Wp/rki/ရခိုင်လျှောက်ထုံး(၃၀)

< Wp‎ | rki
Wp > rki > ရခိုင်လျှောက်ထုံး(၃၀)

ပြည်သူဆင်းရဲသားရို့အမွေကို မင်းရို့ ခံသင့်၊မခံသင့်လျှောက်ထုံး edit

မင်းဖလောင်းကြီးလက်ထက်တော် တရံရေအခါမူလည်း၊ စစ်တကောင်းြုမို့တွင် သူဌေးဦးစီရာလီ သေလွန်လီရေ။ ထိုရေအခါ စစ်တကောင်းြုမို့စားလာရောက်ပြီး၊ ဦးစီးရာလီတွင် အမွေခံသားမြေးမရှိကြောင်း လျှောက်ထားလီရေ။ ပြည့်သျှင်မင်းကြီးက ပြည်သူဆင်းရဲသားရို့အမွေကို မင်းခံစားသင့်ရေ၊ မခံစားသင့်ရေကို အမတ်ကြီးအား မေးတော်မူလီရေ။ ထိုအခါ အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးကေကား-

အရှင်မင်းမြတ်။ ဘုရားလောင်းမင်းကောင်း၊ မင်းမြတ်၊ သာကီဝင် နွယ်တော်စဉ် လာအကြောင်း ထုံးဟောင်းကျမ်းဂန်၌ရှိပါရေ။ ပြည်သူရို့လုပ်ခွန်ထွက် ဆယ်ဘို့တစ် ဘို့ကိုသာ မင်းရို့ဘဏ္ဍာခံထိုက်ကြောင်း ရှေးအမှာရှိပါရေ။ ပြည်သူရို့ သာမိက ခတ္တိယ အစိုးရရေမြေရှင်ဖြစ်လျက် မင်းမျိုးမဟုတ်ရေသူရို့ဧအမွေကို ခံယူထုံးမရှိပါ။ ရေမြေ ပိုင်မင်းဖြစ်လျက်ဆင်းရဲသားရို့ အမွေကိုခံယူချေကေ၊ ဝိလုပ္ပန္န-လုယက်ဖျက်ဆီး၍ မင်းမူရေမင်းမျိုးရို့ ခံယူရေထုံးလည်း ကျမ်းဂန်တွင်ဆိုလျက်ရှိပါရေ လျှောက်လီ ကေ ပြည့်သျှင်မင်းမြတ်အမိန့်တော်ရှိရေကား-ငါရို့မှာလည်းသားမြေးမရှိ မင်းဆွေ မင်းမျိုးရို့ မင်းရိုးမပျက် ထီးနန်းတက်ရရေ။ ဆင်းရဲသားရို့မှာလည်း ယင်းပိုင်းအလျောက် သားမြေးမရှိမူ၊ ဆွေမျိုးအမွေခံရာရေ။ သူဌေးဦးစီရာလီ အမွေကိုဆွေမျိုးရို့က ခံယူစေ အမိန့်တော်ရှိလီကေ ရာဇပလ္လင်ပေါ်၌စိုက်ရေ ကနက္ကဒန်ထီးဖြူ ပွင့်လီရေ။[1]

ကိုးကား edit

  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း edit

    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ