သံတွဲမြို့ကို ဇာသူအားစားစေသင့်ကြောင်း လျှောက်ထုံး
editအခါတပါး၌ပြည့်သျှင်မင်း ဖလောင်းကြီးတွင်သမက်တော် သံတွဲစား သေလွန်လီ ရေ။ ထိုအခါပြည့်သျှင်မင်းကြီးရေ သံတွဲြုမို့ကို အမတ်သံကိုင်နောင်အား ပီးမည်ဟိ ရေအခါ အမတ်ကြီးမဟာပညာကျော် လျောက်ထုံးမူကား-
သံတွဲြုမို့ရေ အစွန်အဖျား၊ ပျူတလိုင်းရို့နန့် အနီးအစပ်၊ အမတ် သံကိုင်နောင် မှာ လက်ရုံးရည်သာဟိရေ။ အမြော်အမြင် နှလုံးရည်ဟိသူမဟုတ်။ ရှေးသူဟောင်း စကားတွင်လည်း၊ ပျူကိုအမြှောက်၊ တလိုင်းကို အကောက်၊ ကုလားမှာမီးပေါက်၊ ဆိုရိုး ဟိပါရေ။ တစ်တိုင်းတစ်ပြည်သို့ သံတမန်စေရေ အမတ်၊ တိုင်းစွန်ပြည်ဖျားထား ရေအမတ်၊ ထိုနှစ်ဦးမှာ လက်ရုံးရည်ကား တန်ရုံသာလိုပါရေ။ နှလုံးရည်ကေကား၊ လွန်တိုင်းအကျိုးဟိကြောင်း ကျမ်းဂန်ထွက်ရေမှာ ရာဇူနံ- မင်းရို့ဧ၊ ဓနံ-ဥစ္စာ မည်ရေကား၊ အမစ္စောဗလံ-ပညာဟိရေ အမတ်လျင်တည်း။ ယင်းသို့ထုံးဟောင်းနန့် အညီ သူအကောက်အကွေ့လာခကေ ကောက်လိမ်ဆန်းကြယ်ရေဉာဏ်နန့် နှိမ် နှင်းချိုးဖျက်နိုင်မှ အောင်ရာရေ။ နှလုံးရည်ဟိရေသူ၌လက်ရုံးရည်မှာ အလွန်ဟိအောင် ြုပုပြင်နိုင်ကြောင်း အဿတမင်း အမတ်နန္ဒိသေနကဆိုရေစကား နိပါတ်တော်၌ ထင် ရှားဟိပါရေ။
သံတွဲြုမို့စားထားရန် အမတ်တော်လေးြုမို့စားရေ လေးထုတောင်ပေါ်သား၊ တ ရားမဟိ၊ သူ့စည်းစိမ်ကို ဖျက်ဆီးတတ်လျက် အလွန်ဆိုးသွမ်းယုတ် မာအနိုင်ြုပုကျင့် နှိပ်စက်တတ်ရေ အမျိုးကိုကေလည်း၊ ယဉ်ကျေးမှုနှလုံးရည်လက်နက်ရို့ဖြင့် ယဉ် ကျေးစေတတ်ရေ ပညာဗလဟိသူဖြစ်ပါရေ။ ဤရေကိုထောက်၍ လေးြုမို့စား၁၀၅ ဝန္ဒသူကို သံတွဲစားပီး၍ ဝန္ဒသူ သားကျော်သူကို လေးြုမို့စားပီးတော်မူကေ သင့်လှပါ ရေ အသျှင်မင်းမြတ်။
လက်ရုံးရည်မှာ သူမိုက်အတတ်၊နှလုံးဧအစေကျွန်သာဖြစ်ရေ။နှလုံးရည်ဟိ ရေသူအား အမှုအပေါင်း ပြီးကုန်ပါရေ။ လျှောက်လီကေ မင်းကြီးလည်းြုကိုက် တော်မူ၍ လေးြုမို့စား ဝန္ဒသူကို သံတွဲြုမို့စားအရာ ပီးတော်မူလီရေ။ ယင်းပိုင်းပီး၍ တစ်နှစ်ခန့်ဟိကေ ပုသိမ်ဟိုင်းကြီးတွင်ဟိရေ တလိုင်း၊ ပျူ၊ ကုလားလူဆိုး(၅၀ဝဝ) သံတွဲြုမို့သို့ဝင်ရောက်ကာ ကျွန်ခံလာရရေ။
စစ်ချီရာတိတ်နိမိတ်တိအကြောင်း လျှောက်ထုံး မင်းဖလောင်းကြီးလက်ထက် တရံရောအခါ၌ စစ်ချီထွက်နိမိတ်တိအကြောင်း၊ အာကာသတိတ်၊ နေလ၊ နက္ခတ်၊ တိမ်ခိုး၊ မီးခိုးရို့ကို ပြည့်သျှင်မင်းကြီးက မေးတော် မူလီကေ အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ တစ်ပြည်သို့စစ်ထွက်ရေအခါ၌ ရှေ့က မီးလောင်ရေကိုမြင် လတ်ကေ အရိတ္တတိတ်၊ ထိုစစ်ချီတက်၍စစ်ြုပိုင်လီမူ စစ်သူကြီး ရန်သူလက်သို့ရောက် အံ့။
လကျာ်ဘက်ကမ်းလောင်၍မြင်မူ-ဂဇအဿတိတ်၊ ဆင်ကောင်း၊ မြင်းကောင်း တစ်ဖက်ရန်သူလက်ရောက်အံ့။
လက်ဝဲဘက်ကမ်းလောင်၍မြင်မူ-ယက္ခဝန္တတိတ်၊ ထိုစစ်အောင်မြင် ပြီးကုန်အလို လို ပြည့်စုံအံ့။
နောက်ကမီးလောင်၍မြင်မူ-သကာလာဘတိတ် ထိုစစ်ချီရာအလုံးစုံ ပြီးမြောက် ၍ ထိုပြည်နန့်တကွ သမီးကညာ ရတနာအပေါင်းဆက်သဝပ်လျှိုး၊ ကျိုးနွံလျက်ဝင်လာအံ့။
စစ်ထွက်ရေအခါ ရဲလံနောက်သို့လဲကေ ပြည့်သျှင်မင်းသေအံ့။ ရန်သူကေ လည်းပျက်လီအံ့။ ရှေ့သို့လဲကေ-ထိုပြည်မင်းသေအံ့။ ပြည်တစ်ပါးကေလည်း စစ်ြုပ၍ နေမှချီလီ။
အလံကျိုးကေရန်နိုင်အံ့။ ကိုယ်ခံ၍ ပြေးလှာရအံ့။ ချေဆပ်မူရပ်၍ ဟိနန့်အံ့။ စစ်ထွက်ရေအခါ၌ စစ်သူကြီးစီးရေမြင်း၊ အသံပြင်းစွာမြည်မူ၊ စစ်သူကြီး ရန်သူ့လက်နက်ထိအံ့။
စစ်သူကြီးစီးရေ ဆင်၊ မြင်းရို့ရေပြူ၍အခြားကိုထိုးကေ၊ ကန်ကျောက်နင်း ကျိုးကေ စစ်သူကြီး ကျက်သရေတိုးတက်အံ့။ ထိုစစ် ပြီးကုန်အောင်မြင်အံ့။၁၀၇ စစ်ထွက်ရေအခါ လက်ဝဲ၊ လက်ယာချီလားလီကေ ရဲမက်တပ် အပိုင်းအနင်း ပြတ်၍ချီမူ ထိုစစ်ပျက်ပြေးရအံ့။
စစ်သူကြီး ဆောင်းရေထီးမှအသုံးအဆောင်ရို့ကို လီပွေဆောင် ယူလီမူ ထိုစစ်မြုပိုင်ရ၊ နှစ်ပြည်ထောင် သင့်တင့်ပြောဆိုကြ၍ သာယာမှု၊ ငြိမ်းချမ်းပြေလည်ကြအံ့။ စစ်သူကြီး အသုံးအဆောင်ကျိုးပျက်ပျောက်ဆုံးလီကေ၊ ထို စစ်သူကြီးမယား ကေလည်းကောင်းသေအံ့။ ယောကျာ်းတစ်ပါးနန့်ကေလည်းကောင်း နေအံ့။ အိမ်ကေ လည်း မီလောင်အံ့။
စစ်ထွက်ရေအခါ စစ်သူကြီးကေလည်းကောင်း၊ စီးရေဆင်၊မြင်းကေလည်း ကောင်းလဲလီကေ၊ ထိုစစ်သူကြီး အိမ်သို့မပြန်လာပြီ။ သေလီအံ့။ စစ်ထွက်ရေအခါ၌မိုးရွာကေ ထိုစစ်ငတ်မွတ်ရှားပါး၊ သူရဲ ဗိုလ်ခြေ၊ ဆင်မြင်း သေပျောက် နာဖျားတိအံ့။
စစ်ထွက်ရာ လူသေလက်ဝဲကမြင်မူ စစ်မဟိ၊ တစ်ဖက်ရန်သူ ပြန်လီအံ့။ လကျာ် မြင်ကေ ကိုယ့်ရဲမက်သူရဲကောင်း၊ သူ့လက်သို့ရောက်လီအံ့။ စစ်သူကြီး ညှိုးငယ်ရအံ့။ ရန်သူနန့်ဆက်ကြလီမူ-နိမ့်ရေမြေကြမ်း၊ ရေထွက်ရေမြေ။ စရေအမှုကို မသိရေသူရို့အား စစ်သူကြီးမခန့်ရာ။
ဤကား စစ်ကြီး စစ်ထွက် တိတ်နိမိတ်ပရိယာယ်။[1]
တိမ်ပရိယာယ်
editစစ်ထွက်ရေအခါ တိမ်ရေနီလျက် လူရုပ်သဏ္ဍာန်လက်စွဲကိုင်ပြလတ်မူ ထို နိမရပ်မဆိုင်းရာရေ။
တိမ်ရေ တမိုးလုံးမည်းပုတ်၍မြင်လတ်ကေ ထိုစစ်ကြီးစွာတိုက်ရလီအံ့။
တိမ်ရေ မိန်းမရုပ်ကဲ့သို့အဝတ်ြုခံရေ့သဏ္ဍာန်မြင်လတ်မူကား ရန်ကိုနိုင်အံ့။
တိမ်ရေ လူရုပ်ကဲ့သို့ဥက္ခောင်းမပါမြင်လတ်မူကား-စစ်သူကြီး လက်နက်ထိအံ့။
တိမ်ရေ ခြင်္သေ့ကဲ့သို့ အရုပ်သဏ္ဍာန်မြင်ကေ စစ်အောင်အံ့။
တိမ်ရေ နွားရုပ်ကဲ့သို့ မြင်လတ်မူကား-စစ်မြုပိင်ခင် ပျက်အံ့။
တိမ်ရေ နဂါးရုပ်သဏ္ဍာန်မြင်လတ်မူကား-စစ်ြုပိင်လီ အောင်အံ့။
တိမ်ရေ ေြွမကဲ့သို့မြင်မူကား- ထိုစစ်ရှည်ကြာအံ့၊ အစားရှားပါးအံ့။
တိမ်ရေ သတိုးစစ်ရေတန်ဆာကဲ့သို့ဆင်လျက် သဏ္ဍာန်လူရုပ် မြင်လတ်မူ ကား- ထွက်၍မလိုက်ရာ။ သူအလာခံ၍တိုက်ကေ အောင်အံ့။
တိမ်ရေ ကျေးရုပ်သဏ္ဍာန်မြင်လတ်မူကား-ရဲမက်ဝပြောသာယာအံ့။
တိမ်ရေ ဥဒေါင်းရုပ်သဏ္ဍာန်မြင်လတ်မူကား-စစ်သူကြီး ကျက်သရေဟိအံ့။
ဆင် မြင်းလန့်ကေ စစ်မြုပိုင်ရာ။ တိမ်ရေ စိမ်းစိမ်းနန့်ဝါဝါရောလျက်မြင်လတ်ကေ ကုန်ရေရို့ ပြန့်ပြော သာယာအံ့။
တိမ်ရေ အစိမ်းအပြာတန်းလျက်မြင်လတ်ကေ ဆန်စပါးပွားအံ့။ အနာအဖျား နည်းအံ့။
တိမ်ရေ အစိမ်းနန့်အဖြူထောင်လျက်လှိုင်းသဏ္ဍာန်မြင်လတ်ကေ တိုင်းတပါး က တမန်ရောက်အံ့။
တိမ်ရေ ပုဏ္ဏားသဏ္ဍာန်မြင်လတ်ကေမင်းဆွေမင်းမျိုးကိုပြစ်မှားအံ့။ တိမ်ရေ မိချောင်းရုပ်သဏ္ဍာန်မြင်လတ်ကေ မင်းဆွေမင်းမျိုးညှိုးငယ် မသာ မယာဟိအံ့။
တိမ်ရေ လဖိုင်ကဲ့သို့အရုပ်မြင်လတ်ကေ မင်း၊ မိဖုရားသမီးရို့ အခြားသူနန့် နှောအံ့။
တိမ်ရေ နက်နက်မဲမဲတန်းလျက် ထိုအတွင်း၌ဆေးရေးသကဲ့သို့ အစင်းတစ်ပိုင်း၊ အကွေ့အကောက်တစ်ပိုင်းမြင်လတ်ကေ မိုးကောင်းအံ့၊ ေြွမတိအံ့။ တိမ်ရေ နည်း၍အပြောက်အပြောက်မြင်လတ်ကေ ကြမ်းပိုး၊ အိမ်မျှောင်၊ ပိုး ဟပ်၊ ြွကက်၊ တက်တီတူးတိအံ့။
တိမ်ရေ အစိမ်းအတန့်အတန့်မြင်လတ်ကေ-မိုးဦးမကောင်း၊ မိုးလယ်၊ မိုးနှောင်း ကောင်းအံ့။
တိမ်ရေ အဖြူဆေးရေးသကဲ့သို့မြင်လတ်ကေ ဆင်ဖြူရအံ့။ တိမ်ရေ ထီးကဲ့သို့ အမိုး၊ အထွတ်အစုံနန့်အဖြူတစေမြင်လတ်ကေ တစ်ပြည် မင်းလက်က လက်ဆောင်အံ့။
တိမ်ရေ မြူကဲ့သို့အတက်ကျိုးလျက်မြင်လတ်ကေ နန်းက ပြည့်သျှင်မင်းဆင်း၍ ပြေးရအံ့။
တိမ်ရေ တံခွန်ကဲ့သို့အပြာမြင်လတ်ကေ မင်းကိုအမတ်ပုန်စား၍ အမတ်သေအံ့။ တိမ်ရေ တံခွန်ကြက်လျှာကဲ့သို့မြင်လတ်ကေ ခိုးသူထူ၍ မင်းကိုပြစ်မှားအံ့။ တိမ်ရေ အဖြူ၌အပြာကွက်လှိုင်းသဏ္ဍာန်မြင်လတ်ကေ မိဖုရားကြီး ဘုန်းကျက် သရေတိုးအံ့။ တိုင်းတပါးကမိတ်ဆွေ ဝင်ရောက်ဆက်သလာအံ့။
တိမ်ရေ တစ်မိုးလုံးရှဉ့်မျက်နှာသွေးကဲ့သို့နီနီတွတ်တွတ်အကန့်အကန့် မြင်လတ် ကေ ထိုပြည်တိုင်းလုံးသတ္တဝါ ဥပါဒ်ကြီးစွာရောက်အံ့။ စစ်ကြီးပေါ်အံ့။ အိမ်ရှေ့မင်း သေအံ့။
တိမ်ရေ နီ၍လည်းကောင်း၊ တောင်ကဲ့သို့အလုံးအဆိုင်းဖြစ်လတ်ကေ တစ်ပြည် ကသူလျှို ရောက်လာအံ့။
တိမ်ရေ လှေသဏ္ဍာန်မှောက်လျက်မြင်လတ်ကေလားရေ လူရို့ ပျက်စီးအံ့။
တိမ်ရေ အပြာတွင်အဖြူပြောက် မြင်လတ်ကေ ပြည့်သျှင်မင်း ကျက်သရေတိုး အံ့၊ မူးမတ်ညှိုးငယ်အံ့။
တိမ်ရေ ဆင်ရုပ်၊ ကျားရုပ်၊ ကျွဲရုပ်၊ သမဝိရုပ်၊ ယုန်ရုပ်၊ လင်းတရုပ်၊ နဂါးရုပ်၊ မိချောင်းရုပ်၊ လပိုင်ရုပ်တိသဏ္ဍာန်ကဲ့သို့မြင်လတ်မူ ဇင်္ဂါးလတိတ်၊ သတ္တဝါအပေါင်းရို့ ပြည်အမှုတိအံ့။ တိုင်းပြည် ရေကဟိအံ့။
တိမ်ရေ ဆင်ချွန်းကဲ့သို့နှစ်ခုဆိုင်းလျက်မြင်လတ်ကေ ဆင်သေ၊ မြင်းပျောက် တိအံ့။
တိမ်ရေ လှေသဏ္ဍာန်ကဲ့သို့တည့်မတ်စွာမြင်လတ်ကေ ပြည်သူ သာယာဝပြော အံ့။
တိမ်ရေ အနက်အပြာ အတန့်အတန့်ထောင်လျက်မြင်လတ်ကေ မီးလောင် အံ့။
တိမ်ရေ အဖြူတွင်အလယ်နိမ့်၍အနားနှစ်ဘက်ထောင်လျက်၊ အဖျားအစိမ်းရောင် မြင်လတ်ကေ မင်းတိမ်ရေ သက်တန့်ပမာကိုင်းညွတ်လျက် နှစ်ခုအလယ်၌ အဖြူအ နားနှစ်ဖက် အဖျားခြင်းဆက်၍မြင်လတ်ကေ မင်းယာယီ မာဘွယ်ရာ- လားကေ ဥပါဒ် ရောက်အံ့။
တိမ်ရေ ခရမ်းသီးသဏ္ဍာန်နှစ်လုံးြုပိုင်လျက် အနီတစေမြင်လတ်ရေ၊ မူးမတ် ပြည်သူရို့ အချင်းချင်းအမျက်လို၍ ရန်ရှက်တင်အံ့။
တိမ်ရေ ပန်းပွင့်ကဲ့သို့မြင်လတ်ကေမရဘူး ရေလာဘ်လာဘရအံ့။
တိမ်ရေ ဥဒေါင်းရုပ်ကဲ့သို့မြင်လတ်ကေ မင်းမှာ သားရအံ့။ မင်း၌ ရောဂါရအံ့။
တိမ်ရေ တိမ်ဖြူလဝန်းကဲ့သို့သဏ္ဍာန်အတွင်း၌ ရပ်လျက်မြင်လတ်ကေ ပြည့်သျှင် မင်း အသက်ရှည်အံ့။
တိမ်ရေ ကျွဲကောင်ကဲ့သို့မြင်လတ်ကေ မရဘူးရေ လာဘ်လာဘရအံ့။
မြေက အနက်သပိတ်လုံးပမာသုံး။ လုံးထွက်က၊ ထိုသုံးလုံးအတွင်း၌ကျိတ်ခိုး အပြာထွက်ည်ကို မြင်လတ်ကေ မြေ၌ဟိသမျှ အပင်အသီးပျက်အံ့။
တိမ်ရေ တောင်ကဲ့သို့နေ၍ထိုတိမ်ထက်လျှပ်တဝင်းဝင်းမြင်ကေ မဇ္ဈိမကျိတ် မည်ဧ။ မင်းနန့်ပြည်သူ သတ္တရုဖြစ်အံ့။
တိမ်ရေ အပြာနန့်အဝါရောလျက် အကျားအကျားနေရေကို မြင်လတ်ကေ
ထိုနိ၌ လျှပ်တဝင်းဝင်းစွပ်ကေ အာကာသကျိတ်မည်ဧ။ ပြည့်သျှင်မင်း ယာယီလားရအံ့။
ပြည်သူပြည်သား ဥပဒ်ကြီးစွာရောက်အံ့။ ဤကား တိမ်ပရိယာယ်တည်း။
နေပရိယာယ်
editနေတွင် အနီသန်း၍မြင်လတ်ကေ ပြည်သူဥပဒ်ဖြစ်အံ့။
နေတွင် အဝါတန်း၍ မြင် လတ်ကေသူဌေး၊ သူြွကယ် သေပျောက်ပျက်စီးအံ့။ နေတွင်အဖြူလွှမ်း၍ နေရယ်ြုပရေကို မြင်လတ်ကေ သူရဲကောင်းသေအံ့။ နေတွင်အထက်ကား အနီ၊ အောက်ကားအဝါ၊ အ လယ်မှာ အမည်းသန်းလျှက်နေရေကိုမြင်လတ်ကေ စစ်ချီလွန်၍ ထိုစစ်ပျက်အံ့။
နေတွင် လူခြေကဲ့သို့မြင်မူကား စစ်မအောင်ရာ။ နေတွင် ဝက်ရုပ်သဏ္ဍာန်မြင်လတ်ကေ ခိုးသူတိ အံ့။
နေတွင်အထက်အောက်အနီ၊ အလယ်အမည်းသန်း၍ နေရေကိုမြင်လတ်ကေ မင်းသားမင်းသမီး သေအံ့။ နေမှာ အလယ်အမည်း၊ အနားနှစ်ဖက် အဖြူသန်းရေကို မြင်ကေ ပြည့်သျှင်မင်း ခရီးမလားရာ။ လားကေ ဥပဒ်ရောက်အံ့။
နေရေ မင်ကဲ့သို့ခဲ၍ ပတ်လည်အနီအဝါမီးရောင်ကဲ့သို့ဖြစ်ကေ မင်းကို အမတ် ပုန်စားအံ့။ နေတွင် ကြက်ခြေခတ်မြင်ကေ မင်းအနာရောက်အံ့။
နေ၌ တံခွန်ကြက်လွှာ ကဲ့သို့မြင်ကေ မိဖုရား၊ မင်းသား၊ မင်းသမီးရို့ သေအံ့။
နေတွင် ရဲလံကဲ့သို့မြင်ကေစစ်ရောက်အံ့။ နေရေဖြူ၍ နေအထက် အဝါရောင် ထွက်ကေ အစာရှားပါးငတ်မွတ်အံ့။
နေရေ အထက်အနီ၊ အောက်အမည်း မြင်လတ်ကေ မိုးခေါင်အံ့။
နေရေအလယ်တွင်ဖြူ၍ အနားပတ်လည်နီလျက်မီးလျံရောင်ကဲ့သို့ မြင်ကေ မိုးရေးအံ့။ နေတွင် အလယ်တွင်အနီ၊ အနီးအနားလေးချက် အဖျားထွက်၍မြင်ကေ မိုးသီး တိစွာကျအံ့။ နေရေ အလယ်တွင်အပြာ၊ အနားလေးချက် အနီအကွက်၍မြင် ကေ မိဖုရားကြီး ယောကျာ်းတစ်ပါးနန့် ရောနှောအံ့။ ဂိမန္တဥတု၌ နေဝါ၍ ထွက်ကေ ပထဝီဓါတ်၊ ထိုရာသီ၌ မင်းမူရေ ပူပြင်းဧ။ ကမ္ဘာနာကျောက်၊ ဝက်သက်ထူအံ့။ ဦး ခေါင်းနန့် ဝမ်း သတ္တဝါရို့၌ အနာရောက်အံ့။
ဝသန္တဥတု၌ နေဖြူ၍ထွက်ကေ ထိုရာသီ၌အာပေါဓါတ်အဓိက မင်းမူရေ။ လူ၁၁၁ နာဖျားနည်းအံ့။ မိုးကောင်းအံ့။ ဟေမန္တဥတု၌ နေနီတွင်ထွက်ရေ တေဇောဓါတ် ထိုရာသီ၌ မင်းမူရေ။ အချမ်းနည်းအံ့။ သတ္တဝါရို့ ခြေနန့်ဦးခေါင်း အနာရောက်အံ့။ အပွင့်အသီး နည်းအံ့။ အတောင်ဟိရေ သတ္တဝါဥပဒ်တိအံ့။
ထိုရာသီသုံးပါး၌ နေရေ အပြာနန့်အနက်ရောင်ရောလျက်ထွက်ကေ ထိုရာသီ သုံးခု၌ ပင်ဝါယောဓါတ် အဓိကမင်းမူရေ။ ပြည့်သျှင်မင်းယာယီ မလားရာ။ ပိုးမွှား ထူ အံ့။ ဆင် မြင်း ကျွဲ နွား ဥပဒ်ရောက်အံ့။ မိုးရေ ခါးအံ့။ သစ်ပင်တကာ အနာတိအံ့။ ထို ဥတုသုံးပါးတွင် နေဝန်း တစ်ခြမ်းဖြူ၊ တစ်ခြမ်းစိမ်းမြင်လတ်ကေ ထိုနိ မိုးရေးထန် စွာရွာအံ့။
နေနီရုံ အဝန်းနေလတ်မူလည်း ထိုနိမိုးရေတခဏရွာအံ့။ နေရေ လရောင် ကဲ့သို့ဖြူ၍ အဝန်းလျက် အစိမ်းအနီအရောင်တိစွာ မြင်လတ်ကေ မင်းကို ပြည်သူရို့ ပူဇော်အံ့။ နေထွက်ရာ ကြယ်တစ်လုံးအပါး၌နေလျက် ပါလာကေ ပြည့်သျှင်မင်း သေအံ့။ နေရေအစိမ်းအပြာအိမ်ဖွဲ့လတ်ကေ အမတ်ကြီးသေအံ့။ နေရေ တွတ်တွတ်နီ၍ ဝင်လတ်ကေအနာရောက်အံ့။ နေရေ ဖြူ၍ အနက်ကျက်သရေမြင်လတ်ကေ မင်း ယာယီ နေမကောင်းအံ့။
နေရေ အခိုးသုံးသွယ်ဖြာထွက်ရေကိုမြင်လတ်ကေ တစ်ပြည်က စစ်ရောက် အံ့။ နေဝန်းတွင် အပြာရောင်နှစ်ထပ်မြင်လတ်ကေ ထိုမြို့ထိုရွာ ပျက်အံ့။ မင်း တစ်ပါးသို့ ပြေးရလီအံ့။
နေဝန်းတွင် လကဲ့သို့မြင်လတ်ကေ အချင်းချင်းစစ်ဖြစ်အံ့။ နေတွင် ခင်ပုတ်ငှက် သဏ္ဍာန်မြင်လတ်ကေ ခိုးသားဓါးပြထ၍ သွေးချောင်းစီးအံ့။ နေရေ တိမ်ပြာတစ်ခြမ်း အုပ်လျက်ထွက်လတ်ကေ မိဖုရားကို ပြစ်မှားလီအံ့။ နေန ှစ ်စင ်း ထွက်ရေကိုမြင် လတ်ကေ မုန်တိုင်းကြီးစွာလာအံ့။ မိဖုရား သေအံ့။ နေရေ အမည်းရောင်မြင်လတ် ကေ မီးလောင်အံ့။
နေရေ အလယ်ဖြူ၍ အနားနီရေကိုမြင်လတ်ကေ သန္ဓေမိန်းမရို့ ပျက်အံ့။ နေထွက်ရေအခါ ခြင်္သေ့ရုပ်၊ ကျွဲရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ဝက်ရုပ်၊ ဆိတ်ရုပ်တိ သဏ္ဍာန်မြင်လတ်ကေ ထိုပြည် မြို့၊ရွာ မသာ။ ဘေးကြီးစွာဖြစ်အံ့။ ဤကား နေပရိ ယာယ်တည်း။
လပရိယာယ်
editကြာသပတေးကြယ် လသို့မြင်လတ်ကေ တိုင်းပြည်ချောက်ချား၍ စပါး ပြောင်း၁၁၂ ပဲ ပျက်အံ့။ လ၌ အစိမ်းတဝက်ဟိ၍မြင်လတ်ကေ မင်း၌အနာရောက်အံ့။ လဆန်း၌ တောင်သို့စောင်းမူ မိုးခေါင်အံ့။ အနာအဖျားထူအံ့။ မြောက်သို့စောင်းကေ မီးလောင်အံ့။ မိုးနှောင်း ကောင်းအံ့။
လပြည့်နိ၌ တစ်ခြမ်းမြင်လတ်ကေ သူပုန်သူကန်တိအံ့။ လမှောက်၍ မြင် လတ်ကေ မင်းသေအံ့။
လဆန်းကို လပြည့်ကဲ့သို့ အရစ်ကုန်ဝင်လျက်မြင်လတ်ကေ ပြည်သတ္တဝါ ဥပဒ်ရောက်အံ့။
လပြည့်၌ လငယ်၍မြင်လတ်ကေ ငတ်မွတ်ကြအံ့။ လကြီး၍ မြင်လတ်ကေ ပြည်သူ ဝပြောသာယာအံ့။
လအလယ်မည်း၍ မြင်လတ်ကေ ငတ်မွတ် ရှားပါး မြို့ရွာပျက်အံ့။ လရေ မူယောစည်ကဲ့သို့ အလယ်ကြီးရေကို မြင်လတ်ကေ ထိုပြည် သာယာအံ့။
လတွင် အလယ်၌အပေါက်နန့်မြင်လတ်ကေ မင်းကိုသူတစ်ပါးလက် ဆောင် ဆက်ရောက်အံ့။ လထူရေကိုမြင်လတ်ကေ မိဖုရား၌ သားကောင်းရအံ့။ လဆန်းကြီး၍ပေါ်လာကေပုဏ္ဏားရို့ဥပဒ်ဖြစ်အံ့။
လဆန်းငယ်၍ ပေါ်ပေါက်လာ ကေ မှူးမတ်ဥပဒ်ရောက်အံ့။ လဆန်းအမြင်၌ လရှည်၍ပေါ်လာကေ သူဌေး၊ သူြွကယ်၊ ကုန်ရေရို့ ဥပဒ်ရောက်အံ့။
လရေ မှန်ကဲ့သို့မြင်လတ်ကေ ရဟန်းရို့ ဥပဒ်ဖြစ်အံ့။ လအနားကိုလည်း ငါးကြင်းကဲ့သို့အခိုးထွက်ရေကိုမြင်လတ်ကေ ပြည်ထဲချမ်းသာအံ့။ လဆန်းလကွယ်လနှစ်ခုထပ်လျက် မြင်လတ်ကေ ပြည့်သျှင်မင်းကြီး အနာကြီး စွာရောက်၍ သေအံ့။
လထွက်ရေအခါ တိမ်နီလရှေ့နေရေကိုမြင်လတ်ကေ ကုန်း၊ ရေ လားသမျှခရီးရေရို့ ချမ်းသာအံ့။ လအခိုးထွက်ရေကို မြင်လတ်ကေ မင်းနန့်ပြည် သူရို့စစ်ဖြစ်အံ့။ ရေကြာကြယ် လနန့်တွေ့ကေ မင်းရို့မိဖုရား တစ်ခြားသူနန့်ရောနှော လီအံ့။ လမွန်းတည့်တွင်မြင်လတ်ကေ ပြည်သတ္တဝါချမ်းသာ၍ အလှူဒါနတိအံ့။ လမွန်း လွဲမှ တွေ့လီကေ ပြည့်သျှင်မင်းမှာ သမီးကညာရောက်အံ့။
လဝင်ခါနီးတွေ့လတ်ကေ တိုင်းပြည်သတ္တဝါ ပူဆာညှိုးနွမ်းအံ့။လနှစ်စင်း ကြယ် တွိ့လီကေ မင်းဥပဒ်ရောက်အံ့။ လနန့်အင်္ဂါကြယ် တွိ့လီကေ မင်းရို့ တိုင်းပြည်စွန် ဖျားသူ ပြစ်မှားအံ့။
ဗုဒ္ဓဟူးကြယ် လနန့်တွိ့လီကေ ငတ်မွတ်ရှားပါး မိုးခေါင်အံ့။ လ၌ကျိပ်ခိုးထွက်ကေ ပြည်ပျက်အံ့။ လကို ရောတိဏိကြက်တိုက်နန့် တွိ့လီကေ တရားဟိရေ မင်းကောင်းပေါ်အံ့။ ဆိုင်းတန်းနန့် ကြက်တိုက်လကိုတွန်း၍လားမူ ပြည် ပျက်အံ့။ တြတ္တိတာကြယ်နန့်လတွေ့ကေ ငလျင် လဆက်လှုပ်အံ့။ ရေဝတီနက္ခတ် လနန့် တွိ့လတ်ကေ မင်းမိဖုရားသေအံ့။ သင်္ဘောကြယ် လနန့်တွေ့ကေ စကြာဝတေးမင်း ကေလည်း ခန္ဓာကင်းအံ့။ ဖျောက်ဆိတ်ကြယ်နန့် ကြက်တိုက်အကြား လလားကေ ငလျင်ကြီးစွာလှုပ်အံ့။ သင်္ဘောနန့် ပုန္နဖုသျှအကြား လလားကေ ဆင်မြင်းကျွဲနွား သေ၁၁၃ ပျောက် တိအံ့။
ရေဝတီ၊ ဟသတ၊ သတဘိသျှ၊ အသလီဿ၊ ြုပဗ္ဗာသဠ်ထိုနက္ခတ်ရို့ လနန့် လကျာ် လှည့်လားကြ၍ တွေ့ကြလီကေ စစ်ကြီးရောက်အံ့။ လမင်းလကျာ် ဝိသာခါ၊ အနုရာဓ လား၍တွိ့ကြလီကေ ပြည်ရွာပျက်အံ့။ လမင်းလကျာ် သွာတိ၊ မာသနက္ခတ်လား၍ တွိ့ကြလီကေ မင်းကြီး ဥက္ခောင်းဆေးရအံ့။
မာဃ၊ မူလနက္ခတ်နန့်တွေ့ကြကေ ရေနေသတ္တဝါဥပဒ်ရောက်အံ့။ ဝိသာခါနန့် နဂါး တွေ့ကြကေ ငတ်မွတ်ရှားပါးလီအံ့။ စနေကြယ်၊အင်္ဂါကြယ် တွိ့ကြမူကား မြင်ရေ ပြည်အပြစ်၊ ထိုမင်း ငါးလနန့်ပျက်စီးအံ့။
စနေ အင်္ဂါပြန်၍ ဟသတ မူလ ရေဝတီရို့ နက္ခတ် ၇-ခုနန့်ယှဉ်ကေမိုးခေါင်အံ့။ စစ်ရောက်အံ့။ ဤကား လပရိယာယ်။
နက္ခတ်ပရိယာယ်
editစိတြနက္ခတ် အရောင်ညှိုးကေ စမ္ပာနဂိုရ်ပြည် မငြိမ်မဝပ်ဟိအံ့။
သွာတိနက္ခတ် အရောင်ညှိုးကေ ဓညဝတီပြည် မငြိမ်မဝပ်ဟိအံ့။
အနူရာဓနက္ခတ် အရောင်ညှိုးကေ သင်းတွဲပြည် မငြိမ်မဝပ်ဟိအံ့။ ဇေဌနက္ခတ် အရောင်ညှိုးကေ ကမ္ဘောဇပြည် မငြိမ်မဝပ်ဟိ အံ့။ မူလနက္ခတ် အရောင်ညှိုးကေ တက္ကသိုလ်ပြည် မငြိမ်မဝပ်ဟိအံ့။
ြုပဗ္ဗာသဋ် နက္ခတ်
အရောင်ညှိုးကေ ပဉ္စလရာဇ်ပြည် မငြိမ်မဝပ်ဟိအံ့။ ဥတ္တရာသဋ်နက္ခတ် အရောင်ညှိုးကေ ဓမ္ပာပြည် မငြိမ်မဝပ်ဟိအံ့။ ဝိသာခါနက္ခတ် အရောင်ညှိုးကေ ဝေသာလီပြည် မငြိမ်မဝပ်ဟိ အံ့။ သတဘိသျှနက္ခတ် အရောင်ညှိုးကေ ကောသမ္ဘီပြည် မငြိမ်မဝပ်ဟိအံ့။
ြုပဗ္ဗဘဒြပိုဒ်
နက္ခတ် အရောင်ညှိုးကေ ရာဇြုဂိုဟ်ပြည် မငြိမ်မဝပ်ဟိအံ့။ သရဝဏ် နက္ခတ် အရောင်ညှိုး ကေ မောရပြည် မငြိမ်မဝပ်ဟိအံ့။
မနသိဌနက္ခတ် အရောင်ညှိုးကေ သီဟိုဠ်ပြည်၊ ရှမ်း ပြည် မငြိမ်မဝပ်ဟိအံ့။
ရေဝတီနက္ခတ် အရောင်ညှိုးကေ ဣန္ဒပတ္တနဂိုရ်ပြည် ကုသီနာရုံပြည် မငြိမ်မဝပ်ဟိအံ့။ အသဝနီနက္ခတ် အရောင်ညှိုးကေ ပုဂံပြည် မငြိမ်မဝပ်ဟိအံ့။ ဘရဏီ နက္ခတ် အရောင်ညှိုးကေ ကပိလဝတ်ပြည် မငြိမ်မဝပ်ဟိအံ့။
တြတ္တိကာနက္ခတ် အရောင် ညှိုးကေ ရုံပြည် မငြိမ်မဝပ်ဟိအံ့။ မိဂသိနက္ခတ် အရောင်ညှိုးကေ ယွန်းပြည် မငြိမ်မဝပ်ဟိ အံ့။ ပုန္နဖုသျှနက္ခတ် အရောင်ညှိုးကေ ကလိဂရာဇ်ပြည် မငြိမ်မဝပ်ဟိအံ့။
အသလီဿ နက္ခတ် အရောင်ညှိုးကေ ဇင်းမယ်၊ သထုံ မငြိမ်မဝပ်ဟိအံ့။ မာဃနက္ခတ် အရောင်ညှိုးကေ အြွမဝတီပြည် မငြိမ်မဝပ်ဟိအံ့။
ြုပဗ္ဗဖလဂုနိနက္ခတ် အရောင်ညှိုးကေ ဗာရာဏသီ မငြိမ်
မဝပ်ဟိအံ့။ ဥတ္တရဖလဝုနိနက္ခတ် အရောင်ညှိုးကေ မိထီလာပြည် မငြိမ်မဝပ်ဟိအံ့။ အသဝ၁၁၄ နီနက္ခတ် အရောင်ညှိုးကေ ြုပဗ္ဗာဝတီပြည် မငြိမ်မဝပ်ဟိအံ့။ ဖုသျှနက္ခတ် အရောင်ညှိုး ကေ ပဲခူးပြည် မငြိမ်မဝပ်ဟိအံ့။ ဤကား နက္ခတ်ပရိယာယ်။
ကြယ်ပရိယာယ်
editဝိသာခါနက္ခတ် အင်္ဂါကြယ်ထိလတ်ကေ လူနာ လူဖျားတိအံ့။
အင်္ဂါကြယ် အ ရောင်ထိုး၍ထွန်းကေ မင်းဧ သားကြီး၊ သမီးကြီးရို့ သေကြေပျက်စီးအံ့။ ရောဟဏီနန့် ဖျောက်ဆိပ်ထိကြကေ လီပြင်းစွာလာအံ့။ သွာတိနန့်မိတြ ထိကြကေ ရာဟုြုဂိုဟ်စီးမူ နံရောက်တိုင်းပြည် မီးသို့ပူရအံ့။
ငတ်မွတ်ရှားပါးအံ့။ ယောကျာ်းတစ်ယောက်ကို မိန်းမ တစ်ကျိတ် ရှာလတ္တံ့။ ကြယ်တံခွန် အရှေ့မျက်နှာကထွက်ကေ ထိုအရပ်ပျက်အံ့။တောင် ဘက်ကထွက်ကေ တောင်ဘက်မျက်နှာဟိ တိုင်းပြည်မြို့ရွာ စည်ကားအံ့။
အနောက်က ကြယ်တံခွန်ထွက်ကေ အနောက်မျက်နှာ တိုင်းပြည်မြို့ရွာ မသာဟိအံ့။ အနောက်မျက်နှာ က သူပုန်ပေါ်အံ့။ မြောက်ဘက်မျက်နှာက ကြယ်တံခွန်မြင်မူ ပြည့်သျှင်မင်း ဥပဒ်ကင်းအံ့။
တိုင်းပြည် ဝပြောစည်ပင်အံ့။ ရက်စဉ် ကြယ်ကိုနိမှတ်၍ ကြယ်ထွန်းရေ့ကြယ်နံရောက် ရာ တိုင်းပြည်ြုမို့ရွာစည်ပင်အံ့။ ဤကား ကြယ်ပရိယာယ်တည်း။
မြေပရိယာယ်
editထိုမှတစ်ပါးလည်းမြေအင်္ဂါမူ-ဖြူရေမြေပုဏ္ဏား နွားနို့အစာလိုအံ့။ အနံ့ကေကား ကြာတံဆိပ် အနံ့ဟိအံ့။ ထိုမြေတွင် နေကေဘုန်းကြီးအံ့။ ကျေးကျွန်တိအံ့။ နီရေမြေ ကား မြေမင်းတည်း၊ ပိတောက်ပန်းသင်းရေ အနံ့ဟိဧ။ ထမင်းအရသာစားလိုအံ့။ ထို မြေထက်နေကေမင်းဖြစ်အံ့။ အဆင်းမည်းရေ မြေကား မြေကျွန်တည်း၊ သေရည် သေရက်ကို အစာလိုဧ။ အနံ့ညှီနံ့ရဧ။ ထိုမြေထက် မနေရာ။ ဥယျာဉ်လယ်ယာသာ လုပ်ရအံ့။
အဆင်းဝါရောင်ဟိရေမြေကား အနံ့ကေ ပူပုပ်နံ့ဟိအံ့။ အစာကေကား ဆင် သားလိုအံ့။ ရဟန်းနေအပ်ဧ။ အရောင်တိယောင်ဟိရေမြေကား ကေသပံသုသေ လောဒက မြေမည်ဧ။ အစာကေကား သားတစ်လိုအံ့။ ြုမို့တည်၍ မနေရရေမြေ။ အနံ့ကေကား ပဒုမာကြာအနံ့ဟိဧ။ ထိုမြေ၌ လပြည့်ဝန်းပမာ မျက်နှာကဲ့သို့ဟိဧ။ ညီညွတ် ရေ မြေဒူးလေးကိုင်းကဲ့သို့ဟိရေမြေ၊ နွားခေါင်းပမာဟိရေမြေ၊ လတစ်ခြမ်းကဲ့သို့ ဟိရေမြေ၊ ထိုမြေသုံးရပ်ရေ စီးပွားချမ်းသာ၊ ဥစ္စာတိုးတက်ကျက်သရေ ဟိအံ့။ လိပ်ကုန်းကဲ့သို့ဟိရေ မြေ၊ အိုးကင်းမှောက်ထားရေပမာဏဟိရေ မြေ။ မြင်း၁၁၅ ခေါင်းပမာဏဟိရေမြေ၊ လျလျလုံးလုံးဟိရေမြေ။ ကြက်ပမာ ဟိရေမြေ။ ဘီလူးရုပ် ပမာဟိရေမြေ၊ နဂါးကျစ်ကဲ့သို့ဟိရေမြေ။ ထိုမြေ ၇-ရပ်၌ မနေအပ်။ စီးပွားချမ်းသာ မဟိ။ အနာအဖျား ထူအံ့။
ဖြူရေမြေ၊ နီရေမြေ၊ ပြာရေမြေ၊ ထိုမြေသုံးရပ်၌လည်း လကျာ်နိမ့်၍ လက် ဝဲမြင့်ရေ မြေ၊ မှူးမတ်နေကေ မင်းဖြစ်အံ့။ သူဆင်းရဲနေကေ စီးပွားတိုးတက်အံ့။ အရှေ့မြင့်၍ အနောက်နိမ့်ရေမြေ၌နေကေလည်း စဉ်းလဲဝန်တို ဂုံးချောကောက် ကျစ်တတ်အံ့။ အထက်မြင့်၍ အနားနိမ့်ရေမြေ၌နေကေ ရန်တိအံ့။ ထိုမြေ၌ ကျောက် ခါးကဲ့သို့ဟိအံ့။
တောင်ကမြင့်၍မြောက်ကနိမ့်ရေ မြေ၌နေကေ ထိုအောက်ပလ္လင်ကဲ့ သို့ဟိဧ။ တောင်ကအင်းဟိအံ့၊ မြောက်ကရေစီးအံ့။ အရှေ့ကအိုင်ဟိအံ့။ မြေမင်္ဂလာ ရွှေငွေတိအံ့။ အမှုတကာကို နိုင်အံ့။
အနားပတ်လည်ပြန့်၍အလယ်နိမ့်ရေ မြေ၌နေကေ ထိုမြေအောက် ကျောက်ဟိ ဧ။ အကောင်းအဆိုး တိအံ့။ ဤကားမြေပရိယာယ်။
ယင်းသို့အကြောင်း ရှေးပညာဟိရို့ဆိုခလီရေ လောကီမှု၌ ယတြာရသဝတီ ကျမ်းထွက်ဟိပါရေ။ ယင်းသို့အကြောင်း တိနိမိတ်ရို့ကိုလည်း အကြောင်းဆိုက်အံ့ရေ တိုင်းပြည်ရို့ကသာ ဆင်ခြင်ခြင်းဟိကြောင်း စာဟောင်းညွှန်လျက်ဟိပါရေ။ ထိုအကြောင်း ထင်လတ်ကေ မင်းကိုပြခြင်း၊မိဖုရား၊ မင်းသား၊ မှူးမတ်၊ ရဟန်း၊ ပုဏ္ဏား၊ ပြည်သူ စရေ၊ ကျွဲ နွား ဆင် မြင်းစရေ သတ္တဝါရို့ဖြစ်ရာ အကြောင်းခွဲဝေစိတ်ဖြာသိတတ်မှ အဖြစ်အ ပျက်ညှိနှိုင်းပါရေ။လောကီမှာမှန်တိုင်းသိချင်ရေ၊လောကုတ္တရာမှုမှာလည်း မြတ်စွာ ဘုရား ဆုံးမတော်မူရေတရားကို အမှန်သိ၍ ကျင့်ဆောက်တည်ခြင်း။ ယင်းသို့စုံမှ လောကီလောကုတ္တရာ နှစ်ဖြာတတ်ပွန်၊ သူတော်မွန်ဟူ၍ ကျမ်းဂန်ထွက်ပါရေ။ တစ်ကြောင်းတုံလည်း ရန်သူကိုအောင်နိုင်ရေ အမတ်အင်္ဂါကိုဆိုခရေ သေနင်္ဂပျို့ အလာကေကား-
ဆဒ္ဒန်ပြောင်မုန်၊ ရဲဟုန်နန့်ချိုး၊ ချွန်ချွန်ထိုးသို့၊ အကျိုးဟိသင့်၊ ရို့ခွင့်မသာ၊ မင်္ဂ လာအောင်မြေ၊ အနေသင့်ရာ၊ ဗိုလ်ပါဆင်မြင်း၊ သိမ်းသွင်းမပျက်၊ ရဲမက်မြုပို၊ ရန်ကိုနှိပ်နွံ၊ အကြံပညာ၊ ရေသာဖြစ်ခ၊ လူရဲမရှား၊ လက်ရုံးအားမှာ၊ အမှားအမှန်၊ အလွန်အကြူး၊ အရူးအင်္ဂါ၊ မိစ ္ဆာအကျင့်၊ နိမ့်မြင့်ရုံးနိုင်၊ အပိုင်ခဲခက်၊ လက်နက်ဗိုလ်ခြေ၊ အသေအဆုံး၊ ထုံးမြုပလောက်၊ ထွင်းဖောက်မြောက်မြား၊ ဂုဏ်ကိုးပါးစုံ၊ ပညာလုံမှ၊ ဗိုလ်ပုံမပန်း၊ ဉာဏ် စွမ်းနဂ္ဃိ၊ တွင်းပြင်ဟိက၊ ကြီးဘိသခင်၊ ဆင်မြင်းရထား၊ ခြေရေအားနန့်၊ လေးပါးအစုံ၊၁၁၆ ရောက်လာတုံရေ။ ပိုက်ြုခံပြီးစီး၊ စစ်သူကြီးသို့၊ ထုံးမှီးလိမ္မာ၊ သို့ကိုသာကေ၊ စစ်အင် လေးမည်၊ အပ်ရေရှေးရိုး၊ ရန်ချိုးနိုင်ရေ၊ ပညာရည်ကြောင့်၊ ရွှေပြည်သာယာ၊ ဝတိံသာ သို့၊ ပမာတူမျှ၊ အဿကမင်း၊ စစ်တွင်းရှုံးမည်၊ သို့ရေစကား၊ သိကြားစင်လျက်၊ ပျက် ရေ့ထုံးမှန်၊ နန္ဒိသေန၊ အဿကမတ်၊ ညီညွတ်ပြည့်စုံ၊ ပညာလုံ၍၊ ဗိုလ်ပုံရန်ငြိမ်၊ ကလိင်္ဂ ရာဇ်၊ သူ့စစ်နွမ်းညှိုး၊ အကျိုးမဟိ၊ ပန်းနှယ်ရိ၍၊ ကဓိကစက်၊ ကြေညက်ဘရမ်း၊ အမတ် သွမ်းနန့်၊ မင်းကြမ်းတစ်သွန်း၊ မာန်တံခွန်ကို၊ ကဲလွန်စတင်၊ ကိုယ်ရှင်ကိုယ်ဝယ်၊ အလမ္ပါယ် သို့၊ အန္တရာယ်ရောက်၊ ပြေးပေါက်လမ်းမှား၊ သေပျောက်ငြားလည်း၊ တရားမရ၊ မင်းပါပ ယင်းပိုင်းဆိုခပြီးရေ ရှေးပညာဟိရို့စကားလည်းဟိပါရေ။ ယင်းသို့ ထုံးဟောင်း သက်သေနန့် အမတ်ကြီးလျှောက်လီရာ ပြည့်သျှင်မင်းကြီးအမိန့်တော်ဟိရေကား-
မင်း၊ မိဖုရား၊ မင်းသား၊ မင်းသမီး၊ ဆွေတော်၊ မျိုးတော်မှစ၍ အမတ်ြုမို့စား ကျေးစားအတွင်း သုံးအပြင်သုံးသမျှရို့ရေအမတ်ကြီး မဟာပညာကျော်စကားကို နာခံ ပြီးမှ လျှောက်တင်ခွင့်ဟိရေတိကိုလျှောက်ထားစေ ပညတ်တော်မူလီရေ။ အ မတ်ကြီးရေလည်း မင်း၊ မိဖုရား၊ မင်းသား၊ မှူးမတ်၊ ပြည်သူဟူလျက်မခြား၊ အမှုလား ကိုသာ ရှေ့နောက်တိုင်းထွာပြသဆုံးမ၍ မင်းထံလျှောက်ခွင့်တိကိုလျှောက်လီကေ မည်သူတစ်ယောက်ညှိုးခြင်းမဟိ၊ အမတ်ကြီးစကားကို နားထောင်ကြလီ၍ ထိုပြည်သာ ယာငြိမ်းအေးလီရေ။
မှတ်ချက်။ ။ဤစစ်ချီရာ တိတ်နိမိတ်တိ လျှောက်ထုံးရေ ရှေးအထက် ကာလတိကပင် ရခိုင်စဉ်လာသုံးစွဲလာကြရေ လောကီမှုဆိုင်ရာ ယတြာ ဃဝတီကျမ်း မှ ထုတ်နှုတ်ပြီး မင်းဖလောင်းကြီး လက်ထက်အခါ မင်းမေးရေကြောင့် အမတ်ကြီး မဟာပညာကျော် လျှောက်ထားခြင်းပြုခရေ။[2]
ကိုးကား
edit- ↑ ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃
ကျမ်းကိုးစာရင်း
edit- ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
- ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
- ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
- ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
- ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
- ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
- ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
- ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
- ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
- ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
- ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
- ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
- ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
- ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
- ၁၆။ မောင်ပုံရာဇဝင် ပေမူ
- ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ
- ↑ ရခိုင်လျှောက်ထုံးများ-နန္ဒာထွန်း-၂၀၀၂