Wp/rki/တဝဂူစေတီတော်

< Wp‎ | rki
Wp > rki > တဝဂူစေတီတော်

တည်နီရာ edit

မြောက်ဦးနန်းတော်ကုန်းဧ့ အရှေ့တောင်ဘက်မိုင်ဝက်ခန့်အကွာတွင် တည် ဟိပြီး မျှော်တော်မူ ကျီတော်ရာဧ့ တောင်ဘက်၊ လွမ်းစေတီဧ့ အနောက်ဘက်တွင် တည်ဟိပါရေ။

ကုသိုလ်သျှင် edit

ဘုရင်မင်းဗာကြီးလက်ထက် ဇုနှုတ်စစ်သူကြီး သီဟပတိမှကောဇာသက္ကရာဇ် (၈၉၆) ခု၊ အေဒီ (၁၅၃၄) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခပါရေ။ 

သမိုဝ်းအကျဉ်း edit

ဘုရင်မင်းဖလောင်းလက်ထက် ဇုနှုတ်စစ်သူကြီး နန္ဒသူရရေ စစ်မြေပြင်မှ အပြန်တွင် မိမိဧ့ကတော်ဖြစ်သူ စောမြနန္ဒာအား မထင်မရှားသည့် စောင်းသမားတစ်ဦးနန့် အထင်လွဲပြီး မိမိဇနီးနန့် စောင်းသမားကို တဝဂူတွင် ဂူပိတ်ပနာ သတ်ခရေ။ နောက်ပိုင်းအဖြစ်မှန်ကို သိရေအခါမှ လွမ်းစေတီတစ်ဆူကို တည်ထားခရာ စေတီတော်မပြီးမီ စစ်သူကြီးမှာ မိမိဇနီးအား လွမ်းဆွတ်တသခြင်း၊ နောင်တရခြင်းဝေဒနာတိဖြင့် ရင်ကွဲနာနန့် သေဆုံးခရလေရေ။ ၁၉၉၈-ခုနှစ်တွင် အလယ်ဈေးတံတား တည်ဆောက်ခရေ အင်ဂျင်နီယာ ဦးကျော်မောင်မှ ထပ်မံတည်ဆောက်လှူဒါန်းခရေ။ ဒေစေတီအား တဝဂူစေတီဟုခေါ်ရေ။ ။ 

ဗိသုကာလက်ရာ edit

တဝဂူစေတီတော်ရေ ပေ (၁ဝဝ) ခန့်မြင့်ရေ တောင်စောင်းတောင်စွယ်တွင် တည်ဆောက်ထားရေ အုတ်စေတီတစ်ဆူပင်ဖြစ်ပါရေ။ စေတီတော်အောက်ခြေ အချင်းမှာ (၃၂) ပေခန့်ဟိပြီး အမြင့်ပေ (၃၀) ကျော်ခန့် ဟိပါရေ။ အောက်ခြေ လေးထောင့်ပန္နက်ပုံပေါ်တွင် ပစ္စယာသုံးဆင့်ခံပနာ ခေါင်းလောင်းမှောက်မှ ငှက်ပျောဖူးအထိ အဝန်းဖြင့် တည်ဆောက်ထားပါရေ။ အရှေ့ဘက်သို့ (၂) ပေခန့်ထုတ်ကာ မုခ်ဦးဖွင့်ထားပြီး မုခ်လိုဏ်ဂူထဲတွင် (၃) ပေကျော်ခန့်မြင့်ရေ ကျောက်ဆင်းတုတော်တစ်ဆူကို (၁) ပေခန့်ဟိရေ ပလ္လင်တော်ပေါ်တွင် ပူဇော်ထားပါရေ။

ကိုးကား edit

မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅