Wp/rki/ရခိုင်သမက်တက်ပွဲ

< Wp‎ | rki
Wp > rki > ရခိုင်သမက်တက်ပွဲ

ရခိုင်လပျိုအပျိုရို့ အရွယ်ရောက်ကေ လူငယ်ချင်းချစ်ကြိုက်ပနာ လက်ထပ်မင်္ဂလာဆောင်စော်တိဟိပိုင် အများစုက မိဘတိ အိမ်ထောင်ဘက်ကို ရွေးချယ်ပီးစော်တွိ့ရရေ။ ရခိုင်လူမျိုးရေ မိဘစကားကိုနာခံတတ်တေ လူတိဖြိုက်ပါပနာ မိဘတိဧ့အစီအမံကိုလက်ခံတတ်လေ့ဟိရေ။ သားသမီးတိအချိန်တန်အရွယ်ရောက်ကေ အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘတိက ရွေးချယ်ပီးစော်ဓ‌လေ့ရေ ရခိုင်လူမျိုးတွင် အဂုချိန်ထိခေတ်စားပနာ ဟိရေ။ ဟိရိုးအစဉ်အဆက် ကျင့်သုံးလာခရေ ရခိုင်လူမျိုးရို့ဧ့ လက်ထပ်မင်္ဂလာပွဲဓလေ့ရေ ဗမာလူမျိုးနန့်မတူ တမူထူးခြားရေ ဓလေ့ထုံးစံတိဖြိုက်ရေ။ ရခိုင်ရိုးရာမင်္ဂလာဆောင်စော် ဗမာရိုးရာမင်္ဂလာဆောင်နန့်မတူ တမူထူးခြားရေ။ သမီးရှင် (သရို့သမီး) နှင့် သမက်ရှင် (သရို့သား) လက်ထက်ထိမ်းမြားရေမင်္ဂလာဆောင်ပွဲကို ရခိုင်စကားမာ “သမက်တက်ပွဲ” ဟုခေါ်ရေ။ ယောက္ခမအိမ်မာ သမက်ရှင်ကိုတင်ပို့ရရေကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်ရေ။ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသော ရခိုင်မြို့နယ် ဒေသတိတွင် အနည်းငယ်ကွဲလွဲချက်ရှိရေ။

မယားလျှာတောင်းရေကိစ္စ

edit

ပထမယောက်ျား‌ချေဘက်က မိန်းမပျိုချေကိုကြိုက်ကေ အရပ်ကလူကြီးမိဘတိဘားက တဆင့်ပြောကြားပနာ ရက်တည့်မတည့် ဇာတာတိယှဉ်ပြီး စိစစ်ရရေ။ ယပြီးကေ ကောင်းရေရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်ရေ။

ရက်သတ်တေ (အသွင်းနှင်းစာနန့် ပန်းဆင်စာ)

edit

စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးသျှင်အိမ်မာ ပြုလုပ်ရေ။

ပထမဦးစွာ သမီးသျှင်ထိုင်ရန်နေရာဧ့ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီး(အိမ်ထောင်ရေနှစ်ဦး) ထိုင်ရရေ။

ဆွေမျိုးတိနန့်ဖိတ်ကြားထားရေ ဧည့်သီတိက ယင်းရို့ဧ့ ရှေ့တွင် နေရာယူရရေ။

ယင်းအချိန်မာ သမီးသျှင်ထွက်မလာရ‌သိပါ။

သတ်မှတ်ထားရေ မင်္ဂလာအချိန်ရောက်တေအခါ သမက်သျှင် (သတိုးသား) ဘက်က ဆွေမျိုးပရိသတ်တိလာရောက်ရေ။

လာရောက်ရေအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းတိနန့်စားစရာမုန့်အချိုတိ၊ ကောက်ညှင်းပေါင်းတိကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရရေ။

ငွေဖလားဦးရေမှာလည်း မဂဏန်းအရေအတွက်တိုင်း ကြိုက်ပိုင်အသုံးပြုနိုင်ရေ။

သမီးသျှင်ရေ အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင် ထိုင်ရရေ။

ပန်းတိ၊မုန့်တိနှင့်အတူ သမက်သျှင်မိဘတိထံမှ သမီးသျှင်အား စေ့စပ်ကြောင်းလမ်းခြင်း၊ ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) သမီးသျှင်ဘက်မှ အမိက ဆင်မြန်းပီးရရေ။ ယနောက် လက်ဝတ်ရတနာတိကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရရေ။

ယင်းရတနာဆင်မြန်းစော်၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးရေအခါ စီးစပ်မင်္ဂလာအောင်မြင်ပါယာ။

မင်္ဂလာလက်ထပ်ဖို့နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရရေ။

ဆွီမျိုးပရိသတ်တိကို မင်္ဂလာရက်ကြေညာပီးရရေ။

ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်တိကို ဧည့်ခံကျွေးမွီးရရေ။

စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုတိကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်တိကို ပြန်ထည့်ပီးရရေ။

သမက်တက်မင်္ဂလာပွဲ

edit

လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို အယင်ကြိုတင်ပြုလုပ်ရရေ။

မင်္ဂလာပွဲတင်ရေ လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်ရေ။

ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရရေ။

မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်တိမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရရေ။

အဘိုးအဘောင်လူကြီးမိဘတိကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူတိက နံ့သာရည်တိဖြင့်ပတ်ဖြန်းခြင်းတိပြုလုပ်ကာ မင်္ဂလာမြှောက်ရရေ။

ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်ရေ။

ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရရေ။

ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်တိမှာ-

• မင်္ဂလာမြှောက်စာ

• မင်္ဂလာထမင်းပွဲပျင်ဆင်စာ

သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားရေ။

ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းတိထည့်၍ တင်ထားရရေ။

ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရရေ။

ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်ရေ။

စပါးတိထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတိမြှပ်နှံထားရရေ။ ရွှေငွေပွားတိအောင် ရည်ရွယ်ခြင်းဖြစ်ရေ။

သမီးသျှင်ထိုင်ရေနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရရေ။

ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရရေ။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရရေ။ ထမင်းလောင်ပွန်းဧ့လက်ဝဲဘက်တွင် လောင်ပွန်းငယ်တိတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရရေ။

ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရရေ။

ရွှေဖရုံသီးချက်ထည့်ရရေ။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရရေ။

ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်ရေ။

မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းတိထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိရေ။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။

အကျိုးအပဲ့အနာအဆာတိမပါစီရန် အထူးဂရုပြုရရေ။

ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရရေ။

အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊

လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်တိနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရရေ။ အညွှန့်ဟိသောအမျိုးသမီးဆိုရေမှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုရေ။ အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရရေ။

ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးတိရှိတွင် တည်ဟိနီရမည်။

ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရရေ။

ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူတိဖြစ်ရေ။

ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချရေ။

သမီးစောင့်စာ

edit

သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နန့်ရင်းနှီးရေ မိတ်ဆွီကုလိမ္မေချေတိ၊ ဆွီမျိုးတိကို ထမင်းကျွေးရရေ။

သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရရေ။

သမက်တက်စာ

edit

သမက်သျှင်ဘက်က သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြီးဝါကြီးတိက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မတိက နောက်မှလိုက်ရရေ။

ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မတိက တယောက်ချင်းတန်းစီ၍ လျှောက်ရရေ။ အုပ်ထမ်းသူတိမှာ မိမ္မချောမိန်းမလှတိဖြစ်ရေ။

ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်ဧ့အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရရေ။

နောက်အုပ်တိတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးတိထည့်ကာ ထမ်းလာရရေ။

အုပ်ထမ်းသူတိအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းတိကို အုပ်တိတွင်ချိုင်နှောင်ထားဟိရေ။

အုပ်တိကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိရေ။ အုပ်ထမ်းသူတိဧ့နောက်နားတွင် သမက်သျှင်အဖွဲ့ပါရေ။

သမက်သျှင်ဧ့ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီတိကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူတိခြံရံလျှက် လိုက်ပါလာရရေ။

၎င်းရို့ဧ့နောက်တွင် သမက်သျှင်ဧ့အပေါင်းအဖော်တိမှာ တေတ္တာနှင့်အိပ်ရာလိပ်တိကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူတိနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရရေ။ သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးတိကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းတိပီးရေ။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရရေ။ ကျန်အုပ်တိကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားရေ။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်ဧ့ရီစင်အိုးနှင့်အတူ ထားရရေ။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်ဧ့အစ်မဆွီမျိုးတိက သမီးသျှင်ကို ပန်းဆင်ပီးရရေ။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းတိပါလာရရေ။

ဥပမာ-

• နှင်းပန်း အီးချမ်းစီရန်

• နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်

• သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်

• အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်

• စံကားပန်း စံစားရစီရန် ပန်းတိပန်းကုံးတိကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရရေ။

ပန်းဆင်ပီးသူက ပန်းတိကို တစုံစီ ငါးစုံဆင်မြန်းပီးရရေ။ ဆံထုံးထဲတွင်လည်း ပန်းကုံးတိထိုး၍ ပန်းပန်ပီးရရေ။

ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရရေ။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီရေ။

အဝင်တွင် သမီးသျှင်ဧ့ညီမအပျိုတိက ခြီဆီး၍ငွေတောင်းခံရေ။

လူပျိုရံတိက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရရေ။

လူပျိုရံ၊အပျိုရံတိ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းရေ။

အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရရေ။

ထို့နောက် သမက်သျှင်ကို သမီးသျှင်ဧ့ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရရေ။

ထိမ်းမြားပီးသူတိက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးတိကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းတိဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရရေ။

ထို့နောက် မောင်နှံအစုံအပါအဝင် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာတိအားလုံးကို ပရိတ်ခြည်မျှင်တိဖြင့်ရစ်ပတ်ပီးရရေ။

ထို့နောက် သမက်သျှင်ဧ့ညာလက်နှင့် သမီးသျှင်ဧ့ညာလက်ကိုပေါင်း၍ ခြည်မျှင်တိဖြင့် ရစ်ပတ်ပီးရရေ။

လက်ထပ်ပီးသည့်အမျိုးသမီးကြီးတိက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်တိဖြန်းကာ ဆုတောင်းမိတ္တာပို့ရရေ။

ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်တိကိုပေါင်းပြီး ရီစင်သွန်းလောင်းရရေ။

သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရရေ။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်ရေ။

အဓိပ္ပာယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်ရေ။

မိဘကန်တော့စာ

edit

သရို့သမီးရှေ့တွင် သရို့သားဖခင်၊ သရို့သားရှေ့တွင် သရို့သမီးဖခင်ရို့က နေရာယူရရေ။

သရို့သားသရို့သမီးရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပေးခြင်း၊ မိခင်တိအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းရေ မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်ရေ။

လက်ဆုံစား

edit

စာ မိဘတိကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရရေ။

စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရရေ။

လက်ဖွဲ့စာ

edit

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီတိက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေတိထည့်ရရေ။

လက်ဖွဲ့လက်ခံပြီးသောဖလားကို် သမက်သျှင်က သမီးသျှင်ကိုအပ်ရရေ။

သမီးသျှင်ကကန်တော့၍ လက်ခံယူရရေ။

သျှောင်ချသျှောင်တင်

edit

သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်ဧ့သျှောင်ကိုချွတ်ယူကာ မိမိဧ့သျှောင်ကိုဆောင်းပေးရရေ။

သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရရေ။

သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရရေ။

မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံတိက ရွှေကြိုးတားထား၍ ကြိုးတားခပီးရရေ။

နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရရေ။

(၇)ရက်လည်စာ

edit

သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်တိရေ သမက်သျှင်ဧ့မိဘအိမ်သို့ မိုးထက်မှစ၍လည်ရရေ။

သမက်သျှင်ဧ့မိဘ၊ အဘိုးအဘောင်တိကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရရေ။

ညဇာစားပြီးမှပြန်ရရေ။

သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးရေ အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့ရေ။

ရခိုင်လူမျိုးတိရေ မင်္ဂလာပွဲကို ဝါတွင်းနှင့်ပြာသိုလတိတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလတိမာ အတိဆုံးကျင်းပပြုလုပ်ရေ။

ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်ရေဟု အယူဟိရေ။

ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်တိစွာဟိရေ။

ထိုချမှတ်ထားသောစည်းကမ်းချက်တိကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲရေ ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်ရေ။

ရခိုင်လူမျိုးရို့ဧ့ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆတိဖြစ်ရေ။

ကိုးကား

edit

1. မောင်အောင်မွန်။ သားချင်းတိအကြောင်းတစေ့တစောင်း။

2. တက္ကသိုလ်သျှင်သီရိ။ ပြည်ထောင်စုသားတိဧ့ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့တိ။

3. ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) (၂၀၀၇)။ မြတ်ပန်းသဇင်။