Wp/rki/ရခိုင်ရိုးရာ မုန့်တီ

< Wp‎ | rki
Wp > rki > ရခိုင်ရိုးရာ မုန့်တီ

ရခိုင်ရိုးရာမုန့်တီ ချက်နည်း edit

ကျွန်တော်ရခိုင်မုန့်တီကြိုက်ပါရေ။

ကျွန်တော်မုန့်တီ မချက်တတ်ပါ။

သို့သော် မြောက်ဦးမြို့နယ် ဇီးဇာကျွန်း က

အဖိုး ဦးလှကျော်ဖြူ ရိုးရာမုန့်တီချက်နည်းကို

(၁၉၆၅-၆၆) လောက်ကလေ့လာမှတ်သားဖူးပါရေ။ဒေသအလိုက် ကွဲလွဲနိုင်ပါရေ။

ရခိုင်မုန့်တီသမိုင်း(ပါးစပ်ရာဇဝင်) edit

BC-5 ရာစုခန့်က ဓညတီပြည်တွင် မဟာမုနိဘုရားတကာ စန္ဒသူရိယမင်းလောင်းလျာ ရေ မိခင်ဝမ်း၌ ကိုယ်ဝန် စွဲကပ်ရေအခါက မိဖုရားကြီးရေ ညအိပ်ပျော်နီစဉ် မြီကြီးထဲမှ တီကောင်တိကို စားရရေဟု အိပ်မက်မက်ပြီး တီကောင်တိကို စားချင်သည့် အာသာဆန္ဒ ချင်ခြင်း ပြင်းပြစွာ တပ်လေရကား ဘုရင်ကြီးအား သူမဧ့ချင်ခြင်းကို လျှောက်ထားလေဧ့။ ဘုရင်ကြီးက မသင့်တော်ကြောင်း တားမြစ်ပါသော်လည်း သူမဧ့ ချင်ခြင်းဆန္ဒကို မဖြေဖျောက်နိုင်ဖြစ်ရကား စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ရလေဧ့။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီးဧ့ ပြင်းပြရေအာသာဆန္ဒကို ဖြည့်ဆည်းရန် ပညာဟိအမတ်တိ

နှင့် တိုင်ပင်တော်မူလေဧ့။

ထိုအခါပညာဟိတိက

"တီကောင်ဆိုရေ စားအပ်ရေအရာမဟုတ်။

သို့သော်မိဖုရားကြီဧ့ ချင်ခြင်းတပ်မှုကို မဖြည့်ဆည်းနိုင်ပါက မိဖုရားကြီးမှာ မစားနိုင်မအိပ်နိုင် ကျန်းမာရေးထိခိုက်လျှက်ဟိရကား တီကောင်နှင့်တူရေ မုန့်တစ်မျိုးကို ဖန်တီးပြီးကျွေးမွေးရန်အကြံပြုကြဧ့။

ထို့ကြောင့် ဆန်ကိုအချဉ်ဖောက်ပြီး

ညက်စွာထုထောင်းနယ်ဖတ်လျှက် တီကောင်ကဲ့သို့

အရောင်ဆိုးကာ ရွှေခွက်ကြီးတစ်ခုတွင်ထည့်ဧ့။ ထိုနောက် အပေါက်ငယ်တိ ဖောက်ထားရေ

ရွှေပြားနန့် အပေါ်မှအုပ်ကာ မိဖုရားကြီးအား ခြေဖ၀ါးကို ကောင်းစွာသန့်ရှင်းစေပြီးမှ အပေါ်မှ

တက်နင်းစေဧ့။

ထိုအခါ မုန့်ပျော့ဖတ်တိရေ

ရွှေပြားဧ့ အပေါက်ငယ်တိမှ တီကောင်ငယ်တိသဖွယ် လူးလွန့် ထိုးထွက်လာလေဧ့။

ထိုအခါ မိဖုရားကြီးလည်း တီကောင်သဏ္ဍာန်

မုန်အမျှင်တိကို ဝမ်းသာအားရ ယူငင်ကာ

စားသုံးလေသနန့် ချင်ခြင်းဆန္ဒပြည့်ဝလေဧ့။

ထိုနောက်ကျန်ရေမုန့်တိကို စားချင်စဖွယ်ပြုပြင်စားရေက်ကြသနန့် မုန့်တီစားသုံးသုံးခြင့်ဓလေ့

ဓညဝတီပြည်တွင် ထွန်းကားလာလေဧ့။

မုန့်တီစားရာတွင် အရည်သောက်ဟင်းချိုတစ်မျိုး

နန့် တွဲဖက်စားသောက်ကြရဧ့။

နောင်ကာလကြာရေအခါ ဟင်းချိုရည်ကို

သီးခြားမထားတော့ဘဲ မုန့်ဖတ်နှင့်ရောနှောကာ ရေက်ကြလေဧ့။

ထို့ကြောင့် ဓညဝတီရခိုင်ပြည်တွင် (BC-5) ရာစုခန့်မှစ၍ မုန့်တီရေက်သည့်ဓလေ့ ထွန်းကားခရေဆိုဧ့။ ဤရေကား ပါးစပ်ရာဇ၀င်ဖြစ်ဧ့။

လိုအပ်ရေပစ္စည်းတိ edit

၁။ အဝကျယ်မြီအိုးတစ်လုံး။

၂။ အိုးအဖုံး

(အဖုံးရေ ငါးလက္မခန့်မြင့်ရေ

ကတော့ချွန်ပုံဖြစ်ပြီး အတွင်းဖက်တွင်

ခွက်နီရဖို့)

၃။ အင်းဂရားချိုင်ငပိ(မျှင်ငပိစစ်စစ်)

၄။ သင်းပေါင်းထိုးခြောက်(ငါးရွှေခြောက်)

(ငါးရွှေခြောက်ရေ ကြပ်တိုက်ခြောက်ဖြစ်ရဖို့)

(နီလှန်းခြောက်ရေအနံ့မမွှေးပါ)

(အကောင်းကြီးသားပိုကောင်းရေ)

၅။ ပဒဂြော (ပဒဲကော)

၆။ ချင်းစိမ်း(ဂျင်း)

၇။ ဆိတ်ဖူး

၈။ ငရုပ်ကောင်း

၉။ ကြက်သွန်ဖြူ

၁၀။ မှင်းကျိုးသီးအစိမ်း(မကျည်းစိမ်း)

မကျည်းစိမ်းရာသီမဟုတ်ပါက

မကျည်းမှည့်(မှင်းကျိုးသီးအပိ) ကိုသုံးပါရေ)

၁၁။ ငရုပ်သီးခြောက်

၁၂။ နံနံပင်ပေါက်

၁၃။ ဆန်

၁၄။ ဆား

၁၅။ ပဲဆီ/နှမ်းဆီ

မုန့်ဖတ်လုပ်ခြင်း edit

ရှေးဦးစွာ ဆန်ကို အဝတ်အိပ်အဖြူတိတွင်ထည့်ပြီး စင်ပေါ်တင်ကာ ရေစိမ် ရေလောင်းပေးထား

ရဖို့။

(၅-၇)ရက်ခန့်ကြာရေအခါ ဆန်ရေအချဉ်ပေါက်ပြီး ပျော့လာဖို့။ ထိုဆန်ကို ကောင်းစွာနယ်ပြီး

ဆုံတွင်ညက်အောင် ထောင်းကာ မုန့်ညှစ်ဆုံတွင်

ညှစ်ရဖို့။ ထွက်လာရေ မုန့်တီအမျှင်တိကို

ပွက်ပွက်ဆူနီရေ ရေနွေးအိုးနန့်ခံယူပြီး ကျက်လျှင် ဆယ်ယူရဖို့။ တစ်ကြိမ်တစ်ဆုံညှစ်လျှင်

"တစ်ဆွဲ" ဟုခေါ်ရေ။

မုန့်တီဟင်းရည်ကြိုခြင်း။ edit

မြီအိုးတွင် ဦးစွာရေ သင့်ရုံ ထည့်ပြီး

မျှင်ငပိကို လိုသလောက်ထည့်ကာ မီးပြင်းပြင်းနန့်

ရေခမ်းရေအထိကြိုရဖို့။

(ခြောက်ကပ်ရေအထိမကြိုရပါ)

ထိုသို့ကြိုခြင်းကို

ငပိသတ်ရေဟုခေါ်ပါရေ။

ငပိသတ်စဉ် အိုးအဖုံးကို ဖွင့်ထားရဖို့။

(မကောင်းသည့်အနံ့အသက်တိထွက်သွားရန်)

(ငပိကိုသတ်ခြင်းနန့်အနံ့အရသာပိုကောင်းလာပါရေ။)

ဆားတဖေ့ချေထည့်ရဖို့။

ငပိသတ်ပြီးရေအခါ ရေကိုလိုသလောက်

ထပ်ထည့်ရဖို့။

သင်းပေါင်းထိုးကို လက်သုံးလုံးခန့် အပိုင်းပိုင်းဖြတ်ပြီး အိုးထဲ ထည့်ရဖို့။

ချင်းစိမ်း နှင့် ပဒဲကော ကြက်သွန်ဖြူ ဆိတ်ဖူး တို့ကို ထုထောင်းကာ သင့်သလောက် ထည့်ရဖို့။

ငရုပ်ကောင်းအနဲငယ်ထောင်းထည့်ရဖို့။

ထိုနောက် သင်းပေါင်းထိုးတိ နူးအိပြီ

ဟင်းရည်နံ့ မွှေးကြိုင်လာရေထိ မီးပြင်းပြင်းနန့် ကြိုရဖို့။

ကြို၍ကျက်ရေအခါ မီးငွေ့ငွေ့ နန့်ဆက်လက်ကြိုထားရဖို့။

(မြီအိုးရေ အိုးသစ်ဖြစ်ပါက မုန့်တီမချက်မီ

အိုးကို ရေဝအောင်စိမ်ပေးပြီး ရေနန့် နာရီတိစွာအလွတ် ကြိုပေးရဖို့)

ဆိတ်ဖူး ၊ဂျင်း နှင့် ကြက်သွန်ဖြူ ။ edit

ဆိတ်ဖူး၊ ဂျင်း နှင့်ကြက်သွန်ဖြူ သင့်သလောက်ကို

ဆုံနန့်ထောင်းပြီး အိုးအဖုံးကို ပက်လက်လှန်ကာ အတွင်းဘက် ချိုင့်ခွက်တွင် ဖိသိပ်ထည့်ပြီး

ပိတ်စသန့်သန့်နန့် သေချာစွာပိတ်ပြီး စည်းနှောင်ကာ ဟင်းရည်အိုးပေါ်တွင် မှောက်လျှက်ဖုံးထားရဖို့။

သို့မှသာ အိုးမှထွက်လာရေအငွေ့ကြောင့်

ဆိတ်ဖူး ဂျင်း ကြက်သွန်ဖြူ တို့မှ စီးကျလာရေအရည်တိနန့် ဟင်းရည်ရေအမြဲတန်း

စားချင့်စဖွယ်အနံ့နန့် မွှေးကြိုင်နီဖို့။

ငါးမှုန့် edit

ဟင်းရည်ကြိုပြီးသည့်အခါ သင်းပေါင်းထိုးအဖတ်တိကို အကုန်ဆယ်ယူပြီး အရိုးထွင်ကာ အသားကို

ဆုံတွင် ခပ်ဖွဖွထောင်းပြီး ဆနွင်းအနည်းငယ်နန့်နယ်ကာ ဆီအနဲငယ်နန့် အိုးကင်းပူတိုက် ဒလိမ့်ထိုးရဖို့။

(ငါးမှုန့်ဟုခေါ်ပါရေ)

ကြက်သွန်ကြော်/ဆီကျက် edit

ကြက်သွန်ဖြုအတက်ငယ်တိကို ကန့်လန့်ဖြတ်

အဝိုင်းငယ်တိရအောင်လှီးကာ ဆီတိတိနန့်

ကြွတ်နီအောင်ကြော်ရဖို့။

အချည်ရည်။ edit

မကျည်းသီးအစိမ်းကိုပြုတ်ပြီး

ခွက်တစ်ခုတွင်ထည့်ကာ

မုန်တီဟင်းရည်အနဲငယ်နန့်

ဇွန်းနန့်ထိုးခြေထားရဖို့။

ငရုပ်သီးချက် edit

ငရုပ်သီးခြောက်ကို ညက်စွာထောင်းပြီး

ပဲဆီ/နှမ်းဆီ တိတိ နန့် အိနီအောင်

ကြော်ချက် လုပ်ထားရဖို့။

ငရုပ်ကောင်း


ငရုပ်ကောင်းကို အမှုန့်ထောင်းပြီး

ခွက်တစ်ခုတွင်ထည့်ထားရဖို့။

နံနံပင်ပေါက် edit

ရိုးရာရခိုင်မုန့်တီတွင် အပင်ပေါက်စ နံနံပင်ကိုသာ သုံးပါရေ။ နံနံပင်ပေါက်ကို ရေနန့် သန့်အောင်ဆေးပြီး ခွက်တစ်ခွက်နန့်ထည့်ထားရဖို့။

ဆား edit

အငံအလေး ကြိုက်သူတိအတွက်

ဆားတစ်ခွက်ပြင်ဆင်ထားရဖို့။

ရခိုင် မုံ့တီသောက်နည်း။ edit

မုန့်ဖတ်ထည့်ပါ။

ဆီကျက် (ကြက်သွန်ကြော်) ထည့်ပါ။

ငါးမှုန့်အနဲငယ်ထည့်ပါ။

အချည်ရည်သင့်သလောက်ထည့်ပါ။

အစပ်ကြိုက်လျှင် ငရုပ်သီးဆီချက် ထည့်ပါ။

အပူဓာတ်အတွက် ငရုပ်ကောင်းမှု့န့်သင့်သလောက်ထည့်ပါ။

ဟင်းရည်ထည့်ပါ။

နံနံပင်ပေါက်အနည်းငယ်ကို နောက်ဆုံးမှထည့်ပါ။

ကဲ- စားနိုင်ပါပြီ။

မှတ်ချက် edit

ရခိုင်လူမျိုးတို့ရေ မုန့်တီ ကို မ "စား" ကြပါ။

မုန့်တီ "ရသောက်ရေ" ဟုပြောကြပါရေ။

"မုန့်တီသောက်ရေ" ဟုသာပြောကြပါရေ။

အထူးမှာကြားချက် edit

မိတ်ဆွေရေ ရခိုင်မုန့်တီကို

ရခိုင်လူမျိုးရောင်းတဲ့ ရခိုင်းရိုးရာ မုန့်တီဆိုင်မှာ ဝယ်စားပါက မုန့်တီစားပြီးလျှင် အစပ်ပြေအဖြစ်

မုန့်ဖတ်အနည်းငယ် တောင်းစားဖို့ မမေ့ပါနှင့်။

မေတ္တာရပ်ခံချက် edit

ရခိုင်မုန့်တီရေ လူကြိုက်တိရေနှင့်အမျှ

ရန်ကုန်တွင် ရခိုင်လူမျိုးတိသာမက အခြားရေ တိုင်းရင်းသားတိကပါ စီးပွါးဖြစ်ရောင်းချနီကြသူ အတိအပြားဟိပါရေ။

သို့သော် ချက်လုပ်ပုံမှာ အချိုမှုန့်ကို အလွန်အကျွံ

ထည့်ပြီး မုန့်တီနှင့်တူလျှင်ပြီးရော ဆိုပြီး

ဖြစ်ကတတ်ဆန်းချက်ပြုတ် စီးပွါးရှာနီကြပါရေ။

စင်စစ် ရခိုင်မုန့်တီရေ သာမန်အစားအစာ တစ်ခုသာမဟုတ်ဘဲ ရခိုင်လူမျိုးကို ကိုယ်စားပြုရေ

အစားအစာတစ်ခုဖြစ်သနန့် ရိုးရာစံနစ်နန့်သာ ချက်ပြုတ်ကြပါစေလိုပါရေ။