သမိုင်းအကျဉ်း
editဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလဝတ်ပြည်ရှင် သုဒ္ဓေါဒနမင်းကြီး ဖြိုက်ပြီး မယ်တော်မာယာမှာ ဒေဝဒဟတိုင်းပြည်သူဖြိုက်ပါရေ။
မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ ဒေဝဒဟပြည်ကို ပဋိသန္ဓေအမှန်ဟိနီကြောင်းသက်သေပြဖို့ပြန်လာစဉ် လမ်းခရီးဝက် တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ဟိ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင် လွန်တော်မူရေ။
ထိုစဉ် ကပိလဝတ်တိုင်းနန့် ဒေဝဒဟတိုင်း နှစ်ပြည်ထောင်သားအပေါင်းရို့မှာ မယ်တော် မာယာ အကြွင်းအကျန် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နန့်တစ်ပြည် အငြင်းပွားဖွယ်ဖြိုက်လာရေ။
ယေနဖြိုက်လို့ မယ်တော်မာယာဧ့ ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းရို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခရကြောင်း သိရပါရေ။
ရခိုင်ရိုးရာ ရထားဆွဲပွဲအစ
editသက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နန့် ဦးမြဝါ (သျှင်ငယ်မြဝါ) ကဲ့သို့ ပညာဟိတိနန့် လောကီပညာရှင်တိ ပေါ်ထွန်းခ ကြောင်း သိရပါရေ။
ဦးမြဝါ (သျှင်ငယ်မြဝါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာနန့် ကူညီထမ်းဆောင်နီသူအဖြိုက် ထင်ရှားပါရေ။
တစ်ခါသော် သျှင်ငယ်မြဝါရေ တိုင်းပြည်ယှေးရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ပါးကို လားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦးဧ့ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနီရာတွင်သာ မြုပ်နှံဖို့ လျှောက်တင်ပါရေ။
ထိုစဉ်လောကီ ပညာရှင်ဦးမြဝါမှာ ကြာသပတေးရက်သားဖြိုက်ပြီး မိမိဧ့ရင်ကိုခွဲကာ အူကိုထုတ်ပနာ နန်းတော်အား ပတ်စဉ် ယုတ်ညံ့ရေအရပ်၌ လဲကျကွယ်လွန်ခကြောင်း သိရရေ။
ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြိုက်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနန့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြဝါဧ့ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားရို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရဟိစေဖို့ အပြိုင်ဆွဲခကြ ကြောင်း သမိုင်းအရ သိဟိရရေ။
ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြဝါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကတ်ခြင်းဖြိုက်ပါရေ။
ကုံရာသီ တပို့တွဲ ရထားဆွဲ
editတစ်နှစ်လုံးဧ့ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပရေ။
တောင်သူလယ်သမားတိနန့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နန့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေဖို့နန့် စပါးဆန်ရေပေါတိစေဖို့ ရည်ရွယ်ပနာလည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုရေ။
မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နန့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးမာ ကျင်းပခကြကြောင်း သိရရေ။
ဒေဂု အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့မာ လွန်ခရေနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခကြောင်း သိရရေ။
ရထားဆွဲဖို့ သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပနာ သစ်သားဘီးတိနန့် တွဲဆက်ကာ ရထားအလယ်၌ ဝါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးနန့် ဆွဲကြရေ။
ရပ်ကွက်တိုင်းမာ တစ်ဘက်နန့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ ရေ။
ညီညွတ်စုပေါင်းခွန်အားနန့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကပ်ရေ။
ဟိဟိနှစ်ပေါင်းတိစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ဟိကြရေ။
ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်ရေ (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ဟိကြောင်း သိရရေ။
ယေနဖြိုက်လို့ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြိုက်ရေ မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းယင်း ရထားဆွဲပွဲ ပါဝင်ဆင်နွှဲပါဖို့ ဖိတ်ခေါ်လိုက်ရရေ။
ပြန်ပနာဖော်ထုတ်မှု
edit၂၀၀၉ ခုနှစ်၊ မိဇံရပ်ကွက်၊ ရခိုင်ရိုးရာ ရထားပွဲကျင်းပရေးကော်မတီအနီနန့် နှစ် (၄၀) မျှ ပျောက်ဆုံးနီသည့် ရထားဆွဲပွဲအား အသက် (၆၅) နှစ်အထက် မိမိကိုယ်တိုင် ပါဝင်ခဖူးသူ အသက်ကြီးသူတိ၊ အသက် (၉၃) နှစ် အထက်ဟိသူတိကို သဘာပတိ (၉) ဦး တင်မြှောက် ပနာ သက်ဆိုင်ရာ မိဇံရပ်ကွက်လူကြီးလူငယ်တိ မြို့ပေါ်စေတနာရှင်တိအပါအဝင် ဖွဲ့စည်းထားရေ။
ဖိတ်ခေါ်သံချပ်
editမောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး
ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့
ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့
ထိုစကား၊ ဒေစကား ၊ ပြောနီလာ
တပို့တွဲလမှာ ၊ ရထားပွဲ
ချမ်းစွာတိကို ၊ ဘေးဖယ်ထား
ချွေးထွက်သံယို ၊ ရထားဆွဲဖို့
အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ။
ရိုးရာစိုင်လာ ၊ မမိန့်ကောင်း
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
(မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂
ရာသီကုံလွဲ၊ တပို့တွဲရေ၊ လွမ်းဖွေပင်
ပျော်ရွှင်လူ့ရပ်မြေ၊ ရထားသဘင်၊
နှစ်စဉ်ငင်ရေ၊ သောင်းခွင်
ဤလူ့ပြည်ထက် ပျော်ရွှင်ဖွယ်လူရို့၌
ကိုးကား
edit(စာဆိုဥက္ကာပျံဧ့ ရထားသဘင်ဖွဲ့၊ တပို့တွဲလရတု)