Wp/rki/မယ်ဖွဲ့ပုဒ်စုံ

< Wp‎ | rki
Wp > rki > မယ်ဖွဲ့ပုဒ်စုံ

(၁) ချိန်ဆတွက်သည်၊ နှစ်ဝက်အပ၊ လလည်းကျူးထွေ၊ နေဗမာန်လည်း၊ ဟုဂန်အနား ဆင်လားသွမ်း၍၊ ဘဝါးစထွန်း၊ တည့်မွန်းမထင်၊ ကိုယ်ရိပ်ဝင်က၊ စုံပြင်မြိုင့်ကြောင်း၊ ဥဒေါင်းဟင်္သာ၊ ငှက်တကာလည်း၊ မကွာယဉ်နွှဲး သိုက် ဝယ်မြဲး၏ တော်ရှီးကိုယ်ထူး မိန်းမူးမပြေ ပျော်ထွေမသာ နေလှည့်ရာကို နောင့်မှာမြည်ချေ မယ်ကစေသို့ သော် ထွေရင့်ကြွေး တချေးချေးသည် ။ပဲထွေးနှုတ်သံ ညှင်းသည်လော။


(၂) ထိန်မျှပြက်သည် လျှပ်စက်ရွှေရည် နတ်ပြည်မဆံ့ ဆယ်ရပ်နှံ့မျှ လောင်အံ့ဘနန်း မြ တိမ်စွန်းက သွန်းသွန်းရစ်ဆင့်၊ ကုန်းမြောင်သင့်သား ကျူးရင့်သံညောင်း တချောင်းချောင်းလျှင် ရှင်နှောင်းလည်းရ အလှလွန်ကြူး ရှင်ဦးလည်းမည် နန်းသည်သားချင်း စိုးမင်းနေရာ ဆီကသာလျှင် လှစ်ခွာထိမ်မှုန် မြူးက’ခုန်သည်။ ပဇ္ဇုန်မယ်က ပင်းသည်လော့။

(၃) စိန်ကဆက်သည် ဘိုးနတ်သိန်းခန့် ထိမ်နှယ်ညွန့်မျှ ကွေးရွန့်မြူးစား နဝါးဆိုင်မျိုး၊ မီးခိုးသဘွယ် အလွယ်လှယ်ကြို စိတ်ဝယ်အလျောက် ခြံထပ်လှောက်လည်း လွမ်းအောက်မေ့ထွေ ချမ်းမပြေတည့် ပျော်ပြေသက်မျှ သခင်ကလျှင် ကြောင်းစထွေလာ သဝန်စာ” နှင့် စေပါတမန် ရောက်ကောင်းတန်လျက် ပြင်းထန်ရေကြီး ချောင်းမြောင်းဆီး၍ ခရီးလမ်းမှာဖင့်နွှဲးကြာသည်။ ကျွန်သာမိုဃ်းကြောင့်တင်းသည်လော့။