မင်းခမောင်းသားတော် သီရိသုဓမ္မရာဇာလက်ထက်သူငယ်ရို့ဆိုရေစကားကို အမတ်ငလက်ရုံး လျှောက်ထုံး
editမင်းခမောင်းလွန်ပြီးနောက် သားတော်အိမ်ရှေ့မင်း မင်းဟရီရေမိဖုရား နတ် သျှင်မယ်နန့် သက္ကရာဇ် ၉၈၄-ခု၊ နယုန်လဆန်း ၁၀-ရက်နီ့တွင် ပြည်ထီးနန်းကို သိမ်းမြန်းစိုးစံတော်မူလီရေ။ နန်းတက်ရေအခါ သီရိသုဓမ္မရာဇာ အမည်ကို ခံတော်မူရေ။ ထိုမင်းလက်ထက်တွင် အမတ်ပညာဝံသသား လေးြုမို့စား ငလက်ရုံး လည်းတစ်ယောက်၊ လောင်းကြက်ြုမို့စား ငကုသလလည်းတစ်ယောက်ရှိရေ။ လောင်းကြက်ြုမို့စား အမတ်ငကုသလနန့် မိဖုရားနတ်သျှင်မယ်ရို့ ချစ်ြုကိုက်ကြ ရေ။ ငကုသလရေ ယတြာအတတ်၌ အလွန်ပင်ကျွမ်းကျင်ရေ။ ထိုအတတ်ဖြင့် ပြည့်သျှင်မင်းကိုကြံဧ့။ အင်းအိုင်မန္ဓာန်ယတြာတိ စီရင်ပြီး နှံနှိမ်ခြင်းြုပုရေ။ ထိုသို့ြုပုပြီး မင်းကြီးထံ လျျှောက်ထားရေကား- အသျှင်မင်းကြီးဆင်ဖြူတော် ရောက်ပါလိမ့်မည်။ ဆင်စာစပါးဟိန်းစွကို ရေကန်တူးပနာ ချထားရပါမည်။ ဤသို့လျျှောက်ထားပြီး ဆင်စာ စပါးဟိန်းစွကို ရေကန်တွင်ချထားစီပြီး သူငယ်ရို့ကို ငကုသလသင်ပနာ ဆိုစီရေကား- ညောင်ပင်ကြီးရင်း၊ ဟိန်းစွခင်း၊ မင်းထီးရို့သျှင်၊ ဘုရင်နန်းရဖြစ်လိမ့်မည်။ ယင်းသို့ သူငယ်ရို့ဆိုရေစကားကို ပညာရှိငလက်ရုံးကြားကေ ပြည့်သျှင်မင်း သီရိဓမ္မရာဇာထံ လျျှောက်ထားရေကား-
အသျှင်မင်းမြတ်။ ဟိန်းစွရေအင်္ဂါနံ၊ ဟီန္နဟူရေအမှုရေ ယုတ်ရေစကား အသျှင်မင်းကြီးလည်း နံတော်အင်္ဂါသား၊ နံကိုဆင်စီးနင်းရေ။ ဗုဒ္ဓဟူးသား အမတ်၁၉၀ လောင်းကြက်စား ငကုသလဖြစ်ပါရေ။ ဆင်ကား ရောက်မည်မဟုတ်ပါ။ ဆင်နံ ဗုဒ္ဓဟူးသား မင်းဖြစ်လိုရေကြောင့် တပေါင်ကို ငကုသလလုပ်ထားပနာ အသျှင်မင်းကြီး ကိုယ်တော်၌ ယခုဝေဒနာ ကပ်ရောက်လျှက်ရှိပါရေ။ ခုနှစ်လနန့် အသျှင်မင်းကြီး နတ် ရွာလွန်တော်မူမည် အမှန်ဖြစ်ရေ။ လျျှောက်လီကေ ပြည့်သျှင်မင်းကြီးမယုံပနာ ငါ့ကို ထင်မြင်အောင်ပြရဦးမည် အမိန့်တော်ရှိလီရေ။ သို့ကြောင့် အမတ်ငလက်ရုံးရေ လူ တစ်ယောက်ကို ြုမို့တွင်း၊ ြုမို့ပြင် တြင်းနာချေပြောပနာ စီလွှတ်လီရေ။ တြင်းနာရာကြားခရေတြင်းသံကေကား- မင်းဟရီမှောက်မှား အလားလား ဟရီလည်းသေ၊ ပြည်လည်းကြေ ဟူရေ ပထမတြင်း။
ကျွန်နန့်မတန်၊ မင်းဖြစ်ကြံရေ၊ အမှန်တန့်တန့် ခုနှစ်လတွင် မင်းဖြစ်အံ့ ဟူ ရေ ဒုတိယတြင်း။
ဖွတ်ကမီးချောင်းဖြစ်ကေ၊ ချောင်းမြစ်မခံသာ၊ ကျွန်ကသူကောင်း ဖြစ်ကေ တိုင်းပြည်မစည်ရာ တတိယတြင်း၊ ယင်းသို့တြင်းသုံးရပ်အလိုကို အမတ်ပညာရှိ ငလက် ရုံးလျျှောက်ရေကား။
အသျှင်မင်းမြတ်။ ငယ်မည်ကေကားမင်းဟရီဖြစ်ပါရေ။ အသျှင် မင်းလည်းသေ တိုင်းပြည်လည်းကြေပါမည်။ ကျွန်ကသူကောင်းဖြစ်မည်မှာ ငကုသလ ဆင်နံမင်းဖြစ် မည့်အကြောင်းဖြစ်ပါရေ။ ငကုသလလက်ထက် နိုင်ငံပြည်သူ သတ္တဝါရို့ မီးကဲ့သို့ ပူပါ လိမ့်မည်။ လျျှောက်ထားလီရာ အရီးမြုပ နီလီရေ။ သီရီသုဓမ္မရာဇာ မင်းကြီးကို မိဖုရားနတ်သျှင်မယ်က လှည့်ပတ်ဖျားယောင်းလျျှောက်ထားရေကြောင့် ယုံကြည်တော်မမူ ရှိလီရေ။ ငကုသလအမတ်ကို မည်သို့မျှအပြစ်မြုပ၊ အရာမပျက် ချမ်းသာစွာထားလီ ရေ။ ထို့ကြောင့် အမတ်ငလက်ရုံးရေ စိုးရိမ်ခြင်းတိစွာဖြစ်လီရေ။ ပညာနည်း ရေ ဤမင်းထံ ဆည်းကပ်ပနာနီချေကေ နောင်အပြစ်ကြီးစွာဖြစ်ရာရေဟူပနာ မင်းထံ ခွင့်တောင်းပြီး ရဟန်းြုပုပနာနီလီရေ။ ခုနှစ်လစီ့ရေကာလ ဝေဒနာပြင်းထန်စွာ တိုးလတ်ပနာ မင်းကြီးလွန်တော်မူရေ။[1]
ကိုးကား
edit- ↑ ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃
ကျမ်းကိုးစာရင်း
edit- ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
- ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
- ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
- ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
- ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
- ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
- ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
- ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
- ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
- ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
- ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
- ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
- ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
- ၁၆။ မောင်ပုံရာဇဝင် ပေမူ
- ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ