Wp/rki/ရခိုင်လျှောက်ထုံး(၁၉)

< Wp‎ | rki
Wp > rki > ရခိုင်လျှောက်ထုံး(၁၉)

တပ်တော်ထွက်၍စစ်ချီစဉ်ဖြစ်ရေ တိတ်နိမိတ်နှစ်ချက် လျှောက်ထုံး edit

ဘုရင်မင်းပါကြီးရေ အထက်ပါအစီအစဉ်ဖြင့် တပ်စုံခင်း၍စစ်ထွက် ချီလာခလီ ရေ။ ယင်းရေအခါ စီးတော်ဆင်ဇီဝစိုးရေ ကညင်သစ်တစ်ပင်ကို မာန်ဝင်၍ထိုးလီ ရေ။ ကညင်သစ်ပင် အမြစ်ကျွတ်ထွက်ပြီး လဲလီရေ။ ထိုအကြောင်းကို ဆင်ကဲရို့ လျှောက်လာရေ။ ထိုစဉ်၌ပင် မိုးစည်းကျွန်းသူကြီး ကောင်းလှအောင်ကလည်း ငါးကျွဲ တစ်ကောင်ဆက်လာရေ။ ထိုတိတ်နိမိတ်နှစ်ခုကို အမတ်ပညာရှိ ဝိမလလျှောက်ထုံး ကား-

ကာလာဝက၊ ဝင်္ဂေယျနန့်၊ ပဏ္ဍာရခေါ်၊ ပေါက်ကျော်တမ္ဗ၊ ပိင်္ဂလဟု၊ စရေ ကျော်ဟိုး၊ ဆင်ဆယ်မျိုးထက်၊ တန်ခိုးအလွန်၊ ဆဒ္ဒန်ပြောင်မြတ်၊ ပတ်ရပ်ညီညာ၊ လက္ခဏာကား၊ သန္တာစွယ်ရောင်၊ အာပေါင်စွေးစွေး၊ ဖွေးဖွေးဖြူစင်၊ ငွေစင်အလား၊ စွယ်ဖျားအညီ၊ လကျာ်ချီဧ။ နာရီနှစ်ဖက်၊ နားရွက်နှာနု၊ မစုမညွတ်၊ သရပတ်သို့၊ မပြတ်မစောက်၊ နီာက်ရှေ့ဦးကင်း၊ မစင်းမလုံး၊ ကိုယ်လုံးကျော့ရှင်း၊ ရေဆင်းညာတင်၊ လေးခွင်စက်ပန်း၊မချွန်းမပု၊ ရှစ်ခုအစွန်း၊ လဝန်းသဏ္ဍန်၊ မင်ရေခံသို့၊ အသံသွန်နည်း၊ ရေကြည်းနှစ်သွယ်၊ ညာဘယ်မရွေး၊ အပြေးအလွှား၊ နဂါးဦးချီ၊ ရာသီသုံးမည်၊ ငါး တည်သုံးချက်၊ မုန်သက်မကြူး၊ ထိပ်ဦးလည်တိုင်၊ ကြံ့ခိုင်စွမ်းသန်၊ ရဲမာန်တည်းတည်း၊ ခြေရေးနီချက်၊ ကျောက်မျက်နီလာ၊ ပမာမခြား၊ နှာမောင်းဖျားတွင်၊ ပတ္တမြားရိပ်၊ အရောင်ဖိတ်သို့၊ အအိပ်သုံးထွေ၊ အနီလေးပါး၊ အစားသုံးချက်၊ မကွက်မသန်း၊ တောင် ကျွန်းဇဗ္ဗူ၊ ဆင်ဟူသမျှ၊ မာနမြုပိင်၊ ဦးဆိုင်မတန့်၊ ကြောက်လန့်ရှောင်ပြေး၊ မြသွေးနှာချပ်၊၅၇ ပြီးခပ်ရာဟု၊ စက္ခုကောက်မြဲ၊ ပုလဲအာနီ စုံညီမယွင်း၊ ဆင်တိ မင်းကား၊ နီ့ချင်းမ လောက်၊ ခြောက်ဆယ်ခန့်ကွာ၊ ယူဇနာကိုမကြာလျင်မြန်၊ နီ့ချင်းပြန်ရေ။ ဆဒ္ဒန်ပေါက် ကျော်၊ ဆင်တော်မြတ်မျိုး၊ ဇီဝစိုးလျှင်၊ အောင်မင်္ဂလာ၊ စကြာကွန့်မြူး၊ တပ်တော်ဦးတွင်၊ ကညင်သစ်ကြီး၊ ကျိုင်းထီးတမျှ၊ ပမာဏကို၊ ငင်ချထိုးလှဲခြိမ့်သဲပဲ့တင်၊ ရှစ်ခွင်တုန်ရိုက်၊ တိုက်စက္ကဝါ၊ နှံ့စွာကြောက်မင်း၊ မာန်သွင်းအလို၊ ထိုကုလားပြည်၊ မတည်ထွားညက်၊ ပျက်မည်မလွဲ၊ ငါးကျွဲဆက်လာ၊ ဘင်္ဂါဆယ့်နှစ်၊ ပုဆစ်ညွတ်တုပ်၊ လက်အုပ်ချီမြှောက်၊ ရွှေစက်အောက်သို့၊ ပို့ရောက်လာပြီ၊ ဒီလီဖဆာ၊ ဇာတာနွမ်းညှိုး၊ ခိုကိုးမည်ချည်း၊ အလှံလှဲ ၍၊ ကပ်ဆည်းဝင်လာ၊ ရတနာတွေ၊ မိုးသို့စွေမျှ၊ ကျက်သရေစုံ၊ ရွှေဘုံရိပ်ဖွား၊ ကုလားမင်း သွေး၊ ဆင်းငြိမ့်လေးကို၊ အရေးတော်ဖန်၊ ဆက်မည်မှန်ရေ၊ လျင်မြန်ပြီးစီး ဘုန်းနီ မီး။

ထိုသို့ အမတ်ဝိမလလျှောက်လီကေ ဘုရင်မင်းဗာကြီးရေ လွန်စွာနှစ်သက် တော်မူဧ။ စစ်တပ်ထွက်တော်ကပင်၊ စစ်တကောင်းမြို့ရေ ရှေးဘီတော်၊ဘိုးတော်ရို့ လက်ထက် အမတ်ဝိမလရို့အမျိုး စားရိုးဖြစ်ရေ။ အမိန့်တော်ရှိ၍ ဝိမလအမတ်အား စစ်တကောင်းမြို့ကို မြို့စားပီးတော်မူရေ။[1]

ကိုးကား edit

  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း edit

    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ