Wp/rki/ရခိုင်စကား အသံနီ အသံထားတိ

< Wp | rki
Wp > rki > ရခိုင်စကား အသံနီ အသံထားတိ

ရခိုင်မြန်မာ ကာရံကိုက်ကွဲရေ စကားသံရို့မှာ--

edit

မြန်မာ အု၊ အာ ကာရံကို ရခိုင် အ ကာရံ

မြန်မာ အေ ကာရံကို ရခိုင် အီ ကာရံ

မြန်မာ အည် ကာရံကို ရခိုင် အိုင် ကာရံ

မြန်မာ အစ် ကာရံကို ရခိုင် အိုက် ကာရံ

မြန်မာ ယပင့်သံကို ရခိုင် ရရစ်သံနန့် ပြောဆိုကတ်ပါရေ

အု၊ အာ ကာရံ ဥပမာတိ

edit
မြန်မာသံ ရခိုင်သံ
လူပျို၊ လူပျင်း၊ လူရူး လပျို၊ လပျင်း၊ လရူး
သူခိုး သခိုး
နွားထီး၊ နွားမ နထီး၊ နမ
ပါးစပ် ပဇာ့
နားရွက် နရွက်
ဒါးမ၊ ဒါးပြ ဒမ၊ ဒမြ (ဒမရ)
ရေအိုးခွက် ရဝခွက်

စကားတိ ယှဉ်တွဲသုံးရေ အခါတိမှာလည်း ရှေ့စကားသံကို “အ” ကာရံသံနန့် ပြောပါရေ..။

မြန်မာ ရခိုင်
ကောင်းကောင်းမွန်မွန် ကကောင်းမမွန်
ကျန်းကျန်းမာမာ ကျကျန်းမမာ
ကျယ်ကျယ်ပြန့်ပြန့် ကျကျယ်ပြပြန့်
သောင်းသောင်းဖြဖြ သသောင်းဖဖြ
အေးအေးချမ်းချမ်း အအီးချချမ်း
သာသာယာယာ သသာယယာ
တိုးတိုးတိတ်တိတ် တတိုးတတိတ်
လှလှပပ လလှပပါ့
ရူးရူးမိုက်မိုက် ရရူးမမိုက်
သွေ့သွေ့ခြောက်ခြောက် သသွိ့ခခြောက်
ဖြူဖြူဖွေးဖွေး ဖဖြူဖဖွေး
ဆူဆူညံညံ ဆဆူညညံ
နီနီရဲရဲ နနီရရဲ
ကျိုးကျိုးနွံနွံ ကျကျိုးနွနွံ
သန့်သန့်ရှင်းရှင်း သသန့်ရှရှင်း
ဆင်းဆင်းရဲရဲ ဆဆင်းရရဲ
ချမ်းချမ်းသာသာ ချချမ်းသသာ
ကြွယ်ကြွယ်၀၀ ကြွကြွယ်ဝဝါ့
ပျော့ပျော့ပျောင်းပျောင်း ပပျော့ပပျောင်း
ခက်ခက်ခဲခဲ ခခက်ခခဲ
ထထကြွကြွ ထထာ့ကကြွ
ဆူဆူ၀၀ ဆဆူဝဝါ့
ပိန်ပိန်ပါးပါး ပပိန်ပပါး
စွဲစွဲမြဲမြဲ စစွဲမမြဲ

စသည်ဖြင့် ပြောဆိုကြပါသည်။

အေကာရံ ဥပမာတိ

edit
မြန်မာ ရခိုင် မြန်မာ ရခိုင်
လေ လီ သွေး သွီး
ရေ ရီ ပေး ပီး
ဈေး ဈီး ပြေး ပြီး
အေး အီး မြေး မြီး
ခွေး ခွီး ဆေး ဆီး
နေ နီ မြွေ မြွီ
နေတယ် နီရေ ပလွေ ပလွီ
နေ့ နိ စာပေ စာပီ

အည် ကာရံ ဥပမာတိ

edit
မြန်မာ ရခိုင်
လည်ပင်း လိုင်ဖင်း
ချည်နှောင် ချိုင်နှောင်
ပျည်ပြား ပျိုင်ပြား
စဉ်းစား စိုင်းစား

အစ် ကာရံ ဥပမာတိ

edit
မြန်မာ ရခိုင် မြန်မာ ရခိုင်
စစ် စိုက် လစ် လိုက်
ပစ် ပိုက် တစ် တိုက်

ယပင့် ဥပမာတိ

edit
မြန်မာ ရခိုင်
ကြွားဝါ (ကျွားဝါ) ကြွားဝါ (ရရစ်သံပပီသသနန့်)
ကြွက် (ကျွက်) ကြွက် (ရရစ်သံပပီသသနန့်)
ကြွေ(ကျွေ)ကျတယ် ကြွီကျရေ

တခြား အသံနီ အသံထားတိကို ဆက်ပနာတွေးကတ်ပါလေ။ တစ်နည်းမှတ်သားရန်မှာ

အ သရသံကို ရခိုင်က အီ သရသံသို့ ပြောင်းပြောသည်။

- စ် သံကို အိက် သံသို့ ပြောင်းပြောသည်။

မြန်မာ အေ၊ အေ့၊ အေး ကို ရခိုင် အိ- အီ- အီး ထွက်သည်။

အယ်၊ အယ့်၊ အဲ့ အသံကို အေ- အေ့ - အေး ဟုထွက်သည်။

ပြင်ပလင့်ခ်တိ

edit

ရခိုင် ဘာသာစကား လမ်းညွှန် (ဦးစက္ကိန္ဒ-ရခိုင်မြေ)