Wp/rki/ရခိုင်လျှောက်ထုံး(၃၆)

< Wp‎ | rki
Wp > rki > ရခိုင်လျှောက်ထုံး(၃၆)

သီဟိုဠ်ကျွန်း သူဌေးဧအဘိုးလက်ထက်ကမြီဟောင်းအမှု ဖြတ်ထုံး edit

တစ်ရံရေအခါ သီဟိုဠ်ကျွန်း၊ တမ္ဗူလသူဌေးမြေး ဂုမ္ဘီသတ် လာရောက်၍ ဘိုး တော်တမ္ဗူလသူဌေးရေ မြောက်ဦးြုမို့သို့ ဘေးတော် စလင်္ကာသူမင်းလက်ထက် သင်္ဘောနန့် အရောင်းအဝယ်ရောက်ပါရေ။ ထိုအခါ အဘိုးတမ္ဗူလနန့် ပေါင်းထွတ် သင်္ဘောဆိပ်သူဌေး အုန်းအာသန်ရို့နန့် ချစ်ကြည်ယုံမှတ်ကြ၍ အသပြာတစ်သိန်း အပ်နှံထားခပါရေ။ သူဌေးအုန်းအာသန်အမွေကို ဆက်ခံစားဟိသူ မြေးဒေါ်တလီ ပီးသင့်ကြောင်း၊ ပြည့်သျှင်မင်းထံလျှောက်ထားလီရေ။ ပြည့်သျှင်မင်းက အမှုကို အမတ် ပညာကျော်သို့ လွှဲအပ်စီရင်စေရေ။ အမတ်ပညာကျော် စီရင်ရေထုံးကေကား- အုန်းအာသန်မြေးသူဌေး ဒေါ်တလီကိုမေးရာ အပ်ရေမအပ်ရေကို မသိ၊ မင်း ဆယ်ဆက်မြောက် နှစ်တစ်ရာကျော်ဟိခပါပြီ။ အစဉ်အဆက်လည်း ပြောသံမကြားဘူး ပါဆိုလီရေ။

သီဟိုဠ်ဂုမ္ဘီသတ်က လူကြီးနှစ်ဦးယုံမှတ်ပီးအပ်ကြရေကာလ သဝန်သကလ- ဟူရေတောင်ထိပ်ဟိ ညောင်ပင်ရင်းတွင်နှစ်ဦး လက်မှတ်စာကို ကျောက်ဖျာကြီး၌ရေး ၍ ထိုညောင်ပင်ကြီးမြောက်ဘက်နားတွင် ြုမှပ်နှံထားခကြောင်း၊ အဘိုးသူဌေး ရေးမှတ် ထားရေ မှတ်စာပါကြောင်း တင်ပြလီရေ။

ထိုညွှန်ရာသို့ လားရောက်ကြည့်ရှုရှာဖွေစေရာ ကျောက်ဖျာမဟိ၊ ညောင်ပင်ကို ကား ခုတ်ရေ့အငုတ်ဟိလျက် တွိ့ရလီရေ။ ယင်းရေအခါ ပေါင်းထွတ်သင်္ဘောဆိပ် အကြီးကိုခေါ်၍ သဝန်သကလတောင်ထိပ်၌ ညောင်ပင်ကို မည်ရေ့ကာလက မည်သူ ခုတ်လှဲရေ၊ ထိုတောင်က ကျောက်ခဲကျောက်ဖျာကို မည်သူယူဘူးရေကို မေးလီ၍၁၀၁ သင်္ဘောဆိပ်အကြီး ပြန်ပြောရေမှာ- သူဌေး ဒေါ်တလီ၊ အဘ -ရှာအလင်၊ တိုက်တည် ရေအခါ ကျောက်ဖျာကြီးတစ်ခုယူဘူးပါရေ။ ညောင်ပင်မှာ သင်္ဘောသားရို့ ထင်း ခုတ်ယူကြောင်း ထွက်ဆိုလီရေ။ ကျောက်ဖျာကို သင်္ဘောဆိပ်တွင် ခင်းလျက်ထားခ ကြောင်းထွက် ဆိုရေ။ ထိုကျောက်ဖျာကိုလားရောက်ပြီး လှန်ကြည့်လီရာ သူဌေးနှစ် ဦး လက်မှတ်စာကို တွေ့ဟိလီရေ။

ယင်းရေအခါ အပ်ထားခရေ့မှန်ပြီ။ မင်းဆယ်ဆက်၊ နှစ်ပေါင်း ၁၀ဝ ကျော် ကြာကေလည်း မင်းရိုးမင်းဆက်သာ ဆက်တော်မူရေ၊ ထီးကျိုးစည်ပေါက်မဟုတ်၊ ကျမ်းဂန်လာရေမှာကပိလဝှယေ- ကပိလဝတ်ပြည်၌၊ စတုရာသီတိသဟဿရာဇိနော- ရှစ်ရေင်း လေးထောင်ရေမင်းရို့ရေ၊ ဘေရိသတ္တကောနာမ- ထီးကျိုးစည်ပေါက် မည်ရေ ကား၊ နတ္တိ- မဟိ၊ ရာဇဂဟ- ရာဇြုဂိဟ်ပြည်၌လည်းကောင်း၊ မိဓိလနဂရေ- မိဓိလာပြည်၌ လည်းကောင်း၊ ဧဝမေဝ- ထို့အတူလျင်တည်း။ ဝေသာလိယံပန-ဝေသာလီပြည်၌မူကား၊ အဇာတသတ် တိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ပါဋလိပုတ်ပြည်၌ ပဉ္စက-မင်း ကိုခိုးမှု ငနန္ဒာ တိုက်ခိုက်ဖျက်ဆီးသဖြင့်လည်းကောင်း၊ ထီးကျိုးစည်ပေါက်ဟိကြောင်း လာရေ။ ဤရက္ခပူရတိုင်း၌လည်း ရှေးမင်းရို့လက်ထက် လုယက်ဖျက်ဆီးသဖြင့် မင်း ကြမ်းမျိုးခြား ဆယ်ဆက်ဖြစ်ဘူးရေ။ ဘေးတော် မင်းစောမွန်လက်ထက်လည်း ပြည် ထမ်းပိုး ကျိုးဘူးရေ။

ယင်းသို့အကြောင်းြုကံရေကာလရို့၌သာ အမှုရို့ကို ပလပ်စေရာရေ။ မင်း ရိုးမင်းမျိုးမပျက် စိုးဆက်ရှည်ကြာ ကမ္ဘာပတ်လုံးကြာကေလည်း၊ ထိုပြည် ထီးကျိုးစည် ပေါက်မဟိ။ သာကီဝင်မင်းမျိုးမှန်ရေ။ အပ်နှံလုယက်၊ ခိုးဝှက်သမျှ၊ အမှုပစေ မဆိုသင့်။ သို့ရာတွင် ထိန်းသူထင်ရှားဟိ၍ တောင်းကြပီးကြကေ သဘောတူအပီးအယူနန့် နေစေ သင့်ရေ။ ထိန်းရင်းအပ်ရင်း သူချင်းမဟုတ်လီ။ သားတစ်ဆက် မြေးတစ်တန် ထိန်း သိမ်းလျှက် နှစ်ပေါင်းတစ်ရာကျော် ထိုဥစ္စာပျောက်ဆုံးကေလည်း ပီးလျှော်ရမည်ပင် ဖြစ်လီရေ။

တစ်ရေင်းသပြာကို ထိန်းသူရစေ။ ကိုးရေင်းသပြာကို သီဟိုဠ်ပြည် သူဌေး ဂုမ္ဘီသတ်သို့ပီး၍ အထက်ကအဘိုးနှစ်ဦးထားခရေ သက်သေ လက်မှတ်ကျောက်စာကို ဖျက်သိမ်းကြစေစီရင်လီကေနွေကာလပင်ဖြစ်လျက် မိုးရေးထန်စွာရွာလီရေ။ သူဌေးနှစ်ဦး ကြည်လင် ကျေနပ်ကြ၍ သပြာတစ်ထောင်စီကို အမတ်ကြီးသို့ပူဇော်ကြလီရေ။ ပြည့်သျှင်မင်းကြီး ကလည်း ပတ္တမြားလက်စွပ်တစ်ကွင်း အမတ်ကြီးသို့ တရားဆု ပီးတော်မူပြန်ရေ။[1]

ကိုးကား edit

  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း edit

    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ