ငစည်ခြင်း ငစည်ခြင်းကို ငစည်ကရေခါ ငစည်တတ်ကဆိုရရေ။ လုံးချင်း ကရရေ။ ငစည်တတ် တစ်ယောက်တည်းကပင် ဇာတ်ကောင်အမျိုးမျိုးလုပ်ပြီးကေ ကရ၊ ဆိုရ၊ ပြောရရေ။ ကရာတွင် လက်ဖျောက်တီးပြီးကေ ကရရေ။ ငစည်ကရာမှာ လိုရေ ပစ္စည်းကိရိယာတိမှာ ဆုံတစ်လုံး၊ ကန်တော့ပွဲတစ်ခု၊ ဆန်တစ်ခွက်၊ ယက်သဲ့တစ်ခု၊ ပယိုင့် (ပလိုင်း) တစ်လုံး၊ လှော်တက်တစ်ချောင်း ဖြစ်ပါရေ။ မြေပြင်မှာ ဖျာခင်းပြီးကေ ကရရေ။ အဆင်အပြင်မှာ ငစည်တတ်ကောင်းမှာ ဆင်နှာမောင်းပိုင် ခေါင်းပေါင်းပေါင်းထားရရေ။ ဒယောစွန်တောင် (လုံချီ)ကို ဆင်နှင့်တူအောင် - မဒုံး (အမြီး)ထုတ်လုပ်လောကျိတ် (ခတောင်းကျိတ်) ထားရရေ။ ဒေရခိုင်ရိုးရာအကမျိုးမှာ ကိရိယာလည်းနည်း၊ အဆင်အပြင်ကလည်း ရိုးပြီးကေ စရိတ်ကလည်းသက်သာရေအတွက် တောင်သူလယ်သမား အရပ်သူ အရပ်သားရို့အတွက်သင့်လျော်ရေ ကပွဲတစ်မျိုးပင် ဖြစ်ရေ။
ဇာတ်လမ်းမှာ ရှေးရာဇဝင် ဇာတ်လမ်းတစ်ခု ဖြစ်ရေ။ ဘုရင်ကိုနံနှိပ်လိုရေအတွက် ကပြရေ ကပွဲ ဖြစ်ခရေ။ ဘုရင်ဧ့နံတူဖြစ်ရေ ငစည်ကြံစုံ ကို လိုက်ရှာခန်းတိပါဝင်ရေ။ အသောအရွှန်းတိ ထည့်သွင်းထားရေအတွက် ပရိသတ်ကြိုက်ရေ။
ငစည်ခြင်း
editကိုးရာကိုးဆယ်၊ ကိုးခုဝယ်တွင်၊ ငတွင်စရေ၊ ညရေတန်းခွ၊ ပြည်မမက်ကျွန်း၊ ဟန်ပန်
ကောင်းစွာ၊ ကျွန်ရည်ကောင်းသည်၊ ပါရဲဘ။
ဟုတ်တည့်လင်ရှာ၊ လင်နွဲ့နှောင်း၊ လင်ကောင်းဆိုသည်၊ ကောင်းလတ်မည်၊ ငစည်
ယူယူ၊ နှာရောင်ဖြူကို၊ မောင်ဖြူကျုံး၍ မရတကား၊ ပါရဲဘ။
ငစည်ဣပေါက်၊ ငါရကောက်မှာ၊ ရှိလေသည်လည်း၊ ပါရဲဘ။
ကျေးကတုတ်ပင်ရင်း၊ ငစည်တွင်း၊ နင်းလေမောင်မင်း၊ တစ်ယောက်ချင်း၊ နင့်မိ
မောင်ကြီး၊ နင့်ဝရီးမှာ၊ တူရွင်းငှားခီ၊ တူရွင်းမရ၊ ရန်တင်းရှာ၊ ခရာစိုးမည်၊ အိုမိမ၊
နင့်မိမောင်ကြီး နင့်ဝရီးမှာ၊ အိုးပျဉ်ငှားခီ၊ အိုးပျဉ်မရ၊ ရန်တင်းရှာ၊ ခရာစိုးမည်၊ အိုမိမ၊
ငစည်ယူယူ၊ နှာရောင်ဖြူကို၊ မောင်ဖြူကျုံးလို့ မရတကား။[1]
ကိုးကား
edit- ↑ ဦးဘစံ -ရက္ခမဏ္ဍိုင် အမှတ် ( ၁ ) -p54