Wp/rki/ရွှေဂူတောင်အရံစေတီ(၃)

< Wp‎ | rki
Wp > rki > ရွှေဂူတောင်အရံစေတီ(၃)

တည်နီရာ

edit

မြောက်ဦးနန်းတော်ကုန်းဧ့ အရှေ့မြောက်ဘက် (၂) ဖာလုံကျော်ခန့်အကွာ၊ ရွှေဂူတောင်အရံစေတီတော် (၂)ဧ့ အနောက်ဘက်ရင်ပြင်တွင် တည်ဟိပါရေ။

ကုသိုလ်သျှင်

edit

ကောဇာသက္ကရာဇ် (၇၉၂) ခု၊ အေဒီ (၁၄၃၀) ခုနှစ်တွင် ဘုရင်မင်းစောမွန်မှ တည်ထားကိုးကွယ်ခ ပါရေ။ 

သမိုင်းအကျဉ်း

edit

ရွှေဂူတောင်အရံစေတီတော် (၃) ကို ဘုရင်မင်းစောမွန်လှ အေဒီ (၁၄၃၀) ခုနှစ်တွင် စတင်တည်ဆောက်လှူဒါန်း ခပြီး ခရစ်သက္ကရာဇ် (၂၀၀၇) ခုနှစ်တွင် ရှေးဟောင်းသုတေသနနန့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ မြောက်ဦးဌာနစုမှ ထပ်မံမွမ်းမံပနာ ပြုပြင်တည်ဆောက်ထားရေ စေတီတော်တစ်ဆူပင်ဖြစ်ပါရေ။ 

ဗိသုကာလက်ရာ

edit

ရွှေဂူတောင် အရံစေတီတော် (၃) ကို ပေ (၁ဝဝ)ခန့်မြင့်ရေ ရွှေဂူတောင် တောင်ကုန်းပေါ်တွင် အုတ်ဖြင့် တည်ဆောက်ထားပြီး အောက်ခြေအချင်း (၂၂) ပေခန့်ဟိပါရေ။ စေတိတော်အမြင့်မှာ ပေ (၃၀) ကျော်ခန့် ဟိပါလိမ့်မည်။ စေတီတော်အပြင်မုခ်ထွက် (၃) ပေခန့်ဟိပြီး အောက်ခြေကို လေးထောင့်ပုံစံဖြင့်လည်းကောင်း၊ အပေါ်ပစ္စယံတိကို ခိုနန်းချိုးတိဖြင့်လည်းကောင်း တည်ဆောက်ထားပါရေ။ အလယ်လိုဏ်ဂူတော်အမြင့် (၅) ပေခန့်ဟိပြီး အရှေ့အနောက်အကျယ် ၂ ပေခန့် တောင်မြောက်အကျယ် (၄) ပေခန့်ဟိပါရေ။ အတွင်းမုခ်အရှည် (၅) ပေခန့်ဟိပြီး အမြင့် ၇ ပေ ၂ လက်မခန့်ဟိပါရေ။ စေတီတော်အပေါ်ပိုင်းကို ပစ္စယံမှ ငှက်ပျောဖူးထိ အဝန်း ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါရေ။ စေတီတော်ကို ခန့်ထည်လှပစွာ ဖူးတွေ့ရပါဧ့။

ကိုးကား

edit

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅