Wp/rki/ပလေတို(Plato)

< Wp‎ | rki
Wp > rki > ပလေတို(Plato)

ပလေတို (Plato) (ဘီစီ ၄၂၇-၃၄၇) ရေ အေသင် မြို့ပြ နိုင်ငံသား တစ်ဦး ဖြစ်ပြီး ကျော်ကြားသည့် အတွေးအခေါ် ပညာသျှင် တစ်ဦး ဖြစ်ရေ။ နိုင်ငံရီးဒဿန (Political Philosophy)၊ ကျင့်ဝတ် (Ethics)၊ တက္ကိတ (Metaphysics) ရို့ကို စတင်ဟောပြောပို့ချသူလည်းဖြစ်ရေ။ ယင်းချင့်ကြောင့် သူဧဒဿနတိကို သင်ကြားပို့ချနီရေမှာ နှစ်ပေါင်း ၂၃၀၀ ဝန်းကျင်ဟိနီပြီဖြစ်ရေ။

ဘီစီ ၄၂၇ခန့်၊ အေသင်မြို့ ဆွေကြီးမျိုးကြီး အသိုင်းအဝန်းတွင် ပလေတိုအား ဖွားမြင်ရေ။ လူငယ်ဘဝတွင် နာမည်ကြီး ဒဿနဆရာ ဆိုကရီးတီးစ် နန့်ဆုံတွိ့ပြီး ဆရာတင်ခရေ။ ဆိုကရီးတီးစ် အသက် ၇၂ နှစ်တွင် မရေရာရေ စွဲချက်ဖြစ်သည့်ဘုရားတိကို မယုံကြည်သည့် အပြစ်၊ လူငယ်တိကို လမ်းမှားပို့သည့် အပြစ်တိဖြင့် အဆိပ်ရေက်သေစေရေ။ ထိုကိစ္စနန့် ပတ်သက်ပြီး နောင်တစ်ချိန်တွင် ပလေတိုက"ငါတွိ့ဖူးသမျှ လူတွေထဲမှာ ဆရာဆိုကရီးတီးစ်ဟာ ပညာဉာဏ်အကြီးဆုံး၊ တရားအမျှဆုံးဖြစ်လို့သူ့ကို သုတ်သင်လိုက်တာဟာ ဒီမိုကရေစီအုပ်ချုပ်ရီးရဲ့ အမှားဖြစ်တယ်။"ဟု နာကျင်စွာဆိုခရေ။

ဆိုကရီးတီးစ် ကွယ်လွန်ပြီးနောက် ပလေတိုရေ နိုင်ငံရပ်ခြားသို့ ၁၂နှစ်တိုင် လှည့်လည်သင်ယူပြီး ဘီစီ ၃၈၇ မှအေသင်သို့ပြန်ရောက်လာရေ။ နောက် အကယ်ဒမီကျောင်းကိုတည်ထောင်ပြီး အသက်၈၀ (ဘီစီ ၃၄၇)ထိ၊ သက်ဆုံးတိုင် ပညာသင်ကြားပီလားခရေ။ အသက် ၆၀တွင် နာမည်ကျော်တပည့် အရစ္စတိုတယ်လာရောက် ပညာသင်ကြားရေ။

ပလေတိုရေ အဓိကအားဖြင့် နိုင်ငံရီးနန့် ကျင့်ဝတ်ဆိုင်ရာကျမ်းတိကို အရီးတိရေ။ တက္ကိတနန့် ဘာသာရီးဆိုင်ရာ တိကိုလည်း ရီးလိဟိရေ။ စုစုပေါင်း ကျမ်း၃၆ ကျမ်းပြုစုခပြီး၊ နာမည်ကျော်မှာ သမ္မတနိုင်ငံ ဟူရေကျမ်းဖြစ်ရေ။ ဆရာဆိုကရီးတီးစ်ကို သတ်သည့် တရားခံမှာ ဒီမိုကရေစီ စနစ်ဖြစ်ရေဟု အယူအစွဲဟိရေကြောင့်လားမသိ၊ ပလေတိုက ရွေးကောက်တင်မြှောက်သည့် စနစ်ကိုပင် အားမပီး။ ထူးခြားချက်မှာ ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရီးပီရန်တောင်းဆိုချက်ဖြစ်ရေ။ ထိုခေတ်အခါက ထိုသို့တောင်းဆိုရဲသူမှာ သူတစ်ဦးသာဟိရေဟုဆိုနိုင်ရေ။

ပညာရီးအနီဖြင့် ကလေးတိငယ်စဉ်ကပင် သင်တန်းကျောင်းဖြင့် တာဝန်တိကို သင်ကြားပီပြီး အချိန်တန်၍ပညာစုံကေ စာမေးပွဲကျင်းပကာ ထူးချွန်သူတိအား နိုင်ငံတာဝန်တိကို ထမ်းဆောင်စေရမည် ဟူရေသဘောမျိုးကို အားပီရေ။ ထိုထူးချွန်သူတိအား ရွေးကောက်ရီးအဖွဲ့ဝင်အဖြစ် တာဝန်ပီကာ အုပ်ချုပ်သူတစ်ဦးအား ရွှေးချယ်တာဝန်ထမ်းစေသည့် စနစ်မျိုးကို ပလေတိုက ပုံဖော်ရီးသားရေ။ ယကေလည်း နှစ်ပေါင်း ၂၃၀၀ ကျော်သည့်တိုင် ပလေတိုဧ စိတ်ကူး သမ္မတနိုင်ငံ စနစ်မျိုးကို မည်သည့် တိုင်းပြည်ကမှ ဖော်ဆောင်ကျင့်သုံးခြင်းမဟိရေကို တွိ့ရရေ။

ရှေးခေတ်တွင် ပေါ်ပေါက်ခသမျှရေ ယထာဘူတကဝိတိအနက်၊ ဂရိလူမျိုး ပလေတိုရေ အထင်ရှား အကျော်စောဆုံးရေ ပညာသျှင်ကြီးတဦးဖြစ်ဧ။ အဖအရစ္စတန် အမိပယ်ရစ်တီအွန်းရို့က ပလေတိုကို ခရစ်မပေါ်မီ ၄၂၇ ခုနှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တွင် ဖွားမြင်ရေ။ အချို့ကလည်း အေဂျီးနားကျွန်းတွင် ဖွားမြင်ရေဟု ဆိုကတ်ရေ။ သူဧ အမည်ရင်းမှာ အယ်ရစ္စတိုကလီး ဖြစ်ရေ။ ပလေတိုဟူရေ အမည်မှာ ခင်မင်ရင်းနှီးရေ မိတ်ဆွေတိက ကျီစယ် ခေါ်ရာမှ တွင်ခြင်းဖြစ်ရေ။ ယင်းအမည်ကို ဂရိဘာသာစကားဖြစ်၍ ကျယ်ပြန့်ရေ ပခုံးဟု အနက်ရရေ။ မိဖမျိုးရိုး ရေသူကောင်းမျိုးဖြစ်သည့်အပြင်၊ ဂရိသမိုင်းတွင် အလွန်ထင်ရှားရေ နိုင်ငံပြုသုခမိန်တစ်ဦး ဖြစ်သည့် ဆိုလွန်ဧ အဆက်အနွယ်ဖြစ်ရေ။

ပလေတိုရေ ဂရိရို့ဧ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ ရို့ကို လိလာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာသျှင်ကြီး ဆိုကရီးတီးဧ တပည့်အဖြစ် ခံယူခရာ၊ ဆိုကရီးတီးဧ တပည့်ရင်းကြီး ဖြစ်လာရေ။

ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရီးတီး သေဒဏ်အပီခံရရေအခါ ပလေတိုရေ အလွန်စိတ်နာကြည်းလှသဖြင့် အေသင်မြို့တော်မှ ထွက်ခွာခကာ စစ္စလီကျွန်းအီတလီနိုင်ငံအီဂျစ်နိုင်ငံ နန့် အာဖရိကတိုက် မြောက်ပိုင်းဒေသတိ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်လားလာလျက် ပညာဗဟုသုတ ရှာမှီးနီခလီရေ။ ယင်းသို့ လှည့်လည်လားလာနီစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်ဧ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်ဧ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်း ခံရရှာရေ။ ယကေလည်း ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ဟိရေ။ အက်သင်းမြို့တော်သို့ ပြန်ရောက်ရေအခါ ပလေတိုရေ အကယ်ဒမီဟုခေါ်ရေ ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝီးရေ အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူဧ တပည့်တိဖြစ်ရေ အက်သင်း မြို့သားလူငယ်တိအား မိမိလိလာမှတ်သားခသည့် ပညာဗဟုသုတတိကို သင်ကြား ပို့ချ နီထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်လားလီရေ။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်ရေ ဂရိနိုင်ငံဧ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခရေသာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခရေ တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လီရေ။

ပလေတိုဧ စာပီလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်လားခြင်း မဟိကေလည်း၊ တွိ့ဟိသမျှ လက်ရာတိရေ သူဧလက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နီကတ်ရေ။ သူရီးသားထားရေ စာပီတိမှာ တိရေအားဖြင့် စုံတွဲအပြန်အလှန် စကားပြောဆိုပုံမျိုးဖြစ်ရေ။ ဆရာဖြစ်သူ ဆိုကရီးတီး နန့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်ရို့ကို ဆွေးနွေးနီဟန် ရီးသားကာ၊ မိမိဧ ယထာဘူတ ပညာဆိုင်ရာ သဘောတရားတိကိုလည်း ဆိုကရီးတီးဧနှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခလီရေ။ စုံတွဲ အပြန်အလှန် စကားပြောဆိုပုံဖြင့် ရီးသားထားရေ သူဧ လက်ရာတိအနက် “ ဆင်ပိုဆီယမ် ” (အချစ်အကြောင်း)၊ “ ဖေဒိုး ” (ပျက်စီးခြင်းမဟိရေ ဝိညာဉ်)၊ “ ရီပတ်ဗလစ် ” (စံပြနိုင်ငံ)၊ “ သေးတီးတပ်” (ပညာဗဟုသုတ)၊ “ တီးမေးအပ် ” (ရုပ်လောက သဘာဝ) စရေ စာအုပ်တိမှာ အထင်ရှားဆုံးဖြစ်ရေ။ “ ရီပတ်ဗလစ် ” တွင် ပလေတိုရေ စံပြ (စိတ်တိုင်းကျ)နိုင်ငံဖြစ်ပေါ်လာစေရန် မည်သို့ ဆောင်ရွက်ရမည်ကို စကားအခြေအတင်ပြောဟန်ဖြင့် ရီးသားထားရေ။ နိုင်ငံတစ်နိုင်ငံဧရည်ရွယ်ချက် ပန်းတိုင်ရေ တိုင်းသူပြည်သားရို့အား စိတ်ပျော်ရွှင်ချမ်းမြေ့ရီးအတွက် အကျင့်စာရိတ္တကြံ့ခိုင်၍ တည်ကြည် ဖြောင့်မတ်အောင် လိကျင့်ပီရန် ဖြစ်ရမည်ဟု ပလေတိုက ယုံကြည့်လီရေ။ သူရည်မှန်းရေ စံပြနိုင်ငံမျိုးရေ ဖောက်ပြန် လျက်ဟိရေ ကမ္ဘာလောက ကြီးတွင် တည်ထောင်၍ မဖြစ်နိုင်ဟူရေ အချက်ကိုမူ ပလေတို သိရေ။ ယကေလည်းလည်း လူရို့က ရဟိအောင်ကြိုးပမ်းသင့်သည့် ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခဧ။

စံပြနိုင်ငံတွင် လူတိုင်းရေ မိမိနန့်အသင့်လျော်ရေ အလုပ်အကိုင်မျိုးကိုသာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံအတွင်း နီထိုင်ကတ်ရေ ပြည်သူပြည်သားတိ အုပ်ချုပ်ရီးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနန့် ကုန်စည်ထုတ် လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစားခွဲခြားထားသင့်ကြောင်း၊ အုပ်ချုပ်ရီးဘက်ဆိုင်ရာ လူတန်းစားရေ ဉာဏ်အမြော်အမြင် ဟိသင့်၍၊ စစ်သားတိရေ ရဲစွမ်းသတ္တိ ဟိသင့်ကာ၊ အလုပ်သမားတိရေ စည်းကမ်းသေဝပ်မှု ဟိသင့်ကြောင်း စရေဖြင့် ပလေတိုက ပြဆိုထားလီရေ။ ပလေတိုဧ ယထာဘူတ ပညာဆိုင်ရာ အယူအဆတိရေ ဂရိယထာဘူတပညာသျှင်ကြီးတိဧ အတွေး အခေါ်တိ အနက် ဂရိအဆန်ဆုံးရေ အတွေးအခေါ်တိ ဖြစ်ဧ။ ယကေလည်း ပလေတို ထုတ်ဖော်ရီးသားခရေ အယူအဆတိရေ ဖြစ်နိုင်ရေထက် စိတ်ကူးကွန့်မြူးမှုရို့က တိလီရေ။

စိတ်၌ ဖြစ်ပေါ်ရေ အယူအဆရေ မျက်စိဖြင့်တွိ့မြင်ရရေ အရာဝတ္ထုထက် ပို၍ မှန်ကန်တည်မြဲရေဟု ပလေတိုက ယုံကြည်ရေ။ လူ၊ သစ်ပင်၊ ပန်းမန်ပင်ရို့ရေ သေကြေပျက်စီး ပြောင်းလဲလားမည် ဖြစ်ကေလည်း၊ ယင်းသည့် သစ်ပင်၊ ပန်းမန်၊ လူရို့နန့် စပ်လျဉ်းသည့် ယေဘုယျ သဘောထားရေ။ မည်သည့်အခါမျှ ပြောင်းလဲခြင်း မဟိဟု ဆိုလီရေ။

ပလေတိုဧကြံဆချက် တွေးခေါ်ချက်တိကို နှစ်သက်ရေ အတွေးအခေါ်သမားတိနန့် စာပီပညာသျှင်တိ အတော်တိတိ ပေါ်ပေါက်ခရေ။ တပည့်တပန်းတိလည်း အတော်ပေါ်ခ ရေ။ ယင်းရို့အနက် အယ်ရစ္စတိုတယ်ရေ ထင်ရှားလီရေ။

ကိုးကား edit