Wp/rki/ရခိုင်လျှောက်ထုံး(၁၂)

< Wp‎ | rki
Wp > rki > ရခိုင်လျှောက်ထုံး(၁၂)

မင်းထီးလက်ထက် နွားခိုးမှုဖြတ်ရန် လျှောက်ထုံး edit

မင်းထီးရေ အသက်(၇)နှစ်အရွယ် သက္ကရာဇ်၆၄၅တွင် လောင်းကြက်ြုမို့ထီးနန်း ၌ ဘုရင်ဖြစ်၍ မင်းပွဲသဘင်ညီလာခံြုပရာ၌ မယ်တော် သူဘတ္တာဒေဝီဧမောင်ရင်းတော်သူ ဒါဂါြုမိ့စားဦးရီးတော် အနန္ဒဘယရင်ခွင်ပေါ်၌ ထိုင်တော်မူလျက်သာ ခံတော်မူရေ။ မင်းကြီးရေ ရခိုင်ရာဇဝင်၌ အလွန်ထင်ရှားရေ မင်းတစ်ပါးဖြစ်ရေ။ ငယ်ရွယ် စဉ်ကပင် သူတပါး၌အကျိုးြုပုမှုကို လိုလားရေ။ အကျင့်သီလရှိရေ။အမျက်စောင်း မာန်နည်းရေ။ ဘုရားပုထိုး၊ သိမ်ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်တိြုပုလုပ်လှူဒါန်း တော်မူရေ။ အဂတိတရားမလိုက်စား၊ တရားဖြောင့်မတ်မှန်ကန်ရေ။ ဒေသို့အစစ ကောင်းမြတ်ရေ့ ဂုဏ်ရှိခြင်းကြောင့် အနီးအဝေးကျော်ကြားရေ။

မင်းထီးရေ တိုင်းပြည်အုပ်ချုပ်ရန် အမိန့်တော်ပြဌာန်းထားရှိရေကား-

သားမကောင်းလျှင် အဘ ၊ မယား မကောင်းလျှင် လင်၊ တပည့် မကောင်းလျှင် ဆရာ၊ ကျွန်မကောင်းလျှင် သခင်၊ သမီးမကောင်းလျှင် အမိကို စီရင်ရမည်ဟူ၍ ယင်းသို့ မင်း အာဏာတော် ဥပဒေငါးရပ်ကိုထုတ်ပြန်လျက် အုပ်ချုပ်တော်မူလီရေ။ တစ်နီ့ရေအခါ လောင်းကြက်ြုမို့နီ သူဌေးဓနဉ္စယဧ ကျွန်နှစ်ယောက်ရေ နွားတစ်ကောင်ကို ခိုးယူသတ်စားကြလီရေ။ နွားခိုးရို့ရေ ထိုအမှုကြောင့် မင်းမှု ထမ်းထံအဖမ်းခံကြရရေ။ ထိုအခါ ကျွန်ရှင်သူဌေးရေ မင်းဒဏ်သင့်တော့မည်ကို အလွန်ပင် စိုးရိမ်ခြင်းဖြစ်ကာတိစွာ ကြောက်ရွံ့လျက်ရှိလီရေ။ အပြစ်မှ ချမ်းသာရ စေရန် ဦးရီးတော်အနန္ဒဘယထံ ချဉ်းကပ်ပူဆာလီရေ။ ငွေအသပြာတစ်ထောင်ကို လည်း တံစိုးလက်ဆောင်အဖြစ်ယူပါရန် တောင်းပန်ပြီးပီးလီရေ။

ဦးရီးတော် အနန္ဒဘယရေလည်း တူတော်မင်းထီးမှာ ငယ်ရွယ်သူဖြစ်၍ မိမိ ရင်ခွင်၌ပင်ထိုင်လျက် ဘုရင်ြုပုသူဖြစ်ရေ။ မိမိကိုလည်း ဘခင်သဖွယ် ချစ်ခင်မှတ် ထင်ရိုးရှိရေ။ သို့ကြောင့် ဒေနွားခိုးမှုတွင် မိမိကျွန်ရှင်ခံခြင်းမျှဖြင့် ရာဇဒါဏ်မင်း ပြစ်မသင့်တန်ရာဟု မှတ်လီရေ။ မင်းပြစ်သင့်တော့မည့် သူဌေးအားလည်း သနားခြင်း ရှိလီရေ။ ထို့ကြောင့် ကျွန်ရှင်ခံပီးရန်သဘောတူကာ တာဝန်ယူလိုက်မိလီရေ။ အမှုကိုမင်းထီးကိုယ်တိုင်ပင် စစ်မေးတော်မူရေ။ မင်းထီးက နွားခိုးတိကိုမေးဧ။ ]သင်ရို့ရေ အဘယ်သူဧသားမြေး ကျွန်ရို့ပေနည်းနွားခိုးရို့က ကျွန်တော်မျိုးရို့ ရေ ဦးရီးတော်အနန္ဒဘယဧ ကျေးကျွန်ရင်းတိဖြစ်ကြပါကြောင်း လျှောက်ထား ကြလီရေ။ မင်းထီးလည်း ဦးရီးတော်သို့မေးမြန်းဧ။ နွားခိုးတိလျှောက်တင်ရေ မှန်ဧလော ဦးရီးတော်ကလည်း မှန်ကြောင်းထွက်ဆိုလျှောက်ထားလီရေ။ အမှုမှာ ဦးရီးတော်နန့်သာသက်ဆိုင်၍ နီလီရကား ဘုရင်မင်းထီးရေ ရှေးအမတ်ပညာရှိမျိုး မှဖြစ်ရေ စစ်တကောင်းြုမို့စား ဝိမလအမတ်သို့ မေးလီရေ။

ဒေသို့အာဏာကိုဖျက်သူအား ကျမ်းဂန်အလိုအသို့နည်း မည်သို့ရှိရေကို ဘေးတော်၊ ဘီတော်၊ ထီးနန်းမင်းဆက်စီရင် ထုံးစာဟောင်းနန့် လျှောက်ထားရမည် ဟု အမိန့်တော်ရှိလီရေ။ ထိုရေအခါ ပညာရှိအမတ် ဝိမလ လျှောက်ထုံးကေကား- အရှင်မင်းမြတ်။ မင်းကျင့်ဝတ်ပကတိတရားခုနှစ်ပါးကို ကျမ်းဂန် လာရေကား-

သာမဿာမျာနုဂေါမစ္စော

ဇနပဒေါပိသဇ္ဇနီာ၊ ဒုဂ္ဂံဒုဂ္ဂဂုဏောပေတံ

ဒဏ္ဍော ဒေါသာနုရုပကော။

တော ရေအယက္ခယသမ္ပတ္တိ

မိတ္တဉ္စဘ ယသံယုတ္တံ။

သတ္တပကတိရေဟောန္တိ၊ ဂုတ္တာန်တိ ဝိစက္ခဏာ။ ဟူ၍ရာဇနိတိ ကျမ်း၌လာပါ ရေ။ သာမိ=လိမ္မာတော်ဖြောင့်တရားစောင်ရေ ပြည့်ရှင်မင်းလည်းတစ်ပါးသာ၊ မျာနု ဂေါ မိမိအရှင်ဖြစ်ရေမင်းအလိုတော်သို့တရားသဖြင့် လိုက်၍ဆုံးမပေတတ်ရေ အမစ္စော အမတ်ပညာရှိလည်းကောင်း၊ ဇနပဒေါ ဇနပုဒ်ပြည်ရွာတိုင်းကား၌ဖြစ်ထွန်းရေ သဇ္ဇ နီာပိ- သူတော်ကောင်းဖြစ်ရေပညာရှိလည်းကောင်း၊ ဒုဂ္ဂံဒုဂ္ဂဂုဏော ပေတံ-ဖျက်ဆီး ကူးမြောက်ခြင်းငှာ ခဲယဉ်းစွာရေ ြုမိ့ရိုး၊ တံတိုင်းပြအိုး၊ တန်ဆောင်း၊ ကျုံး၊ မြောင်း၊ ရင်တားနန့် ပြည့်စုံရြေုမိ့ရှိခြင်းလည်းကောင်း၊ ဒေါသာနုရုပတော- အပြစ်ရှိရေသူအား အပြစ်အားလျှော်စွာ၊ ဒဏ္ဍောမျက်နှာကြီးငယ်၊ မဖယ်မရွေး၊ ဒဏ်ပီးခြင်းလည်းကောင်း၊၃၄ အက္ခယသမ္ပတိတောရေ- ပြည်သူရို့ဧ အခွန်ကိုမလွန်စေရ၊ ဆယ်ဘို့ တစ်ဘို့ခံယူ၍ မကုန်ခန်းနိုင်ရေ ကျီကျဘဏ္ဍာ သစ္စာမြောက်မြားစွာရှိခြင်းလည်းကောင်း၊ ဘယသံ ယုတ္တံမိတ္တံ- ရန်သူရောက်လတ်ရေအခါ ညီညာကူပံ့ဆောင်ရရေ ပြည်ထောင်ဖက်ချင်း မိတ်ဆွေခင်ပွန်း မင်းရှိခြင်းလည်းကောင်း၊ ဣတိ ဒေသို့ နီတိဝိစက္ခဏာ ရာဇနီတိ၌လိမ္မာ ကုန်ရေပညာရှိရို့ရေ၊ ဝုတ္တာ-ဆိုအပ်ကုန်ဧ။ ဒေသို့ကျမ်းဂန်လာကြောင်းနန့် အ မတ်ကြီးလျှောက်လီရာ ပြည့်ရှင်မင်းအမိန့်တော်ရှိရေကား-

ငါငယ်တော်မူကေလည်း ကေသရာဇာခြင်္သေ့မျိုးရေ ရွှေဂူ၌သာ အိပ်သကဲ့သို့ ခြင်္သေ့လည်း ရွှေခွက်နန့်သာတည်ရေ။ ဆဒ္ဒန်ဆင်ဖြူမျိုးမှန်လျှင် ဆင်မည်းဖွားရိုးမရှိ။ နီလရို့ရေ မိမိအရောင်ကိုဖျက်၍ မထွန်း၊ သမုဒ္ဒရာရို့မူလည်း ကမ်းကိုရေလျှံရိုးမ ဟုတ်။ ငါရို့မင်းမျိုး၌လည်း အနီးအဝေး မရွေးလီရာ။ အာဏာသားနား၊ ထားရေ စကားဖျက်ရိုး ထုံးဟောင်းမလာ။ မင်း တည်ကြည်မှ ပြည်သာရေ။ အနွယ်တော်စောင့် ရေတရား၊မဖျက်သင့်။ ငါလည်း သိတော်မူရေပင်။ အမိန့်တော်ရှိ၍ အမှုကိုမှန် ရေ့အတိုင်း ဆုံးဖြတ်လီရေ။ ဦးရီးတော်အနန္ဒဘယအား လူသတ်ရို့လက်သို့ လွှဲအပ်လိုက်လီရေ။

လျှောက်ထုံးြုပသူ အမတ်ကြီး ဝိမလသို့လည်း မင်းတုံးြုမို့ကို စားကျေးပီးတော် မူလီရေ။ သက်တော်(၁၅)နှစ်သို့ရောက်ရေအခါလွန်လီပြီးရေ ဦးရီးတော်အနန္ဒ ဘယဧသမီးတော် မြတ်ရွှေညာကို တောင်နန်းစံမိဖုရားအဖြစ် ချီးမြှင့်တော်မူရေ။ ဘေးတော်၊ ဘိုးတော်၊ ခမည်းတော်ရို့နည်း ဘိသေကမင်္ဂလာကိုလည်း ခံယူတော်မူရေ။ (မင်းထီးရေ ၆၄၅-တွင်နန်းတက်ပြီး၊ ၇၅၁-တွင် နတ်ရွာစံလွန်လီကြောင်း ရခိုင်ရာဇဝင်ကျမ်းတိမှာ ပြဆိုပါရေ။)[1]

ကိုးကား edit

  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း edit

    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ