Wp/rki/တောထွက်အန်

< Wp‎ | rki
Wp > rki > တောထွက်အန်

တောထွက်အန် edit

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ နကိုဟူကား၊ နရာအထွတ်၊ သိဒ္ဓပျော်ရာ၊ တုသိတာက၊ သက်လှကျ သည်၊ မိလှမာတာ၊ ဝမ်းထဲသော်လည်း၊ ဟန်စွလေ။


၂။ မာယာဝမ်းထဲ၊ အမြဲပဋိသန္ဓီ၊ ဆယ်လနီသည်၊ ဖွားချိန်တန်ဝယ်၊ နိမိတ် သည်ကား၊ ကိုယ်ရောင်ဝါသည်၊ ပြင်လှတဝင်း၊ တဝင်း သော်လည်း၊ ဟန်စွလေ။


၃။ တဝင်းကိုယ်ရောင်၊ လတန်းဆောင်သည်၊ အခေါင်မယ်တော်၊ မိဘ မျှော်သည်၊ ရွှင်ပျော်အင်္ဂရာ၊ တောသာသော်လည်း၊ ဟန်စွလေ။


၄။ အင်္ဂရာတောသာ၊ ဖွားခါတုံလှစ်၊ ခုနစ်ဖဝါး၊ မြောက်သို့သွားသည်၊ ကြီးမားထင်ကာ၊ ထင်ကာသော်လည်း၊ ဟန်စွလေ။


၅။ ကြီးမားထင်လှစ်၊ ဆယ့်ခြောက်နှစ်တွင်၊ ထိမ်းမြားကျင်သည်၊ မေပင် မျောက်သား၊ ယသော်သော်လည်း ဟန်စွလေ။


၆။ မျောက်သာယသော်၊ ဆင်းမြကျော်နှင့်၊ ရွှင်ပျော်တူနီ၊ ချစ်ကြိုးဖြီသည်၊ တုံရွှီပြာဿဒ်၊ အချာသော်လည်း၊ ဟန်စွလေ။


၇။ ပြာသာဒ်အချာ၊ နီလီခါဝယ်၊ အခါတပါး၊ ဥယျာဉ်သွား၍၊ လေးပါးနိ မိတ်၊ မြင်လီသော်လည်း၊ ဟန်စွလေ။


၈။ နိမိတ်လည်းမြင်၊ တောထွက်ချင်သည်၊ လုလင်မင်းသား၊ သိဒ ̈တ်သော် လည်း၊ ဟန်စွလေ။


၉။ သိဒ ̈တ်မင်းသား၊ စိတ်ပြတ်ကြည်ညို၊ ကျွန်ဆန်ခေါ်သည်၊ မြင်းတော် ခက်စီး၊ ခက်စီးသော်လည်း၊ ဟန်စွလေ။

၁၀။ မြင်းတော်ခက်စီး၊ မီထွီးစကား၊ ကျွန်ဆန်ကြားသည်၊ ရွှင်ပါးဝမ်းပန်း၊ ဝမ်းသာသော်လည်း၊ ဟန်စွလေ။


၁၁။ ဝမ်းမြောက်ဝမ်းသာ၊ ခက်လီရာဝယ်၊ မြူးစွာမြင်းလှ၊ ခန္တီက(ကဏ္ဍက) သော်လည်း၊ ဟန်စွလေ။


၁၂။ ခန္တီကဟူ၊ မြင်းလှစီးလျှင်၊ တောကြီးထွက်သည်၊ ညဉ့်နက်သန်းခေါင်၊ အခါသော်လည်း၊ ဟန်စွလေ။


၁၃။ ညဉ့်နက်အခါ၊ နတ်များလာ၍၊ ခြောက်သန်းမီးရှုတ် (မီးရှူး)၊ ထွန်း လှာသော်လည်း၊ ဟန်စွလေ။


၁၄။ မီးရှုတ်ခြောက်သန်း၊ လမ်းစွန်ခရီး၊ ညွှန်လိုက်ပြီးမှာ၊ မြစ်ကြီးနော်မာ၊ ကမ်းနားသော်လည်း၊ ဟန်စွလေ။


၁၅။ နော်မာကမ်းနား၊ ခုန်လီသွားသည်၊ ပြင်ပေါ်သဲဖြူ၊ ကျွန်းပေါ်သော် လည်း၊ ဟန်စွလေ။


၁၆။ သဲဖြူကျွန်းတွင်၊ ကိုင်လျှင်အမြဲ၊ သက်လျက်စွဲ၍၊ အမြဲဆံတော် ဖြတ် ကာသော်လည်း၊ ဟန်စွလေ။


၁၇။ ဆံတော်လည်း ဖြတ်၊ ကောင်းခင်လွှတ်သည်၊ ဆွဲလှာပန်းဆိုင်၊ အသွင် သော်လည်း၊ ဟန်စွလေ။


၁၈။ ပန်းဆိုင်အသွင်၊ ဆံကို မြင်သည်၊ ပြုချင်ရဟန်း၊ အဖြစ်သော်လည်း၊ ဟန်စွလေ။


၁၉။ ရဟန်းအဖြစ်၊ တည်လတ်သောခါ၊ ထက်ဗြဟ္မာက၊ ကပ်လှာသင်္ကန်း၊ တရံသော်လည်း၊ ဟန်စွလေ။


၂၀။ သင်္ကန်းကပ်ပြီး၊ ဝတ်ရပြီးမှာ၊ မြစ်ကြီးနော်မာ၊ နေရဉ္ဇရာသော်လည်း၊ ဟန်စွလေ။


၂၁။ နေရဉ္ဇရာ၊ မြစ်သာချောင်းနား၊ နို့ဆွမ်းစားသည်၊ ဖလားရွှေခွက်၊ မျှောကာသော်လည်း၊ ဟန်စွလေ။


၂၂။ ရွှီခွက်မျှောပြီး၊ ဗောဓိအောက်တွင်၊ ရပ်လီကျင်သည်၊ ပလ္လင်ရွှီထီး၊ ပေါက်ကာသော်လည်း၊ ဟန်စွလေ။


၂၃။ ရွှီထီးဆန်းကြည်၊ ပလ္လင်ဝယ်တွင်၊ တင်ပျဉ်ဖွဲ့၍၊ ဖွဲ့လျှင် နီကာ၊ နီကာ သော်လည်း၊ ဟန်စွလေ။


၂၄။ ဖွဲ့လျှင်နီမှာ၊ မာရှ်စစ်လာ၍၊ ဗိုလ်ပါသိန်းသောင်း၊ ကုဋီသော်လည်း၊ ဟန်စွလေ။


၂၅။ သိန်း သောင်း ကုဋေ၊ မာရ်စစ်ခြီကို၊ ဝသုန ̈ရီ၊ သက်သိထားငြား၊ ဆံရီချသည်၊ ကြီးစွာမာရ်စစ်၊ အောင်မြင်သော်လည်း၊ ဟန်စွလေ။


၂၆။ မာရ်စစ်အောင်မြင်၊ သုံးလူ့ရှင်သည်၊ မဂ္ဂင်ခရီး၊ ညွှန်းကာသော်လည်း၊ ဟန်စွလေ။


၂၇။ ခရီးညွှန်းမြောက်၊ စိုင် (စဉ်)တလျှောက်သည်၊ ကျွတ်ထိုက်လူနတ်၊ ဗြဟ္မာသော်လည်း၊ ဟန်စွလေ။


၂၈။ လူ နတ် ဗြဟ္မာ၊ များစွာကျွတ်ပြီး၊ နိဗ္ဗာန်မှီးသည်၊ ဘုန်းကြီးသုံးလူ၊ ဆရာသော်လည်း၊ ဟန်စွလေ။


တောထွတ်အန် ဤတွင်ပြီးပြီ။[1]

ကိုးကား edit

  1. အသျှင်စက္ကိန္ဒ(ရခိုင်ပြည်နယ်) -ရခိုင်ယဉ်ကျေးမှုများ (၂) -p175