Wp/rki/ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ

< Wp‎ | rki
Wp > rki > ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ

လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။

ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ အထူးတလည် နှစ်သက်ရေ ပွဲတစ်မျိုးဖြစ်ပါရေ။ နိခင်းနိလည် အားလပ်ချိန်မှာ တစ်မျိုး၊ လပ, ရေ ညဉ့်အချိန်မှာ တစ်မျိုး၊ အထူးစည်ကားရေ ဒိုးပြိုင်ပွဲကြီး ဟိခကတ်ပါရေ။

စာရီးသူရို့ လူပျိုပေါက်အရွယ်မှာ အပျိုတစ်ဘက်၊ လူပျိုတစ်ဘက် ကိုယ်တိုင်ဝင်ရောက် ကဇပ်ခစွာပုံရိပ်ကို မြင်ယောင်နီပါသိမ့်ရေ။ ယင်းပွဲရို့မှာ ဒိုးကဇပ်ထူးချွန်ရေ မိန်းမကြီးတစ်ဦးကို ဂေါင်းလူကြီး (ခေါင်းဆောင်) အဖြစ် တင်ထားရပါရေ။ ဒိုးကဇပ်နည်း အဆင့်ဆင့် (၂၆)ဆင့် အောင်မြင်ပြီးမှ အနိုင်ဆုကို ပီးကပ်၊ ချီးမြှင့်ကတ်ရပါရေ။

ညိုမေ (အညို့မေ) edit

ကိုယ်ပစ်တေဒိုးကို လက်နန့်လိမ့်လွှတ်ပြီး သတ်မှတ်ထားရေ စည်းတာကို မကျော်မီ၊ ကိုယ်ပစ်လိုရေ နီရာမှာ ဖမ်းပြီးကေ ထောင်ထားရေ ဒိုးကိုလဲအောင် ပစ်ရပါရေ။

ဖူးမှုတ်ကောက်တဲ edit

ဒိုးကို ပါးစပ်ထဲက ဖူးလို့မှုတ်ပြီး လွှတ်လိုက်ရရေ။ နီရာမှ လုံးဝမရွိစီဘဲ ထောင်ထားရေဒိုးကို ထိမိအောင် ပစ်ရပါရေ။

ဆင်ခြီလှမ်း edit

တာမ,ကနီလို့ ညာဘက်ခြီဖမိုးထက်မှာ ဒိုးကိုတင်ပြိးကေ ဘယ်ခြီတစ်လှမ်း လှမ်းပနာ ညာခြီထောက်ကို လှမ်းပြီးကေ ပစ်ရပါရေ။

လျှပ်ထိုး edit

ဒိုးကို ခြီဖျားတိအောက်မှာထိုးလို့ အပြားလိုက်ဖိညှပ်ဗျာယ် ကျန်ခြီတစ်ဖက်ကို မြှောက်ပြီး လျှပ်တိုက်လို့ လားရပါရေ။ ထောင်ဒိုးကို (၃)ပတ်တိတိ ပတ်ရပါရေ။ အကယ်၍ ဒိုးမှာ ဖဝါးအောက်ကို လျှောဝင်လား ပါကေ မအောင်မြင်(သီရေ)လို့ ဆိုပါရေ။

ခြီတင်ခုံ edit

ခြီဖမိုးပေါ် ဒိုးကို အပြားလိုက်တင်ထားပြီးကေ တဖက်ခြီကို မြှင့်ပနာ ဒေါက်ခုန် ဒေါက်ခုန်နန့် ထောင်ထားရေဒိုးကို (၃)ပတ် ပတ်ရပါရေ။

ခြီတင်သွေ edit

ခြီတင်ခုံလုပ်နည်းအတိုင်း ဒေါက်ခုန် ဒေါက်ခုန်နန့် ယူလာပြီးကေ ထောင်ထားရေဒိုး စည်းတာနားမှာ ရပ်ပနာ ဒိုးတင်ထားရေခြီကို လွှဲယူကာ ခြီဖမိုးနန့် ထောင်ထားရေ ဒိုးကို ပစ်ရပါရေ။

မြင်းလွှတ် edit

ဒိုးလွှတ်တာက ပစ်ဒိုးကို လက်နန့်ထိန်းပြီးကေ ထောင်ဒိုးကို မလွန်အောင် ပစ်ရပါရေ။ ဒိုးရောက်တေနီရာက ခြီတစ်ဖက်နန့်ထောက်ပြီး ကျန်ခြီတစ်ဖက်ကို မ,ဗျာယ် ဒိုးကို တိုးလို့ တိုးလို့ ယူလာပြီးကေ ပစ်ရပါရေ။ (အေနီရာမှာ ဒိုးမပစ်ခင်က မြင်းလွှတ်စည်းမှာကျကေ "ဒွီး"လို့ ဆိုပြီးကေ ပစ်ကတ်ရပါရေ။)

ပေါင်ရင်းကြီး edit

ဒိုးကို ပေါင်ရင်းမှာ ညှပ်ပနာ တာမှလွှတ်ပြီး ထောင်ဒိုးကို မကျော်ရအောင် ထိန်းလို့ ပစ်ရပါရေ။

ပေါင်ရင်းလတ် edit

ပေါင်ရင်းကြပီးပစ်တေပိုင်သျှောင် ပေါင်လယ်မှာ ညှပ်ပနာ ပစ်ရပါရေ။

ပေါင်ရင်းသျှေ edit

ဒိုးကို ပေါင်အောက်မှာ ညှပ်လို့ ပစ်ရပါရေ။

ဒူးငုတ်(ဒူးမောင်း) edit

ဒူးနှစ်ခုကြား ဒိုးကိုညှပ်လို့ လွှတ်ပြီးကေ ပေါင်ရင်းကြီးနည်းပိုင်သျှောင် ပစ်ရပါရေ။

ဒူးလိမ် edit

ညိုမေ(အညို့မေ) ပြုလုပ်တေနည်းအတိုင်း သတ်မှတ်တာမှ မှန်းလို့လွှတ်တာ လက်နန့်လုံးဝမထိန်းဘဲ ရောက်တေနီရာက ထောင်ဒိုးကို ထိမိအောင် လက်နန့်ပစ်ရပါရေ။

ခြီမျက်စိညှပ် edit

ခြီမျက်စိနှစ်ခုကြား ဒိုးကိုညှပ်ပြီး ရပ်စောက်ရပ်ပနာ လွှတ်လို့ ပေါင်ရင်းကြီးပိုင် ပစ်ရပါရေ။

ဖနောင့်ဆွဲ edit

ဖနောင့်နှစ်ခုကြားမှာ ဒိုးကိုညှပ်ပြီးကေ ခြီမျက်စိညှပ် ပစ်တေသျှောင်ပိုင် ပစ်ရပါရေ။

ဖဝါးလယ် edit

ဖဝါးလယ်မှာ ဒိုးကိုညှပ်လို့ အထက်ကနည်းပိုင်သျှောင် ပစ်ရပါရေ။

ခြီမညှပ် edit

ခြီမနှစ်ခုကြားမှာ ဒိုးကိုညှပ်လို့ အထက်ပါနည်းပိုင်သျှောင် ပစ်ရပါရေ။

ခြီမကြားညှပ် edit

ခြီမနန့် ခြီလယ်ကြား ဒိုးကိုညှပ်ပနာ ရပ်စောက်ရပ်ပြီးကေ တာမှ လှိမ့်ရပါရေ။ လှိမ့်လာရေဒိုးကို လက်နန့်ဖမ်းလို့ ပစ်ရပါရေ။

ခြီလယ်ညှပ် edit

ခြီလယ်နန့် ခြီသူကြွယ်ကြားမှာ ဒိုးကိုညှပ်ပြီး လယ်ညှပ်ပိုင် ပစ်ရပါရေ။

ခေါင်းတင် edit

ဒိုးကို ဂေါင်းထက်မှာ အပြားလိုက်တင်ပြီး လက်နန့်လုံးဝမကိုင်ဘဲ တဖြည်းဖြည်း လျှောက်လာပြီးကေ ထောင်ဒိုး အနီးအနားကို ရောက်တေခါ ဦးခေါင်းညွတ်လို့ ပစ်ရပါရေ။ (ပစ်တေခါ ခါးကို လုံး၀ မညွတ်စီရပါ။)

ပါးတင် edit

ခေါင်းကို စကေချေစောင်းပနာ ဒိုးကို ပါးထက်မှာတင်ပြိးကေ ခေငါးတင်အတိုင်း ပစ်ရပါရေ။

နားတင် edit

ဒိုးကို နားထက်မှာတင်ပြီးကေ ပါးတင်အတိုင်း ပစ်ရပါရေ။

နဖူးတင် edit

မျက်နှာကို မော့ပနာ ဒိုးကိုနဖူးထက်မှာ တင်ပြီးကေ လမ်းလျှောက်လားပနာ ပစ်ရပါရေ။

ထမင်းပို့ edit

ဒိုးကို ခြီခုံမှတင်ပြီးကေ ခြီတစ်ဖက်တည်း ထောင်ပနာ ခုန်လို့လားဗျာယ် ထောင်ဒိုးကို တစ်ပတ် ပတ်ရပါရေ။

နန့်တို့စား edit

ဒိုးူကို ခြီမကြားမှာညှပ်ပြီး ခြီတစ်ဖက်တည်းနန့် ခုန်လို့လားဗျာယ် ထောင်ဒိုးကို တစ်ပတ် ပတ်ရပါရေ။ ယင်း ပိုင်သျှောင် ပစ်တေခါ စိုက်ထားရေထောင်ဒိုးကို မြီမှာ မလဲစီရဘဲ၊ ခြီမကြားမှာ ညှပ်ထားရေဒိုးနန့် ထောင်ဒိုး ကို (၃)ကြိမ်တိတိ တို့ပြီးကေ ပြန်လာရပါရေ။ ယင်းပိုင်သျှောင် (၃)ကြိမ်တိုင်အောင် ပြုလုပ်ရပါရေ။

ပုလင်းထောင် edit

ထောင်ဒိုးနန့်ထိအောင် တာမ,ကနီဗျာယ် လက်နန့်ပစ်ရပါရေ။ ပစ်ဒိုးနန့် ထောင်ဒိုးကို ပစ်လိုက်ပြီး လဲကျ လားပါကေ မူလစည်းတာမှ နီပနာ ရှိကို တစ်တောင်တိုးလို့ ပစ်ရပါရေ။ ယင်းပိုင်သျှောင် တစ်တောင်စီ တိုးလို့၊ တိုးလို့ ပစ်ခြင်းဖြင့် တဆတ်ဆတ်နန့် ပါးလာပြီးကေ နောက်ဆုံး တစ်တောင့်တစ်ထွာအကွာမှ ပစ်ပြီး ပါက ဒိုင်ပွဲ (အောင်ပွဲခံ) ဒိုင်းပွဲက ပြီးဆုံးလားပါရေ။

ယင်းပိုင် တစ်ဖက်နန့်တစ်ဖက် တလှည့်စီ ကဇပ်ကတ်စွာမာ အဆင့်ဆင့်တက်ပြီးကေ အစ,ကနဦးပြီးသူ ဖက်က အနိုင်ရရေ ပွဲအောင်မြင်ပြီးဆုံးပနာ အနိုင်ရပါရေ။ အကယ်၍ ဒိုးကဇပ်တေခါ တစ်ဖက်ဒိုးကိုရာ ထိမိ,ပစ်မိပါကေ (ချောက်ခိုးရေ) လို့ ဆိုပါရေ။ ဆိုလိုစွာက (မိမိခင်ပွန်းအပြင် အခြားသူနန့် တိတ်တဆိတ် ဖောက်ပြန်စွာကို ခေါ်စွာပါ) ဒိုးကဇပ်တေခါ ချောက်ခုးမိပါက တဖွဲ့လုံး ဆုံးရှုံါ်(သီဆုံး)ပါရေ။ ကျန်အဖွဲ့က ဆက်ပြီးကေ ပြန်လို့စလို့ ကဇပ်ကတ်ရပါရေ။ တစ်ပွဲကို ဆက်တိုက်နိုင်ဖို့ဆိုစွာ သာမန်ကိစ္စမဟုတ်ပါ။ တဖွဲ့ လုံး အညောင်းခံပြီးကေ ဒိုင်ခေါင်းဆောင်လုပ်သူမျာ အချိန်ကန့်သတ် အနားပီးရပါရေ။

ကြီးကျယ်မြင့်မြတ်တေ လုပ်ငန်းကို ခွန်အားတစ်ခုတည်းနန့် ဖန်တီးလို့မရနိုင်ပါ။ မလျှော့ရေ ဇွဲနန့် ဖန်တီး ရယူပါမှ အောင်မြင်နိုင်ရေလို့ အဆိုဟိပါရေ။ ရိုးရာယဉ်ကျေးမှု ဒိုးပြိုင်ပွဲ အားကဇပ်နည်းကို ဖန်တီးကြံဆစွာ ကိုပင် ဂုဏ်ယူဖို့ကောင်းပါရေ။ ယေဇုနန့် ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်ကေ လူမျိုးလည်း ဆိတ်သုဉ်းနိုင် ပါရေ။

အားကဇပ်နန့် ပတ်သက်လို့ ဘာသာရီးပွဲတော်ရို့မှာ ရိုးရာကျင်ပွဲ၊ လှီပြိုင်ပွဲအဆင့်လောက်ရာ ကျန်ပါဗျာယ်။ အေခေတ်လူချေ၊ လူငယ်ရို့မှာ ဒိုးပြိုင်ပွဲနန့် တခြားအားကဇပ်ပွဲနည်းရို့ကို လုံးဝမမြင်ဖူးကတ်ဗျာယ်။ ရိုးရာ အားကဇပ်နည်းတိ တိမ်မြှုပ်လားစွာ ဝမ်းနည်းစရာတစ်ရပ်ပင် မဟုတ်ပါလား။ မိမိရိုးရာ ယဉ်ကျေးမှုကို အမျိုးသားရီးအနီနန့် ဖော်ထုတ်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ဒိုးအားကဇပ်နည်းကို လေ့လာရင်း တင်ပြလိုက် ရပါရေ။[1]

ကိုးကား edit

  1. စောဝဠာ - မင်းပြား(ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ)