ရခိုင်မင်းတိလက်ထက် တရားစီရင်ရီး
editရခိုင်မင်းရို့ တရားစီရင်ရာဖြစ်ရေ အဆောက်အအုံကို လွှတ်တော် ခေါ်ရေ။ လက်အောက်မင်းရို့ တရားစီရင် ဆုံးဖြတ်ရာ အဆောက်အအုံကို ရုံး ဟု ခေါ်ရေ။ တရားမဏ္ဍပ် ဟုလည်း အသုံးဝေါဟာရမှု ပြုခကတ်သိမ်း ရေ။ လွှတ်ရုံး၌ ဘုရင်ရေ ညီလာခံခြင်းဖြင့် တိုင်းရီးပြည်ရာရို့ကို ဆွေးနွေးဆုံးဖြတ်ရေ။ ထိုသို့ ညီလာခံရန် ရခိုင်မြောက်ဦးခေတ်တွင် တောင်မြင်း မိုရ်နန်းညီလာခံ၊ မြောက်မြင်းမိုရ်နန်းညီလာခံဆိုပနာ သီးခြား တည်ဆောက် ဟိခရေ။ တောင်မြင်းမိုရ်တွင် ပြည်-တိုင်း နိုင်ငံဆိုင်ရာ ဘုရင်ခံ၊ မှူးကြီး-မတ်ကြီး၊ နယ်စား၊ မြို့စား၊ ချောင်းစားရို့ဖြင့် ညီလာခံပွဲ ဆင်နွှဲခကတ်လီ ရေ။ ၁၉၇၁-၇၂ ခုနှစ်ထုတ် ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၁၂)တွင် တင်ပြခဖူးလီပြီ။ မောလိပ်လွှတ်တော်မှာ ကုန်သွယ်ရီး ဌာနရုံး ဖြစ်ရေ။ ဗာဗူစာရပြည်စိုးကြီး သင်္ဘောစာကိုင်ရို့ ဦးစီးကတ်ရေ။
မြောက်မြင်းမိုရ်တွင် မဟာသင်္ဃရာဇာ ဝိနည်းဓိုရ် ရာဇာဂုရု၊ ရာဇသင်္ကြန်
ဆရာတော်ရို့နန့် သာသနာရီးဆိုင်ရာ မှူးကြီး မတ်ကြီးတိနန့် ဆွေးနွေး
တိုင်ပင်ခြင်း ပြုရေ။ ဝိနည်းဓိုရ် ဆရာတော်ကိုကား ဓညဝတီခေတ်တွင်
ပင် တွိ့ရရေ။ ဓညဝတီခေတ်၌ မဟာမြတ်မုနိဘုရား ရှေ့တော်အရပ်တွင်
ဝိနည်းဓိုရ်ကျောင်းဟိ၍ ဝိနည်းဓိုရ်မှာ နန ́သီရိမထေရ်ဟု ဆိုဧ့။ ဒသရာဇမင်း
(ပရိန်ခေတ်) လက်ထက်၊ အတုလဝိဇယဂဏ ပါမောက္ခ ငရမန်မင်း (နေရဉ္စ
ရာ တောင်ငူခေတ်) လက်ထက်၊ ဥတ္တရဓမ္မ သံဃာဓိပတိ၊ မင်းထီး (လောင်း
ကြက်ခေတ်) လက်ထက် ရီးထိုးခရေ မဟာဗောဓိ ကျောက်စာတွင်
သီရိဓမ္မရာဇာဂုရု မြောက်ဦးမင်း ရာဇာကြီးလက်ထက်တွင် အသျှင်ဓမ္မသာမိ၊
နရပတိမင်း လက်ထက် ဝိနည်းဓိုရ်နန့် သာသနာပိုင် ၁၂ ပါး ဖြစ်ရေ။
နိုင်ငံတော်၌ အကြီးအမှူးအဖြစ် သာသနာပိုင်ဝိနည်းဓိုရ်တိကို ရွေးချယ်
ထားခကတ်ရေ။ ထိုပုဂ္ဂိုလ်တိမှာ ဧကစာရဂိုဏ်း အရညဝါသီတိထဲမှ
ဖြစ်ကတ်လီရေ။ နိုင်ငံရီးနန့် သာသနာရီးကို ခွဲခြားထားရေ။ မင်းရို့
သိက္ခာ၊ စောင့်အပ်ရာရေ၊ သာသနာရီး၊ မထွေးစီရ၊ သင်္ဂဟကို၊ နိစ္စပြုပေ
ဟု ကျမ်းထုံးလာရေ။ သံဃာတော်ရို့အား နိုင်ငံရီး၌ ဦးစီးစေခြင်းဖြင့်
ကိုယ် ကျိုးကိုရှာ၊ သံဃာတော်အား၊ သဒ ̈ါပွား၍၊ မင်းတိပြည်သျှင်၊ တိုင်းခွင်အုပ်
ကွပ်၊ အခွင့်အပ်မူ၊ ရိပွတ်သိက္ခာ၊ ပါယ်လေးရွာ၌၊ ဆရာလည်းချစ်၊ တကာနစ်
လိမ့် ဆိုပနာ သေနင်္ဂဗျာဟာကျမ်း၌ လာရေ။ ယကေလည်းသော မတ်မိုက်နန့်မင်း၊
သင်းပင်းညီစွာ၊ ပြုပြန်ကတ်မူ၊ ဓမ္မသဘင်၊ မင်္ဂလာကျော်၊ သံဃာတော်ရို့က၊
မစောင်းတည့်မတ်၊ ကျင့်ဝတ်ကျမ်းဂန်၊ မလွန်မယုတ်၊ ဖော်ထုတ်ပြသ၊
ဆုံးမထုံးစံ၊ လှူခံသူမြတ်၊ ရဟန်းဝတ်နန့်၊ လျောက်ပတ်သင့်စွာ၊ ပြောဆို
ရာရေ၊ စဉ်လာနိဂုံး၊ ဟိကျင့်ထုံး အရ ဆုံးမထိန်းသိမ်းခကတ်ရိုး ဟိလီရေ။
ယင်းချင့်ကြောင့် အသျှင်ဓမ္မသာမိရေ မင်းရာဇာကြီးအား သတ္တနိကတရားဖြင့်
ဆုံးမခဖူးရေ။
တကာတော်မင်းမြတ် ...
၁။ တံစိုးစားစည်လျှင် သူခိုး ဓားပြ စရေ စည်ရာရေ။
၂။ သူခိုး ဓားပြ စည်လျှင် တရားမဏ္ဍပ် စည်ရာရေ။
၃။ မဏ္ဍပ်စည်က အရွှင်ပျော်သဘင် စည်ရေ။
၄။ အရွှင်သဘင်စည်က အလဇ္ဇီရဟန်း စည်ရေ။
၅။ ၎င်းစည်က သိုက်၊ ဓာတ်၊ ဗေဒင်၊ ယတြာ၊ ယာယီ၊ အင်း၊မန္တန်အမှု စည်ရေ။
၆။ ယင်းအမှုစည်က ဆေးသမား စည်ကားရေ။
၇။ ဆေးသမားစည်ကားလျှင် လုပ်တိုင်း (သင်္ချိုင်း) စည်ကားရာရေ
ဟူဧ့။ ယင်းချင့်ကြောင့် တကာတော်မင်း နှလုံးထားလော့ ...
ဟု ဆုံးမကြောင်း လာရေ။
ဘုရင်နန့် တရားသူကြီးရို့က ဓမ္မသတ်ကျင့်ဝတ်အရ အဂတိကင်းစွာ
တရားမှန်ဖြစ်စေရန် စီစဉ်ရရေ။ ယင်းနန့် မင်းတရားသူကြီး မှာတမ်း
၌ တရားသူကြီး ပြည်စိုးကြီးရို့အား တရားဥပဒေကို ဂရုစိုက်၍ တံစိုးမစား၊
အဆင့်အတန်း မခွဲခြားဘဲ ဘုရားသာသနာတော်ရီး၊ မင်းနန့်ပြည်သူမျက်နှာ
တော်ကိုသာ ထောက်ရန် အမိန့်ချမှတ်ခဖူးကြောင်း လာရေ။ ကျင့်ထုံး၌
လည်း ဘုရင်မင်းရေ သင်္ဂဟကို၊ နိစ္စပြုပေ၊ တိဝေနေအား၊ တရားမှန်
ကြောင်း၊ ကောင်းရေလုံ့လ၊ အားထုတ်မှတည်း ဟု လာဟိရေ။ ယင်းချင့်ကြောင့်
မင်းကျင့်တရားဆယ်ပါး ချီးမြှောက်ခြင်း သင်္ဂဟတရား လေးပါးနန့်အညီ
ကျင့်ကြံရန် လိုရေ။ အပရိဟာနိယတရား (မဆုတ်ယုတ်ရန်)ကိုလည်း
အရီး ထား၍ ဆောင်ရွက်ရရေ။ သေဒဏ်ပြစ်မှုရို့ကို ဘုရင်ကသာ
ပီးခွင့်ဟိပြီး မည်သူမျှ မချမှတ်ရချေ။ သေဒဏ်အစား အသက်မသေကောင်း
သဘောဖြင့် အပြစ်လည်းပီးရာ ရောက်စေရန် သံဃိက ဖြစ်စေခရေ။
သံဃိက၊ သင်္ဃျိ ကမှ သင်္ချီဟု ရွှေ့ပြောင်းအသုံးဖြစ်လာရရေ။ အဓိပ္ပာယ်မှာ
ဘုရား၊ ကျောင်း၊ ကန်စေတီ၊ သံဃာနန့် ပတ်သက်ရာရို့၌ အသုံးပြု
စေခိုင်းထားခြင်းပင် ဖြစ်ရေ။
နိုင်ငံတော်၌ တရားမဏ္ဍပ်ခေါ် တရားရုံးတိကို အရပ်မျက်နှာ လေးဘက်
၌ တစ်ခုစီဆောက်ထားလီရေ။ တစ်ရုံးစီကေ ပြည်စိုးကြီးခေါ် တရားသူကြီး
တစ်ဦးနန့် တရားဆွေ တစ်ဦးကျစီ ရုံးထိုင်၍ တရားစီစစ်ခကတ်ရေ။ တရားဆွေ
မှာ ပြည်သူ့ဘက်မှ လိုက်ပါရရေ တရားသူကြီး (ဝါ)ဝတ်လုံတော် ရှေ့နီ
သဘောလည်း ဖြစ်လီရေ။ ခုံရုံးအဖွဲ့ဝင် တရားသူကြီး ဆုံးဖြတ်ပိုင်ခွင့်
ဟိသူလည်း ဖြစ်လီရေ။ တရားလို၊ တရားခံကိုသာချည်း မဟုတ်ဘဲ
သက်သေ သက်ခံတိကိုလည်း စစ်ဆေးခရေ။ ဤရုံးမှစီရင်ချက်ကို နှစ်ဦး
နှစ်ဝ ကျေနပ်လက်ခံက အမှုပြေငြိမ်းနိုင်ရေ။ အမှုဖိုးအဖြစ် တန်ကြေးအရ
ကွမ်းဖိုး၊ လက်ဖက်ဖိုးမျှသာ ပီးရရေ။ အခြားအကြောင်းပြဖြင့် ထောက်ခံ
ချက်ပြုခွင့် မဟိရချေ။ ဤရုံးမှ မပြီးပြတ်ကေ အမတ်လေးဦး ပါဝင်ရေ
ခုံရုံး အဖွဲ့က စီရင်ရရေ။ ထိုခုံရုံးကလည်း မပြေငြိမ်းကေ နောက်ဆုံး
ဘုရင်မင်းထံ သံတော်ဦးတင်ရရေ။ ဘုရင်မင်းက မဟာသက်တော်ရှည်
အမတ်ကြီးရို့နန့်တိုင်ပင်၍ အဆုံးအဖြတ် ပီးရရေဟု ဓညဝတီ အရီးတော်
ပုံကျမ်း၌ တရားစီရင်ပုံစနစ်ကို တွိ့နိုင်ရေ။
တရားရုံးလေးခု ဆောက်လုပ်ခြင်းရေ နတ်သားလေးယောက်၊ ၎င်းရို့
အမည်နန့် စောင့်ရှောက်ရေ အရပ်အလိုက် သိကြားမင်းက သတ္တဝါအပေါင်း
ရို့ကို စောင့်ရှောက်စေရန် တာဝန်နန့် အပိုင်းအခြားပြု၍ လွှဲအပ်ထားရေ
ကဲ့သို့ တိုင်ပြည်အုပ်ချုပ်ရီး၌ ထိုပုံသဏ္ဍာန် စီရင်လာခရကြောင်း ဖြစ်ရေဟု
ရခိုင်အသျှင်သူမြတ်က အဆိုပြုခပါရေ။
ထိုအသျှင်သူမြတ်ရို့ဧ့ လောကသာရပျို့တွင် ဒုတိယအပိုင်းဖြစ်ရေ
မင်းကို ဆုံးမရေအခန်း ရာဇသာရပျို့ ၌ တရားရုံးတည်ဆောက်၍
တရားစီရင်စေရေ့ စနစ်ကို ဤသို့စပ်ဆိုဆုံးမခကြောင်း ဖော်ပြအပ်ပါပေ
ရေ။
သဟဿနေတ္တ၊ ဝါသဝဟု၊ သက္ကသူရိန်၊ ဒေဝိန်နတ်တိ၊
မိုးသိကြား လျှင်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရီးယူစိမ့်ငှာ၊
လေးမျက်နှာ၌၊ ကွယ်ကာရန်ထောက်၊ နတ်လေးယောက်ကို၊
စောင့်ရှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်
မိုးသား၊ တန်ခိုးထွန်းလင်း၊ လူရို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊
ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မစဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာ
စိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်လျက်၊ ကြံစည်နက်
နက်နဲနဲ၊ မှုထမ်းရဲသား၊ ခက်ခဲရီးရာ၊ လိမ္မာတတ်မြောက်၊
မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဖို့ခြား၍၊ လေးပါး
ဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကန်မြစ်၊
အပြစ်ပီးကောင်း၊ မပီးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှေ့ကျင့်
တမ်းဖြင့်၊ မှုထမ်းအနေ၊ ကွပ်ညှပ်စေ၍၊ လူ့မြေ ထွတ်ထား၊ လူမင်း
တိလည်း၊ လေးပါးအတူ၊ ပမာမူလျက်၊ ပြည်သူ့စောင့်ရှောက်၊
မတ်လေးယောက်နန့် အံ့လောက် လူ့ဘောင်၊ ပြည်ထဲဆောင်၍၊
ပြည်တောင်ကြောက်ရွံ့ ရှားစေမင်း။
(ပျို့၊စာကိုယ်၊ပိုဒ်ရေ ၄၅)
နိုင်ငံတော်မှအပ နယ်စား၊ မြို့စား၊ ကျေးစားဌာနရို့၌လည်း တရားစီ
ရင်ရီးကို ထိုဦးစီးမှူးရို့ကပင် ပြုလုပ်ခကြရရေ။ ချောင်းစားသူကြီးကလန်
လည်း မိမိအုပ်ချုပ်ခံဒေသ၌ တရားသူကြီး ဖြစ်ပေရေ။ ရခိုင်မင်းလက်ထက်
ထောင်ဖွဲ့ (ဝါ) တိုက်နယ်အုပ်ချုပ်ရီးဌာနခွဲတိ ဟိခရေ။ တစ်ထောင်တွင်
ကလူတတ် ဆိုပနာ တစ်ဦးကျစီထားပေရေ။ ၎င်းကို ကာနုံတတ်၊ ကာလုံ
တတ်ဟုလည်း ခေါ်ဝေါ်ကတ်သိမ်းရေ။ ၎င်းမှာ စကားအရာ လိမ္မာကျွမ်းကျင်
သူ၊ အမှုအခင်း ပြဿနာကို စိစစ်ဖြေရှင်း ပြေငြိမ်းပီးနိုင်သူကို ခေါ်ရေ။
အင်္ဂလိပ်ပိုင်စ ရခိုင်တွင် ခက်ခဲရေ စကားတိပြောရန် ကာလုံတတ်မဟိသိမ်း
ရာကား ပင်းဝါ(ရာမူး)မှ ခေါ်ယူထားခရရေ။ ခေါက်တွယ်ဘခေါ် ကျော်ဇော
ရှီ ဆိုပနာ အမည်ဟိပြီး ၎င်းကို ပြောစေခရရေ။ ၎င်းကို ဆုလာဘ်ပီး၍
နီထိုင်ရန်ပါ ပီးထားခရာ ဌာနကိုအစွဲပြု၍ ကာလုံတန်း (စစ်တွေမြို့၌)
ရွာဆိုပနာ တွင်မှတ်ဟိနီသိမ်းဧ့။ ယင်းကြောင့် စကားတတ်၊ စကားပြော
ကောင်းသူကို ကာလုံတတ်သျှေ၊ ကာနုံတတ်သျှေ ဆိုပနာ တင်စား
မှည့်ခေါ်ခကတ်လီရေ။
ရှေးခေတ်က ထိုသို့ အစိုးရကြီး၊ နယ်စား စရေရို့မရောက်မီတရား
ပြေငြိမ်းရီးကို လူကြီးမိဘတိထံ လည်းကောင်း၊ ကလူတတ်ထံ လည်းကောင်း
ပြုခကတ်လီရေ။ ထိုသို့ ဖြေရှင်းခြင်းဖြင့် မပြီးပြတ်ခကေ သက်ဆိုင်ရာ
အစိုးရရုံးကမ်းသို့ ရောက်ရိုးဟိရေ။ ရုံးရောက် ကမ်းရောက် ဖြစ်ရရေကို
ဂုဏ်ငယ်ရေ၊ အရှက်မဲ့ရေ့အဖြစ် အပြစ်ချကဲ့ရဲ့တတ်ကတ်ရေ။ ကလူတတ်
နန့်ပြေငြိမ်းရန်၊ ယင်းနန့် မပြေငြိမ်းက တရားတဘောင်ဖြစ်၍ ရုံးကမ်းရောက်
ကေ တက်တက်ပြောင်မွဲ ပြာကျမည့်အကြောင်းကို အထောက်စာရို့ကလည်း
ဤသို့ သတိပီးခကတ်လီရေ။
တရိပ်လွန်မြောက်၊ မိုးလင်းသောက်ခတ်သော်၊ ကလုံ
တတ်ပါးမှာ တိုင်အေးထားမည် ဟာကလွေ၊ တရိပ်လွန်မြောက်၊
မိုးလင်းသောက်ခါ၊ မာတာပီတ မိနန့်ဖကိုလည်း မရှက်၊ ခြောင်းဟတ်
လို့လည်း မကြား၊ အကျွန့်ထိပ်ကို ခဲကောက်ပစ်တေ၊ ကလုံတတ်ဟု၊
ဆိုလတ်ရေခါ၊ ထိုကလေသျှေက၊ ချေဆိုပြန်ရေမှာ၊ မြတ်မွန်ဟိရာ၊
နွားမွန်လာ၊ အပျိုဟိရာ၊ လူပျိုလာ၊ မလာရပဲ၊ ဝါကြီးမက တလီဆဲ၊
ဝါကြီးဘိုက၊ နိုးလတ်ရေအခါ၊ ကျွန်ယုတ်မသား၊ ထိုးသတ်ပစ်မည်
ဟု၊ ဆင်းလို့အလိုက်၊ မောင်းကာအတွင်း၊ တိုင်တွင်ထိခိုက်၊ ယင်း
အပြစ်ကို၊ ကျွန်တော်မျိုးသား မသိပါ။ ခဲကာက်လို့ လွန်ရေ
မြောက်ကေက၊ ဝါကြီးသမီးကကို ပီးလီ၊ မပီးကေ ဒဏ်ငွေခြောက်
ဆယ်လျော်ရမေ၊ မလျော်ကေက၊ တရားတဘောင်ရုံးကို ဆောင်ကေ၊
ဝါကြီးမ အိမ်တောင် တက်တက်ပြောင်မွဲ။
ဂနိရှေ့နီမှာ ကလူတတ်သဘောမျိုး၊ တရားဆွေသဘောမျိုးဟု့
ယုံကြည်ရရေ။ အောက်ကျီဆိုရေမှာ ယခုအမှုပွဲစားခေါ်နီရေနန့်
သဘောတူရေ။
ရခိုင်မင်းရို့ရေ နိုင်ငံအုပ်ချုပ်ခြင်း၊ တရားစိရင်ခြင်းရို့၌ မနုဓမ္မသတ်၊
ရာဇဝံသကျမ်း၊ ရာဇာမတ္တဏ်ကျမ်း၊ နီတိကျမ်း၊ ရာဇာပုံကျမ်း ရို့အရ
ပြုလုပ်ခကတ်ရေ။ မနုဓမ္မသတ်ကို မြောက်ဦးခေတ်တွင် ရွှေမျဉ်းဓမ္မသတ်အဖြစ်
ပြုပြင် စီစဉ်ခကတ်ရေ။ ဓမ္မသတ်ကျမ်းကား တရားစီရင်ရာ၌ အသုံးပြုရေ
ကျမ်း တည်း။ အဋ္ဌာရသဝိဇ္ဇာ ခေါ် နှုတ်မှုဝိဇ္ဇာပညာ ၁၈ရပ်တွင် ဓမ္မသတ်ကျမ်း
အတတ်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ဗိသျှနုပူရာဏ် ကျမ်းတွင်
ပြဆိုထားရေ။ ဝိဇ္ဇာပညာကား လောကီ၊ လောကုတ္တရာရို့ကို သိကြောင်း
သိတတ်ရေတရားဖြစ်ရာ ထိုပညာတရားသိတတ်သူကို ဝိဇ္ဇာပညာတတ်ဆိုပနာ
ဆိုလီရေ။ ရခိုင်ရာဇဝင်ရို့၌ ရာဇနီတိ၊ ရာဇမတ္တဏ်၊ ရာဇဝင်သေကကျမ်း၊
ရာဇဝသတိလင်္ကာ၊ ရာဇောဝါဒပကိဏ္ဏကလင်္ကာ၊ ပါရာကျမ်းထွက်၊
ကမန္တဏီနိ တိသာရကျမ်းရို့မှ ကိုးကား၍ မင်းရီး ပြည်ရီးရို့၌ လျှောက်ထုံး
ပြုခကတ် ရေ။ ကာမန္တဏီနီတိသာရကျမ်းကား ဘုရင်၊ မှူးမတ်၊ စစ်ရေ၊
ပရိဗိုဇ်ရို့ဧ့ ကျင့်ဝတ်ကျမ်း ဟူဧ့။ ကာမန္တဏီကျမ်း ဒုတိယပိုင်းတွင်
အနုဣတ္ထိကနီတိ (အကျိုးစီးပွားကို အစဉ်ရှုရေပညာ)၊ ဩဟီနီတိ (ဗေဒင်
သုံးပုံပညာ) ဒဏ္ဍနီတိ (အပြစ်ဒဏ်ပီးပုံ)၊ ဝတ္တာနီတိ (မင်းရို့ ကျင့်ဝတ်)ဆိုပနာ
နီတိလေးပါးဟိရာ နီတိကျမ်း အမျိုးတွင် ရေတွက်ခြင်းလည်း ပြုကတ်သိမ်းဧ့။
ထိုကာမန္တဏီကျမ်းကို မင်းရာဇာကြီးလက်ထက် အမတ်တစ်ဦးက သက္ကတမှ
ဘာသာပြန်ဆို ခရေဆိုဧ့။ ထိုကျမ်းမှာ လောကီရီးရာ၌ လွန်စွာတန်ဖိုး
ဟိလှဧ့။ မန္တလေး တောင်လေးလုံးကျောင်းမှ ထိုကျမ်းကို ရှာဖွေတွိ့ဟိလီ
သဖြင့် အနောက်ဂျာ မနီနိုင်ငံမှ ဒေါက်တာ ဟိုင်းဇ်ဘရောင်းက မိုက်ကရိုဖလင်
ဓါတ်ပုံရိုက်ကူး လားရေဟု သိရဧ့။
ရခိုင်မင်းလက်ထက် အမှုဆုံးဖြတ်ချက်တိကို မှတ်တမ်းတင် (မော်ကွန်း
တင်)၍ ရဟိခမည်ဟု ထင်ရရေ။ မဟာပညာကျော် လျှောက်ထုံး၊ ဖြတ်ထုံး
တိရေ ထိုမော်ကွန်းတင်တိပင် ဖြစ်ချေဧ့။ တိုင်းရီး၊ မင်းရီး၊ မှူးရီး
မတ်ရီး၊ သာသနာမှုခင်းရီး၊ နိုင်ငံခြားသားတိနန့် အမွေမှုဆိုင်ရာအရီး၊
အမှုထောက်လှမ်းပုံ၊ ဆုံးဖြတ်ပုံ၊ လျှောက်လဲပုံရို့ပါ စုံလင်လှဧ့။ သံတွဲမြို့
သာသနာပြုဆရာတော် ရာဇဂုရု ဦးကဝိသာရမထေရ်က ထိုမဟာပညာကျော်
လျှောက်ထုံး၊ ဖြတ်ထုံးတိကို ရခိုင်မဟာရာဇဝင်တော်ကြီးမှ လည်းကောင်း၊
ပျို့လင်္ကာသမိုင်းထွက်ညီရေ ရာဇဝင်ကြီးရို့မှလည်းကောင်း၊ ကောက်နုတ်
ပြုစုခရေဆိုဧ့။ ကောဇာသက္ကရာဇ် ၁၁၄၉ခု တပေါင်းလဆန်း ၅ ရက်နိ့
တွင် ပြီးလေရေ ဟူဧ့။ ဓညဝတီအရီးတော်ပုံကျမ်းကိုလည်း ထို့အတူ
၎င်းဆရာတော်ပင်ကေ ပြုစုခလီသိမ်းဧ့။
ရခိုင်မင်းခေတ် ရာဇပုံ၊ မှာတမ်း၊ ပြည်ကြီးစာ၊ ရှေးသူဟောင်းစာ၊
ဓမ္မသတ်တိမှာ တရားတဘောင်ရီး၌ အလွန်အရီးပါဧ့။ အစိုးရနိုင်ငံ
တော်ပြ တိုက်၌ ရခိုင်ကျမ်းနက် ဓမ္မသတ် (ပုရပိုက်မူ နံပါတ် ၂၈၅)
တစ်ဆူ တွိ့ရဧ့။ ၁၈-၂-၆၉ နိ့က မင်းပြားမြို့အနီး ဒင်ရွာသစ်မှရရေ
ဓမ္မသတ်ပေမူအချို့တွင် အမွေမှုဆိုင်ရာ ဆုံးဖြတ်ချက် တိစွာပါဝင်ဧ့။
မနောသာရထွက် (မနု သာရ)ဟု ဓမ္မသတ်ကျမ်းအမည် ကိုးကား၍ ဆုံးဖြတ်
ချက်လာဧ့။ ယင်းသို့ ဓမ္မသတ်ကျမ်းတိကား အတိပင် ဟိလီရာဧ့။
သမုတ္တိကျမ်းဟူရေလည်း ဓမ္မသတ်ကျမ်းပင်တည်း။ ပရိယာယ်တူ ပါဠိ
စကားသာဖြစ်ဧ့။ ယခုလောက သမုတ္တိကျမ်းဆိုပနာ အထင်အရှား ဟိပေ
သိမ်းဧ့။ ပြည်သူက လိုက်နာလက်ခံ ပြုကျင့်သတ်မှတ်ဟိနီရေ့ အရာတိ
လည်း လူမှုတရားပင် ဖြစ်ဧ့။ ထိုကိုလည်း ဓမ္မသတ်ကျမ်းအဖြစ် လက်ခံခကတ်
ရရေသာတည်း။
ဘုရင်ဧ့အမိန့်တော်မှတ်တမ်း၊ ဝတ္တကအလှူမှတ်တမ်း ကျောက်စာတိ
ကို တွိ့ရကေလည်း လူမှုရီးနန့်ဆိုင်ရေ တရားဆုံးဖြတ်မှုဆိုင်ရာ မှတ်
တမ်းကိုကား မတွိ့ရသိမ်းချေ။ ယကေလည်းသော မုစဲ သင်္ဂဇာ ငလှဖြူနန့် သောမခန္တီ
ရို့ ကျောင်းတရားဆုံးဖြတ်မှု ကျောက်စာကိုကား သက်သေခံအဖြစ် တွိ့ရ
ရေ။ သက္ကရာဇ်အရ မင်းပါကြီး (မင်းပင်) လက်ထက်တွင် ဖြစ်ပွားရေ
မှုခင်းဆုံးဖြတ်ချက် ဖြစ်လီရာရေ။ အလျား တစ်တောင်ကျော်၊ အနံ
တစ်ဆုပ်ခန့် ဟိပြီး နှစ်ဘက်ရီးထိုး ကျောက်စာဖြစ်ရေ။ ပထမမျက်နှာ
(ဝမ်းဘက်မျက်နှာ)မှာ ဖတ်၍ အသင့်ရဟိနိုင်သိမ်းကေလည်း ကျောဘက်ကား
ဓားသွေးခံရ၍ ပြောင်ချောခလီပြီ။ ရသေ့တောင်မြို့နယ် မုစဲကျွန်းမှရဟိ၍
ယခုဂူတောင်တွင် ဟိသိမ်းဧ့။ ထိုဝမ်းဘက်ကို အောက်ပါအတိုင်း ဤခေတ်
စာလုံးဖြင့် တင်ပြလိုရေ။ အစက်ပြ (....)နန့် လက်ရီးကွင်း ( )
ပြမှာ ကျောက်စာပျက်နီ၍ ဖြစ်နိုင်သင့်ရာထည့်သွင်းပြသထားခြင်း ဖြစ်
ကြောင်း ကျောက်စာ၌ ပုဒ်ဖြတ်ပါဒပါဟိရာ တခြားကျောက်စာရို့ထက်
အဆင့် မြင့်ရေ။ ဝါကျလည်းတို၍ ပိုကောင်းရေ။ ရခိုင်ဝေါဟာရ၊
ဒေသအမည်၊ လူအမည်၊ အရီးအသား စနစ်တိအတွက် သမိုင်း
အထောက်အကူ ပြုစရာ ဖြစ်လှပေရေ။
ဝမ်းဘက်မျက်နှာစာ ကျောက်စာဝမ်းဘက်မျက်နှာစာ ကျောက်စာဝမ်းဘက်မျက်နှာစာ ကျောက်စာဝမ်းဘက်မျက်နှာစာ ကျောက်စာဝမ်းဘက်မျက်နှာစာ ကျောက်စာ
၁။ သက္ကရာဇ် ၉၀ (.........)စ်
၂။ လ္ဆန် သတင်ကျွတ်မှာ ၁နိ အမင်မင်
၃။ တိုဝ်ဧ့ သီကင်မကိုဋ် ဖြစ်တော်ပြုသော
၄။ သာသနဒါယက၊ သာသနဒါယဒ၊ သာသနာနု
၅။ ဂဟ၊ သာသနာကရ ဖြစ်တော်ပြုသော တရမင်မြတ်
၆။ ဆရာတော် မဟာဝိနယ်ဓိုဝ် ရှေတော်တွင် ဆင်ကဲ
၇။ (သျှင်) ဆရာတော် ရွှေကျောင်းသေမ ခန ̈ီနန့် မုစဲသင်္ဂ
၈။ (ဇာ) ငလှဖြူနန့် တရာဆိုဝ်သှ်၊ မုစဲသင်္ဂဇာကကာ
၉။ ငလျင် ရွှေကျောင်သှ် ကျောင်ကျပိရိုဝ် ဟူဂွဆိုဝ် (လ)
၁၀။ တ်သှ်၊ ( ) ၁ ခင်ကဲမ ဆရာငသျှင် ရွှေကျောင်ကကာ
၁၁။ သင်္ဂဇာ အဆက်ဆက်တိုဝ်ကသှ် ကျောင်ကျပိရို
၁၂။ ဝ် ပိုင်ရိုဝ် မဟိဟူရွီ ဆိုလတ်သှ်၊ သက်သေလဲ
၁၃။ မုစည်လူထွက် သူကောင်ကြီ ငသူမြတ်၊ မုစည်လူ
၁၄။ ထွက်မြိုဝ် ကျောစာငလှဖြူ၊ သှ်သူတိုဝ်သှ် င
၁၅။ စာသောခါ အပိုင်လဲမပြု အကျလဲ
၁၆။ မတောင်ဖု၊ မုစဲလူထွက်မြိုင် ကျောစာသှ်
၁၇။ (သ)က်သေ(ဆို)ဝ် .............. လမုစဲသင်္ချေလေ[1]
ကိုးကား
edit- ↑ အသျှင်စက္ကိန္ဒ(ရခိုင်ပြည်နယ်) -ရခိုင်ယဉ်ကျေးမှုများ (၂) -p99