Wp/rki/ဒိုင်းနက်လူမျိုး

< Wp‎ | rki
Wp > rki > ဒိုင်းနက်လူမျိုး

ဒိုင်းနက် လူမျိုး ခေါ် သက္ကမလူမျိုး (Chakma) ရေ ရခိုင်မျိုးနွယ်စုဝင် လူမျိုးတစ်မျိုးဖြစ်ရေ။ အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်၊ မီဇူရံပြည်နယ်၊ ဘင်္ဂလားဒေချ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသနန့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတိတွင်နီထိုင်ရေလူမျိုးတစ်မျိုးရေ ရှေးအတီ အတာကပင် ဂနိထိ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ သက်ဝင်ယုံကြည်ကိုးကွယ်လာကတ်သည့် လူမျိုးတစ်မျိုးဖြစ်ရေ။ ထိုလူမျိုးရေ မိမိရို့ဧ မျိုးနွယ်စုအမည်ကို သက္ကမ(Chakma)ဟု ခံယူထားကတ်သူတိဖြစ်ကတ်ရေ။ ထိုသက္ကမ(Chama) လူမျိုးတိကို ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးတိက ဒိုင်းနက်လူမျိုးတိဟုခေါ်ကတ်ရေ။ ထိုဒိုင်းနက် ဆိုရေအမည်ရေလည်း ရှေးရခိုင်ဘုရင်လက်ထက်က ဒိုင်းကာ၊ဒိုင်းလွှားတိကို အနက်ရောင်းဆေး သုတ်ကာ ပြုလုပ်၍ သွင်းရရေကြောင့် ဒိုင်းနက်လူမျိုးတိခေါ်ကတ်ရေဟု လေ့လာမှတ်သားဖူးပါရေ။ ထိုသက္ကမလူမျိုးရေမိမိရို့ဧ မျိုးနွယ်စုအမည်ကို ရခိုင်တိက ဒိုင်းနက်ဟုခေါ်ဝေါ်ကတ်ရေကို လုံးဝမနှစ်သက်၊ မနှစ်မြို့ကတ်ချေ၊ အိန္ဒိယ၊ ဘင်္ဂလားဒေခ့်ျ့နိုင်ငံတိတွင် သူရို့ဧ မျိုးနွယ်စုအမည်ကို ခေါ်ဝေါ်ကတ်သကဲ့သို့ သက္ကမ(Chamka) ဟူရေ အမည်နာမကိုသာ ခံယူလိုကတ်ပါရေ။ [1]

လက်ဟိလူဦးရေနန့် ပြန့်နှံ့နီထိုင်မှု edit

မြန်မာနိုင်ငံတွင် ဒိုင်းနက်လူမျိုးဟုခေါ်ပြီး ဘင်္ဂလားဒေးစ်နိုင်ငံတွင် သက္ကမ(Chakma)၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် သွီးကုပ်(Tuikuk)ဟု အသီးသီးခေါ်ကတ်ရေ ၎င်းမျိုးနွယ်စုတိရေ ‘သကျ’ခေါ် သက် (အရှေ့သက်) လူမျိုးမှဆင်းသက်ရေဟု ခံယူကတ်ပါရေ။ လက်ဟိတွင် ရခိုင်ပြည်နယ်မှာ လူဦးရေအားဖြင့် လေးသောင်း(၄၀၀၀၀)ကျော်လောက် နီထိုင်လျက်ဟိရေဟု သက္ကမစာပီယဉ်ကျေးမှုကော်မတီ (ကျောက်တော်ဥက္ကဋ္ဌ) ဦးအောင်ကျော်ဖြိုးက ပြောကြားပြောပါရေ။ ဘူးသီးတောင်နန့် မောင်တောမြို့နယ်တိ မှာ (၁)သောင်းစီဟိမည်ဟု ၎င်းက ခန့်မှန်းထားပြီး အလားတူ ပုဏ္ဍားကျွန်းမြို့နယ်မှာ ၅၀၀)ခန့်၊ ကျောက်တော်မြို့နယ်မှာ (၃၀၀) ခန့်နန့် မင်းပြားမြို့နယ်တွင် (၇၀၀၀)ကျော် ဟိရေဟု ၎င်းကဆိုရေ။

ယကေလည်း Encyclopedia.com website ဖော်ပြချက်အရ ဒိုင်းနက်(သက္ကမ)လူမျိုးတိရေ မြန်မာနိုင်ငံတွင် လူဦးရေ(၃၀၀၀၀-သုံးသောင်း)ခန့်ဟိရေဟု ဖော်ပြထားရေ။ ဘင်္ဂလားဒေစ်နိုင်ငံ Chittagong ဒေသတွင် (၄၅၀၀၀၀-လေးသိန်းခွဲ)ခန့်နီထိုင်လျက်ဟိပြီး၊ အိန္ဒိယနိုင်ငံတွင်လည်း ပြောင်းရွှေ့နီထိုင်သူတိအဖြစ် မီဇိုရမ်းပြည်နယ်တွင် (၁)သိန်းခန့်နန့် ထရီပိုရပြည်နယ်တွင် (၅)သောင်းခန့် နီထိုင်ကတ်ရေဟု ဖော်ပြထားပါရေ။ စုစုပေါင်း လူဦးရေ(၇)သိန်းခန့် ကမ္ဘာပေါ်မှာ ဒိုင်းနက်-သက္ကမလူမျိုး နီထိုင်ကတ်ရေဟု ခန့်မှန်းထားပါရေ။

ဆင်းသက်လာပုံသမိုင်း၊ ဒိုင်းနက်-သက္ကမာ-သက် edit

သမိုင်းကြောင်းအရ ဒိုင်းနက်ရေ အရှ့သက်လူမျိုးဖြစ်ပြီး ဘာသာဘေဒအရ အင်ဒိုအာရိယန် ဘာသာအနွယ်ဖြစ်ရေဟု အသျှင်တေဇ(သက္ကမာ)ရီးရေ ‘သမိုင်းထဲကသက်၊ သက်ထဲကသမိုင်း’ စာအုပ်မှာ ရီးသားထားပါရေ။ သက်ဟုဆိုရာတွင် လက်ဟိရခိုင်ပြည်မှာနီထိုင်ရေ သက်လူမျိုးရို့နန့်မတူကြောင်း၊ လက်ဟိရခိုင်ပြည်နယ်ဟိ သက်လူမျိုးရို့ရေ တိဘက်တိုဘာမင်(Tibeto-Burman) အုပ်စုဝင် ကတူး(သက်) လူမျိုး၊ အနောက်သက်လူမျိုးတိဖြစ်ကြောင်း ၎င်းစာအုပ်တွင် ဖော်ပြထားရေ။ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ဝင်ရောက်၍ သင်္ကဿရဋ္ဌ(တကောင်း)ပြည်ကို အစတည်ထောင်ခသူတိမှာ အရှေ့သက်၊ ဒိုင်းနက်-သက္ကမာလူမျိုးစု တိုင်းရင်းသားတိပင်ဖြစ်ဟု အဆိုပါ စာအုပ်တွင် တင်ပြထားပါရေ။

ကိုးကွယ်သည့်ဘာသာသာသနာ edit

နိုင်ငံပေါင်း (၃)နိုင်ငံစလုံးမှာ ပြန့်နှံ့နီထိုင်ကတ်ရေ ဒိုင်းနက်-သက္ကမာ တစ်မျိုးသားလုံးရေ အစဉ်အလာအရ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူတိဖြစ်ရေ။

သာသာစကားနန့်ယဉ်းကျေးမှု edit

ဒေလူမျိုးစုရေ သီးခြားဘာသာစကားပြောဆိုသည့် လူမျိုးတိဖြစ်ပြီး ဘာသာဘေဓအရ အင်ဒိုအာရီယန်ဘာသာအနွယ် ဖြစ်ရေဟု သိရရေ။ ဒိုင်းနက်ရို့ရေ ဘင်္ဂါလီဘာသာ၊ စစ်တကောင်း ဒေသိယစကား ပြောဆိုနီကတ်ရေဟု မှားယွန်းစွာ ပြောဆိုရီးသားနီကတ်ရေမှာ လုံးဝမဟုတ်မှန်ဘူးဟု အသျှင်တေဇသက္ကမာက ဒိုင်းနက်သမိုင်းစာအုပ်တွင် သျှင်းပြခပါရေ။ ယကေလည်း ဂနိဒိုင်းနက်လူငယ်တိ မဆိုထားဘိ၊ သက်ကြီးပိုင်းတော်တော်တိတိရေပြင်ကေ ဒိုင်းနက်ဘာသာစကားကို သိပ်မပြောတတ်တော့ ဘဲ ၉၀ရာခိုင်နှုန်းကျော်က အိမ်မှာ ဗမာ သို့မဟုတ်ရခိုင်ဘာသာစကားကိုသာ သုံးစွဲနီကတ်တော့ရေဟု သိဟိရရေ။ ဗုဒ္ဓဘာသာကိုးကွယ်သူတိ ဖြစ်သည့်အားလျော်စွာ ရခိုင်ပြည်နယ်ဟိ ဒိုင်းနက်လူမျိုးတိရေ ဝတ်စားဆင်မှု၊ ရိုးရာဓလေ့ထုံးတမ်းနန့် ပွဲလမ်းသဘင်တိတွင် သိသာထင်ရှားစွာ ကွဲပြားခြားနားမှု မတွိ့ရ။

နိုးကြားမှုနန့် စိုးရိမ်မှုတိ edit

ယဉ်းကျေးမှု(civilization)မြင့်မား၊ထွန်းကား၍ လူဦးရီးသန်းနန့်ချီရေ လူမျိုးကြီးတိကြားမှာ ကြားညှပ်နီထိုင်လျက်ဟိသည့် သောင်းဂဏန်းသာဟိရေ ဒေဒိုင်းနက်လူမျိုးစုငယ်အဖို့ လူမျိုးဝါးမြိုမှုဒဏ် ကြောင့် ရေရှည်မှာ ပျေက်ကွယ်မလားရရီး မနည်းရုန်းကန်နီရပါရေ။ မျိုးဆက်သစ်လူငယ်တစ်ချို့မှာ ဒိုင်းနက်စကားလည်း မပြောတတ်၊ မိမိကိုယ်ကိုမိမိလည်း ဒိုင်းနက်ဟု မခံယူ(ဂုဏ်ယူခြင်းမဟိ)ဖြစ်နီကတ်ရေကို တွိ့ရရေ။ ယင်းချင့်ကြောင့် တိမကြာမှီကာလတွင် ဒိုင်းနက်လူမျိုး မြန်မာပြည်မှာ ပျေက်ကွယ်လားမှာကို စိုးရိမ်မှုဟိကြောင်း တွိ့ဆုံခရရေ ဒိုင်းနက်စာပီယဉ်ကျေးမှုကော်မတီ ခေါင်းဆောင်တစ်ချို့က ရင်ဖွင့်လာကတ် ရေ။ လူမှုရီးအသင်းလမ်းကြောင်းတစ်ခုတည်းဖြင့် ကိုယ့်အမျိုးကိုကာကွယ်ခြင်းရေ ဂနိခေတ်ကာလမှာ မလုံလောက်ဘူးဟု ခံယူလျက် ဒိုင်းနက်လူမျိုးတိပါတီကို တည်ထောင်ကတ်ရေ။[2]

ကိုးကား edit

  1. Arakan Literature & Culture Association ရက္ခိုင် စာပီနန့် ယဉ်ကျေးမှုအသင်း Page၊ Aug,4,2020
  2. https://www.federaljournalmm.org/%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%94%E1%80%80%E1%80%B9-%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%85%E1%80%AF%E1%80%A1%E1%80%B1%E1%81%BE%E1%80%80/