Wp/rki/ရခိုင်အောင်လံတော်လင်္ကာ

< Wp‎ | rki
Wp > rki > ရခိုင်အောင်လံတော်လင်္ကာ

၁။ ကြားပိမ့်ဗိုလ်လူ၊ အံ့ချီးမူလော့၊ သောင်းယူဇနာ၊ မြေမျက်နှာထက်၊ မြောက်မှာအာသံ၊ တောင်ရံသီဟိုဠ်၊ နောက်ကိုလှည့်လည်၊ မရွံ ပြည်နှင့် ဉီးတည်ပိုင်းခြင်း၊ ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ၊ ဉီးညတ်ရာသည်၊ သာယာ ရွက်ဆောင်၊ ရန်ထိုင်းအောင်သည်၊ ဘုန်းခေါင်ဓမ္မရာဇာ၊ ဉက္ကမုမျိုး၊ သမုတ်ရိုးလျှင်၊ စံစိုးသောအခါ ရက္ခပူရ၊ ဓညမြို့ ကြီး၊ တိုင်းလုံးထီးကို၊ ပြီးစီးခန့်ရှည်၊ ရွှေနန်းတည်၍၊ အောင်စည်ညံညံ၊ ဘသိက်ခံက၊ ကျော်သံသတင်း၊ သောင်းလုံး ချင်းမျှ။


၂။ မြင်းလည်းသိန္ဒာ၊ နာဂဆန္ဒန်၊ ရန်မာန်ပယ်လှည့်၊ ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ၊ ပဉ္စဂူကို၊ ကြည်ဖြူ နှစ်သက် နတ်တို့ဆက်က၊ ဘုန်းကြက်သရေ၊ မိုးနှယ်စွေ၏၊ ရွှေငွေရတနာ၊ ပဒေသာသီး၊ ပြီးစီးစေတတ်၊ နတ်သမတ၊ စောင့်သီလနှင့်၊ ဣန္ဒဝဇီရာ၊ အလင်္ကာရ။


၃။ အစဖြန့်ချိ၊ သီရိဓဇ၊ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇဂုရု၊ ရဲးတာစု၍၊ မျက်±ှုခတ်နှိပ်၊ ရွှေတံဆိပ်ကို စိမ့်စိမ့်ကြည်နူး၊ ရွှေနန်းဉီး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ၊ ကောင်းခြီးညာလျက်၊ သာ ယာမြတ်နိုး၊ မေတ္တာòဖး၍၊ ရေမိုးမှန်စွာ၊ မြေသြဇာလည်း၊ ရသာပြည့်နှက်။ အောင်ဆုဆတ်၍၊ ရာသက်တည်းကြောင်း ၊ မျိုးသစ်လောင်းသည်၊ ရိုက်ညောင်းပဲ့တင် ငြိမ့်ငြိမ့်တည်း။