ရုံပြည် ပသီကုလားမင်းအား၊မင်းကြီးဧဘုန်းတော်ကိုသိစေရေ အစီရင်လျှောက်ထုံး
editတစ်ရံရေအခါ ရုံပြည်ပသီ ကုလားမင်းက ရက္ခပူရတိုင်း၌ သာကီဝင် မင်း ဖလောင်းကြီးရေ ဘုန်းကျက်သရေပညာနန့်ပြည့်စုံရေ။ အမတ်ပညာဟိ တိရေ။ ဤသို့ကြားသိရရေ့အတိုင်း မှန်ရေမမှန်ရေကို သိလိုပေရေ။ သို့နန့်အရေး၌ လိမ္မာရေ ကုလားအမတ်တစ်ယောက်ကို စုံစမ်းစေရန်စေလွှတ်လီရေ။ ကုလား အမတ် ဒါကုစီရေ စုံစမ်းရန်ရောက်လာရေ။ ထိုကုလားအမတ်ရေ ဆက်သရန် လက်ဆောင်တော် ပတ္တမြားခုနှစ်လုံးပါဟိကြောင်း ပတ္တမြားအထုပ်ကို ပြလီရေ။ ထိုရေအခါ မဟာပညာကျော်အမတ်က ငါရို့အသျှင်ကို အတိုင်းတိုင်း အပြည် ပြည်က ဆက်ရောက်သမျှ သဘင်ကြီးစွာခံပြီးမှသွင်းမြဲဖြစ်ရေ။ ယင်းပိုင်း ပြောပြီး ပတ္တမြား ထုပ်ကို သံတဲတွင် အစောင့်အနေနန့်ထားလျက် နေစေရေ။ ပြီးကေမှ အမတ်ကြီး မဟာပညာကျော်ရေ မင်းထံဝင်၍ လျှောက်ထားလီရေ။
အသျှင်မင်းမြတ်။ ။ ကုလားမျိုးရို့တွင် ပသီကုလားရေ အကောက် အလိမ်အ ညစ်ထူလှပါရေ။ ယခုလာသူ ဒါကုစီရေ ပသီကုလားသင်းရို့ အသျှင်လည်း ပသီလူမျိုး ဖြစ်ပါရေ။ မည်သို့စေကြောင်းဆက်ရန် လက်ဆောင်လည်း မည်သို့ပါကြောင်းတိကို သိအောင်ြုပပြီးမှ ရှေ့တော်သို့ဝင်စေပါမည်။ လျှောက်လီကေ မင်းကြီးလည်း သဘောြုကိုက် တော်မူလီရေ။
ယင်းရေအခါ အမတ်ကြီးရေ အထုပ်ကိုကြည့်ရှုလီရေ။ ရွှေချည်ဖြင့် ယက် ရေ့ပမာ လုံြုခုံစွာထုပ်ထားရေကို မြင်တွေ့လီရေ။ အမတ်ကြီး တွေးကြံရေကား-၁၂၂ ဤကဲ့သို့ ထည့်ရိုးမဟိရေကို ထည့်ခရေ။ ထိုအထုပ်၌ အကြောင်းထူးပါရေ။ ဤသို့ ဆင်ခြင်လျှက် အကြံြုပလီရေ အဖိုးတစ်ထောင်တန်ရေ ပရိကပါရာဟူရေ ပိတ်အုပ် ကိုခဝါရေသို့ အစုပ်အပြတ်မပါ ပြပြီးကေ ခဝါရေမမြင်မီ ကတ်ကျေးနန့် ခုံညှင်းခန့် ကိုက်ဖြတ်လိုက်ရေ။ ပိတ်အုပ်ကို ခေါက်သိမ်းပြီး ခဝါရေသို့ ပီးအပ်လိုက်ရေ။ ခဝါရေလည်း ပိတ်အုပ်ကိုယူခပြီး အိမ်သို့ရောက်ကေ ဖွတ်လျှော်၍ လှန်းလီ ရေ။ ပိတ်အုပ်တွင်ပါဟိရေအပေါက်ကို တွိ့မြင်ရေအခါ ကြောက်လန့်လီရေ။ သင်္ဘောဆိပ်သို့လားပြီး အပေါက်ဖာတတ်ရေသူကို ရှာရာသင်္ဘောမှ အပ်လျှိုသမား တစ်ယောက် ရဟိခ၍ဖါစေရေ။ မူလအထည် သားနန့်တူအောင်ဖာပြီးမှ အမတ်ကြီးသို့ အပ်လီရေ။ ထိုအခါအမတ်ကြီးရေ ကိုက်ယူထားရေပိတ်စကိုပြပြီး မေးလီရေ။ မည်သူဖာရေကို အမတ်ကြီးမေးရာ ခဝါရေကဖာသူကို ပြလီရေ။ အမတ်ကြီးကြံပြန် ရေကားမရမာကိုပြာဒါ၊ကုလားမှာမဲနာရှေးသူဟောင်းရို့ဆိုရိုးဟိရေ။ ထိုကုလား ကိုခေါ်၍ မေးရမည်။ ခဝါရေကိုပြောကေ ခဝါရေလည်း ကုလားကိုခေါ်၍ ပီးလီ ရေ။
အမတ်ကြီးရေ ကုလားကိုမေးလီရေ။ ကုလားကအမတ် ဒါကုစီယူလာရေ အထုပ်ကို သူြုခပ်ပီးရကြောင်း၊ ၎င်းအထုပ်တွင် အဖိုးမထိုက်ရေ ပတ္တမြားအပျက် ခုနှစ်လုံးပါကြောင်း ပြောပြလီရေ။ ထိုအခါအမတ်ကြီးက သင်္ဘောကုလားအား ဤသို့ မေးကြောင်းကို တပါးရေသူကိုမျှမသိစေနန့်ပြောပြီး အသပြာတစ်ရာပီး၍ သံတဲမှ ကျောက်ထုပ်ကို တိတ်တဆိတ်ယူစေရေ။ အမတ်ကြီးရေ ကျောက်ထုပ်နန့် ပြည့်သျှင် မင်းကြီးထံဝင်လီရေ။ ကျောက်ထုပ်ကိုဖွင့်ရာ ချက်ကျောက်ပတ္တမြားခုနှစ်လုံးကို တွိ့ လီရေ။ အမတ်ကြီးရေ ထိုချက်ကျောက် ပတ္တမြားခုနှစ်လုံးကိုဖယ်ထုတ်ပြီး၊ သပြာ တစ်ထောင်စီတန်ရေ ပြည့်သျှင်မင်းပတ္တမြားခုနှစ်လုံးကို ထည့်လီရေ။ ယင်းပိုင်းထည့်ပြီး ကုလားအား အထုပ်ကိုမူလအတိုင်း ြုခုပ်စေရေ။ ယပြီးကေ ၎င်းအထုပ်ကိုထားမြဲအ တိုင်း သံတဲတွင်ပြန်၍ ထားစေရေ။
ယင်းပိုင်းအကောက် ဉာဏ်ြုပလာရေအမှုကို အကောက်ဉာဏ်ဖြင့်ြုပ၍ ဆောင်စေပြီး မှ ကုလားအမတ်ဒါကုစီကို အတွင်းတော်သို့သွင်း၍ အထုပ်ကိုဖွင့်စေရေ။ အထုပ်တွင် အဖိုးတိစွာထိုက်ရေ ကျောက်ကောင်းခုနှစ်လုံးကို ကုလားအမတ်မြင်တွေ့လီရေ။ အလွန်လည်း အံ့ဩခြင်းဖြစ်လီရေ။ ခိုဒါအသျှင်အမှန်ဖြစ်ပေရေဟူ၍ ကုလားအမတ် ကြောက်လန့်ရိုသေစွာနန့် မကာဘုရား၊ ကုလားရို့ အထွတ်အထိပ်မှန်ပေရေ ဆိုလျက် အကြိမ်တိစွာ ဘာသာဟိခိုးခြင်းဖြင့်ဟိခိုးလီရေ။ ထိုကုလားအမတ် ဒါကုစီပြန်ရေအခါ၁၂၃ မင်းကြီးက အစ်ကိုရို့ အသျှင်ရုံမင်းသို့လည်း ပတ္တမြားခုနှစ်လုံးပီးလိုက်မည်။ ကျောက် ကောင်းခုနှစ်လုံးကို ကုလားသို့ပြပြီးကေ အမတ်ကြီးသို့ ထိုကျောက်ကို အပ်တော်မူလီ ရေ။
အမတ်ကြီးလည်း မင်းအပ်ရေပတ္တမြားခုနှစ်လုံးကို ကုလားအမတ်ကြီး ဒါကုစီ ရှေ့တွင် ကောင်းမွန်စွာထုပ်လီရေ။ ကုလားမဟိရေ့နောက်အခါ ကုလားတွင်ပါရင်း ချက်ကျောက်ခုနှစ်လုံးကို ထိုအထုပ်နန့်တူအောင်ထုပ်စေပြီးမှ ထိုအထုပ်ကို ကုလား အမတ်သို့ အပ်လီရေ။ ကုလားအမတ်လည်း အထုပ်ကို ကောင်းမွန်စွာဆောင်ယူ၍ ပြန်လီရေ။ ရုံပြည်သို့ရောက်၍ ရုံမင်းထံ အထုပ်ကိုဆက်သလီရေ။ ထိုအထုပ် ကိုဖွင့်ကြည့်ရာပီးလိုက်ရင်း ချက်ကျောက်ခုနှစ်လုံးကိုတွေ့ရလီရေ။ ရုံမင်းက အမတ် ဒါကုစီအား အကြောင်းကိုမေးလီရေ။ ထိုအခါ ကုလားဒါကုစီ ကသိမြင်ခရရေ့အ တိုင်းစုံလင်စွာ လျှောက်ထားလီရေ။ ကုလားမင်းက မကာဘုရား ခိုဒါအသျှင်အမှန်ပင် ဖြစ်ရေ။ ဖူးမြော်သင့်ရေ။ ယင်းပိုင်းပြီးကေ ရုံမင်းကိုယ်တိုင် လက်ဆောင်ပဏ္ဍာအတိ သင်္ဘောအစင်းတစ်ရာနန့် လာရောက်ဆက်သပြီး၊ မြန်မာဘာသာစာကိုသင်၍ ခြေရင်း တော်တွင် ကျွန်ခံထားပါမည် လျှောက်ပြီးရုံမင်း သားအလတ်ရှာအလင်ကို စေသုံးရန် ကျွန်တစ်ထောင် ပီးအပ်ထားခပြီး၊ ရုံမင်းပြန်လီရေ။
ပြည့်သျှင်မင်းကြီးလည်း ရုံမင်းသား ရှာအလင်ကိုစားကျေး ကုလားရွာ ဂေါ်တော ပလ္လင်ကိုပီးတော်မူပြီးမှ အမတ်ကြီးသို့အပ်တော်မူ၍ မြန်မာဘာသာ အက္ခရာတိကို သင်စေရေ။[1]
ကိုးကား
edit- ↑ ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃
ကျမ်းကိုးစာရင်း
edit- ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
- ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
- ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
- ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
- ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
- ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
- ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
- ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
- ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
- ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
- ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
- ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
- ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
- ၁၆။ မောင်ပုံရာဇဝင် ပေမူ
- ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ