စကားတွဲ |
မြန်မာ |
ရခိုင်
|
နံဘေး |
ဘေးချင်းယှဉ်သွားကြတယ် |
နံချင်းပြိုင်လားကြတ်တေ
|
ဆိုက်ကပ် |
သင်္ဘောဆိုက်ပြီလား |
သင်္ဘောကပ်ပလား
|
ဆိုက်ရောက် |
သင်္ဘောဆိုက်ပြီလား |
သင်္ဘောရောက်ပလား
|
မူးယစ် |
အရက်မူးလာတယ် |
အရက်ယစ်လာရေ
|
သွားလား |
ဘယ်သွားသလဲ |
ဇာလားလဲ
|
ဘဇာ |
ဘာဖြစ်သလဲ |
ဇာဖြိုက်လဲ
|
ရိုက်သတ် |
ဆရာက တပည့်ကို ရိုက်တယ် |
ဆရာက တပည့်ကို သတ်နီရေ
|
ဆူပူသောင်းကြမ်း |
ဆူဆူပူပူ မလုပ်ကြပါနှင့် |
မသောင်းကျန်းကတ်ကဲ့
|
အေးချမ်း |
သိပ်အေးတယ် |
ကကောင်းချမ်း(ချိုင်း)ရေ
|
ဆူညံ |
သိပ်ဆူတာပဲ |
ကကောင်းညံရေကာ
|
စိုစွတ် |
လုံချည်ရေစိုနေတယ် |
ဒယောရီစွတ်နီရေ
|
လျှော်ဖွတ် |
အဝတ်လျှော်နေတယ် |
အဝတ်ဖွတ်နီရေ
|
ဆူ၀ |
သိပ်ဆူတာပဲ |
ကကောင်းဝရေကာ
|
ပိန်ကြုံ သူ |
သိပ်ပိန်တယ် |
သူ ကကောင်းကြုံရေ
|
တစွန်းတစ |
အစွန်းထွက်နေတယ် |
အစထွက်နီရေ
|
မွဲပြာ |
သူသိပ်မွဲသွားပြီ |
သူပြာချီးကျလခဗျာယ်
|
တိမ်းစောင်း |
ဘယ်ဘက်တိမ်းနေတယ် |
ဘယ်ဘက်စောင်းနီရေ
|
ယိမ်းယိုင် |
တစ်ဘက်ကို နည်းနည်းယိမ်းနေတယ် |
တစ်ဘက်တစိသျှေ ယိုင်နီရေ
|
တိုင်းတာ |
ဘယ်လောက်ဝေးတယ် တိုင်းကြည့် |
ဇာလောက်ဝီးလေ တာကြည့်
|
တည်ဆောက် |
ထမင်းအိုး တည်ထားတယ် |
ထမင်းအိုး ဆောက်ထားရေ
|
ပါးနပ် |
ဒီကောင် သိပ်ပါးတာပဲ |
အေသူ ကကောင်းနပ်တေ
|
စုပုံ |
အစုလိုက်ထားတယ် |
အပုံလိုက်ထားရေ
|
နီးပါး |
အနီးမှာ ရှိတယ် |
အပါးမှာ ဟိရေ
|
ရွေးကောက် |
အကောင်းဆုံး ရွေးယူတယ် |
ဂေါင်ခေါက် ကောက်ယူရေ
|
ဝန်ပစ္စည်း |
ပစ္စည်းတွေ ပါလာတယ် |
ဝန်တိပါလာရေ
|
ကွေးကောက် |
ဒီတိုင် နည်းနည်းကွေးတယ် |
အေတိုင် တစိသျှေ ကောက်တေ
|
ကန်ကျောက် |
ဘောလုံးကန်နေကြတယ် |
ဘောလုံး ကျောက်နီကတ်တေ
|
ထပ်ဆင့် |
အိမ်အပေါ်ထပ် |
အိမ်အထက်ဆင့်
|
ဝမ်းဗိုက် |
ဗိုက်နာတယ် |
ဝမ်းခဲရေ
|
ရပ်တန့် |
ကားရပ်နေတယ် |
မော်တော်ကားတန့်နီရေ
|
ချောလှ |
ဒီမိန်းမသိပ်ချောတယ် |
ဒေမမာ့ကကောင်းလှရေ
|
ကာဆီး |
ဝင်းထရံဆီးထားတယ် |
တပ်ကာထားရေ
|
လိမ်ညာ |
လိမ်သွားတယ် |
ညာလခါ့ရေ
|
နွမ်းရိ |
သိပ်နွမ်းတယ် |
ကကောင်းရိရေ
|
တိုးတိုးတိတ်တိတ် |
တိုးတိုးလေးပြောတယ် |
တိတိတ်သျှေပြောရေ
|
ကွင်းပြင် |
လယ်ကွင်းဆင်းသွားကြတယ် |
လယ်ပြင်ကို လခါ့ကြတ်တေ
|
လျင်မြန် |
သိပ်မြန်တာပဲ |
ကကောင်းလျင်ယင့်
|
ယောင်လည် |
လျှောက်လည်နေကြတယ် |
ယောင်နီကြတ်တေ
|
ညှိုးနွမ်း |
ဒီပန်းတွေ ညှိုးသွားပြီ |
အေပန်းတိ ညှိုးလခဗျာယ်
|
ဆာမွတ် |
ထမင်းဆာတယ် |
ထမင်းမွတ်တေ
|
ဟောင်းနွမ်း |
ဒီလုံချည်နွမ်းသွားပြီ |
ဒေဒယောဟောင်းလခဗျာယ်
|
သင်းကြိုင် |
အမွှေးနံ့တွေ သင်းနေတယ် |
အမွှီးနန့် ကြိုင်နီရေ
|