Wp/rki/မောင်လွန်းကြင်

< Wp‎ | rki
Wp > rki > မောင်လွန်းကြင်

ဆရာ မောင်လွန်းကြင်ကို ၁၉၃၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နိ့တွင် အဖ ဦးညီညီနန့်အမိ ဒေါ်အေး ရှင် ရို့မှ သံတွဲမြို့တွင် မွေးဖွားရေ။ အမည်ရင်းမှာ ဦးအုန်းလွင်ဖြစ်ရေ။ သံတွဲမြို့ အစိုးရ အထက် တန်း ကျောင်း၌ ပညာ သင်ကြားခရရေ။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခရေ။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခရေ။ ၁၉၆၅ ခုနှစ်တွင် မြန်မာစာဖြင့် ဝိဇ္ဇာ ဂုဏ်ထူး တန်းကို အောင်မြင်ခရေ။ မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရင်းကပင် ရန်ကုန်မြို့ သက်ကြီး တက္ကသိုလ် (လုပ်သားတိ ကောလိပ်) တွင် မြန်မာစာ နည်းပြအဖြစ် အမှုထမ်းခရေ။ ၁၉၇၃ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရဟိခရေ။ မဟာဝိဇ္ဇာဘွဲ့ အတွက် တင်သွင်းရသည့် ကျမ်းစာအုပ် အမည်မှာ "ဒဂုန်တာ ရာ၊ သူ့ကဗျာနန့်သူ့ ကဗျာ သဘောတရား" ဖြစ်ရေ။

ဆရာ မောင်လွန်းကျင်ဧ့ ပထမဆုံး ဝတ္ထုတို ဖြစ်သည့် "အတုံ့" ဝတ္ထုတိုမှာ ၁၉၅၄-၁၉၅၅ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ ပါဟိခရေ။ ပထမဆုံး ကဗျာလက်ရာ ဖြစ်သည့် "ညှိုးပန်း တပွင့် အဘိဓမ္မာ" ကဗျာမှာ ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် သွေးသောက် မဂ္ဂဇင်းတွင် ပါဟိခရေ။ ၁၉၅၄- ၁၉၅၅ ခုနှစ်၊ နှစ်လယ်ပိုင်း အထိ ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း၊ သွေးသောက်၊ မြဝတီ၊ တိုင်းရင်း မေ မဂ္ဂဇင်း၊ ဂျာနယ်တိတွင် ပါဟိသည့်ဝတ္ထု၊ ကဗျာတိကို သံတွဲအုန်းလွင် အမည်ဖြင့် ရေး သားခရေ။ ၁၉၅၅ ခုနှစ်၊ နောက်ပိုင်းတွင် မောင်လွန်းကြင် ကလောင် အမည်ဖြင့် ရေးသားခရေ။ ဆရာ မောင်လွန်းကြင်ရေ ကဗျာနန့်စကားပြေ နှစ်မျိုးလုံး ရေးသားသော်လည်း စာဖတ်ပရိသတ်က ကဗျာ ဆရာ အဖြစ်သာ လူသိတိ ရေ။

၁၉၅၇ ခုနှစ် ၁၉၆၃ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ် ရခိုင် ကျောင်းသား ကျောင်းသူတိ နှစ်စဉ် ထုတ်ဝေ သည့် ရခိုင်တန်ဆောင် မဂ္ဂဇင်းတွင် တွဲဖက်စာတည်းနန့်တာဝန်ခံစာတည်း အဖြစ် ဆောင်ရွက်ခရေ။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ စာကြည့်တိုက်မှူး အဖြစ် တာဝန်ယူခရေ။ ဆရာရေ စာပီ ရေးသားခြင်း အပြင် ပန်းချီနန့်ဂီတ သုခုမ အနုပညာ ရို့ကိုလည်း ဝါသနာပါရေ။ ရှုခင်း သရုပ်ဖော် ဆီဆေး ပန်ချီကားတိကို ရေးဆွဲရေ။ ၁၉၅၉ ခုနှစ်တွင် အမောင်ဟူရေ အမည်ဖြင့် သံယော ဇဉ်မီး သီချင်းကို စန္ဒရားသက်ခိုင် တူရိယာအဖွဲ့မှ သီဆိုအသံလွှင်ခရေ။ ထိုသီချင်းရေ မြန်မာ့အသံ ဓာတ် ပြားရ တေးတပုဒ် ဖြစ်ရေ။ ထို့ပြင် ကံ့ကော်မြိုင် တူရိယာဝိုင်း၊ ဂီတစာဆို တူရိယာဝိုင်းတိတွင် လည်း တေး သီချင်းတိ သီဆို အသံလွှင့်ခရေ။ ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ် ပုလဲပန်း အပျော်တမ်း တူရိယာဝိုင်းကို ဦးဆောင် ဖွဲ့စည်းခရေ။ တက္ကသိုလ် ပုလဲပန်း တူရိယာဝိုင်းမှ တေးသီချင်းတိ ကို မြန်မာ့ အသံမှ နှစ်လလျှင် တကြိမ် အသံလွှင့်ခရေ။ ၁၉၇၀ ပြည့်နှစ်၊ နောက်ပိုင်းတွင် ဝတ္ထုတိကို ဆက်တိုက် ရေး သားလာခရေ။

၁၉၈၉ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ ပီနန်၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်နန့်အမေရိ ကန် ပြည်ထောင်စုသို့ လေ့လာရေးခရီး ထွက်ခရေ။

ဆရာမောင်လွန်းကြင်ရေ ၁၉၉၂ ခုနှစ်၊ဇွန်လ ၁၆ ရက်နိ့၌ ကြို့ပင်ကောက်မြို့တွင် ရုတ်တရက် ကွယ် လွန် ခပါရေ။

ရေးသား ပြုစုခရေ စာအုပ်တိ

၁။ လွမ်းမြိုင်ကျေးရဲ့ အဝေးတနေရာဆီမှာ ၁၉၈၁

၂။ သိင်္ဂါရ ရသ ၁၉၈၀

၃။ မေတ္တာ မြနှင်းရည်နန့်အခြားဝတ္ထုတိုများ ၁၉၈၄

၄။ ဒဂုန်တာရာ သူ့ကဗျာနှင့်သူ့ကဗျာ စာပေ သဘောတရားကျမ်း ၁၉၉၄

၅။ မြနှင်းမြူခြယ် လှဇင်းမယ်နှင့် နိုင်ငံခြား ခရီးသွား ဆောင်းပါးများ ၁၉၉၅

၆။ လှများရှင် မစ္စတူး ၁၉၉၅

၇။ အရေးခွဲသူ ဘယ်သူလဲ ကဗျာများ ၁၉၉၇

ကိုးကား edit

"နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ များနှင့်စာစုစာရင်း (ပဉ္စမတွဲ)" စာအုပ်မှ