘဒ္ဒကမ္ဘာ၊ ပေါ်ခါအစ၊ ဗုဒ္ဓညောင်ဖြူ မေတ္တာဟူသည် ငါးဆူရှင်ပင် ရှင်ပင်သော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(မ) မ ကိုမူကား၊ မဟော်သဓာ ဘုန်းပညာနှင့် ပုစ္ဆာနတ်လူ၊ မေးကြဟူသည်၊ လွယ်ကူဖြေကာ၊ ဖြေကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ယ) ယ ကိုမူကား၊ ယက္ခစွယ်ဖြူ၊ ဘီလူးနှင့်မြင်း အန်ထုခြင်းသည်၊ ရန်ကိုမိကာ မိကာသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(ရ) ရ ကိုမူကား၊ ရထားယဉ်သာ၊ နေစကြာနှင့်၊ တေဇာနည်းတူ၊ ထောက်စေဟူသည်၊ ထောက်စေသော်လည်း ဟန်စိလေ၊ ဟန်စွလေ။
(လ) လ ကိုမူကား၊ လက်ကမင်းဖျား၊ စွမ်းစွမ်းအားနှင့်၊ ရထားစီးကာ၊ စစ်ထိုးလှာသည်၊ ဗိုလ်ပါငါးရာ၊ ငါးရာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဝ) ဝ ကိုမူကား၊ ဝေဘူလတောင်၊ မြင့်ခေါင်ရွှေဆောင်း၊ ဘီလူပေါင်းနှင့်၊ ဘေးလောင်းထွက်ဖျား၊ မင်းသားလုလင်၊ ကျဆုံးကျင်သည်၊ ရန်ခွင်းဖြေကာ၊ ဖြေကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(သ) သ ကိုမူကား၊ သံထုကုမ္မာ၊ စောမင်းလျာသည်၊ ဆရာမြတ်ထံ ကျိုးနွခံစား၊ နောင်တော်အားကို၊ တရားဆယ်သူ၊ ထီးဖြူနှင်းကေ၊ နှင်းကေသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(ဟ) ဟ ကိုမူကား၊ ဟင်္သာငှက်ငယ်၊ စစ်ဖြစ်မေကို၊ ခြေပူလောင်ဆာ မကြံသာသည်၊ ရေမှာမျောကာ၊ မျောကာသော်လည်း၊ ဟန်စိလေ၊ ဟန့်စွလေ။
(ဠ) ဠ ကိုမူကား၊ ဠာလမင်းသား၊ ရထားမစီး မင်းကြီးသူမြတ် ဗြဟ္မဒတ်ကို၊ အမတ်ညီညာ၊ ပြည်နှင်းလာသည်၊ အရ ယူလာ၊ ယူလာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။
(အ) အ ကိုမူကား၊ အမ္ဘချိုဆီး သရက်သီးကို၊ ကျီးသားထွင်သီး ဆောင်ချီသည်၊ ဒေဝီစားကာ၊ စားကာသော်လည်း ဟန်စိလေ၊ ဟန့်စွလေ။
ကိုးကား
editရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်)