Wp/rki/ဒေါင်းပြောက်ခုန်တမ်းကစားနည်း

< Wp‎ | rki
Wp > rki > ဒေါင်းပြောက်ခုန်တမ်းကစားနည်း

ရခိုင်ကျေးလက် အမျိုးသမီးငယ်တိဧ့ ကစားနည်းတစ်မျိုးဖြစ်ရေ။ လူ (၄)ယောက်မှ (၁၀)ယောက်အထိ ကစက်နိုင်ရေ။ ဒေကစက်နည်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုကို ပိုမို အလေးပီးရေ။ ပထမဦးစွာ "အပုပ်တိုင်"ချိုး၍ အပုပ်ကျသူ (ခံလှည့်ကျသူ) နှစ်ဦးအား မျက်နှာချင်းဆိုင် ခြီဆန့်ထိုင်ပြီး ခြီဖျားချင်း ထိထားရရေ။ ယင်းလူတိက ယင်းကိုခုန်ကတ်ရရေ။

ကန်တော်ကြီး။ ။ ခြီကို အကျယ်ဆုံးဆန့်ပနာ ထားရရေ။ ကစက်သူက တစ်လွှားချင်း ခုန်ရရေ။

ကန်တော်ချေ။ ။ ထိထားရေခြေကို အနည်းငယ်ကျဉ်းလိုက်ပြီး ယခင်ကဲ့သို့ ခုန်ရရေ။

ခြေနှစ်ဆင့်။ ။ ထိုင်လှည့်ကျသူနှစ်ဦးရေ မိမိဆန့်ထားရေ ခြီတစ်ချောင်းဧ့ ခြီထောက်တိပေါ်တွင် ကျန်ခြေတစ်ချောင်းဧ့ ခြီဖနောင့်တိကို တင်ထားရရေ။ ခုန်လှည့်ကျသူတိက ယင်းကို ခုန်ကျော်ကတ် ရေ။

တပွင့်။ ။ ယင်းသို့ ခြီနှစ်ချောင်းဆင့်ထားရေအထက်မှာ လက်ဖဝါးကိုဖြန့်၍ လက်မနန့် ခြေဖျားတိ ထိတွေ့ကာ ထောက်ထား၍ ခုန်စေရေ။

တပွင့်တငုံ။ ။ အထက်ပါအတိုင်း လက်ဖဝါးတစ်ဘက်ကိုဖြန့်၍ ထောင်ထားရေအပေါ် ကျန်တစ်ဘက်ကို လက်သီးဆုပ် ဆုပ်ပြီး တင်ထားရေ။ တစ်နည်းအားဖြင့် လက်ဝါးခြင်းမှာ တပွင့်ဟု ယူဆ၍၊ လက်သီးဆုပ် ကို ပန်းပွင့်တစ်ငုံဟု ယူဆကာ တပွင့်တငုံဟု ခေါ်ခြင်းဖြစ်ရေ။

နှစ်ပွင့်။ ။ တပွင်တငုံပြီး နောက်လက်ဖဝါးနှစ်ဘက်ကို ဖြန့်လျက် တစ်ဘက်ဧ့ လက်သန်းပေါ်တွင် ကျန်တစ်ဘက်ဧ့ လက်မကို တင်ထားလျက် ခုန်ရရေ။

ဒေါက်ခုန်။ ။ ထိုင်နီသူနှစ်ဦး ခြေနှစ်ဘက်ကို ဆန့်ထားရေကို ခုန်သူတိက ခြီတစ်ဘက်ကို မ,ကိုင်၍ ကျန်ခြီတစ်ဘက်တည်းနဲ့ ခုန်ရရေ။ ယင်းသို့ ခုန်ရာတွင် တစ်ဘက်မှ တစ်ဘက်ကို ကျော်ဖြတ် စည်းတားထားရေ ခြေနှစ်ချောင်းအတွင်း၌ ခြေထောက်တစ်ခေါက်တည်းသာ ထောက်၍ ခုန်ရရေ။ အကယ်၍ ယင်းအတွင်း၌ ခြေထောက်ကို နှစ်ခေါက်ချ၍ ခုန်လျှင် "သေရေ"ဟု ခေါ်ရေ။ ယင်းသို့ သေ သူရေ ထိုင်လှည့်သို့ရောက်၍ ကျန်သူတိ ခုန်စေရန် ထိုင်ပီးရရေ။

ဒူးကိုင်။ ။ ထိုင်နီရေ နှစ်ဦးရေ အထက်ပါနည်းအတိုင်း ခြီကိုကားထားရ၍ ခုန်သူက ဒူးတစ်ဘက် ကို နောက်သို့ကွေး၍ လက်တစ်ဘက်နဲ့ ဒူးကို မ,ကိုင်၍ ခြီတစ်ဘက်တည်းနဲ့ ဒေါက်ခုန် ခုန်ရရေ။

ကုလားထိုင်။ ။ ဘယ်ဘက်ခြီထောက်တိကို ညာခြောက် ဒူးထေဆစ်နောက်သို့ကွေး၍ ဘယ်လက်နဲ့ ထိန်းပနာ ဒေါက်ခုန် ခုန်ရရေ။

ကုလားထိုင်နောက်ပြန်။ ။ ဘယ်ခြီထောက်တိကို ညာခြီထောက် ဒူးဆစ်နောက်သို့ ကွေးတင်၍ ညာ လက်နဲ့ ထိန်းပနာ ဒေါက်ခုန် ခုန်ရရေ။


ဖယောင်းတိုင်။ ။ ဖယောင်းတိုင်ပုံထောင်ထားရေ ညာလက်ကို ဘယ်လက်ဖြင့်ကိုင်၍ မတ်ရပ်စုံခုန် ကာ ကျော်ရရေ။

ဝမ်းကြီး၊ ဝမ်းလတ်၊ ဝမ်းချေ။ ။ လက်နှစ်ဘက်ရှေ့တွင်ဝိုင်း၍ ဝမ်းပုံသဏ္ဍာန်လုပ်ကာ စုံခုန်၍ ဖြတ်ကျော် ရရေ။

အချေရွက်။ ။ ရင်ဘတ်၌ လက်နှစ်ဘက်ယှဉ်လျက် ကလေးချီထားရေ့ ပုံသဏ္ဍာန်ပြုလုပ်၍ စုံခုန် ကာ ကျော်ရရေ။

ရီချိုး၊ သနပ်ခါးလိမ်း၊ မှန်ကြည့်။ ။ ခြီဆန့်ထားရေကို ဒေါင်ခုန် ခုန်ရ၍ ကျော်ဖြတ်ရာ၌ ရေချိုးဟန်၊ သနပ်ခါးလိမ်းဟန်နန့် မှန်ကြည့်ဟန်သဏ္ဍာန် လုပ်ရရေ။

ကိုးကား edit

ရခိုင်သမိုင်းအလင်းပြကျမ်းမှ-