Wp/rki/ရခိုင်လျှောက်ထုံး(၆၅)

< Wp‎ | rki
Wp > rki > ရခိုင်လျှောက်ထုံး(၆၅)

အင်းဝကိုမတိုက်သင့်ကြောင်း လျှောက်ထုံး edit

သက္ကရာဇ် ၁၀၉၉-ခု ရောက်ရေအခါ စန္ဒဝီဇယမင်းဧ့ညီတော် အိမ်ရှေ့မင်း ရေ မိဖုရားရွှေရည်နန့်ဘိသိက်ခံပနာ ရွှေနန်းတက်တော်မူရေ။ မင်းကို မှူးမတ်ပြည်သူ ရို့ရေ ချစ်ခင်မြတ်နိုးရှိလီရေကြောင့် မေတ္တာရစ်ရာဇာဟူရေအမည်ကို မှည့် ခေါ်ကြရေ။ သူငယ်တော်သူကြီးကို လကျာ်မြန်အရာ ပီးတော်မူရေ။ ပိုက်ရေ ပိုင်အမတ်ကို သံတောင်စားအရာ ပီးတော်မူရေ။ ကိုယ်ရံကြီးအမတ်ကား ရဲအောင် ဖြစ်လီရေ။ ရဲအောင်ရေ အမတ်ကြီးမဟာပညာကျော်အနွယ်ဖြစ်ရေ။

ထိုမင်းလက်ထက် သက္ကရာဇ် ၁၁၀၄-ခုတွင် အရှေ့ပြည်က ငစံဦး၊ ငရွှေလှီာ်၊ ငပုညိုရို့သုံးယောက်ရေ ယောကျာ်းမိန်းမ လူပေါင်းတစ်ထောင်နန့်ဝင်ရောက်လာပနာ မေတ္တာရစ်မင်းထံလျျှောက်ထားရေကား-

အသျှင်မင်းမြတ်။ အင်းဝြုမို့မင်းရေ အကျင့်ပျက်ပနာ မှူးကောင်း၊မတ်ကောင်းရို့ စကားကို မနာယူ၊ သွမ်းသွပ်ရေအလီ့အလာကိုသာြုကိုက်လီပနာ တိုင်းပြည် မငြိမ် မသက်ဖြစ်လျှက် ဆူပူရေင်းကျန်းတိပါရေ။ ပြည်သူ ညှိုးငယ်ရှိပါရေ။ ချီသိမ်း တော်မူကေ လွယ်ကာနန့်ရပါမည်ဆိုပနာ လက်ဆောင်ပစ္စည်း ပိုးထည်ငါးဆယ်နန့် မြင်း ကောင်းငါးစီး ဆက်သလီရေ။ယင်းရေအခါ ပညာရှိအမတ်မျိုး ကိုယ်ရံကြီးအမတ် ရဲအောင်လျျှောက်ထုံးကေကား-

အသျှင်မင်းမြတ်။ ငရွှေလှီာ်၊ ငစံဦး၊ ငပုညိုရို့လျျှောက်ရေ စကားအတိုင်း အကယ်ပနာမှန်စီကာမူ၊ ဥပမာထုံးကေကား ပျားရို့ရေ အပေါင်းအစည်းြုပုပနာ ပျား အတိ အုံဖွဲ့ပနာနီကြရေအခါ သဘာဝအလျျှောက် ရောက်ရာပျံလား နီတတ်ကြရေ။၂၀၂ ထိုပျားအုံကိုလူတွိ့ပနာ ဖွတ်ရေအခါ မိမိရို့သားမြေးရှိရာ သင်းပင်းစုလျက် မကွဲမလား စုပေါင်း ညီညာကြလျက် တတ်နိုင်သမျှ ကိုက်ခဲတုတ်ခတ်တိုက်ခိုက်ကြပါရေ။ ထိုပျား နန့်စာမူ လူကေကားဆိုဘွယ်မရှိ။ မိမိရို့တိုင်းသားချင်းတွင် အချင်းချင်း နိုင်နင်းြုပု လျက်ရှိစီကာမူ မညီမညွတ် မဆိုနိုင်ရာ။ တိုင်းတစ်ပါးက ဖျက်ဆီးမည်ရောက်လတ် ကေ ကိုယ်စီအရီးနန့်ချည်းဖြစ်ရေ။ သားမယား၊ မိဘဆွေမျိုးကျေးကျွန်၊ ပစ္စည်းဥစ္စာ၊ အိုးအိမ်ရို့၌ ခင်တွယ်လျှက်နန့်ချည်းဖြစ်ရေ။ အသီးသီးအချင်းချင်းရေ ပေါင်းစည်း ကြပြီး ရန်မူခုခံတိုက်ခိုက်ကြမည် အမှန်ဖြစ်ပါရေ။

လူသတ္တဝါရို့ဓလီ့ မနိုင်ရေအခါမှ လွတ်ရာလွတ်ကြောင်း တောတောင်ကြီးရာ ခိုမှီး ထွက်လားလီရာရေ။ ယင်းရို့မခံ ခုခံတိုက်ခိုက်ချေကလည်း ကိုယ့်လူအတိ သေဆုံးပျက်စီးမှ သူ့လူကိုရပါမည်။ သူ့လူလည်းအတိပင် သေကြေပျက်စီးခြင်းသို့ ရောက်ရာရေ။ ရှေးသူဟောင်းစကား၌လည်း-

တစ်ယောက်ချမ်းသာ၊ ကိုယ့်ဘို့ရှာပနာ၊ သတ္တဝါပေါင်း၊ ဆုံးကြောင်းပျက်ရ၊ အဓမ္မ မှု၊ သူြုပသူ့ဝန်၊ သုခံခေတ္တ၊ ရေပွတ်မျှကို၊ နိစ္စထင်မှား၊ တောသားမုဆိုး၊ အားြုကိုးမာန် တက်၊ လက်နက်စွဲကိုင်၊ ထိုြုမိုင်ထိုတောင်၊ ကုန်အောင်လှည့်ပတ်၊ သားငါးသတ်သို့၊ မတတ်စရာ၊ ပမာထိုတူ၊ အယူမှောက်လှန်၊ ကျေးကျွန်ကိုယ့်သား၊ သူတစ်ပါးကို၊ မုန်း ထားရန်စစ်၊ လောဘမြစ်ကို၊ နှုန်ပစ်လီပြီး၊ မင်းထီးစောထွတ်၊ နွယ်တော်မြတ်ရို့ ဟူပနာ ရှေးထုံးအဆိုရှိပါရေ။ ကျမ်းဂန်အလာ၌လည်း-ဟောရာဇာ-အကြင်မင်းရေ၊ အဇေ ယျံ-မအောင်အပ်ရေအမှုရို့ကို၊ ဇေယ-အောင်ခြင်း၊ အောင်စီတတ်ရေ၊ ရေရာဇာ - ထိုမင်းရေ၊ နရာဇာ-မင်းမမည်ရာ၊ အသေဝနာစ-သူမိုက်အလယ်၌၊ ပဏ္ဍိတောပညာရှိရေ၊ ဓမ္မံ-တရားကို၊ နဘနန္တီ-မပြောမဆိုရာ။ အသေဝနာစဗာလာနံ- သူမိုက် အလယ်၌၊ ဓမ္မံ- တရားကိုဆိုလီ့ရှိရေသူမူလည်း၊ နသန္တော- သူတော်ကောင်းမဟုတ် ရာ။

ယင်းသို့ ထုံးသက်သေနန့်လျျှောက်လီကေ မင်းကြီးြုကိုက်တော်မူလီရေ။ င ရွှေလှီာ်၊ ငစံဦး၊ ငပုညိုရို့နန့်ပါရေသူရို့ကို ပေချောင်းတွင် ချထားတော်မူရေ။ ထို လူရို့ဖြင့် လေးကြော့အစို့ဖွဲ့တော်မူရေ။ ငပုညိုကိုလည်း လေးခက်တောင်းစားအရာ ခန့်တော်မူရေ။ အမတ်ပညာရှိကိုယ်ရံကြီးရဲအောင်ဧ့သား အကြီးမြကျော်ဦးကိုလည်း သမီးတော်မြတ်ဘုန်းြွကယ်နန့် ပီးမြားတော်မူပနာ လရေင်းသွေးကျေးစား၊ ကောင်းကျော် ထင်ကျေးစား၊ သူငယ်သွေးကျေးစား၊ ဤသို့ကျေးစားအရာ သုံးထပ်ပီးတော်မူပြီးမှ အ မိန့်တော်ရှိရေကား-

အမတ်တော်ကိုယ်ရံကြီးရို့အမျိုးရေ ပတ္တမြားကျောက်ကောင်းနန့် တူရေ။ ထီးနန်းမင်းဆက် အရှည်ဆက်ကာ မင်းတိုင်ပင်အမတ်ချည်း ထွန်းလျက်လာရေ။ မင်းအားလည်း ပြစ်မှားရေမရှိ။ မင်းမမှားစီရ။ လျျှောက်ထားပနာ လာခရေ့အမျိုး။ ပညာရှိအရာ အင်္ဂါပြည့်စုံစွာနန့် ရာဇဝင်သမိုင်းထွက်ရှိရေ။ အရသာဩဇာရှိရေအပင် အသီးရို့ကို မျိုးစီ့မပျောက်စီရ။ ကောင်းမွန်စွာပျိုးရသကဲ့သို့ အမတ်ကြီးသားအငယ်ရွှေသဲကိုလည်း သားအမှတ် ငါမွေးတော်မူမည်။ နို့ထိန်းအချီအယ အစုံပီးတော်မူပြီး ကေ မိဖုရားကြီးသို့အပ်တော်မူပနာ နန်းမှာ ထားတော်မူလီရေ။

မေတ္တာရစ်မင်းရေ နန်းစံငါးနှစ်၊ သက္ကရာဇ် ၁၁၀၄-ခုနှစ်တွင် နာမကျန်းဖြစ်ပြီး လွန်တော်မူရေ။[1]

ကိုးကား edit

  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း edit

    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ