မက္ကလာယေ ရိုင်ရိုင်၊
ကြိမ်သားဒုတ်ကို၊ နောင်းနောင်းကိုင်၊
ကယိုင်းကပါး၊ နှင်းမြိုင်မြိုင်ကေ၊
တောင်ကျိုင်ကြားမာ၊ ကျွဲကျောင်းလားရေ။
အစ်ကိုမပါ၊ ညီမပါ၊
ကြိမ်သားဒုတ်ကို၊ နောင်းနောင်းကိုင်၊
ကယိုင်းကပါး၊ နှင်းမြိုင်မြိုင်ကေ၊
တောင်ကျိုင်ကြားမာ၊ ကျွဲကျောင်းလားရေ။
ဟူး . . . ရေ . . .ရေ . . . ဟူ . . .။
ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား၊
ပိုးပဇိုင်းသံ - သံသွားသွား။
တောသံလီသံ၊ မဆူညံ၊ နှင်းသံဖြောက်ဖြောက်၊
ပေါက်ပေါက်ဖောက်သို့၊ ကြားရရေ။
ဂြောင်တောင်ဂြောင်၊ နက်ပြောင်ခေါင်းလောင်း။
တောဘယံမာ၊ ညာငြိမ့်ညောင်းပျာ၊
ကြားရရေ။
ဟူး . . . ရေ . . . ရေ . . . ဟူး . . .။
(သားချော့တေးခြင်း ကဗျာ)