ဒေဆောင်းပါးရေ မဟာပညာကျော်အမတ်ကြီးဧ့ လျှောက်ထုံးလင်္ကာဖြစ်ရေ။ ဒေလင်္ကာမှာ ရှေးခေတ်ရှေးအခါက ရခိုင်မင်းတိလက်ထက်စစ်ချီ ၊ စစ်ထွက် စစ်တက်ရာတွင် သြကာသလောကဖြစ်ရေ တိမ်၊ မိုး၊ ရေ၊ လေ၊ နက္ခတ်၊ တာရာ၊ အလံ၊ ဆင်၊ မြင်း၊ သူရဲ အစဟိသည်ရို့ကို ကြည့်ရူပြီးကေ ဟောကိန်း များထုတ်လေ့ရှိရေ လင်္ကာ ဖြစ်ရေ။ တနည်းမှာ လောကီပညာ လျှောက်ထုံးသက်သက်မျှသာ ဖြစ်လီရေ။ ပေမူမှာ (၁၀) ကြောင်းရီး ပေမူဖြစ်ပြီးကေ “က” မှ “ကူ” ထိဟိပါရေ။ ဖလောင်းချိတ်ပန်းဝါ အဂ္ဂမေဓာပြတိုက်မူဟု သိရလီရေ။ ဟောင်းနွမ်းနီပြီးဖြစ်ရေအတွက်နန့် အချို့မှာစာလုံး မှေးမှိန် ပျောက်ပျက် နီလီပါရာ။ ယင်းချင်ကို “+” အမှတ် အသားဖြင့် ပြထားပါရေ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သိလော လူဗိုလ်၊ အံ့ချီးဆိုပိမ့်၊ ကျွန်းညိုသပြေ၊ လက်ယာ ဗွေထက်၊ ဖြစ်ထွေနိမိတ်၊ ဒုသုဟိတ်ကို၊ ဓမ္မိဿရ၊ ဇိနပုင်္ဂဝါ၊ ထွဋ်သကျာ်၏၊ မိန့်မှာရွှေနူတ်၊ လာမဟုတ်လည်း၊ လောကုတ်နည်းမှီ၊ လောကီသိမြင် ပညာသျှင်ဟု၊ ဝန်းကျင်ကြေငြာ၊ သတင်းဖြာသည်၊ မဟာပညာကျော်၊ မင်း၏မတ်လျှင်၊ နတ်သဝိတာ၊ စန္ဒိမာနှင့်၊ ကမ္ဘာမည်မှတ်၊ နက္ခတ်ဂြိုဟ်က၊ အာဏသနှိုက်၊ သကလဟိတ်ပုံ၊ နိမိတ်စုံကို၊ အာရုံယတ္တိ၊ ဆင်ချင်ညိ‡၍၊ ပါဠိမဂဓ၊ မြမ္မအလို၊ ဆိုခဲ့သည်တိုင်း၊ ဆန်းဂိုဏ်းညီညီ၊ ဖွဲ့ကုန်းစီအံ့။ ။ လောကီလူတို့ မှတ်ထုံးတည်း။ ။
အောင်စည်ငြိမ့်ငြိမ့်၊ သိုးသိုးသိမ့်မျှ၊ မိုးဃ်းတိမ်အထပ်၊ တီးသည်ချပ်သို့၊ ဆင်တပ်ဖြီးဖြီး၊ မြင်းစီးကြွားကြွား၊
ရထားတည်တည်၊ ခြေသည်သောင်းသောင်း၊ လေးကြောင်းလေးဖြာ၊ လေးအင်္ဂါနှင့်၊ ယုဒြွါသဘင်၊ မင်္ဂလာကြီး၊
ထွက်ခါနီးကို၊ မီးတည်ပြောင်ပြောင်၊ ရှေ့ကလောင်မူ၊ မအောင်ရပေ၊ မချီလေနှင့်၊ မနေချီလျှင်၊ သူလက်တွင်သို့၊ စစ်မင်း
ရောက်ရာ၊ တပ်လက်ယာက၊ ရောင်ဝါဝင်းညိ၊ လောင်တုံဘိမူ၊ ဟတ္ထအဿ၊ ရထားခြေသည်၊ လေးမည်ပျက်±ှုန်း၊ တို့
က±ှုံး၍၊ သူလုံးလုံးပိုင် ယူလေနိုင်အံ့၊ ရောင်ဆိုင်လျှံတောက်၊ ဝဲနှင့်နောက်မှာ၊ ပြမြင်လာမူ သူသာအလုံး၊ ±ှုံးလေသော
အား၊ တိုင်းကားပြည်ရွာ၊ ကညာသမီး၊ ဆင်ကြီးမြင်းက၊ ဆက်လှာသအံ့၊ ပြခဲ့ကုန်ပြီး၊ မီးလေးမီးတွင်၊ ရှေ့မီးအရိဌ၊
လကျာ်ကမူ၊ ဂဇအသဘ၊ ဝဲမှာယက္ခဝိန်၊ အရှိန်လျှံတောက်၊ နောက်သကလ၊ စည်သင့်ချ၍၊ နာမပညတ်၊
တိတ်ဟုမှတ်လော့၊ သျှတ္တယုဒြွရာ၊ ကျမ်း၌လာသည်။ ။ လေးဖြာနိမိတ်၊ အရင်းတည်း။
မင်္ဂလာစစ်ပွဲ၊ ချီမည့်ဆဲ၌၊ ရဲရဲဝင်းလျှံ၊ အောင်အလံလည်း၊ နောက်ယံသို့ပေ၊ လည်တို့ချေမူ၊ စစ်မြေသူက၊
ပျက်ထမºကင်း၊ တို့ကမင်းမူ၊ သေမည်ဟူလော့၊ မြေဘူတဗြု၊ စိုက်ထမြဲမြန်၊ တို့အလံသည်၊ ရှေ့ယံသို့ဝိုက်၊
ဆိုက်၍လှဲခါ၊ သူ့ပြည့်မှာမူ၊ ပူဇာမကင်း၊ မင်းလည်းသေရ၊ တို့ပြည်မှာကား၊ လာ၍တခြား၊ တိုင်းတပါးက၊
များပြားရန်သူ၊ ဝန်အုံယူ၍၊ လယ်မူပိုင်းပြတ်၊ ကျိုးမြင်လတ်မူ၊ သည်ကလူကို၊ ရာန်သူချည်းက
(++++++++++++++++++++) ရာ့၏၊ သေနာပတိ၊ မတ်ကြီးဆင်မြင်း၊ မြူးခုံလျှင်း၍၊ ကန်နင်းချိုးဖဲ့၊ ဖြစ်တုံခဲ့သော်၊
မငဲလေလင်၊ ဆင်မြင်းသခင်၊ ဘုန်းလျှင်ကြီးထွေ၊ ကြက်သရေလည်း၊ တက်လေသစ်သစ်၊ စစ်လည်းပြီးတိုင်၊ နိုင်(+++++++++++++++++++။) မခံနိုင်ချေ။ စစ်ပျက်လေ၍၊ သေအံ့စစ်မင်း၊ မသေလှင်းမူ၊ နာခြင်းမယွက်၊
မှန်ဆက်ဆက်သည်။ ။ နှစ်ချက်နှစ်တည်၊ ဖြစ်ခြင်းတည်း။ ။
မှတ်စိမ့်တထွေ၊ တန်ညးပွေလိမ့်၊ စစ်မြေထွက်ခါ၊ စစ်ချီခါနှိုက်၊ ပြလှာတုံပေ၊ ဆတ်ဆတ်
(+++++++++++++++++++) အုပ်ကျက်၊ ပိုက်တန်ရှက်သို့၊ စစ်ထွက်သောခါ၊ တက်လက်ယာသည်၊ ကွာခဲ့ပိုင်းဖြတ်၊
ရှိပေတတ်မူ၊ ခဲ့ခတ်ငြိုငြင်၊ တို့ကပင်တည်း၊ အလျှင်ဖျတ်လတ်၊ ပြေးရတတ်၏၊ မှတ်လော့တသီး၊ ကျိုင်းထီး
ဆောင်းရွက်၊ လိုက်လေငွေ၊ (+++++++) ချောမော၊ ဆိုပြောပြီးမှ၊ ပြန်တို့ရအံ့၊ ထိုကဆင့်၊ တနည်းဖွင့်ပိမ့်၊
ယခင်ကျိုင်းထီး၊ ကျိုးပျက်စီး၍၊ ပြုံးတီးပျောက်ရူ၊ ကသည်ဆင်မြင်း၊ လန့်တုံလျှင်းမူ၊ စစ်မင်းမယား၊ တပါးသူနှင့်၊
ရောကျင့်လေရာ၊ တစ်ကြောင်းမှာလည်းသဉ်း (+++++++၊) ဖျက်၍၊ ဆက်ဆက်မှန်စွာ၊ ပြန်ရရာသည်။ ။
ပူဆာစိုးရိပ် မကင်းတည်း။ ။
စစ်ချိမင်္ဂလာ၊ ထိုအခါ၌၊ သေနာပတိ၊ မည်ရှိကျော်ချီး၊ စစ်သူကြီးနှင့်၊ စီးသည်မြင်းဆင်၊ လည်သည်မြင်မူ၊
ဆင်ချင်တို့လေ၊ သူစ (+++++++ာ်း) စွာ မိုးတည့်ရွာမူ ပါသည်ရဲမက်၊ အသက်လည်းသေ၊ မွတ်သိပ်လေလိမ့်၊
သူသေဖဲးဘက်၊ မြင်၍ထွက်က၊ စစ်မက်မရှိ၊ ပြန်ရဘိအံ့၊ ထိုင်ပြီးလက်ယာ၊ မြင်သည်မှာကား၊ လိုရာမပြီး၊
မတ်စစစ်ကြီးလည်း၊ မီးနှင့် အ (+++++++သည်)၊ ဆက်ဆက်ရောက်ရာ၊ တနည်းမှာပိမ့်၊ အာကာထက်ဆီ၊
တိမ်တည်နီလျှက်၊ တူပြီမယွက်၊ လူရုပ်ဖက်၍၊ လက်နက်အမြဲ၊ စွဲလျှက်ငြမ်ထွေ၊ မကြာစေနှင့်၊ ချီလေပြီးစီး၊ တသီး
တိမ်ပုပ်၊ မည်းအုပ်အုပ်တွင်၊ လူရုပ်မပါ၊ (+++++++၍)၊ ငြမ်တုံလေမူ၊ သုရာန်သူကို၊ လွယ်ပိုင်ပိုင်၊ တွေ့တိုင်းနိုင်အံ့။
တိမ်ဆိုင်လူကဲ့၊ ရုပ်ပုံဘွဲ့တွင်၊ မဲ့သည်ဉက္ခောင်း၊ မြင်ပြန်ရောင်းလည်း၊ မကောင်းရန်မူ၊ သူကအောင်လေ၊
တထွေလူတွင်၊ သူဝတ်ဆင်သည်၊ စစ်တွင်တံဆာ၊ ဝ (+++++++အ) လကို၊ ဆီးကာတိုင်မူ၊ အောင်မည်ဟူလော၊
သွင်မူတခြား၊ ငါး၏၊ရုပ်ဖြင့်၊ မြင်သည်နှိုက်မှာ၊ ဝပြောရာသည်။ ။ ချမ်းသာတော့မည် မယွင်းတည်း။
ထိုပတတန်၊ ဆိုဉီးပြန်အံ့၊ မိုးစွန်အာကာ၊ ဗွေထက်ချနှိုက်၊ မော (+++++++) မြွေ၏သဏ္ဍာန်၊ မြင်ပြန်
သည်မှာ၊ စစ်ရှည်ကြာ၍၊ အစာရှားပါး၊ နွား၏ရုပ်သွင်၊ မြင်လျှင်ပြီးပိုင်၊ သူကနိုင်လိမ့်၊ ရွှေလှိုင်တူမွေ့၊ ခြင်္သေ့ရုပ်လား
မြင်လတ်ငြားမူ၊ ထင်ရှားကျော်ထိုး၊ တို့ကမိုး၍၊ သူကြိုးပြက်ရာ၊ နာဂါရုပ်တူ၊ မြင်ဘိမူကား၊ ဆာပူပြင်းထန်၊
တံခိုးဘန်ကြောင့်၊ ရန်တဘက်သူ၊ မဝန့်မူ၍၊ လွယ်ကူအသာ၊ အောင်လေရာ၏၊ ဖြူပြာစိမ်းညို၊ ရွှေလိုပတ်ချုပ်၊
တိမ်ပုပ်ထိမ်နှမ်း၊ ရောပြွမ်းတက်ခွင်၊ အရုပ်မြင်ကို၊ ဆင်ချင်ခွဲဝေ၊ မရှိစေနှင့်၊ ထင်လေတိုင်သာ၊ ဆိုအပ်ရာသည်။ ။
တိမ်မှာပျက်ပုံ ဖြစ်ခင်းတည်း။
ဤတွင်ရွေ့ကား၊ စစ်ထွက်ခါနီး၌၊ မြင်သည့်နိမိတ်စုကို၊ ဆိုရေစကားရပ် ပြီဲးဧ့။
ရူပဘူတ၊ ထင်လှပြသား၊ ယုဒြွအင်္ဂါ၊ လက္ခဏာကို၊ သိသာလွယ်ဝေ၊ လင်္ကာဖွေ၍၊ ခွဲဝေစိတ်ဖြာ၊ ဆိုခဲ့ပါပြီ၊
ပညာလေးနက်၊ လွန်တွေးခက်နှင့်၊ ထွေးရှက်ပြည်ထဲ၊ မြင်မာနိုင်ခဲ့ကို၊ မှည့်ရွဲယွန်သုံန်၊ အရွယ်ကုန်၍၊ စက္ခုန္ဒြေ၊
မှိန်လေသသူ၊ မျက်မှန်ကူက၊ ကြီးမူထွင်းပျောက်၊ ငယ်မူရောက်သို့၊ နှိုင့်ထောက်တူတန်၊ ပမာယန်သည်။ စိတ်မာန်ပွင့်
ရောင်၊ ဤစာစောင်ဖြင့်၊ ပြည်ထောင်သနင်း၊ မင်းနှင့်ဒေဝီ၊ ပညာသီရံဗတ်၊ မူးမတ်ရှင်လူ၊ ဟူဟူသမျှ။ အာင်္ကရဟု၊
ဘူတနိမိတ်၊ အကြောင်းဟိတ်ကို၊ ခွဲစိတ်နီးနွယ်၊ သိသာလွယ်အောင်၊ လေးသွယ်လက္ခာဏာ၊ နိမိတ်စာနှိုက်၊
မှာခဲ့သည်တိုင်း၊ မလှိုင်းမပိုး၊ တဘန်ဆိုအံ့။ ။ လူဗိုလ်မှတ်ရန် ထုံးနည်းတည်း။
မိုဃ်းရံတစ်ပြင်၊ အာကာခွင်၌၊ မြသွင်ရောင်လျှပ်၊ စိမ်းဖပ်ဖပ်တွင်၊ သင်ကြမ်ပမာ၊ ဝင်းဝင်းဝါသည်။
အဗBာပညတ်၊ မှီ၍ကပ်သော်၊ ထိုရပ်ထိုပြည်၊ ဝပြောမည်တည်း၊ စိမ်းသည်နှိုက်တွင်၊ အပြာဆင်သည်၊ များဖျာအစာ၊
ဖျားနာမဲ့ခြင်း၊ ဉပါဒါကင်းလိမ့်၊ မြစ်မင်းအဏ္ဏဝါ၊ လှိုင်းနယ်ထ၍၊ မြမြဖြူရောင်၊ အစွန်းထောင်သော်၊ ပြည်ထောင်
ရာဇာ၊ တံထွာစည်ရှေး၊ အရပ်ဝေးက၊ သုံးသေးတမန်၊ ရောက်လာပြန်အံ့၊ သဏ္ဍာန်ကုက္ကား၊ မြင်လှည့်ငြားမူ၊ တရား
စောင့်နေ၊ မြတ်ဘုန်းဝေကို၊ မင်းဆွေမင်းမျိုး၊ မကျိုးမနွံ မကောင်းကြံလိမ့်၊ သံသုမာသ၊ မည်ရတုံချောင်း၊ မီးကျောင်းရုပ်သွင်၊ တိမ်၌ထင်သော်၊ နေသွင်ကြက်သရေ၊ ဝေဝေကွန့်ဖြိုး၊ ထွË်မင်းမျိုး၊ မျိုးရိုးတကာ၊ မသာယာ၍၊ ပူဆာမကင်း၊
ပျက်စီးခြင်းတည်း၊ လင်းပိုင်းရုပ်ပုံ၊ ပြပြန့်တုံမူ၊ ရွှေဘုံနန်းသူ၊ ဝင်းညက်ဖြူသည်၊ သူတစ်ပါးနှင့်၊ စိတ်စားကျင့်လိမ့်၊
တိမ့်ပွင့်အဆင်း၊ မည်းမည်းချင်းလျှက်၊ ဝင်းပုဆိုးနှယ်၊ အတွင်းခြယ်၍၊ တသွေကွေ့ကောက်၊ တန့်၍ပေါက်မူ၊
မြွေဟောက်မြွေကျား၊ အလွန်များလျက်၊ မိုဃ်းသုံးပါးလျှင်၊ ကောင်းမည်ပင်တည်း၊ နီလွင်တိမ်သား၊ ပျောက်၍
ကျားသော်၊ ချေများကင်းက၊ သတပတိ၊ စေးညိ‡ပင့်ကူ၊ တက်တူပိုးဟတ်၊ များဖြင့်ထပ်လျက်၊ မအပ်မရာ၊
ပေါက်တတ်စွာသည်။ ။ ဝမ်းစားမှီးသို့၊ လိုချင်ရမွက် ဝှန်သည်တည်း။ ။
တစ်နည်းထို့ပြင်၊ ထက်ခွင်တိမ်နှိုက်၊ အမြင်သန်းသန်း၊ စိမ်းစိမ်းတန်းသော်၊ ဆွတ်ဖြန်းသီတာ၊ မိုဃ်းသုံးဖြာ
တွင်၊ ဉီးစွာမကောင်း၊ လယ်နှောင်းဝှန်းဖြိုး၊ ရွာသွန်းဖြိုးအံ့၊ အရိုးအရွက်၊ အထွË်ဖက်၍၊ ကန္နု(က်ပဒု)
ထီးနှင့်တူအောင်၊ အဖြုစေတေ၊ မြင်တို့လေမူ၊ တည်မြေစိုးခြင်း၊ ပြည်တော်မင်းက၊ တောင်းကင်းစကား၊ အကြောင်း
ကြား၍၊ ရွှေသားငွေထည်၊ ပြီးစည်များစွာ၊ ပို့ဆက်လှာအံ့၊ ပမာထိုသွင်၊ ထီးဖြူတွင်၌၊ တင်သည်အထွË်၊
ကြိုး၍ညွတ်မူ၊ တမွတ်ခေါင်ချာ၊ မင်းရာဇာ၊ (+++++++) တ်ချလိမ့်၊ ဖြူလွတစေ၊ တိမ်အနေတွင်၊ ပြေပြေဖြစ်ဖြစ်၊
ဆေးနှယ်ချစ်သို့၊ မြစ်လစ်ခါမူ၊ စောနတ်တူနှိုက်၊ ဆင်ဖြူထူးမြတ်၊ ရတို့တတ်၏၊ ပတ်ပတ်ရစ်ခါ၊ ရှစ်မျက်နှာပင်၊
နီးစွာတွတ်တွတ်၊ ကွမ်းသွေးစွတ်သို့၊ ဝင်းစွတ်ညက်ညက်၊ အကွက်အ၊ (ကွင်း +++++) ပြက်ထင်ထင်၊ ပြသည်မြင်မူ၊
ရှင်ပင်တိုင်းပြည်၊ နေသည်သတ္တဝါ၊ များစွာဉပါတ်၊ ဖြစ်တို့တတ်သည်။ ။ သုံးမြတ်ရတနာ ကောင်းစွာရိုညွတ်
ကပ်ဆည်းတည်း။ ။
မိုးရပ်ထက်စွန်၊ တိမ်အဝှန်သည်၊ တံခွန်ကဲ့သို့၊ ဖြာရောင်ပျို့သော်၊ လူတို့တစ်မွတ်၊ စောရန်ဖြတ် (ကို၊+++++ မှုန်+န်၊
ခြာ့ပုံ၊) ကန်လည်း၊ မှောက်လုံယွင်းသွေ၊ သစ္စာရေကြောင်း၊ သေလေအမတ်၊ တစ်နည်းမှတ်လော့၊ ဖြာလက်တိမ်စွန်၊
တံခွန်ကြက်လျာ၊ အပြာတစေ၊ မြင်ပြန်လေမူ၊ တိုင်နေပြည်သူ၊ မောသောဟူလျက်၊ လူတို့ဓိပတိ၊ ပြည်ကြီးသနင်း၊
မင်းတို့ဖြစ်မှား၊ အဖြူသားတွင်၊ အပြာဆင်၍၊ အပြင်လှိုင်းကွက်၊ ဆိုင်၍ဖက်သော်၊ ကိုးမျက်လျှံဝေ၊ ဘုံနန်းရွှေထက်၊
တောင်နေညာနတ်၊ ရှစ်သောင်းထွË်ဝယ်၊ တမွတ်လျှံလင်း၊ မင်းခန်းကျင်းလျက်၊ မင်း၏အသရေ၊ တိုးတက်ပေလိမ့်၊
ရေမြေစိုးသီး၊ မြတ်စောထီးမူ၊ ဇနီးညက်ပြာ၊ ပြစ်ခြောက်ကွာနှင့်၊ ပန္နုထူးထွေ၊ ရွှေငွေထည်လိပ်၊ ပန်သိပ်ညွှတ်ခ၊
ဆက်လှာသအံ့၊ ထိုပတလီ၊ တိမ်တည်းနီးလျှက်၊ မှုံရီပြာပြာ၊ ဖက်ပြီးခါဝယ်၊ သောလာဂီရိ၊ တောင်ကြီးအလား၊
မြင်တုံငြားမူ၊ တစ်ပါးတိုင်းမှန်၊ ပြည်ရပ်ဌာန်က၊ မတန်မတူ၊ လူသူဝင်ရောက်၊ လှေလျှင်မှောက်သို့၊ တိမ်စောက်ထိုးနေ၊
မြင်ပချေသော်၊ လှေနှင့်သွားသူ၊ ပျက်မည်ဟူလော၊ ကိုတူမတ်မတ်၊ မြင်ပြန်လတ်က၊ တိုင်းရပ်ဌာန်လည်း၊
သာယာစည်၍၊ ပြည်သူဝပြော၊ အပြာကြောတွင်၊ ဖြူသောအပြောက်၊ ဝင်းရွှေလျှောက်က၊ မင်းအောက်မူးမတ်၊
ည‡ိုးငယ်တတ်၏၊ မြတ်ထပတီ၊ ရာဇတိမူ၊ သီရိကြက်သရေ၊ တက်ဖြိုးဝေ၍၊ တိုင်းနေသတ္တဝါ၊ ငြိမ်းချမ်းသာသည်။
လေးဖြာဗြဟ္မာစိုး၊ ကုသိုလ်ပွားကြ သည်ချည်းတည်း။ ။
ထက်မိုဃ်းရပ်ခွင်၊ တိမ်အသွင်သည်၊ ဆင်၏ချွန်တု၊ တူအောက်ပြုဘို့၊ နှစ်ခုရှင်ပြိုင်၊ ဉီးချင်းဆိုင်သော်၊
ပြီးလှိုင်များဖျင်၊ မာတင်ဟတ္တိ၊ အစရှိသည်၊ ဆင်တည့်တစ်စေ၊ သေမည်မယွက်၊ တိမ်ပြက်ပြက်တွင်၊ အနက်မြင်နှင့်၊
တို့ပြင်ပြာမှောက်၊ တန်၍ထောင်မူ၊ လောင်အံ့မီးကြီး၊ ခရာသီးသို့၊ ရှည်မှီးတူပြီး၊ အနီတစေ၊ နှစ်လုံးနေသော်၊
ရွေပြည်သူချင်း၊ မင်းမှူးအမတ်၊ ရန်ဖြစ်တတ်၏၊ တိမ်ပတ်ပတ်ဆိုင်း၊ သက်တံတိုင်းတွင်၊ အလယ်ခွင်က၊
ဖြူမြ‡င်တန်းလျှက်၊ နားနှစ်ဘက်မှာ၊ အပြာတစေ၊ မြင်တို့လေမူ၊ ရွှေပြည်သခင်၊ ဝေးခွန်ရပ်ခန်း၊ ခက်ပန်းငြောင်းဆန့်၊
မဖြန့်လေရာ၊ ဉပါဒ်သာတည်း၊ ဖြူစွာတိမ်ဆိုင်း၏ အလယ်ရှိုင်းလျက်၏၊ ဖျားပိုင်းနှစ်ချက်၊ အထက်ချွန်လေ။ စိန်ရောင်
ဝေသော်၊ ရေမြေစိုးရ၊ ရာဇိန္ဒတွင်၊ ရအံ့သားကောင်း၊ ဉဒေါင်းရုပ်သွင်၊ မြင်ပြန်လျှင်လည်း၊ ကင်းစွာရောဂါ၊
ထွË်ရာဇဝယ်၊ ရတနာသည်းဘွက်၊ ရမချွက်တည်း၊ စွတ်ညက်ပြာပြာ၊ တိမ်အလွှာတွင်၊ ပမာလမင်း၊ တိမ်ဖြူကွင်း၍၊
အတွင်းကပေ၊ ရစ်၍နေသော်၊ ရေမြေသင်းချစ်၊ နေတက်သစ်သို့၊ မင်းဖြစ်ကြီးမြတ်၊ စံပြော်မှတ်လိမ့်၊ အမုစနြွိ၊
တူတပြီတည့်၊ ဝါနီနှစ်ပွင့်၊ အလျှံဆင့်လျက်၊ မိုးမင်းသက်တန်၊ ရှစ်စံကစ်နှိုင်း၊ ဖြာ၍ကိုင်းမူ၊ တံတိုင်းတပြည်၊မင်းကသည်လျှင်၊ ရောက်မည်မကြာ၊ ဆက်ပန္နာတည်း၊ တူစွာကျွဲခေါင်း၊ မြင်လှာရှောင်းလည်း၊ ၎င်းနည်းပေ၊မြေမှမည်းနက်၊ သုံးလုံးထွက်၍၊ ထိုသုံးချက်တွင်၊ စိုးဝင်းဝါပြာ၊ အခိုးပါသော်၊ ဝသုဓာကျိတ်၊ ဝှန်းထိတ်ကျော်၊ခြင်း၊ မင်း
နိူှုက်ရန်မြင်၊ သီးပင်အလုံး၊ ပျက်ဆုံးလေရာ၊ ရုက္ခသဘမှ၊ ဝါဝါဝင်းဝင်း၊ လျှပ်နှယ်လင်း၍၊ မြင်လျှင်လတ်က၊ မဇ္ဈိမမည်၊
ကျိုက်ဟူသည်တည့်၊ တုန်စည်ထွန်းပေါ်၊ မင်းမြတ်ကျော်နှင့်၊ တိုင်းတော်နေသူ၊ ပြည်သူပြည်သား၊ ခိုက်ရန်ပွားအံ့၊ ထိမ်
သားပြေပြေ၊ ယင်းအနေတွင်၊ ဝါရွှေနှေဉား၊ ကွက်ကန့်ကျားလျက်၊ လျှပ်ကားဝင်းဝါ၊ ခွပ်သည်မှာမူ၊ အာသာသကျိတ်၊
ရာဇိသရ၊ ပြည်မသနင်း၊ မင်းလည်းယာယီ၊ ကြွချီလေရာ၊ မျာစွာဗိုလ်လူ၊ တိုင်းနေသူလည်း၊ ဆာပူဉပါဒ်၊ ဖြစ်တို့
တတ်သည်။ ။ မှတ်လေအမှန် တိမ်ကြံထိမ်ပုံက ကမ္ဗည်းတည်း။
ဤတွင်ကား၊ တိမ်ဧ့ နိမိတ်ကိုဆိုရေ၊ ပဋ်သာဉ်ပါ ငါးပိုက်ပြီးဧ့။
ပဘင်္ဂရ၊ သဝိတက၊ အာဒိစ္စသူရိ၊ ဖန်ရဝိဟု၊ မည်ရှိများစွာ၊ ကျမ်းအလာနှင့်၊ မြမ္မာအလို၊ နေဟုဆိုသည်၊
လူဗိုလ်ပညတ်၊ ခေါ်စမှတ်သား၊ ပြဿဒ်လျှံပြောင်၊ ဗိမာန်ဆောင်မှ၊ အရောင်နိမိတ်၊ ထင်မြဲဟိတ်ကို၊ ခွဲစိတ်ထောနံ၊
သိစေပြန်အံ့၊ တောင်မှန်လင်းရှိန်၊ စက်ရဝိန်တွင်၊ ထိန်ထိန်နီမြန်း၊ အရောင်သန်းက၊ တိုင်းမန်းပြည်သူ၊ ဉပါဒ်ဟူလော့၊
ထိုတူအဝါ၊ သန်းသည်မှာကား၊ ဉစ္စာများဖျင်၊ ကြွယ်ပင်သဌေး၊ ဉပါဒ်ဘေးတည်း၊ နေရေငွေကြူ၊ အဆင်းဖြူ၍၊ ထိုတူ
ထပ်မွမ်း၊ အဖြူလွှမ်းသော်၊ မှုထမ်းအပေါင်း၊ သူရဲကောင်းတို့၊ ပြောင်းမည့်ခနြွာ၊ နေစကြာဝယ်၊ ထက်မှာအနီး၊
အောင်ဆီအဝါ၊ လယ်ချာအမည်း၊ ဖြတ်၍စည်းလည်း၊ ချုပ်တည်းစစ်ပြိုင်၊ မနိုင်လေဘဲ၊ ပျိုပျက်ကွဲလိမ့်၊ အံ့အေး
ထူးထွေ၊ ဖန်ဝန်ဗွေနှိုက်၊ လုခြေကဲ့သို့၊ မြင်တို့မြို့တော်၊ မျိုးမင်္ဂလာ၊ ဆောင်ပါမပြီး၊ စစ်ကြီးမနိုင်၊ ပျိုင်ကရှူန်းလေ၊
နေ၏အထဲး၊ ရဲရဲဝှန်ဝါ၊ ဝက်ရုပ်ပါမူ၊ စောရာကံင၊ စသည်မောသော၊ ထူထပ်ပြောအံ့၊ ကြောကြောမည်းနက်၊
လယ်ချက်သန်းကာ၊ အဝါတက်ဆီ၊ အနီအောက်ခြေ၊ မြင်ပြန်လေလည်း၊ ရေမြေစိုးရ၊ ရာဇညဝယ်၊ သည်းကကြင်ဧ၊
ချစ်ငြိမ့်လေးသည်၊ ရင်သွေးသက်ဝေ၊ သေတတ်ချေ၏၊ လေဗွေသန်းငြား၊ အမည်းသားလျှက်၊ ထက်ဖျားအောက်မူ၊
အဖြူတစေ၊ ဖန်ပွင့်ရွှေနှိုက်၊ မြင်လေသရော်၊ ထွဏ်းမင်းကျော်သည်၊ မတော်ယာယီ၊ မချီလေကောင်း၊ ညီညာပေါင်း၍၊
ချောင်းမြောင်းရန်သူ၊ ဉပါဒ်မူအံ့၊ နေသူရိန်စက်၊ မည်းနက်နက်တွင်၊ အောက်ထပ်ပတ်ခွေ၊ နီဝါရွှေလျှက်၊ ဝှန့်
ဝှေမီးရောင်၊ တောက်ထွန်းပေင်သော်၊ ဘုန်းရောင့်ဇနိန်၊ မြတ်ရာဇိန်ကို၊ မာရ်ရှိန်ခွင့်ခွင့်၊ အမတ်မြင့်၍၊ မချင့်မိနှိုက်၊
စော်ကားရိုင်းအံ့၊ ပိုင်းဖြတ်ကြက်ချေ၊ မြင်ပြန်လေမူ၊ ရေမြေစိုးခြင်း၊ မင်းနှိုက်အနာ၊ ရောက်တတ်စွာသည်း၊
ချမ်းသာမရစမြဲတည်း။ ။
ပဘင်္ဂရာ၊ နေစကြာနှိုက်၊ ဖြစ်လာတုံလွန်၊ ရောင်ဝန့်ဝှန်သည်၊ တံခွန်ကဲ့သို့၊ မြင်တုံမြို့သော်၊ ဝင်းဖြိုလျှံညီး၊
ကမွန်ထီးနှင့်၊ မင်းကြီးသက်ဝေ၊ တောင်နေမိဖုရား၊ သားသမီးတော်၊ နတ်ပြည်ပျော်အံ့၊ ရွှေလှော်ဝင်းလျှံ၊
ဒေါင်းတုံပျံဝယ်၊ အောင်လံစွင့်စွင့်၊ စိုက်ထူလွှင်လည်း၊ ရှည်မြင့်မကြာ၊ စစ်ရောက်လာအံ့၊ စကြာနေမင်း၊ ငွေအဆင်းသို့
၊ ဖြူဝင်းလျှပ်လျှပ်၊ အထက်ရုပ်ဝယ်၊ ဖတ်ဖတ်ရွှေရည်၊ ရောင်ဖြိုးစည်သော်၊ ပြည်သူပြည်ပြည်သား၊ မွတ်ငတ်ရှား၍၊
ဘေးများဉပါဒ်၊ ရောက်ဘို့တတ်၏၊ နတ်သဝိရွှေ၊ စက်ဖံဗွေနှိုက်၊ နီလေထက်ခွင်၊ အောက်မည်းမြင်သော်၊
မိုးလျှင်မအောင်၊ ခေါင်ကြီးခေါင်အံ့၊ ဖြူရောင်ပြေပြေ၊ လယ်ကနေ၍၊ ပတ်ခွေဝန်လစ်၊ အနားရစ်မှာ၊ မီးလျှံဝါသော်၊
လေသာတကြိမ်၊ မငြိမ်မငြီး၊ ပဲသီးပဲနောက်၊ ကောက်မယောပြောင်း၊ မကောင်းတက်ခြေ၊ ပျက်စီးသေအံ့၊
နေအလယ်အချက်၊ အနကွက်၍၊ နားလေးဘက်မှာ၊ အပြာတစေ၊ ကွက်၍နေသော်၊ မိုးရေမပြီး၊ မိုးသီးအများ၊
ကျသောအားကြောင့်၊ မိုးကားမရွာ၊ ခေါင်တက်စွာ၏၊ အပြာလယ်ချက်၊ တင်ပြက်ပြက်နှင့်၊ နားလေးဘက်မှာ
အနီဖြာ၍၊ ကွက်ကာမြင်တွေ၊ ဉာနန်းဗွေထက်၊ စံနေမငြီး၊ စန္ဒီထီးနှင့်၊ မင်းကြီးသက်နှင်း၊ ခင်မမင်းလျှင်၊
ယွင်းခဲ့ကျင့်ဝတ်၊ မေတ္တာချွတ်၍၊ လွတ်အံ့တရား၊ အမှားမှားသည်။ ။ တပါးသူနှင့်နှောမြဲတည်း။
သောင်းစွန်နွေမှန်၊ နှစ်ဝသံဟု၊ ဂိမာန်ခါလု၊ သာရတုတွင်၊ ဘာနုစက်ရွှေ၊ ယုဂံဗွေမှ၊ လျှံဝေစဲစဲ၊ ပေါ်စဆဲဝယ်၊
ရဲရဲဝင်းဝါ၊ တက်၍လာသည်၊ ကျောက်နာဝက်သက်၊ များစွာထွက်အံ့၊ တချက်ထိုမှ၊ ဝသန္တဟု၊ မိုးလမှာမူ၊
နေဝန်းဖြူက၊ မပူမဆာ၊ ရောဂါလွတ်ရှင်း၊ ကင်းအပ်လူပေါင်း၊ မိုးလည်းကောင်းလိမ့်၊ ဆောင်းဟုမည်ရ၊ ဟေမန္တနှိုက်၊
သဝိတစက်၊ နီ၍ထွက်သော်၊ သားငှက်တို့မှာ၊ မျးစွာဉပါဒ်၊ ဖြစ်တတ်ကုန်ရှောင်း၊ လူအပေါင်းလည်း၊ ဉက္ခောင်းနှင့်ခြေ၊
တထွေတလာ၊ ရောဂါဆင့်ကဲ၊ ချမ်းမြဲမချမ်း၊ ပြောင်းနှမ်းဝါပဲ၊ သီးမြဲမသီး၊ ဆောင်းပြီးနွေစ၊ ဂိမန္တနှင့်၊ ဝသဟေမာန်၊
ထိုသုံးတန်တွင်၊ စက်ဝန်ရဝေ၊ အများထွေ၍၊ အနေလွဲလျှက်၊ အမည်းဖက်သော်၊ ကျွန်ကျက်သရေ၊ မြေဓိပတိ၊
ပြည်ကြီးသနင်း၊ မင်းလည်းယာယီ၊ မခြီမကျွ၊ မထလေရာ၊ မုသိကာက၊ ဉဏှနာဘိ၊ အဝေးည‡ိနှင့်၊ ဗဟိပါဒေ၊
အခြေများမြောင်၊ ခြေမဲ့ကောင်လည်း၊ ပွားဆောင်ပည်သီး၊ ဝါနီထုံမထီး၊ တသီးကျေးသား၊ ထူထပ်များ၍၊
စပါးပဲပြောင်း၊ မကောင်းပျက်ရာ့၊ ဝဇအသာ၊ မဟိသနင့်၊ ဂေါဏအဇော၊ ဆိပ်ဟုဟောသည်၊ ဖြစ်ပါတိရိစြွာန်၊ ဘေးဉ
ဒါန်ဉပါဒ်၊ ဖြစ်တတ်လေရာ၊ ထိုပမာလည်း၊ ယင်သာပုံထား၊ ဉတုများတွင်၊ ဖန်သားတချမ်း၊ အဖြူလွှမ်း၍၊
တခြမ်းကမှာ၊ အစိမ်းပါသော်၊ ထိုခါထိုရက်၊ တိတိစွက်တွင်၊ ကိုးမျက်ချယ်လွင်၊ သင်းတိုင်းရှင်သည်၊ ဝန်းကျင်ရှစ်ရပ်၊
ဘယ်မလပ်အောင်၊ ဖတ်ဖတ်စိုရွှန်း၊ မိုးရေသွန်းသို့၊ နေဝန်းနီလည်း၊ ゞနည်းတည်း၊ နေတည်းအဖြူ၊ လနှင့်တူ၍၊ လျှံ
လုနတျာ၊ စိန်နှင့်ပြာမူ၊ ပတ်ခါအနား၊ ရစ်ပြန်ငြားက၊ မင်းဖျားစောထွË်၊ လူတမွတ်ကို၊ ညွတ်လိမ့်ပြည်လုံး၊ ရှိပန်းကုံး
လိမ့်၊ တထုတ်မှတ်ရှာန်၊ ရွှေဗိမာန်ဟု၊ စက်ဖုံအနီး၊ ကြယ်ကြီးအပွင့်၊ နားလာလင့်သော်၊ ဆင်းမြင်းဓိပတိ၊
ပြည်ကြီးထွË်ချာ၊ နတ်ရွာရွှင်ပျော်၊ စံမွေ့လျော်သည်။ ။ ထိုရော်ဖြင်မည်မလွဲတည်း။ ။
ဖန်ဝန်းနေဝါ၊ ထက်အာကာက၊ စိန်ပြာရောင်လဲ့၊ ဝန်းအိမ်ဖွဲ့သော်၊ ပြည်ထဲးသနင်း၊ မင်း၏အမတ်၊ သေတို့
လတ်၏၊ ရဟတ်စကြာ၊ ဝင့်သောခါနှိုက်၊ နီတျာအဆင်း၊ ဖြင်တုံလျှင်းမူး၊ မင်းကြီးအနား၊ ရောက်တတ်ရာ၏၊ နေမှာဖြူ
လျှက်၊ အနက်ကြက်ခြေ၊ သန်းတို့လေလည်း၊ ရှစ်ထွေအင်စုံ၊ ကျေးဇူးပုံသည်၊ ရွှေဘုံသခင်၊ ထိုင်းခွင်ဇမ္ဗူ၊ လှည့်တော်မူ
မှ၊ ပြီးထူကောင်းကျိုး၊ ပွားတက်တိုးအံ့၊ အခိုးသုံးသွယ်၊ အပြာချယ်မူ၊ တိုင်းလယ်ရွှေပြည်၊ စစ်ရောက်မည်တည်၊
ပြာခြင်အရောင်၊ နှစ်ဘက်ထောင်လျှက်၊ ဖန်ဆောင်ပြသာဒ်၊ ထွန်းလင်းပတ်သော်၊ မင်းမြတ်စံတည်၊
နေတော်ပြည်သည်၊ ပျက်မည်မယွင်း၊ မင်းလည်းထွက်ခွာ၊ ပြေးလေရာနှိုက်၊ ကြမ္မာကုန်၍၊ နတ်ရွာမွေ့အံ့၊ လင်းလင်း
အသွင်၊ နေတွင်မြင်သော်၊ မကြင်ချစ်ခင်း၊ အချင်းချင်းပင်၊ ရန်တင်းပြုလစ်၊ ငှက်ညစ်ခင်ပုတ်၊ သဏ္ဍာန်လုပ်သို့၊
အရုပ်နေတွင်၊ ပြဲ့ပြဲ့မြင်မူ၊ တိုင်းခွင်ပြုရွာ၊ မသာနွမ်းည‡ိုး၊ သူဆိုးလူပြက်၊ လုယက်ဖျင်ပေါ၊ မေားသေားခိုး၊သူ၊
ထူအံ့ရမ္မက်၊ ထွက်အံ့စစ်ကြီး၊ သွေးချောင်းစီးလျှက်၊ တသီးနေမှာ၊ တိမ်ပြာတချမ်း၊ အုပ်ကာလွှမ်းလျှက်၊ မနွမ်းရောင်ဝါ၊
ထွက်၍လာသော်၊ တောင်ညာတင်ထား၊ မိဖုရားသည်၊ လူများသနင်း၊ မင်းကိုမချစ်၊ အပြစ်မမြင်၊ မှားမိကျင့်လိမ့်၊
နေလျှင်နှစ်စင်း၊ ထွက်၍လင်းမူ၊ ဝှန်မြင်းမုံးတိုင်း၊ ခတ်ချိုးလှိုင်းလျှက်၊ တိုင်းကြီးသာမိ၊ ဓိပတိတွင်၊ စန္ဒိထီးရှင်၊ ဉာတင်
ထွဋ်ဖျား၊ နတ်ပြည်လားအံ့၊ အနားနီရစ်၊ လယ်ဖြူနှစ်နှင့်၊ လင်းလှစ်တထောင်၊ ယုဂန်ခေါင်က၊ ပန်ရောင်ဖြိုး၊ဣ၊
ထွက်သည်ရှိသော်၊ ပဋိသနြွေ၊ စွဲနေသသူ၊ ပျက်မည်ဟူလော့၊ ဇမ္ဗူရွှေရစ်၊ နေတက်သစ်တွင်၊ ရုပ်ရှင်အသွင် မြင်း ဆင်
ကျွဲ နွား၊ ဆိတ် ဝက်များက၊ လားနှင့်သီတ၊ ပီသအဆင်း၊ ဆိုးရင်းရုပ်စု၊ တခုခုမျှ၊ မြင်လတ်ကမူ၊ ဌာနနန်းတည်၊
တိုင်းရွှေ ပြည်သည်။ မစည်မပင် ပြိုကွဲတည်း။ ။
(ဤတွင်ကား၊ နီဧ့နိမိတ်ကို ဆိုစကား ၄၊ ပိုက်ပြီးဧ့။)
ဒုဋ္ဌုရာဇ၊ စန္ဒရနှင့် သသိဣန္ဒု၊ ဝေလုရောင်ဖြူ၊ သိတဂူဟု၊ မည်သူပညတ်၊ ခေါ်စမှတ်သည်၊ နတ်န္ဒိမာ၊ ဂြိုဟ်
ဂြဟာသည်၊ အာကာမိုးဝါ၊ ဆန်းပေါ်စ၍၊ မြငွေရောင်မောင်း၊ မြောက်သို့စောင်းမူ၊ နှောင်းမိုးဝသန်၊ ကောင်းမည်မှန်
၏၊ တစ်ဖန်မှတ်ဖွယ်၊ ပြည်ရွာဝယ်လည်း၊ ရပ်ဆယ်လင်းအောင်၊ မီးတည်းလောင်အံ့၊ တောင်သို့တစ်ထွေ၊
စောင်းပြန်လေသော်၊ တိုင်းနေပြည်သူ၊ ဆာပူချောက်ချား၊ ရောဂါများလျက်၊ မြသားညိုလွင်၊ သင်တိုင်းရှည်လည်း၊
မရွှင်မြူးခုံ၊ ပစ္စုန်မသွန်း၊ သွေဖီယွန်းလိမ့်၊ ငွေဝန်းလျှံပ၊ ဘုံနန်းလလည်း၊ ပန္နရသီ၊ တိတိလုံးစေ့၊ ပြည်သည်နေ့သို့၊
ချမ်းမြေ့သာယာ၊ လဆန်းမှာနှိုက်၊ မြင်လာတုံပေ၊ တိုင်းနေပြည်သား၊ ဉပါဒ်များအံ့၊ လကားဆန်းနေ့၊ ကြိုး၍မြင်လှာ
ဆရာပုဏ္ဏား၊ ငယ်မြင်ငြားသော်၊ မှူးတော်အမတ်၊ ဉပါဒ်ဖြစ်ရေး၊ ရက်ကွေပြက်ပြက်၊ ဆန်းတက်အကွယ်၊ နှစ်ပါးဝယ်
နှိုက်၊ အကယ်နှစ်ဆင့်၊ မြင်ပေလင့်မူ၊ ဆယ်ပွင့်တရား၊ ကျင့်မမှားသည်၊ ရဲဖျားစောကျော်၊ မြတ်ကိုယ်တော်၌၊
မလျော်အနာ၊ ရောဂါစွဲလေ၊ ဇိဝိန္ဒြေလည်း၊ ပြောင်းသွေမချွတ်၊ ချုပ်တို့ဇာတ်သည်။ ။ မင်းမြတ်ကိုတော် အရေး
တည်း။
စန္ဒရရာဇာ၊ မြတ်ဒေဝါသည်၊ ဆန်းလာတက်၍၊ ဆဲ့ငါးနေ့ဝယ်၊ ငွေအရောင်နွမ်း၊ ညှိးတစ်ခြမ်းနှင့်၊ ချမ်းချမ်း
မြမြ၊ မမြင်ရသော်၊ ရညဓပတိ၊ တိုင်းကြီးထွဋ်ချာ။ မြတ်ရာဇာကို၊ ပြည်ရွာရပ်သား။ လူအများတို့၊ ခြားနားမှုဆန်၊
ယွန်းဖောက်လှံလိမ့်၊ တဘန်ထို့နောက်၊ လတည်းမောက်၍၊ မြောက်မြောက်စွင့်စွင့်၊ မြင်ပြန်လင့်မူ၊ ယခင်စောလောင်း၊
ထွဋ်မင်းကောင်းသည်၊ ပြောင်းအံ့နတ်ရွာ၊ ထိုရက်မှာပင်၊ ငယ်စွာလဝန်း၊ အမြင်ထွန်းသော်၊ သွန်းသွန်းမြင့်ရာ၊
တိုပြည်ရွာ၌၊ မှံစွာမှတ်လေ၊ ကြီးထွေအပြင်း၊ အဝန်းမြင်မူ၊ ယခင်ရွာပြည်၊ ဝပြောမည်တည့်၊ ရွှေစည်မရိုး၊
အလယ်ဖြိုးသို့၊ ကိုးယူဇနာ၊ အစွန်းသာတည့်၊ ကယ်မှလေးခု၊ လဣန္ဒုကို၊ မြေ‡ာ်±ှုမြင်မှု၊ ရွှေပြည်သိူတို့၊ ရေတူချမ်း
ငြိမ်း၊ လနန်အိမ်သည် လယ်သိမ်၍ကျည်း၊ ခါးဝယ်စည်းမျှ၊ တည‡င်းဆိုးဆိုး၊ ပြည်ကြီးညိ‡ုးလျက်၊ အမျိုးလေးပါး၊
မွတ်ငတ်ရှားအံ့၊ ရထားငွေစင်၊ အလယ်တွင်၌၊ မြင်သည်အပေါက်၊ အပြောက်ပြောက်မှာ၊ မြတ်ရာဇာကို၊ ပန္နာထူးထွေ
၊ ဆက်ရောက်ပေအံ့၊ လျှံစေဝင်းဖြူ၊ သီတကူသည်၊ ထူခဲ့အရောင်၊ ထွန်းလင်းပြောင်မူ၊ ဉာတောင်နေနတ်၊ ရှစ်လောင်း
ထွဋ်တွင်၊ သည်းပွတ်ရတနာ၊ သားရရာ၏၊ စန္ဒာငွေလာ၊ ထွန်းပေါ်စတွင်၊ ရှေ့ကတိမ်နီ၊ တန်၍ဘီမူ၊ ယာယီနှစ်ထွေ၊
ကျည်းရေသွားသူ၊ ကောင်းမည်တူလော့၊ ထိုတူရောင်ပြေး၊ ငကြင်းကြေးသို့၊ လရေးရစ်၍၊ ခိုးဝှန့်ဝှေ့သော်၊ ချမ်းမြေ့
ပြည်ထဲး၊ သာယာမြဲတည်၊ မြခဲရောင်မွှတ်၊ နန်းဘုံထွဋ်တွင်၊ လွှတ်အခိုးဝေ၊ မြင်ပြန်လေလည်း၊ ပြည်နေပြည်သား၊
လူအများနှင့်၊ မင်းဖျားရန်စစ်၊ ကြီးစွာဖြစ်သည်။ ။ ရှက်ရစ်ကြိုးနှယ် ရူတ်ထွေးတည်း။ ။
လေးဆယ့်ကိုးယုဇနာ၊ ဝင်းဝင်းဝါသား၊ စန္ဒာမည်မှတ်၊ လပြသာဒ်နှင့် ဂြိုဟ်မြအင်္ဂါ၊ တွေ့ချိန်ခါဝယ်၊ ရာ
ဇာထွဋ်ဖျား၊ မင်းတရားကို၊ ပြစ်မှားကျူးလွန်၊ တိုင်းစွန်ရပ်နေ၊ လူတထွေတို့၊ မထေမဲငြား၊ ပြုမိမှားလိမ့်၊ တရားပျော်
မြူး၊ ဗုဒြွဟူးဟု၊ ဂြိုဟ်ထူးအိမ်ရှေ့၊ နန်းသိမ်မွေ့နှင့်၊ တွေ့လသောခါ၊ ပြည်ရွာတိုင်းကား၊ ငယ်မွတ်ရှားအံ့၊
ဂြိုလ်များဆရာ၊မည်သာပညတ်၊ ဇီဝါနတ်နှင့်၊ ပြဿဒ်ငွေဘူး၊ ြုပိင်ရှည်ပူးမူ၊ မိုးဉီးလယ်နှောင်း၊ မကောင်းသောအား၊
စပါးနှမ်းဝါ၊ များစွာပျက်စီး၊ တိုင်းကြီးရွှေပြည်၊ မစည်မပင်၊ ငြိုငြင်ချောက် ချား၊ စောဖျားမင်းကျော်၊ ကိုယ်တော်မသာ၊
အနာတွေ့တတ်၊ လနန်နတ်နှင့်၊ ဂြိုဟ်မြတ်သောကြာ၊ ရာသီနဝင်း၊ တပ်ခြင်းမယွန်း၊ မွန်းမတည့်မှီ၊ ရှည်မှီလသော်၊
ဘူပေါ်ရာဇ၊ နရိန္ဒ၏၊ နန်းမညာတင်၊ ရှစ်သောင်းရှင်သည်၊ ကျင့်အပ်လွင်းချွတ်၊ သူတို့ညွတ်လိမ့်၊ ခေါင်ထွဋ်ထွန်းစည်၊
လမွန်းတည့်ကို၊ ရှည်သည်သောကြာ၊ ပြည်ရာဇာနှင့်၊ တကာလူပေါင်း၊ မကောင်းကြည်ချောင်၊ များမြောင်အလှူ၊
ဆည်းဘူးဒါန၊ ပေးဝေငှလိမ့်၊ ထိုပရှည်တွဲး၊ လမွန်းလွဲတွင်၊ ရဲရဲသောကြာ၊ ထိခိုက်လှာသော်၊ ခြောက်ဖြာဖြစ်ကင်း၊
သွယ်နွဲ့ရှင်းနှင့်၊ ဆင်မြင်းပန္နာ၊ ဆက်ရောက်လှာအံ့၊ ရောင်ဖျာပဝင်း၊ ငွေလမင်းနှင့်၊ ယင်းသောကြာဂြိုဟ်၊
တိမ်ကျွန်ညိုသို့၊ ခိုခါနီးတွင်၊ မှသည်မြင်က၊ မရွှင်မလန်း၊ တိုင်းခန်းရွာပြည်၊ မစည်မပင်၊ ရှိမြဲပင်တည်း၊ ယခင်ငွေသား၊
လရထားနှင့်၊ ပတ္တမြားရောင်သွယ်၊ စနေကြယ်တို့၊ မိုဃ်းလယ်ထိပ်ပြင်၊ ထိကြကျင်သော်၊ မင်းတွင်ဉပါဒ်၊
ကျိတ်ခိုးပတ်လျက်၊ လနတ်နန်းဘုံ၊ ဝန်လှာအုံမူ၊ မယုံတရား၊ ကျင့်ဖောက်ပြား၍၊ အများပြဘည်သူ၊ အိုးသို့ဆူသည်။
။ ပူ၏မီးနှယ် မဧတည်း။ ။
သတ္တသတ္တာ၊ ယူဇနာဖြင့်၊ အာကာမိုးင၊ ရောင်ဖြိုးပသည်၊ ကမBကြက်သရေ၊ ယုန်းငွေနှင့်၊ ဖြိုင့်တွေရှည်မှီး၊
ရောဟနီသည်၊ တူပြီရောင်ပြေး၊ ရှက်၍ထွေးသော်၊ ပြည်လေးမျက်နှာ၊ မသာယာ၍၊ မင်းလျှာမင်းဂေါင်း၊ မင်းကောင်း
ရှင်စော၊ ပေါ်အံ့သောတည်း၊ ရောဟနီရှေ့၊ ခိုးရောင်ဝှေ့သည်၊ မြေဝိဟိက၊ ဌာနသမိုင်း၊ တိုင်းကြီးနုက္ခခတ်၊ ကျတ္တိကာ
ကြယ်၊ ရောင်ခြောက်သွယ်နှင့်၊ အလယ်ပတ္တမြား၊ အပကာကြူး၊ နန်းဘုံဖြူသည်၊ တူ၍နဝင်း၊ ထိကြနင်းစေ၊ တထွေရာ
ဟနီ၊ တူပြီမကွာ၊ ကျတ္တိကာဟု၊ မည်သည်နှစ်ပါး၊ နက္ခခတ်ကြားသို့၊ လသွားပစေ၊ ကြောင်းနှစ်ထွေသည်၊ ညီပေတုံခါ၊
ဝသုဓါဟု၊ မဟာပထဝီ၊ မဟီတလေ၊ ဤမြေရိုက်ဟန်း၊ သိမ့်သိမ့်ကြည်း၍၊ ပြည်ကြီးချောက်ချား၊ မွတ်သိတ်ရှားအံ၊
နဂါးအမြီး၊ ကြယ်ကြီးမူလ၊ သကြားသံကောက်၊ ရွှေကူပေါက်သို့၊ ရောတုံဝင်လေ၊ လနန်းငွေကြောင့်၊ တိုင်းနေရှင်လူ၊
ဆာပူမကင်း၊ ဖြင်ဖြင်းဉပါဒ်၊ သွာဒိနတ်နှင့်၊ နတ်ခတ်သကြား၊ သံတောက်ဖျားသို့၊ ငွေသားသသီ၊ ပြိုင်ရှည်ညီမူ၊
ဘူမီပါလ၊ နရသနင်း၊ မင်းလည်းမသာ၊ ဖြစ်မြဲရာကြောင့်၊ မဟာသကြန်၊ ခေါ်ရန်သနြွး၊ မျိုခေါင်ဆေးလိမ့်၊
ငွေသွေးပတ္တမြား၊ လရထားကို၊ နဂါးမည်သာ၊ အနူရာနင့်၊ ဝိသာခါနတ်၊ လက်ယာပတ်၍၊ တွေ့လတ်ကြခါ၊
ပြည်ရွာတိုင်းကား၊ ပျက်စီးငြားအံ့၊ မြီးဖျားမူလ၊ ဟဿတနှင့်၊ သလိဿမှန်၊ ပြုပ္ပါသန်က၊ ရောင်ဝှန်သတ္တဘဘိတ်၊ လျှံ
ထိပ်ရေဝတီ၊ ဤငါးလီသို့၊ စန္ဒီနတ်ဂြို၊ ဝင်၍ခိုမူ၊ ငြိုငြိုညင်ညင်၊ မရွှင်ညိ‡ုးချောက်၊ စစ်ကြီးရောက်အံ့၊
တောက်သည့်အရောင်၊ လျှံပြောင်းမိုးလ၊ ခြောက်လုံးပသည်။ ပုဏ္ဏိဖုသျှ၊ သင်းဘောတုနှင့်၊ ဣန္ဒုလစက်၊ ရောင်ခြည်
ရှက်က၊ မြေထက်အုပ်မိုး၊ စိုးသည်မင်းကျော်၊ နတ်ပြည်ပျော်လိမ့်၊ စန္ဒော်နန်းလ၊ ကြယ်ဖုသျှနှင့်၊ ပုဏ္ဏဖုံသျှ၊
နှစ်ခုအကြား၊ ချင်းနင်းသွားသော်၊ ကျွဲနွားမြင်းဆင်၊ များဖျင်သတ္တဝါ၊ သေတတ်စွာ၏၊ မှတ်ရာတထွေ၊ တနည်းဖွေလိမ့်၊
စနေအင်္ဂါ၊ နှစ်ဖြာဂြိုဟ်နတ်၊ ပြည်ခဲ့ပတ်၍၊ တသတမူလ၊ ရေဝတဟု၊ မည်ရထင်ရှား၊ ထိုသုံးပါးတွင်၊ တပါးပါးထက်၊
ရောင်တွန်ပြက်က၊ စစ်မက်မြားမြောင်၊ မိုးလေခေါင်၍၊ ပြည်ထောင်သနင်း၊ မင်းလည်းလွှဲသွေ၊ ပြောင်းလွှဲပေလိမ့်၊
စနေအင်္ဂါ၊ ဘုံသာနှင့်နန်း၊ ပြိုင်၍မြန်မူ၊ တိုင်းခန်းရွာပြည်၊ ငါးလရှည်သော်၊ ပျက်မည်မယွင်း၊ မမ်း၏ကိုးရာ၊ မြတ်ဆရာ
လည်း၊ မကြာငြင်ပြို ပျက်စီးပြိုသည်။ ။