ကုလားမျာလီ မီးချောင်းစားအရာတောင်းခြင်းနန့်မိဖုရားကြီးလာဘ်စားမှု လျှောက်ထုံး
editတစ်ရံရောအခါ၌ မီးချောင်းစား သေလွန်လီရေ။ ထိုမီးချောင်းစားအရာကို ခေါင်းထုပ်ကျွန်းနီ ကုလားမျာလီက သပြာတစ်ထောင်ပီးပြီး၊ မိဖုရားကြီးထံ တောင်း ခံလီရေ။ မိဖုရားကြီးလည်း သပြာတစ်ထောင်ယူပြီး၊ မင်းကြီးထံလျှောက်လီရေ။ ထိုအခါမင်းကြီး အမိန့်တော်ဟိရေကား- နံက်မင်းပွဲခံရာ၌ ကုလားမျာလီကို လျှောက် စီတော့ ထိုသို့အမိန့်တော်ဟိရေကြောင့် ကုလားမျာလီရေ နံနက်မင်းပွဲခံရာ ဝင် ရောက်လျှောက်ထားလာရေ။ ယင်းရေအကြောင်းကို အမတ်ကြီး မဟာပညာကျော် လျှောက်ရေကား-
အသျှင်မင်းမြတ်။ ရခိုင်နန့်ကုလားရေ လူချင်းသာတူရေ။ စိတ်ချင်းမတူပါ။ ရ ခိုင်ရို့ မိရိုးဖလာအယူအကျင့်မှာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို အမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်ကြပါရေ။ သို့ဖြင့်သာသနာတော် အရှည်ဆက်ပြီး မပျက်မစီး တည်တံ့လာခပါရေ။ ဒေချင့်ပိုင် ရခိုင်နှင်ကုလား အယူမတူချေ။ ကုလားရို့ရေ ရုပ်ပွားဆင်းတု၊ ဓါတ်တော် မွေတော်တိကို အဉ္စလီ လက်အုပ်ချီမိအံ့၊ လက်ကိုဖြတ်၍ပစ် စီ၊ ဒေချင့်ပိုင် ကုလားဘုရားအမှာ ကျမ်းဂန်ဟိရေဆိုရေအယူနန့် နီသူတိဖြစ်ပါ ရေ။ ရခိုင်ရို့ မင်းကျင့်ဝတ် သင်္ဂဟတရားလေးပါး၌လည်း မြတ်စွာဘုရား အယူတော်ကို ပြည်သူရို့အား ညွှန်ပြဆုံးမတတ်မှ မင်းကောင်း၊ မင်းမြတ်ဟူ၍ ရခိုင်ရို့ဘုရား ဗုဒ္ဓဘာ သာ ကျမ်းဂန်လာပါရေ။
ကုလားနီရပ်ကျေးရွာမှာ ရခိုင်ကိုမှူးမတ်တင်ကေ ကုလားအယူကွယ်၍ ရခိုင်၁၂၇ အယူသို့ရောက်အောင် သွေးဆောင်ပါသမျှရေ မင်းမှူးမင်းမတ်၌ အကျိုးလိုရာရောက် ပါရေ။ မင်း၌လည်း သင်္ဂဟတရားတည်ပါရေ။ ဒေချင့်ပိုင်မဟုတ် ရခိုင်ရို့ြုမို့ကျေးရွာ တိမှာ ကုလားကိုမှူးမတ်ထားလီကေ ကုလားအယူသို့ပါအောင် သွေးဆောင်ြုပလီ ရာ ရခိုင်မှာ ဗုဒ္ဓါဘာသာတရားကွယ်လွတ် ကုလားအကျင့်အယူသို့ပါလီကေ ပြည်သူ အားသနားခြင်းမဟိ၊ ထိုမင်းအစိုးရရေ တိုင်းနိုင်ငံ၌ မိုးမမှန်၊ အသီးအပွင့်မညီ၊ အရသာ မဟိ၊ ဥတုရာသီမဖြောင့်၊ ဓါတ်လေးပါးခြောက်ခြားကြောင်း ရှေးပညာဟိရို့ အမှာဟိပါရေ။ မျာလီကို ကျေးစားရွာစားပီးတော်မူလိုကေ တိုင်းပြည်တော်အတွင်း ကုလားြုမို့ ရွာ အတိဟိပါရေ။ မိမိရို့အကျင့်အမူ တူရာသဘာဝချင်းညီရေ ကျေးရွာတိကို သာ ကျေးစားရွာစားပီးရပါမည်။ အသျှင်မိဖုရားလည်း သိက္ခာတော်ခုနှစ်ပါးစရေ သာဓုန ရတရားကို လွှတ်တော်မမူသင့်ပါ။ လျှောက်လီကေ ပြည့်သျှင်မင်းကြီးကလည်း- မိ ဖုရားကြီးရေ တစ်ခါတရားလွတ်ချေရေ။ အမတ်ကြီးက အကျိုးအကြောင်းပြသ၍ ဆုံးမလီျှာက်ထားရမည်။ အမိန့်တော်ဟိလီရေ။ မိဖုရားကြီးလည်း ရှက်ခြင်းကြီးစွာ ဖြင့် ကုလားမျာလီသို့ ငွေသပြာတစ်ထောင်ပြန်ပီးပြီးကေ အမတ်ကြီးကိုခေါ်စီရေ။ အမတ်ကြီးရောက်လတ်ကေ နီာက်နီာင် မလျော်သမျှ သမီးအမှတ်ထား၍ ဆုံးမပါ။ အမိန့်တော်ဟိပြီးကေ အမတ်ကြီးသို့ ဝတ်စုံတန်ဆာ ဆုပီးတော်မူလီရေ။[1]
ကိုးကား
edit- ↑ ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃
ကျမ်းကိုးစာရင်း
edit- ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
- ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
- ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
- ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
- ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
- ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
- ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
- ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
- ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
- ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
- ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
- ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
- ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
- ၁၆။ မောင်ပုံရာဇဝင် ပေမူ
- ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ