Wp/rki/ညိုထွန်းအောင်

< Wp‎ | rkiWp > rki > ညိုထွန်းအောင်

ဒေါက်တာညိုထွန်းအောင်ကို အဖရွှေပန်းထိမ်ဆရာဦးဖြူလှအောင် (ရှောက်ချောင်းကျေးရွာ)နှင့်အမိဒေါ်အောင်မြနု(လိပ်ခမော်အုပ်စု၊ ပြင်ရှည်ကျေးရွာ)တို့မှရခိုင်ပြည်၊ ကျောက်ဖြူမြို့ဆေးရုံကြီး တွင်မတ်လ (၄) ရက် ၁၉၈၁ ခုနှစ်၌မွေးဖွားခဲ့သည်။

မွေးကင်းစမှ လေးနှစ်ခန့်အထိကို စေတီတောင်ရပ်ကွက်၊ဘောလုံးကွင်းအနီးနှင့်တောစပ်လမ်းတွင်ကြီးပြင်းခဲ့ပြီး နောက်ပိုင်းတွင် အရှေ့ပိုင်းရပ်ကွက်၊ ရုံးတက်လမ်း၊ အရပ(၁)သို့ ပြောင်းရွေ့နေထိုင်ခဲ့သူဖြစ်သည်။ ဗုဒ္ဓဟူးသား ဖြစ်ပြီးမွေးစာရင်းတွင် ဇော်မျိုးသက်ဟု ဖော်ပြထား ပါသည်။

အိမ်နီးနားချင်းဆွေမျိုးမိသားစုများက မောင်ရယ်ဟုခေါ်ကြသည်။အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်ရယ်ရယ်မောမောနေတတ်သောကြောင့်ဖြစ်ပေလိမ့်မည်။ မွေးချင်း လေးယောက်တွင် ဒုတိယမြောက်သားကြီး ဖြစ်သည်။

သူငယ်တန်းမှ အဌမတန်းအထိကို အလက(၂) မြို့မကျောင်း (ယခု ရွှေသဘာဝစီမံကိန်းမှ ပျားရည်ဖြင့်ဝမ်းချထားသော အထက (ခွဲ) မြို့မ) တွင်ပညာသင်ကြားခဲ့သည်။ နဝမတန်းနှင့် ဒသမတန်းကို အထက(၁) မှ တွင်သင်ကြားခဲ့ပြီး ဆယ်တန်းကို သင်္ချာ ၊ သိပ္ပံ ၊ ဝိဇ္ဇာ ဂုဏ်ထူး (၃)ဘာသာဖြင့် ၁၉၉၉ ခုနှစ်တွင် အထက (၁)မှ ပင်အောင်မြင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲအား လေးဘာသာသာဖြေဆိုခဲ့ပြီး နောက်ဆုံးဘာသာရပ်အားမဖြေခဲ့ခြင်းမှာသူ၏ကလေးဘဝမှပင် ရည်မှန်းထားသည့်ဆရာဝန်ဖြစ်ရန် ဆေးကျောင်း ဝင်ခွင့်အမှတ်လုံလောက်မှုမရှိခဲ့သောကြောင့် ဖြစ်သည်ဟုသူ၏ ဆရာမတစ်ဦးမှပြောဖူးသည်။

ပညာရေးထူးချွန်သောကျောင်းသား တစ်ယောက်ဖြစ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာရည်ချွန်ထူးချွန်ဆုများအပြင်ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများစွာတို့၌ မြို့နယ်အဆင့်၊ပြည်နယ်အဆင့်ဆုပေါင်းများစွာ ရရှိခဲ့သူဖြစ်သည်။

မြောက်ဥက္ကာလပ၊ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ၁၂/၂၀၀၀ အပတ်စဉ်၌တက်ရောက်ခွင့်ရရှိခဲ့သည်။ ၁၂/၂၀၀၀ အပတ်စဉ်သည် ရခိုင်အပါအဝင်တိုင်းရင်းသားအချို့ မှာဆေး(၂)၌ နောက်ဆုံးတက်ခွင့်ရသောနှစ်ဖြစ်သည်။ ရန်ကုန်၊စံပြဆေးရုံ (သင်္ကန်းကျွန်း) ၌ House Surgeon အလုပ်သင်ဆရာဝန်ဆင်းခဲ့သည်။

၎င်းအချိန်၌ ရက္ခိုင့်တပ်တော် AA အတွက် ရဲဘော်များရှာဖွေပေးပို့ခြင်း နှင့် UG လုပ်ငန်းများ၌ဦးဆောင်ညွှန်ကြားဆောင်ရွက်နေမှုများကို စရဖ၊ SP များမှ အနှံ့ရ၍ ဖမ်းဆီးရန်လိုက်စဉ် တိမ်းရှောင်ခဲ့ပြီး တော်လှန်ရေးထဲသို့ အပြီးတိုင်ဝင်ရောက်ခဲ့သည်။

ရက္ခိုင့်တပ်တော် အပတ်စဉ် (၁) သင်တန်းတွင်တက်ရောက်ခဲ့ပြီး ယခုအချိန်တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်အတူ ULA/AA ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သောအခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ဂုဏ်သိက္ခာရှိသော ရခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်သည်။ ရခိုင်တော်လှန်ရေးမျိုးဆက်ထဲမှ ရှားပါး ဆရာဝန် တစ်ဦးလည်းဖြစ်သည်။

လက်ရှိ ရက္ခိုင့်တပ်တော် Arakan Army တွင် ဒု-စစ်ဦးချုပ် တာဝန် ကို ဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည့်အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA)တွင် အထွေထွေအတွင်းရေးမှုးတာဝန်ကို ယူထားသူဖြစ်သည်။

၂၀၁၄ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ ) တွင် AA ကိုဦးဆောင်တက်ရောက်ခဲ့သည်။ ဤခရီးစဉ်ကြောင့် ရခိုင်လူထုနှင့် ထိတွေ့ခွင့်ရခဲ့ပြီး ပြည်သူစိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်ခဲ့သည်။

ဘောလုံးကစားခြင်းကို အထူးနှစ်သက်ခုံမင်ခဲ့သည်။ ဘောလုံး ကစားရင်းခြေနှစ်ဖက်စလုံးကျိုးဖူးသူဖြစ်သည်။စာပေကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ကြောင်း Social Media များထက်၌ သူရေးသားနေသည့် သူ၏စာအရေးအသားများအရသိရှိရသည်။

စံသတ်မှတ်ချက်ရှိသည့် ရခိုင်ဘာသာစကားပေါ်ထွန်းလာရေးကို အားပေးသူ တစ်ဦးဖြစ်သည်။ စာအုပ်များကို စုဆောင်းဝါသနာပါသူတစ်ဦးလည်းဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင် ပညာရေးထက် လူမှုရေးလုပ်ငန်းများတွင် အလေးပေးပြီးဆောင်ရွက်နေခဲ့သောကြောင့် ပညာရေးဘက်တွင် အားနည်းကာ ပရဟိတဖက်အားစိုက်နေခဲ့သူဖြစ်ကြောင်း သူ၏ကျောက်ဖြူ မြို့ခံ မိတ်ဆွေသူငယ်ချင်းများ ပြောပြချက်အရသိရှိရသည်။

နှစ်ပေါင်းများစွာ ကျင်းပခွင့်မရခဲ့သော ရခိုင်ပြည်နယ်နေ့ အားကျောက်ဖြူမြို့တွင် ပြန်လည်ကျင်းပနိုင်ရန် ဦးဆောင်ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ဆေးတက္ကသိုလ်ပထမနှစ်တွင် တက္ကသိုလ်ကျောင်းသားစာပေဝါသနာအိုးတို့လုပ်လေ့လုပ်ထရှိသည့် ကဗျာရေးသားထုတ်ဝေခြင်းတွင် Drသန်းထွန်းဦး (MB;BS)နှင့် နှစ်ယောက်ပေါင်း၍ "ကဗျာ" အမည်ရကဗျာစာအုပ်နှင့် ဒုတိယနှစ်တွင် "လက်ထိုး၍အန်ချင်သောအန်ဖတ်များ" အမည်ရ အပျော်တမ်း ကဗျာစာအုပ်ကို တစ်ဦးတည်းထုတ်ခဲ့သည်။ ၎င်းကဗျာများကိုရေးသားခဲသည့် ကလောင်အမည်မှာ ဇော်မြို့သက်(ဇော်မြိုသက်)ဖြစ်သည်။

ထို့အပြင် Dr.ညိုထွန်းအောင်၊ လျှာထုတ် K အမည်ဖြင့်တစ်ခါတစ်ရံ စာတိုပေစများကိုရေးသားနေသည်ကိုတွေ့ရှိရသည်။

Dr.ညိုထွန်းအောင်၏ ပထမဆုံးစာစောင်ထက်မှ လက်ရာမှာ ဆေးတက္ကသိုလ် (၂)မဂ္ဂဇင်းတွင်ဖော်ပြခံရသည့်ကာတွန်းပင် ဖြစ်သည်။ လက်ရှိတွင် ရခိုင်လူထုကို အဖမ်းစားနိုင်ဆုံးစာရင်းတွင် ULA/AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်တို့ပင် ဖြစ်သည်။


External linksEdit