ပဲခူးမင်းတမန် စကားတောင်စားအရီး၌ လျှောက်ထုံး
editတစ်ရံရောအခါ ပဲခူးမင်း ကျော်ထင်နီာ်ရထာက စကားတောင်စားကိုစီ၍ သမီးတော်မြတ်သျှင်စီာကို ပဲခူးမင်းဧသား မင်းသားသစ္စာသို့ ပီးပါမည့်အကြောင်းနန့် အစီရောက်လာရေ။ ပြည့်သျှင်မင်းက အမတ်ကြီးမဟာပညာကျော်သို့ မေးတော်မူ လီကေ အမတ်ကြီးလျှောက်ရေမှာကား-
အသျှင်မင်းမြတ်။ ပဲခူးမင်းကျော်ထင်နီာ်ရထာအနွယ်ရေ၊ မူလအစ ဆွာချောင်း နား၊ ကမ်းပါးမြင့်ရွာစားဧသား သဝန်ကြီး၊သဝန်ငယ်နှစ်ဦးရို့ရေ တောင်ငူြုမို့ကို တည် ကာ မင်းြုပုလျက် အုပ်စိုး၍နီကြရေ။ ထိုစဉ် ထီးလိုင်သျှင်ဖက်တွင် အရေသားတစ် ယောက်ယာထွန်နီစဉ် ချွတ်ထားရေ အင်္ကျီပေါ်တွင် ေြွမငန်းကြီးရေ အခွြေုပုပြီး နီလာရေ။ ဒေပိုင်ခေတ္တနီပြီး ေြွမငန်းကြီးရေ တောင်ဘက်အရပ်သို့ ထွက်လား လီရေ။ ေြွမငန်းကြီးလားလီရေကို ထီးလိုင်ကျောင်းပုဂ္ဂိုလ်မြင်လီ၍ တောင်ဘက် တွင် ကောင်းစားမည်ဆိုလီရေ။ ယင်းချင့်ကြောင့် ထိုလယ်ထွန်ယောကျာ်းရေ တောင် ဘက်သို့လာခပြီး၊ ကင်းသာအရပ်တွင် နီထိုင်လီရေ။ ထိုသူရေ မိဘမဟိရေ ကရင် မငယ်ကို မွေးစားရေကြောင့် ကရင်ဘ ခေါ်ကြလီရေ။
ထိုကရင်ဘ၌ လူသူအပေါင်းအဖက်တိလာရေ။ ကရင်ဘရေ တောင်ဘက် သို့လား၍ ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်းတွင် ရွာတည်၍နီလီရေ။ ထိုရွာ စည်ပင်ကြောင်းကိုကြားကေ တောင်ငူဘုရင် သဝန်ကြီးသဝန်ငယ်ရို့ရေ ကရင်ဘကို ခေါ်ပြီး ထောင်မှူးခန့်လျက် တောင်ငူတွင် မင်းဖြစ်လီရေ။ ထိုကရင်ဘမှဆင်းသက်ပြီး မင်းတရားရွှေထီးအနွယ်ဖြစ်လာပါရေ။ မင်းတရားရွှေထီးအနွယ်ရေ ပဲခူးမင်းကျော်၁၆၂ ထင်နီာ်ရထာ ဖြစ်လာလီရေ။ သာကီဝံသမဟာသမ္ဘဝ၊ စူဠသမ္ဘဝ၊ သားတော်ဖြစ် ရေ သရေခေတ္တရာပြည့်သျှင် ဒွတ္တပေါင်မင်းကြီး အနွယ်တော်မဟုတ်ပါ။ ဒေချင့်ပိုင်ရာတွင် သာကီဝင်မင်းမျိုးမဟုတ်ရေ ဇိနင်္ဂလအမျိုးမင်းရို့ရေ တရားမစီာင့် ဝိလုပ္ပန္နော လု ယက်ဖျက်ဆီး ကြမ်းတမ်းဆိုးသွမ်းကြောင်းကိုလည်း ကျမ်းဂန်၌-
ဒုအာရက္ခန္တော။ တရားမစီာင့် ဒုစရိုက်တရားဆယ်ပါးနန့် နီလေ့ဟိရေသူရို့ ရေ၊ ကုဒါ-မစင်ဘင်ပုတ်၌၊ သူကရော-ဝက်ရေ မစက်ဆုပ်သကဲ့သို့၊ ပါပံ-မကောင်းမှု ကို၊ ဗာလော- သူမိုက်ရေ၊ နပဿတိ-မစက်ဆုပ်၊ သာက-မီး၌၊ ဝါပကာ-ပိုးဖလံရို့ ရေ မကြောက်သကဲ့သို့၊ ဗာလော-သူမိုက်ရေ၊ ပါပံ-မကောင်းမှုကို၊ နပဿတိ-မ ကြောက်တတ်။
ထိုသို့ကျမ်းဂန်လာရေ့အတိုင်း သူမိုက်မာနရေ တံခွန်လွှားလျက်ဟိပါရေ။ ဂုအကြည်တော် ပဲခူးမင်း တမန်စကားတောင်စားရေလည်း၊ တရားအလွတ် စကား တတ်ဖြစ်ပါရေ။ ရှေးပညာဟိ အမှာကျမ်း၌လာရေ ရန်အောင်ရာရေအကြောင်းမှာ
ဇပ္ပေန မန္တေန သုဘာသုတေန
အနူပ္ပဒါဒေန ပဝေဏိယာဝါ
ယထာယထာ ယတ္တလ ဘေထအတ္တံ
တထာ တထာတတ္တ ပရတ္တမေယျ။
ထိုသို့ဆိုခပြီးရေ အဓိပ္ပါယ်ကေကား-
အသျှင်မင်းမြတ်။ ။ဇပ္ပေနအင်းအိုင် ဆေးဝါးမန္တရားဖြင့်လည်းကောင်း ရန်ကိုအောင် ခြင်း။ မန္တေန- ပညာဟိရို့နန့် နှီးနှောတိုင်ပင်ခြင်းဖြင့်လည်းကောင်း ရန်ကိုအောင်ခြင်း။ သု ဘာသိတေန-ချစ်ဘွယ်ရေစကားကို ဆိုခြင်းဖြင့်လည်းကောင်း။ အနူပ္ပါဒါနီန-တံစိုးသ ပြာ၊ ရွှေငွေလက်ဆောင်ပီး၍လည်းကောင်း။ ပဝေဏိယာဝေ- အဆွေအမျိုးြုပု၍လည်း ကောင်း ရန်ကိုအောင်ခြင်း။
ယထာယထာ-အကြင်အကြင်သို့ရေ အခြင်းအရာဖြင့်၊ ယတ္တ အကြင်အကြောင်း ဟိရာ၌၊ အတ္တံ- အကျိုးစီးပွားရို့ကို၊ ပရတ္တမေယျ-လုံ့လဖြင့် ဆောင်ရာရေ။ ထိုသို့ ထုံး ဟောင်းကျမ်းလာဟိရေ့အတိုင်း တမန်ရောက်ရာ ရှေးအမှာနိဒါန်းမှလည်း-
ရာဇဝသတီ၊ အညီကျဉ်းရုံး၊ နိဒါန်းကုံးပိမ့်၊
ရှေးထုံးစဉ်လာ၊ ပြည်အောင်ချာဝယ်၊
မဟာဓမ္မရာဇ်၊ တက်သစ်နီနွယ်၊ ဘုန်းတော်ြွကယ်၍၊ အံ့ဘွယ်မကုန်၊ သိမ်းပိုက် ြုခုံရေ၊ ဗိုလ်ပုံတိုင်းလုံးချစ်ဧ။ ဆန်းသစ်စလပမာ၊ ကျက်သရေမျိုး၊ စုံပြည့်ြုဖိုးရေ၊၁၆၃ တန်ခိုးမင်းအာဏာတည်း။
ပညာတော်မြေအထု၊ စုံစီ့မြောက်မြား၊ မှူးမတ်အားလည်း၊
ရည်လားသိအောင်ြုပလော့။ လူမှုအလွန် ခက်လှစွာ၊ ပြည်သူကိုယသား၊ ယွင်းမမှားအောင်၊ ထားရရေ့မေတ္တာနန့်၊ ရှေးထက်စဉ်လာ မင်းရို့တမ်း။ တစ်တိုင်းတစ်ပြည် အတည် တည်ကို၊ လှည့်လည် သံစီခန်း၌။ ထောက်လှမ်းမျှော်ရှုြုပအပ်ရာ၊ သူကစီပြန်၊ အတန် တန်ရေ၊ တမန်ရောက်ရို့လာက၊ အင်္ဂါ မူလလူ့အနီ၊ မင်းရို့ဓလေ့၊ သိစုံစီမှ၊ အတွိ့ ခံသင့်ပေဧ။ စာပေမပါ၊ လူဧချည်းလာတိမြောက်ပဏ္ဍာ၊ မင်းကိုသာကေ၊ ဆက်ရာ အနည်းနည်းနန့်၊ ကပ်ချည်းလိုကြောင်းဆိုပစီ။ မင်းရို့ကျင့်ဝတ်၊ယွင်းမချွတ်က၊ လာဘ် မငဲ့သာ၊ သဝဏ်စာမူ၊ မပါမှန်ရို့ချေက မင်းစီတမန်သင်း မဟုတ်၊ နှုတ်ပရိယာယ် အသွယ်သွယ်ကေ၊ ဥပါယ်ဉာဏ်ဝေဝုတ်နန့်၊ သူယုတ် မှန်တည့်ရေအခါ ထိုက်ရာပြစ် ထား၊ ဖြောင့်ပေငြားမူ၊ ပြန်လားစီရို့ရာဧ။ တမန်အင်္ဂါစုံစီလှ၊ သဝဏ်လည်းပါ၊ ဖြစ် ပေလာကေ၊ ပညာပဏ္ဍိတနန့် ညှိနှိုင်းယူဆမေးမြန်းစီ။ မင်းချစ်စုံမက်၊ မိတ်ဆွေဆက် ရေ၊ ရန်ဖက်ရန် အပြေဟု၊ တမန်သုံးတွေ ဟိစရိုးကောင်းကျိုးအမှန်၊ စီရေ့သံမူ၊ မင်းထံဝင်ထွက်၊ စဉ်မပျက်အောင်၊ နှုတ်ဆက်ြုပုရမျိုးတည့်။ ရန်ပျိုးရန်စ၊ ရောက်ပေလာ။ ငြူစူအမျက်၊ ပြင်မထွက်ဘဲ ၊ ချစ်လျက်ကဲ့ပမာသို့၊ ကောင်းမွန်လှစွာကျွေးမွေးနည်း။ သူရဲသူခက်၊ ဗိုလ်လက်နက်ကို၊ ဝင်ထွက်သိစီပြီးမှ နှစ်လည်နီ့လ၊ရှည်မကြာ တာရှည် မညောင်း၊ ပြန်သင့်ကောင်းရေ။ ထုံးဟောင်းမှန်ဘိ၊ ဉာဏ်ကဝိ။ ဒေပိုင် ရှေးပညာဟိရို့ အမှာလာရေနန့်အညီ၊ ဂုရောက်လာရေ တမန်တော်စကားတောင်စား၌လည်း သဝဏ်ရွှေပေပါလျက် အစုံနန့်ဖြစ်ပါရေ။ အတွိ့ခံတော်မူ၍ အကြည်တော်ကပီးရေ သဝဏ်ရွှေပေပါရေ့ အတိုင်းအမျိုးအနွယ်တော်ဆက်ကြမှ နှစ်ပြည်ထောင်သတ္တဝါ ငြိမ်း ချမ်းပါမည်။ ထုံးဟောင်းသက်သေနန့် အမတ်ကြီးလျှောက်လီရာ ပြည့်သျှင်မင်းမြတ်လည်း ကြည်လင်တော်မူလီ၍ တမန်စကားတောင်စားနန့် အတွိ့ခံတော်မူလီရေ။ ပြည့်သျှင်မင်းက တမန်စကားတောင်စားကို ဟံသာဝတီပြည့်သျှင် အကြည်တော် ကျန်းမာပါဧလော။ မေးတော်မူရာ ပဲခူးမင်းတမန် စကားတောင်စားက ရာဇဓိရာဇာဖြစ် တော်မူရေ အကြည်တော်ကျန်းမာတော်မူပါဧဟု လျှောက်ထားရေစကား ကြားတော် မူလီကေ-ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိရေကား-တမန်စကားတောင်စားရေ မောဟဖုံးလွှမ်းရေ ကေဝဋ်ပုဏ္ဏား အမျိုးဒေါသလွန်၍ အယုတ်အမြတ်ကို မသိတတ် ရေသူဖြစ်ရေ။ လာရင်းအတိုင်း ပါရင်းရိက္ခာကိုစား၍ပြန်စီ အမိန့်တော်ဟိလီကေ ယင်းရေအခါ အမတ်ကြီး မဟာပညာကျော် လျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ ဘုရားသခင်ဆုံးမတော်မူရေ သာသနာတော်ကို မတည်ရေ၁၆၄ သူရေ၊ တရားလွတ်ကင်း၍အဓမ္မြုပခြင်း။ အဓမ္မဆိုတတ်ပြော တတ်ရေအလေ့ဟိခြင်း ကြောင့် နှလုံးလှဆိုရာ၌လည်းလက်ရုံး အားကိုးစကား ပါလျက်ဟိကြောင်း ထုံးဟောင်းဟိပါ ရေ။ စကားတောင်စားအသျှင် ပဲခူးမင်းလည်း နှလုံးရည်ကိုသုံးရေမင်းမဟုတ်ပါ။ လက်ရုံး ရည်ကိုသာြုကိုက်တော်မူရေ မင်းဖြစ်ပါရေ။ မြတ်စွာဘုရား ဆုံးမတော်မူရေ မင်း ကောင်းမင်းမြတ်ရို့ စီသုံးအပ်ရေသူလေးယောက်ကို ကျမ်းဂန်အဆို၌ လာရေကား- ဥတ္တဌေသူရမိစ ္ဆန္တိ၊ မန္တေသုအကုတူတလံ။
ပီယဉ္စအန္ဒပါနမှိ၊ အတ္တေဇာ တေစ ပဏ္ဍိတံ။ ထိုအဓိပ္ပါယ်ကေကား- ဥတ္တဌယေ- စစ်မြေအရပ်၌၊ သူရံ-ရဲစွမ်းဟိသူကို၊ ဣစ ္ဆန္တိ-လိုကုန်ဧ။ မန္တေသုစကားကောင်းတိုင်ပင်ရေအခါရို့၌၊ အကုတူတလံ-အပြစ်မဟိ ငြင်းခုံခြင်းကင်းရေသူ ကို၊ ဣစ ္ဆန္တိ-လိုကုန်ဧ။ အန္နပါနမှိ-အရသာဟိရေ အစာမျိုးကိုစားရေအခါ၌လည်း၊ ပိယဉ္စ-ချစ်ဖွယ်အမှုဟိရေသူကို၊ ဣစ ္ဆန္တိ-လိုကုန်ဧ။ အတ္တေဇာတေ-ခဲခက်ရေအမှုကို လည်းကောင်း၊ ခဲခက်ရေ အမေးပုစ ္ဆာကိုလည်းကောင်း၊ ခဲခက်ရေအရပ်ဒေသ၌ လည်း ကောင်း ပဏ္ဍိတံ-ပညာဟိရေသူကို၊ ဣစ ္ဆန္တိ-အလုံးစုံပြီးစီသဖြင့်-လိုကုန်ဧ။ ထိုသို့ ကျမ်းဂန်လာရေ။
ထိုမှတုံလည်း မင်းကောင်းယုံအပ်ရေသူ ပညာဟိအင်္ဂါလေးပါးဟူရာ၌လည်း သု ဘာသိတာ-ပီယဝါစာ၊ ဓမ္မာ၊သစ္စံ၊ကျမ်းဂန်လာရေ့အရကေကား-
၁။သုဘာသိတာ-ကောင်းရေအမှု၊ ကောင်းရေစကားကိုသာဆိုလေ့ဟိခြင်း။
၂။ဆိုရေစကားရေလည်း ပိယဝါစာချစ်ဖွယ်သနားဖွယ်ဟိရေ စကားကို ဆို တတ်ခြင်း။
၃။ ထိုစကားလည်း ဓမ္မာ-တရားနန့်လျော်ညီခြင်း။
၄။ ဟုတ်မှန်ရေအမှုကိုသာကေ ကျင့်ဆောက်တည်၍၊ သစ္စံ-သစ္စာမြဲခြင်း။
ဒေချင့်ပိုင် သူတော်ကောင်းတရား အမှာဟိပါရေ။ မသူတော်စိုးရေအရပ်၌ မ ထွန်းကားနိုင်ရာ။ ပညာဟိသူတော်ကောင်း မထွန်းရေအရပ်၌တရား စီာင့်သုံးမှုမဟိ။ တရားမစီာင့်ချေက သာသနာတော်မတည်နိုင်ရာ။ သာသနာတော်မတည်ရေ အရပ် ရို့ရေ ရက်စက်ကြမ်းတမ်းဆိုးသွမ်းလုယူ၊ နိုင်နင်း နှိပ်စက်၊ လက်ရုံးထောင်လွှား ြုပ လေ့ဟိခြင်းကြောင့် သတ္တဝါရို့ပျက်စီးသေကြေတိ၍ ရန်သူငါးပါး ဆက်ဆံရာဖြစ်လျက် နန့် စည်းစိမ်မတည် ဟိလီရာရေ။ ဒေချင့်ပိုင် ဘုရားစရေ သူတော်ကောင်းရို့ဆိုခရေ ကျမ်းဂန်ထင်ရှား ဟိနန့်ပါရေ။ သူတော်ကောင်းပညာဟိခြင်း ပေါင်းဖက်စီာင့်ထိန်းကေ၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေအကြောင်းကို ဆိုခပြီးရေ ရာဇဝသတီနိဒါန်း၌ လာပြန်၁၆၅ ရေမှာလည်း-
မင်းရို့သိက္ခာ၊ စီာင့်အပ်ရာရေ၊ သာသနာရီး၊ မထွေးစီရ၊ သင်္ဂဟကို၊ နိစ္စြုပ ပေ၊ တိဝေနီအား၊ တရားမှန်ကြောင်း၊ ကောင်းရေလုံ့လ၊ အားထုတ်မှတည့်၊ လော ဘတဏှာ၊ အဝိဇ္ဇာဖြင့်၊ မိစ ္ဆာကျင့်ဆိုး၊ စစ်မထိုးအပ်၊ ပညတ်တစ်ချက်၊ အိပ်စက်ရုန့် ကြမ်း၊ ပွဲလမ်းပျော်ရွှင်၊ ထွက်ဝင်လားလာ၊ မတိစီရာ။ မှုတကာကို၊ ယုတ္တာယုတ္တိ၊ ဆင် ခြင်ညှိ၍၊ ဇာတိမြောက်မြား၊ သူ့စကားကို၊ ကြားကထိုးထွင်း၊ ချက်ချင်းသိပေ၊ ဆိုတတ် စီရေ့၊ ပရမေထူး၊ ကျေးဇူးမြတ်လှ၊ မိဘဆရာ၊ သူနာသူမွန်၊ တမန်တလိုက်၊ နှုတ် ပိုက်တစ်သွယ်၊ သူငယ်တစ်ဦး၊ အရူးကျိုးကန်၊ ရှေးလမ်းသက်သေ၊ ရေမြေသခင်၊ မင်း မာန်ဝင်၍၊ ပြစ်တင်ကျူးလွန်၊ မင်းဒဏ်အာဏာ၊ မပီးရာတည့်၊ ညတကာသားချင်း၊ သင်း ပင်းတစ်ဖေါ်၊ ဆွေမျိုးတော်ကို၊ မလျှော်နှိပ်စက်၊ ရမ္မက်ဖုံးလွှမ်း၊ မညှင်းပမ်းကောင်း၊ တစ် ကြောင်းတစ်မှု၊ သူ့လူကိုယ့်သား၊ မမှားဂတိ၊ မငြိစီရာ၊ ဘဏ္ဍာတုပ်ခွန်၊ မလွန်ရှေးမှီး၊ အသီးအပင်၊ ရေတွင်ခံမှု၊ ဆယ်စုတစ်ပုံ၊ လုံးစုံပြီးပြေ၊ အစီအသုံး၊ ပြည့်ပခုံးက၊ စရေ ရံပတ်၊ အမတ်ရို့မှာ၊ အင်္ဂါရှစ်ပါး၊ ရည်လားနက်တိမ်၊ စည်းစိမ်နိမ့်ဖြင့်၊ ထားသင့်တတ် ငြား၊ ဂုဏ်ကိုးပါးရေ။ မင်းအားနှလုံး စီာင့်ရေ့ထုံး။
ပြည်ကြီးအချာ၊ ရာဇာပဝရ၊ နရိန္ဒရို့၊ ပြည်မှမှုကွပ်၊ ယုံအပ်သူအား၊ ဂုဏ်ရှစ် ပါးမှာ၊ ပညာဆန်းကြယ်၊ ပရိယာယ်လည်း၊ ဆိုဘွယ်မဟိ၊ ကတိမြောက်မြား၊ စကားကွေ့ ကောက်၊ သူတစ်ယောက်လည်း၊ ထွင်းဖေါက်သိတတ်၊ တည့်မတ်သစ္စာ၊ ပဏ္ဍာမြုကိုက်၊ ရင်၌တစ်ပါး၊ မခြားမွန်စွာ၊ အာဏာတန်ခိုး၊ မိုးသို့ထစ်ထစ်၊ ပစ်လိမ့်လန့်ကြောက်၊ တစ် ယောက်မူကုန်၊ ပိုက်ြုခုံတိုင်းရီး၊ မတွေးထင်ပေါ်၊ ရှစ်ရပ်ကျော်၍၊ ပြည်တော်သာဘိ၊ မတ်ကဝိရေ၊ အသိပြည့်စုံ ဂုဏ်ရှစ်ပုံ။
မင်းနန့်အမတ်၊ ညီညွတ်တစ်မူ၊ အကျင့်တူကေ၊ နတ်လူကြည်ညို၊ ဗဟိုရ်အောင် ချက်၊ ထီးကနက်လည်း၊ မပျက်စည်ထွန်း၊ ရွာသွန်းပဇ္ဇုန်၊ လုံရေ မဆောင့်၊ မထောင့်နိုင် ငံ၊ ရေဆန်မရှား၊ တောသားမရဲ၊ ခပဲသတ္တဝါ၊ အနာမထူ၊ မပူငြိမ်းချမ်း၊ မသွမ်းစစ်မက်၊ ခိုးဝှက်မဟိ၊ ဇာတိစင်ကြယ်၊ မြက်နွယ်သစ်ပင်၊ မြင်မြင်သမျှ၊ ဆေးရရေသာ၊ လူသစ္စာ ကြောင့်၊ အနာပျောက်ကင်း၊ ဥပါဒ်သျှင်းဧ။ မင်းလည်းသက်ရှည်၊ ပြည်လည်းကြာညောင်း၊ ခန္ဓာပြောင်းလည်း၊ မကောင်းပါယ်ရပ်၊ မကပ်နိုင်ဘိ၊ ပညာဟိရေ၊ ဇာတိမသုံ နတ်ခြောက် ဘုံ။
ထိုသို့စကားဟောင်း စာတမ်းတွင် ညွှန်ပြထားခရေ ပညာဟိစကား ကျမ်းဂန် ထင်ရှားနန့်ဖြစ်ပါရေ။ တမန် စကားတောင်စား တရားအလွတ် လျှောက်ရေကို၁၆၆ ရီးခံတော်မူမှ ခန္တီပရမံတပေါ-သူတော်ကောင်းတရား ထွန်းလင်းမည်ဖြစ်ပါရေ။ ဒေချင့်ပိုင် လောကဓမ္မအကြောင်းနှစ်ပါးကို ထုတ်ဖေါ်၍ အမတ်ကြီး လျှောက်လီ ကေ ပြည့်သျှင်မင်းမြတ် ချမ်းမြေ့ကြည်လင်တော်မူ၍ တမန် စကားတောင်စားကို ကောင်းမွန်စွာ ထားမြဲပီးကမ်းပြီးရေအခါ နှစ်လကိုဆိုတော်မူပြီးမှ လောကဓမ္မ နှစ်ပါး နားလည် တတ်ကျွမ်းသူ သံတောင်စားနန့်အခါပီး ပုဏ္ဏားတော် စကြာဝတေးကို သံဖက် ၍ ထည့်တော်မူလျက် ပြန်စီရေ။[1]
ကိုးကား
edit- ↑ ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃
ကျမ်းကိုးစာရင်း
edit- ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
- ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
- ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
- ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
- ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
- ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
- ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
- ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
- ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
- ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
- ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
- ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
- ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
- ၁၆။ မောင်ပုံရာဇဝင် ပေမူ
- ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ