Wp/rki/ခရမ်းသီးငါးခြောက်ချက်

< Wp‎ | rki
Wp > rki > ခရမ်းသီးငါးခြောက်ချက်

ရခိုင်ပြည်တွင် ချောင်းကမ်းဝဲယာတိနန့် ကျွန်းတိပေါ်တွင် စိုက်ခင်းတိစိုက်ပျိုးကတ်ရေ။ ယင်းပိုင်စိုက်ခင်းတိစိုက်ရေကျွန်းတိကို ကိုင်း ဟုခေါ်ရေ။ ယင်း ကိုင်းတိတွင် ငရုတ် ဖရဲ ပဲ ဖရုံ သခွား ခရမ်း အစဟိရေတိကိုနှစ်စဉ်စိုက်ပျိုးကတ်ရာ ထိုမှ ရရေ အသီးအနှံတိကို ကိုင်းသီးဟုလည်းခေါ်ကတ်ရေ။ ထိုကိုင်းတိမှရရေ ခရမ်းသီးတိကို ထက်ခြမ်းခြမ်းပြီး တဖန် အစိတ်ချေတိအဖြစ်ထပ်မံစိတ်ရေ။ အချို့ က အခြမ်းလိုက်အတိုင်း ဓားဖြင့် အစိတ်ငယ်ပြုသယောင်လုပ်ရေ။ ( ဆိုလိုစာမှာ ဟိုဖက်ကို ပြတ်လားအောင်စိတ်ခြင်းမျိုးမဟုတ်ဘဲ အခြမ်းကို ဓားဖြင့် နောက်ထပ် သုံးပုံနှစ်ပုံခန့် လှီးပီးခြင်းမျိုးဖြစ်ရေ။) ယင်းပိုင်လှီးစိတ်ထားရေ ကိုင်းခရမ်းသီးတိဖြင့် ငါးခြောက်တိကို (များသောအားဖြင့် ငါးသရွဲခြောက်၊ငါးနီတူခြောက်တိ) ငရုတ်သီးစိမ်းမညက်တညက်ထောင်း၊ ငါးပိတဖဲ့ချေနန့် ရောချက်ခြင်းဖြစ်ရေ။ အိုးချခါနီးတွင် နံနံပင် သို့မဟုတ် စမြိတ်ပင်တိထည့်ရေ။


ကိုးကား edit