တည်နီရာ
editမြောက်ဦးနန်းတော်ကုန်းဧ့အရှေ့မြောက်ဘက် မိုင်ဝက်ကျော်ကျော်ခန့်အကွာတွင်တည်ဟိပါရေ။ ရတနာစံရွေး စေတီတော်ဧ့အရှေ့ဘက်၊ လောကမစေတီတော်ဧ့မြောက်ဘက်တွင် ကျရောက်ပါရေ။
ကုသိုလ်သျှင်
editဘုရင်ဘစောညိုမင်းက ကောဇာသက္ကရာဇ် (၈၅၄)ခု၊ အေဒီ (၁၄၉၂) ခုနှစ်တွင် တည်ထားလှူဒါန်းခ ပါရေ။
သမိုင်းအကျဉ်း
editမြောက်ဦးခေတ်စောပိုင်းတွင် ဘုရင်ဘစောညို တည်ဆောက်လှူဒါန်းခပါရေ။ မြောက်ဦးခေတ်ပျက်သုန်း ပြီးနောက်ပိုင်းတွင် စေတီတော်လည်းပျက်စီးပနာပြုပြင်သူကင်းမဲ့ကာ ၂၀၀၄ခုနှစ်ရောက်မှ အလိုတော်ပြည့်ဆရာတော်နန့် ဗိုလ်ချုပ်ကြီးခင်ညွှန်တို့ကိုဦးထိပ်ထားလျက် သားဗိုလ်မှူးဇော်နိုင်ဦး+ဒေါက်တာခင်သန္တာမြင့်နန့် သူငယ်ချင်းတစ်စုမှ ထပ်တည်ဆောက်လှူဒန်းခပါရေ။ ရတနာသုံးပါးတွင် ဘုရားရတနာကို အထွဋ်မှန်ကင်းအဖြစ် ရည်စူးပနာ လှူဒါန်းခရေကြောင့် ရတနာမှန်ကင်းစေတီဟု ခေါ်တွင်ခြင်းဖြစ်ပါရေ။
ဗိသုကာလက်ရာ
editစေတီတော်ကို တောင်ကုန်းပေါ်တွင် ကျောက်အတိဖြင့် တည်ဆောက်ထားပါရေ။ အောက်ခြေပန္နက်မှာ အဝိုင်းဖြစ်ပြီး အချင်း (၃၈) ပေခန့်ဟိပါရေ။ အမြင့်လည်း (၃၈) ပေခန့်ဟိပါ၏။ အလယ်တွင် လိုဏ်ဂူတော်ထဲ၌ကျောက်ဆင်းတုတော်ကြီးတစ်ဆူအား ပန်းနွယ်ပန်းခက်တိနန့် အရုပ်တိကို ရခိုင်စိတ္တလင်္ကာရ အနုကျောက်ဆစ်လက်ရာ တိဖြင့်ဖန်တီးထားရေ ပလ္လင်တော်ကြီး၌ ပူဇော်ထားပါရေ။ ဆင်းတုတော်အားအရှေ့ဘက်ကို မုခ်ဦးဖွင့်ပြီး မုခ်ဦးနှစ်ဆင့် တင်ထားပါရေ။ မြောက်ဦးခေတ်က ရင်ပြင်တော်တွင် ကနုတ်ပန်းစဉ့်ရည်သုတ်အုတ်ပြားတိ | ခင်းထားပါရေ။ မုခ်ဦးထိပ်တိကိုလည်း ရှေးခေတ် ရခိုင်စိတ္တလင်္ကာရ အနုလက်ရာပန်းဒီဇိုင်းတိ ထုဆစ်ထားပါရေ။ စေတီတော်မှာ ခန့်ငြားထည်ဝါမှုဟိလှရေ စေတီတော်ကြီးတစ်ဆူပင်ဖြစ်ပါရေ။
ကိုးကား
editမြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅